Yangon Cele News ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Yangon Cele News, ครีเอเตอร์วิดีโอ, Bangkok.
(2)

မဂ်လာပါရှင့်။
ပြည်တွင်းပြည်ပကအနုပညာသတင်းတွေကို နေ့စဥ်တင်ဆက်လို့ပေးနေပါတယ်။အချိန်တိုင်းသိရှိနိုင်စေဖို့ Like&follow လုပ်ပေးကြပါရှင့်။နေ့စဥ်တင်ဆက်ပေးသွားမှာမို့စောင့်မျော်အားပေးကြပါအုန်းရှင့်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။

29/10/2025

DJ ကောင်လေးနဲ့ သဘောထားချင်းမတိုက်ဆိုင်တော့လို့ လမ်းခွဲလိုက်တဲ့ Bobby Soxer

၁၃ နှစ်ကြာတွဲခဲ့တဲ့ချစ်သူနဲ့ လမ်းခွဲခဲ့တဲ့ Bobby Soxer ကို ပရိသတ်တွေက အချစ်ရေးကံကောင်းစေချင်ခဲ့တာပါ။ သူ့ရဲ့ နုပျိုမှုတွေ၊ ငယ်ရွယ်မှုတွေကို ၁၃ နှစ်စာကုန်ဆုံးပြီးနောက် အချစ်ရေးကို လမ်းခွဲပြီး ကိုယ့်လမ်းကိုယ် လျှောက်ခဲ့ကြတာဖြစ်ပါတယ်။ လွှမ်းပိုင်နဲ့ လွှမ်းခွဲပြီးတဲ့နောက်မှာ Bobby Soxer ဟာ DJ Max နဲ့ တွဲနေတဲ့ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ DJ ကောင်လေးက Bobby Soxer ရဲ့နာမည်ကို ပုခုံးထက်မှာ တက်တူးထိုးထားတဲ့အထိ အချစ်ခံခဲ့ရပါတယ်။

Bobby Soxer နဲ့ DJ Max တို့က တစ်နှစ်ကျော် တွဲပြီးတဲ့နောက်မှာတော့ လမ်းခွဲလိုက်ကြပြီလို့ ဆိုပါတယ်။ သူတို့နှစ်ယောက်လမ်းခွဲလိုက်တာ တစ်နှစ်ကျော်သွားပြီဖြစ်ပြီး အခုတော့ ပတ်သက်မှုက ပြီးဆုံးသွားပါပြီ။ လမ်းခွဲလိုက်တဲ့အကြောင်းကို DJ Max ကိုယ်တိုင်က ပြောပြလာခဲ့တာပါ။ အချစ်ရေးမှာ ကံခေနေတဲ့ B Sox အတွက်တော့ စိတ်မကောင်းဖြစ်နေကြပြီး သူ့ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ကြပါတယ်။

သူ့ရဲ့ရည်းစားဟောင်းဖြစ်တဲ့လွှမ်းပိုင်က အခုအချိန်မှာတော့ သီချင်းအသစ်တွေ ထွက်ပြီး ရည်းစားအသစ်လေးနဲ့ အောင်မြင်နေသလို Bobby Soxer ကလည်း ကိုယ်ပိုင်အရည်အချင်းနဲ့အောင်မြင်နေပါတယ်။ ထားခဲ့တဲ့နေရာမှာပဲ နေပြီးတော့ အသည်းကွဲမနေဘဲ ဂီတဘက်မှာလည်း အရမ်းအောင်မြင်လာခဲ့သလို ရှိုးပွဲတွေလည်း ဆက်တိုက်ဖျော်ဖြေနေရပါတယ်။ "နာမည်တပ်ပြီး ပြောပိုင်ခွင့်မရှိ" ဆိုတဲ့ သီချင်းထွက်ပြီးတဲ့နောက်မှာ ခဲတစ်လုံးနဲ့ ငှက်သုံးကောင်မှန်သွားပြီး စိတ်ရင်းအမှန်တွေလည်း ပေါ်လွင်သွားကြတဲ့အထိ Bobby Soxer ကလည်း သီချင်းရေးကောင်းတဲ့သူပါ။

