17/06/2026
ရန်ကုန်မြစ်ကြီးနား လေယဉ် ပေါ်မှာ ကလေး မွေ:တဲ့ ကိုယ်ဝန်ဆောင်သည်
မြစ်ကြီးနားမြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာတဲ့ Air KBZ လေကြောင်းလိုင်းရဲ့ လေယာဉ်ပေါ်မှာ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးဟာ မြေပြင်ပေါ်ကို ဆင်းသက်မယ့် အချိန်အထိတောင် အချိန်မစောင့်နိုင်တော့ဘဲ လေယာဉ်ပေါ်မှာတင် ရုတ်တရက် ကလေးမွေ:ဖွာ:ခဲ့ပါတယ်။ ပေပေါင်းသောင်းချီ မြင့်တဲ့ ကောင်းကင်ယံထက်က ဒီလို အရေ:ပေါ် အခြေအနေမျိုးမှာ လေယာဉ်ပေါ်က ခရီးသည်တွေ အားလုံးက တစ်စိတ်တစ်ဝမ်းတည်း မိသားစုဝင်တွေလို ဝိုင်းဝန်းကူညီခဲ့ကြတာဟာ တကယ့်ကို လေးစားစရာပါပဲ။
အထူးသဖြင့် ခရီးသည် အမျိုးသားတစ်ဦးဆိုရင် မွေးကင်းစ ကလေးလေးကို ထုပ်ပိုးဖို့ အနှီးမရှိဖြစ်နေတဲ့ အချိန်မှာ သူ့ရဲ့ ကိုယ်ပေါ်က အင်္ကျီကို ချွတ်ပြီး နွေးနွေးထွေးထွေး ထုပ်ပိုးပေးခဲ့ပါတယ်။ ဒါ့အပြင် တခြားသော ခရီးသည်တွေကလည်း မိခင်နဲ့ ကလေးအတွက် လိုအပ်တဲ့ သန့်ရှင်းရေးတွေကို လေယာဉ်ခန်းတွင်းမှာပဲ ကိုယ်တိုင်ကိုယ်ကျ ကူညီလုပ်ဆောင်ပေးခဲ့ကြပါတယ်။
ခရီးသည်တွေရဲ့ စည်းလုံးညီညွတ်တဲ့ အကူအညီတွေကြောင့် အခုဆိုရင် လေပေါ်မှာ မွေးဖွားလာတဲ့ ကလေးလေးရော မိခင်ပါ ကျန်းမာဘေးကင်းစွာနဲ့ ရှိနေပြီလို့ သိရပါတယ်။ လေယာဉ် မြေပြင်မဆင်းခင် ကောင်းကင်ယံမှာတင် အတင်းထွက်လာတဲ့ ဒီ ကံကောင်းလွန်းတဲ့ "Lucky" လေးကတော့ ကြီးလာရင် လေကြောင်းလောကကိုများ စိတ်ဝင်စားပြီး ကျွမ်းကျင် လေယာဉ်မှူးလေးများ ဖြစ်လာမလားဆိုတာ ရင်ခုန်စရာပါပဲ။ မြန်မာလူမျိုးတို့ရဲ့ ရိုင်းပင်းကူညီတတ်မှုကတော့ လူသားဆန်မှုရဲ့ အလှပဆုံး ပုံရိပ်တစ်ခုအဖြစ် မှတ်တမ်းတင်ရမှာပဲ ဖြစ်ပါတယ်။
ပရိသတ် တွေကရော လေယဉ် ပေါ်မာ ကလေး မွေးတဲ့ အပေါ်ဘယ်လိုမြင်ကြပါသလဲ