18/04/2022
အချစ်မှာ Limit ရှိတယ် ...
ကိုယ် ဘယ်လောက်ကောင်းပေးနေနေ
ကိုယ်ဘယ်လောက် ပေးဆပ်နေနေ
မလုံလောက်တာမျိုးတွေ ရှိတယ် ။
ကိုယ့်ဖက်ကစ ချစ်မိမယ်ဆိုရင်တော့
သေမတတ်ပင်ပန်းရဖို့သာ အဆင်သင့်ပြင် ..
ဒါတောင်
ကိုယ်ဘယ်လောက်ပေးဆပ်နေနေ
နီးစပ်မလာနိုင်တာတွေ ရှိသေးတယ် ။
ထာ၀ရမနီးစပ်တာလဲ ဖြစ်နိုင်တယ် ။
အဓိကက Limit ပဲ ...
ကောင်းပေးနေရင်းနဲ့ ၊
ပေးဆပ်နေရင်းနဲ့ ၊
တဖက်မှာ လုံလောက်တယ်လို့ကို မခံစားရတဲ့အခါ
ကိုယ့် Limit ကိုယ် သတိရသင့်တယ် ။
ပီးတော့ ရပ်သင့်ရင်ရပ် ...
မဟုတ်ရင်တော့ Tom ကြီးလို
ဘ၀တွေမြောင်းထဲရောက်ပီး ပျက်ဆီးသွားရုံပဲ ။
ကိုယ့်အခြေအနေနဲ့ ကိုယ့် Limit ဟာ တိုက်ရိုက်အချိုးကျတာမို့ ၊
ဘယ်ချိန်ထိကြိုးစားရမလဲ သိဖို့လိုသလို
ဘယ်အချိန်ရပ်သင့်တယ်ဆိုတာလဲ သတိရှိရမယ် ..
သဘောကျရတဲ့ စကားလေးတခုရှိတယ်လေ ။
ဒီလိုဗျာ ...
မပြည့်စုံရတဲ့ဘ၀တွေဟာ
ကောင်းကင်ကကြယ်ကလေးကို ပိုင်ဖို့တော့
ငိုနေရုံကလွဲ မတတ်နိုင်ဘူး " တဲ့ ။
ကိုယ့် Limit ကိုယ် သိကြစမ်းပါဗျာ ။
တက်နိုင်သလောက်ပေးဆပ်ရင်း
ကိုယ့် Limit တခုရောက်တဲ့အခါ
ကိုယ့်အသိတရားနဲ့ကိုယ် ကျန်နေရစ်ခဲ့ ..
နေရစ်ခဲ့ ...
ကောင်းကင်က ကြယ်ကလေးကို
လက်လှမ်းမမှီကြတဲ့ လူတွေပဲမို့လား ။
အနည်းဆုံး ဒီအချိန်ရပ်သင့်ပီဆိုတဲ့
အသိတရားလေးတော့ ရှိပေါ့ဗျာ ...