အမိုက်စားခန္ဓာကိုယ်နဲ့ သီချင်းတွေကို ဆိုနေတဲ့ Bobby Soxer ကို မိန်းကလေးအချင်းချင်းကတောင် သဘောကျနေကြပြီး ဒီလောက်ပြည့်စုံတဲ့မိန်းကလေးကို ထားရစ်ခဲ့တဲ့ ရည်းစားဟောင်းတွေကိုတော့ နားမလည်နိုင်အောင် ဖြစ်နေကြပါတယ်။ Bobby Soxer က ရက်ပ်ဂီတမှာတော့ ဆရာမကြီးဖြစ်လာခဲ့ပြီး အရင်ကထက်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပါတယ်။

Bobby Soxer က ဘန်နီဖြိုးနဲ့ အတူတူတွဲဆိုထားတဲ့ သီချင်းမှာလည်း အရမ်းအောင်မြင်ခဲ့သလို သူတစ်ယောက်တည်းလည်း တောက်ပနိုင်ကြောင်းကို ပြသသွားခဲ့တာပါ။ အချစ်ရေးတွေကို လမ်းခွဲခဲ့ရပေမယ့်လည်း Bobby Soxer ကတော့ စိတ်ဓာတ်မကျခဲ့ပါဘူး။ ကြော်ငြာတွေလည်း ရိုက်လာရသလို သီချင်းတွေလည်း ဆက်တိုက်ဖျော်ဖြေနေရပြီး အားလုံးက ငေးကြည့်နေရပါပြီ။ စည်းမစောင့်သူတစ်‌ယောက်ကြောင့် Bobby Soxerက နာကျင်ခဲ့ရပေမယ့် အခုတော့ ပိုအောင်မြင်လာခဲ့တာပါ။ လမ်းခွဲပြီးတဲ့နောက်မှာတော့ အတိတ်တွေထဲကနေ ရုန်းထွက်ပြီး အရင်ကထက် အောင်မြင်အောင် လုပ်ပြနိုင်တဲ့ Bobby Soxer ကို မိန်းကလေးတွေကလည်း အရင်ကထက် အားပေးလာကြပါတယ်။ Bobby Soxer ကို အစွမ်းကုန်ချစ်ပေးမယ့် Right person နဲ့ ဆုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

28/10/2025

ဘုန်းဘုန်းကို ကြည်ညိုလို့ သိန်း ၁၄၀၀ ကျော်တန် Ford ကားကြီးကို လှူဒါန်းခဲ့တဲ့ အောင်ပန်းမြို့က ကထိန်ပွဲ

သမီးကိုချစ်မဝနိုင်လို့ လိုက်နေတာနေမယ်
28/10/2025

သမီးကိုချစ်မဝနိုင်လို့ လိုက်နေတာနေမယ်

28/10/2025

ကျိကျိတက်ချမ်းသာတဲ့ သူဌေးကတော်ကြီးဖြစ်ပေမယ့် အိမ်မှုကိစ္စတွေကို ကိုယ်တိုင်ပဲ လုပ်လေ့ရှိတဲ့ မိုးယုစံ

အချို့သော အမျိုးသမီးတွေက အိမ်မှုကိစ္စမလုပ်တတ်တာကို ဂုဏ်ယူနေချိန်မှာ မိုးယုစံကတော့ အိမ်မှုကိစ္စလည်း ထောင့်စေသလို လှတဲ့နေရာမှာလည်း အခုခေတ်မင်းသမီးတွေထက် သာလွန်နေပါတယ်။ မိုးယုစံက မော်ဒယ်၊ သရုပ်ဆောင်အဖြစ်လည်း လုပ်ကိုင်ခဲ့သလို အငြိမ့်လည်း ကဖူးတာကြောင့် စွယ်စုံရတဲ့အနုပညာရှင်တစ်ယောက်ပါ။ သူ့ရဲ့ အောင်မြင်မှုတွေ အရှိန်မြင့်ဆဲနေကာလမှ မိုးယုစံက မြန်မာနိုင်ငံမှာ အချမ်းသာဆုံးစာရင်းဝင်တဲ့ သူဌေးကြီးရဲ့သားနဲ့ ၂၀၁၆ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ အိမ်ထောင်ကျပြီးနောက်မှာ မိုးယုစံက အနုပညာအလုပ်တွေကို ရပ်နားသွားခဲ့ပြီး မိသားစုကိုပဲ အချိန်ပေးကာ အားလပ်ချိန်မှာ ဝါသနာပါတဲ့ ပန်းချီလေးတွေကို ဆွဲနေပါတယ်။

