Xhai's Studio Xhai's Studio | Relive the Movies. Feel the Stories. Love the Music

လာကောက်ကြပါဦး 😛🤪😜😝
05/11/2025

လာကောက်ကြပါဦး 😛🤪😜😝

အားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ အခုမှ Facebook သုံးဖြစ်တာပါ အားလုံး RCS ကူကြမယ်နော်
05/11/2025

အားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ

အခုမှ Facebook သုံးဖြစ်တာပါ
အားလုံး RCS ကူကြမယ်နော်

12/10/2025

အရက်သမားထက်ဆိုးတာ ကော်ဖီသမားတွေနော်

သောက်ချိန်တန် မသောက်ရရင် ဟိူလူ့စိတ်တိုတာလိုလို ဒီလူ့ပတ်ရမ်းချင်တာလိုလိုနဲ့ ကော်ဖီလေးသောက်လိုက်ရမှကို စိတ်ကကြည်လင်သွားတာ

ပြီးတော့ရှိသေးတယ် သူများသောက်နေတာမြင်ရင် သောက်ချင်လာတာ သူသောက်နေတာ ဘာကော်ဖီလေးလဲ အနံ့လေးရောမွှေးရဲ့လားနဲ့ တယောက်ထဲ အိန္ဒြေတွေမရဖြစ်ပြီး အာသာမပြေ မာမာဝေတွေဖြစ်ကုန်ရော 🥲

゚viralシ

အသက်အရွယ်တစ်ခု ရောက်လာတော့ ကိုယ်ရှိနေကြောင်း ပြရတာမျိုးတွေကို သိပ် မလုပ်ချင်တော့ဘူးမေ့နေတဲ့ သူတွေကိုလည်း မေ့တဲ့အတိုင်းပဲ...
11/10/2025

အသက်အရွယ်တစ်ခု ရောက်လာတော့
ကိုယ်ရှိနေကြောင်း ပြရတာမျိုးတွေကို
သိပ် မလုပ်ချင်တော့ဘူး

မေ့နေတဲ့ သူတွေကိုလည်း မေ့တဲ့အတိုင်းပဲ
ထားလိုက်တယ်... ကိုယ်ကိုယ်တိုင်လည်း
လူတစ်ချို့ကို မေ့နေခဲ့တာပဲ

ကိုယ့်အလုပ်တွေ ကိုယ်လုပ်ပြီး
ဇာတ်မြှုပ်နေရတာမျိုးကိုပဲ
သဘောကျ မိတော့တယ်

ကိုယ်ရှိနေကြောင်း ပြလိုက်မှ
ရလာတဲ့ သတိရမှုမျိုး
ကိုယ်အသံပြုလိုက်မှ
ရောက်လာတဲ့ ဆက်ဆံရေးမျိုး
တွေကိုလည်း မလိုချင်တော့ဘူး

ဆယ်ကျော်သက်လည်း မဟုတ်တော့သလို
ကလေးစိတ်တွေလည်း ကုန်ခဲ့ပြီပဲလေ
ကိုယ်ရှင်သန်ရာ ရပ်ဝန်းမှာ အဆင်ပြေပြေ
လျှောက်နိုင်ဖို့ကိုပဲ အာရုံစိုက်ရတော့တယ်

မတွေ့တာကြာသွားတဲ့ အပေါင်းအသင်း
သူငယ်ချင်းတွေကို ရုတ်တရက် ပြန်တွေ့ရင်
ခဏတာ အံ့ဩပျော်ရွှင်သွားမယ်
နောက်တော့လည်း နေသားကျသွားမယ်

လူတစ်ချို့ကို ပြန်တွေ့ရင်တောင်
မှတ်မိချင်မှ မှတ်မိလိမ့်မယ်
အချိန်ရဲ့ တိုက်စားမှုတွေ၊ သက္ကရာဇ်ရဲ့
ဝါးမျိုမှုတွေကြောင့် အတိတ်တစ်ချို့ကို
မေ့ကောင်း မေ့သွားနိုင်တယ်

လူတစ်ချို့ကို မသိတော့တာမျိုးတွေလည်း
ရှိကောင်းရှိလာနိုင်တယ် ... အသက်တွေ
ကြီးလာပြီပဲ ဦးနှောက်နဲ့ နှလုံးသားမှာ
ထည့်ရတာတွေဟာ များလာခဲ့ပြီလေ
ဒါဟာ ကြီးရင့်လာတဲ့ ဘဝရဲ့ ချို့ယွင်းချက်
တွေလို့လည်း ဆိုကောင်းဆိုနိုင်လိမ့်မယ်

အရင်လောက်လည်း စစ်စစ်မှန်မှန်
မရယ်နိုင်တော့သလို၊ အရင်လောက်လည်း
စိတ်တွေဟာ လတ်ဆတ်မနေတော့ဘူး