ငွေကြေးချမ်းသာတဲ့သူဌေးကတော်ကြီးဖြစ်တာကြောင့် မိုးယုစံက အိမ်မှုကိစ္စတွေကို အိမ်အကူတွေနဲ့ပဲ လုပ်ကိုင်မယ်လို့ အားလုံးက ထင်ထားခဲ့ကြပါတယ်။ ဒါပေမယ့် သူကတော့ အိမ်ရှင်မကောင်းပီသအောင် နေထိုင်သလို သားတွေအတွက်လည်း အမေကောင်းပီသသူဖြစ်ပါတယ်။ အိမ်ထောင်ဖက်ရဲ့ ချမ်းသာကြွယ်ဝခြင်းက သူနဲ့ မသက်ဆိုင်ဘဲ သားတွေကို ကိုယ်တိုင်ပဲ ချက်ပြုတ်ကျွေးမွေးတယ်လို့ ဆိုပါတယ်။ ငွေရှိလို့ ဘာမှမလုပ်ရဘူးဆိုတာ မဟုတ်ဘဲ ကလေးကိစ္စနဲ့ အိမ်မှုကိစ္စတာဝန်တွေကို သူကိုယ်တိုင်ပဲ လုပ်တယ်လို့ ဆိုပါတယ်။ ကလေးနှစ်ယောက်ရဲ့ မေမေဖြစ်ပေမယ့် မိုးယုစံက အခုအထိ လှပနေဆဲဖြစ်လို့ သူ့ကို ဇာတ်ကားတွေလည်း ပြန်ရိုက်စေချင်နေကြပါတယ်။

မိုးယုစံက အခုဆိုရင် ပွဲတွေ ပြန်တက်နေပြီဖြစ်ပြီး အမျိုးသမီးတွေကိုလည်း ကိုယ်ပိုင်ဝင်ငွေတစ်ခုရှိအောင် တိုက်တွန်းထားပါသေးတယ်။
ကိုယ်ပိုင်ဝင်ငွေရှိတဲ့အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းရှိတာကြောင့် မိုးယုစံက အမျိုးသမီးတွေကို အိမ်ထောင်ကျပြီးနောက်မှာလည်း ဝင်ငွေရှိတဲ့အလုပ်တစ်ခုလုပ်ရင် ပိုကောင်းတယ်လို့ ဆိုပါတယ်။

ငွေကြေးချမ်းသာပေမယ့်လည်း မိုးယုစံကလည်း ထုတ်လည်း မကြွားတဲ့အပြင် အနေလည်းအေးဆေးလို့ သူ့ကို အခုအထိ အားပေးနေကြတဲ့သူတွေလည်း ရှိပါတယ်။ သူဌေးကတော်ကြီးဖြစ်ပေမယ့် မိသားစုအပေါ်မှာ မိခင်ကောင်းပီသလို့ အိမ်မှုကိစ္စတာဝန်တွေကို ကိုယ်တိုင်လုပ်တဲ့ မိုးယုစံကို အရင်လိုအားပေးနေဆဲပဲလားဆိုတာ comment မှာ ပြောပြခဲ့ပါဦးနော်။

28/10/2025

နာမည်ကြီးမင်းသမီးတွေရဲ့ မင်္ဂလာပွဲထက်သာလွန်တဲ့ လက်ထပ်ပွဲကြီးကို ကျင်းပခဲ့တဲ့ မြန်မာ့ဩဘာလုပ်ငန်း
#မြန်မာ့အိုဘာလုပ်ငန်း #မဂ်လာပွဲ #ငယ်ဇင်

မေပန်းချီရဲ့မဂ်လာလက်မှတ်ရေးထိုးပွဲကို တက်ရောက်ဂုဏ်ပြုပေးခဲ့တဲ့ မေမီကိုကို
28/10/2025

မေပန်းချီရဲ့မဂ်လာလက်မှတ်ရေးထိုးပွဲကို တက်ရောက်ဂုဏ်ပြုပေးခဲ့တဲ့ မေမီကိုကို

28/10/2025

အတိတ်ကနေ ရုန်းထွက်နိုင်ပြီးနောက် တန်ဖိုးထားပေးမယ့်သူနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ ပန်ကိတ်ဒါဒါ

ပန်ကိတ်ဒါဒါလို့ခေါ်တဲ့ ယမင်းဦးက မြန်မာနိုင်ငံမှာ နာမည်ကြီးသူဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့စကားပြောဟန်တွေကြောင့် လူအများရဲ့ချစ်ခင်မှုကို ရရှိခဲ့သူတစ်ဦးပါ။ ရွှေထူးနဲ့ လမ်းခွဲပြီးတဲ့နောက် ပန်ကိတ်ဒါဒါက အချစ်ကို ကြောက်သွားခဲ့ပြီး နှစ်အနည်းငယ်ကြာတဲ့အထိ ရည်းစားမထားခဲ့ပါဘူး။ နှစ်ပေါင်းများစွာ တွဲခဲ့သူရဲ့ သစ္စာဖောက်ခြင်းကို ခံရတာကြောင့် စိတ်ဒဏ်ရာအကြီးအကျယ်ရသွားခဲ့ပြီးနောက် ဒဏ်ရာတွေအနာကျက်သွားတဲ့အချိန်မှာ အခုလက်ထပ်မယ့်ခင်ပွန်းလောင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပန်ကိတ်ဒါဒါရဲ့ခင်ပွန်းလောင်း Tadas Tevelis က နိုင်ငံခြားသားတစ်ယောက်ဖြစ်ပြီး အခုတော့ သူတို့နှစ်ယောက်လက်ထပ်လိုက်ကြပါပြီ။

သူတို့နှစ်ယောက်ရဲ့ တရားဝင်လက်မှတ်ရေးထိုးပွဲကိုတော့ ချစ်သူသက်တမ်းသုံးနှစ်ပြည့်မှာ ကျင်းပခဲ့တာပါ။ ၂၀၂၄ ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်သစ်ကူးမှာ ကမ်းခြေကို အလည်အပတ်သွားရင်း Tadasနဲ့ သူ့ရဲ့မိဘတွေက ပန်ကိတ်ဒါဒါကို စပရိုက်တိုက်ပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ချစ်သူသက်တမ်းတစ်နှစ်ကျော်မှာ လက်ထပ်ခွင့်တောင်းခံရပြီး သုံးနှစ်ပြည့်မှာတော့ လက်ထပ်လိုက်တာပါ။ သူ့ရဲ့ခင်ပွန်းသည်နဲ့လည်း အရမ်းလိုက်ဖက်နေပြီး သစ္စာမဲ့သူကို ထားခဲ့နိုင်တာက အမှန်ကန်ဆုံးရွေးချယ်မှုဖြစ်ပါတယ်။ မအောင်မြင်ခင်မှာ ပန်ကိတ်ဒါဒါက အနစ်နာခံပြီး ပံ့ပိုးပေးမယ့် အောင်မြင်လာတဲ့အချိန်မှာ နာမည်ကျော်မင်းသမီးနဲ့ ဆုံခဲ့ကာ နှလုံးသားကို ဦးစားပေးသွားခဲ့တာပါ။ ဒါပေမယ့် Tadas Tevelis တွေ့ပြီးနောက်မှာတော့ ပန်ကိတ်ဒါဒါက အရင်ကထက် ပျော်ရွှင်လာခဲ့ပါတယ်။ အချစ်တွေညီမျှခဲ့ပြီးနောက် အခုဆိုရင်တော့ နှစ်ယောက်တစ်အိပ်မက်ကို အတူတူ မက်ကြတော့မှာပါ။