သူငယ်ချင်းတစ်ချို့ကို ပြန်တွေ့ချင်တယ်
ဒါပေမယ့် ပြန်တွေ့ရင်လည်း မှတ်မိချင်မှ
မှတ်မိလိမ့်မယ်... ကိုယ့်လမ်းကိုယ်လျှောက်ရင်း
ကိုယ့်ဘဝကိုယ် ကျောင်းနေရတဲ့အခါ
မေ့တာတွေလည်း ရှိမယ်
ပြောင်းလဲသွားတာတွေလည်း ရှိလိမ့်မယ်

ရောက်ရှိရပ်ဝန်းမှာ ပျော်ရွှင်အောင်
နေနေရတာကိုက ဘဝမဟုတ်လား

゚viralシ

ထုတ်သာ မပြောကြတာ အားလုံးက အပူကိုယ်စီနဲ့ဖြစ်နေကြတာနေ့ခင်းဆိုလည်း ယောင်ချာချာနဲ့ ဘာလုပ်ရင်ကောင်းမလဲ တွေးရမောရနဲ့ညဆိုလည်း  ...
11/10/2025

ထုတ်သာ မပြောကြတာ အားလုံးက အပူကိုယ်စီနဲ့ဖြစ်နေကြတာ

နေ့ခင်းဆိုလည်း ယောင်ချာချာနဲ့ ဘာလုပ်ရင်ကောင်းမလဲ တွေးရမောရနဲ့

ညဆိုလည်း ဘာဆက်ဖြစ်မှာလဲ ဘယ်လိုဖြစ်မှာလဲနဲ့ ရင်ပူပြီး တော်ရုံနဲ့အိပ်မရတော့ဘူး

ဟာသတွေ ရှာကြည့်လည်း ကြည့်တုန်းခဏပဲ ပြီးရင် ပြန်မောရရော တော်တော်ကျဉ်းထဲကြပ်ထဲ ရောက်တဲ့ရက်တွေပါပဲ

゚viralシ

မင်္ဂလာညချမ်းလေးဖြစ်ကြပါစေ Good Night everybody…..🙏🏼🙏🏼🙏🏼
10/10/2025

မင်္ဂလာညချမ်းလေးဖြစ်ကြပါစေ
Good Night everybody…..🙏🏼🙏🏼🙏🏼

10/10/2025

အခုချိန် အဖြစ်ချင်ဆုံးကိုပြောရမယ်ဆို
ရထားစီးပြီး ခရီးသွားချင်တယ် ….😖

゚viralシ

လစာသာ မကောင်းတာအလုပ်ကရှယ်များနေတော့ ပို့စ်တင်ဖို့တောင် မအားဘူး ဖြစ်တာ…🥴🥴🥴  ゚viralシ
08/10/2025

လစာသာ မကောင်းတာ
အလုပ်ကရှယ်များနေတော့
ပို့စ်တင်ဖို့တောင် မအားဘူး ဖြစ်တာ…🥴🥴🥴

゚viralシ

06/10/2025

ဘဝမှာ အရမ်းကြီး မချမ်းသာချင်ပါဘူး ။
တောင်ပေါ်ရွာလေး တရွာမှာ
သစ်သားအိမ်လေး တစ်အိမ် ဆောက်မယ်၊ ပန်းပင်လေးတွေ စိုက်မယ် ၊ စားဖို့မပူပန်ရအောင် ``အိမ်နောက်ဖေးမှာ စျေးဆိုင်တည်ပါ`` ဆိုတဲ့ စကားအတိုင်း အိမ်နောက်ဖေးမှာ စားပင်လေးတွေ စိုက်မယ် ၊

နေထွက် နေဝင်ချိန်တွေ ထိုင်ကြည့်မယ် ၊ ချစ်ရသူနဲ့ အတူတူကို ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းမယ် ၊

ဒီလောက်ပါပဲ... ။

゚viralシ

ဒီနှစ် သီတင်းကျွတ်လပြည့်နေ့မှစပြီး...• ကိုယ်စိတ်နှလုံး အေးချမ်းသာယာပါစေ။• ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာချမ်းသာပါစေ။• ...
06/10/2025

ဒီနှစ် သီတင်းကျွတ်လပြည့်နေ့မှစပြီး...
• ကိုယ်စိတ်နှလုံး အေးချမ်းသာယာပါစေ။
• ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာချမ်းသာပါစေ။
• လိုအင်ဆန္ဒများ ပြည့်ဝပြီး ကောင်းကျိုးလိုရာများ ပေါက်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
• သီတင်းကျွတ်အလင်းရောင်လိုပဲ အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။

゚viralシ ゚viralシ

လပြည့် လကွယ်မသိ အလုပ်နဲ့အခန်း အခန်းနဲ့အလုပ်ပဲ အချိန်ကုန်နေသော ငါလေး..🥺
06/10/2025

လပြည့် လကွယ်မသိ အလုပ်နဲ့အခန်း
အခန်းနဲ့အလုပ်ပဲ အချိန်ကုန်နေသော ငါလေး..🥺

ที่อยู่

Bangkok

เบอร์โทรศัพท์

+959404832589

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Xhai's Studioผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Xhai's Studio:

แชร์