ပန်ကိတ်ဒါဒါက Right time မှာ right person ကိုတွေ့ပြီး အရမ်းကို အချစ်ခံနေရပါပြီ။ ပန်ကိတ်ဒါဒါရဲ့ခင်ပွန်း Tadas က ချောမောခန့်ညားတဲ့ရုပ်ရည်ရှိသူဖြစ်တဲ့အပြင် ပညာအရည်အချင်းကလည်း မြင့်မားသူပါ။ သူ့ကို အားပေးသူတွေကတော့ အချစ်ခံရသူနဲ့ လက်ထပ်သွားတဲ့ ပန်ကိတ်ဒါဒါအတွက် ဝမ်းသာဂုဏ်ပြုပေးနေကြပါတယ်။

ပန်ကိတ်ဒါဒါတစ်ယောက် လက်ထပ်ပြီးနောက်မှာ ဒီထက်ပိုပြီး အချစ်ခံရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

28/10/2025

နေတိုးရဲ့ လူသိမခံရဲတဲ့ လုပ်ရပ်တွေကို ဖော်ကောင်လုပ်တော့မယ့် ပြည်ဟိန်းသီဟ
#နေတိုး #ပြည်ဟိန်းသီဟ

28/10/2025

စိုးပြည့်သဇင်ပြောခဲ့တဲ့ စကားကို အမှုမဲ့အ၎ှတ်မဲ့မထားဘဲ ဖြစ်ချင်တဲ့ဆန္ဒအတိုင်း နိုင်ငံခြားမှာ Pre Wedding ရိုက်ကူးပေးခဲ့တဲ့ ဟိန်းဝေယံ

ငယ်ဇင်စုံတွဲလေးက မကြာခင်မှာ လက်ထပ်တော့မှာဖြစ်လို့ သူတို့ရဲ့ pre wedding ဓာတ်ပုံတွေကိုလည်း ထုတ်ပြနေပါပြီ။ အဲဒီထဲမှာမှ ရဟတ်ယာဉ်နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကတော့ လူကြိုက်များနေပြီး နိုင်ငံခြားအထိ သွားကာ အကုန်အကျခံ ရိုက်ကူးထားတာပါ။ နိုင်ငံခြားအထိ သွားရတဲ့အပြင် ရဟတ်ယာဉ်ကိုလည်း ငှားထားရတဲ့ ကုန်ကျစရိတ်ကတော့ တကယ်ကို များပြားပါတယ်။ ဒါပေမယ့် ဟိန်းဝေယံက စိုးပြည့်သဇင်ကို တန်ဖိုးထားတာကြောင့် ငွေကြေးဆိုတာတွေကို ထည့်မတွေးဘဲ ဖြစ်ချင်တဲ့အတိုင်း ဖန်တီးပေးခဲ့တာပါ။

အင်တာဗျူးတစ်ခုမှာ စိုးပြည့်သဇင်ကို ဟိန်းဝေယံကို စိတ်ကူးထဲက လက်ထပ်ချင်တဲ့ပုံစံနဲ့ ရိုက်ကူးချင်တဲ့ဓာတ်ပုံတွေကို မေးခဲ့ဖူးပါတယ်။ စိုးပြည့်သဇင်ကတော့ နိုင်ငံခြားဇာတ်ကားထဲကလို ဟယ်လီကော်ပတာနဲ့အတူ ရိုက်ကူးချင်တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ စိုးပြည့်သဇင်ကတော့ သာမန်အတိုင်းပြောလိုက်တာဖြစ်ပေမယ့် ဟိန်းဝေယံကတော့ အမှုမဲ့အမှတ်မဲ့မထားဘဲ အဲဒီစကားလေးကို မှတ်ထားတာပါ။ သူတို့နှစ်ယောက်လက်ထပ်ခါနီးမှာ နိုင်ငံခြားအထိ သွားရောက်ပြီး ရဟတ်ယာဉ်၊ မြက်ခင်းစိမ်း၊ တောင်တန်းတွေလည်း ပါဝင်အောင် ရိုက်ကူးခဲ့ပါတယ်။

နိုင်ငံခြားအထိ သွားရောက်ရိုက်ကူးခဲ့ရတဲ့ ငွေကြေးကုန်ကျစရိတ်ကတော့ သိန်းထောင်ချီကုန်ကျနိုင်ပေမယ့် ဟိန်းဝေယံတို့က ငွေကြေးကြွယ်ဝချမ်းသာတဲ့ မိသားစုဖြစ်နေပါတယ်။ အဲဒါကြောင့်ပဲ နာမည်ကြီးမင်းသားနဲ့ မင်းသမီးရဲ့ pre wedding ဓာတ်ပုံတွေက ဆန်းဆန်းပြားပြားနဲ့ လှပနေတာပါ။ မနာလိုသူတွေကတော့ ဖက်ရှင်နဲ့ ရှုခင်းက မခေါ်ဘူးလို့ ပြောကြပေမယ့်လည်း စိုးပြည့်သဇင်အပေါ်မှာ ဟိန်းဝေယံက ဘယ်လောက်တန်ဖိုးထားလဲဆိုတာ ပေါ်လွင်နေပါတယ်။

သူတို့ရဲ့ မင်္ဂလာပွဲကို ဘယ်သူနဲ့မှ မတူအောင် ခမ်းခမ်းနားနားကျင်းပသွားမှာဖြစ်ပြီး အခုတော့ ရဟတ်ယာဉ်နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့တင် အားလုံးကို အံ့အားသင့်သွားစေပါတယ်။ တန်ဖိုးထားခဲ့ရတဲ့ စိုးပြည့်သဇင်ကိုတော့ မိန်းကလေးတွေက အားကျနေကြပြီး မိန်းကလေးတိုင်း ဖြစ်ချင်တဲ့ ဆန္ဒကို အကောင်အထည်ဖော်ခွင့်ရသွားတာပါ။ နိုင်ငံခြားမှာ ငွေသိန်းထောင်ချီအကုန်အကျခံရိုက်ကူးထားတဲ့ ငယ်ဇင်တို့စုံတွဲလေးရဲ့ ဓာတ်ပုံတွေက တကယ်ကို လှပရဲ့လားဆိုတာ comment မှာ ပြောပြခဲ့ပါဦးနော်။

မွန်တိုင်းရင်းသား ရိုးရာဝတ်စုံလေးနဲ့ မဂ်လာလက်မှတ်ရေးထိုးပွဲ ကျင်းပလိုက်ပြီဖြစ်တဲ့ မေပန်းချီ
27/10/2025

မွန်တိုင်းရင်းသား ရိုးရာဝတ်စုံလေးနဲ့ မဂ်လာလက်မှတ်ရေးထိုးပွဲ ကျင်းပလိုက်ပြီဖြစ်တဲ့ မေပန်းချီ

တရုတ်ရေခဲတောင်မှာ Pre Wedding ဓာတ်ပုံရိုက်ခဲ့ကြတဲ့ ဝတ်မှုံရွှေရည်နဲ့ စိုးပြည့်တို့စုံတွဲဘယ်တွဲရဲ့ဝတ်စုံကို သဘောအကျဆုံးလဲ...
27/10/2025

တရုတ်ရေခဲတောင်မှာ Pre Wedding ဓာတ်ပုံရိုက်ခဲ့ကြတဲ့ ဝတ်မှုံရွှေရည်နဲ့ စိုးပြည့်တို့စုံတွဲ

ဘယ်တွဲရဲ့ဝတ်စုံကို သဘောအကျဆုံးလဲ မန့်ပေးခဲ့ကြပါအုန်းနော်

27/10/2025

နတ်ပြည်မှာ လက်ထပ်ပွဲကျင်းပတယ်လို့ ထင်ရလောက်အောင် မင်္ဂလာလက်မှတ်ရေးထိုးပွဲကို ခမ်းခမ်းနားနား ပြုလုပ်ခဲ့တဲ့ မေပန်းချီ
#မေပန်းချီ

ที่อยู่

Bangkok

เบอร์โทรศัพท์

+959797408005

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Yangon Cele Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Yangon Cele News:

แชร์