08/05/2025
မြောက်ပိုင်းသွားတောလား
ဗီဇာ ကိစ္စ ဝိစ္စ များ ပီးဆုံးသော် မိမိမှာ ချင်းမိုင် သို့ ဇင်းမယ် သို့ လမ်းခရီး တစ်ယောက် တစ်ကိုယ်တော် ခရီး ပြန်နှင်လေ၏။
ဘန်ကောက် ရှိ သူငယ်ချင်း အိမ်မှ စောထွက်မည်ဟုတ် စိတ်ကူးသော်လည်း မနက် ၁၀ နာရီ ခန့်မှ ထွက်နိုင်လေ၏။
ဘန်ကောက် မြို့ထဲ မှ မြို့ပြင် အဝေးပြေးလမ်းပေါ်သို့ ၁ နာရီ ခန့် မောင်းယူရလေသည်။ ပျော်စရာမကောင်း အနှီ ခွန်ထိုင်း တို့မှာ ကားအမောင်းကြမ်းလေ၏။ အမြန်မောင်းနှင်ကြလေရာ မိမိ လည်း သတိထား မောင်းနှင်ရလေ၏။
ဘန်ကောက် က နေ ထွက်လာပီး မြောက်ပိုင်း သို့ တက်သော လမ်းမကြီး သို့ရောက်သော ပတ်ဝန်းကျင်မှာ ပြောင်းလဲ သွားလေ၏
အမြန်မောင်းနေသောကားများ ရှိသော်လည်း နည်းသွားလေ၏။
မိမိမှာ လည်း ၁ နာရီ ကီလို ၁၀၀ နှုန်း ဖြင့် ၄၅ မိနစ် မောင်း ၁၅ မိနစ် နား ဖြင့် ခရီး နှင်လာလိုက်သည်။ နားသည့်နေရာများ တွင် ပတ်ဝန်းကျင် စိမ်းဆိုနေသည်မှာ
စိတ်ရွှင်လန်းစေ၏။
မိမိ တို့ နိုင်ငံတွင်မူ ယခု လို ထိန်းသိမ်းထားသည် မရှိ။ လွင်တီး ခေါင်ပြင် အမှိုက်များ နှင့် တောင်ဂတုံးများသညရှိသည်။
သစ်တော များ မရှိတော့သည်မှာ မိမိ အသက် မျှ ရှိလေပီ။
နိုင်ငံ မှာ ဘာမှ မကျန်လောက်အောင် ကိုယ်ကျိုး ရှာခဲ့ကြသည်။
ဒီမိုကရေစီ အမြည်ခံ အစိုးရ များ တက်လာသော် နိုင်ငံခြား ရင်းနှီးမြုပ်နှံ မူ့များ ဝင်လာတာ မိမိတို့
လူမျိုးများ ဝင်ငွေ တိုးလာကြသည်။ နှစ်ပေါင်းများစွာ ကွယ်ပျောက်နေသော လူလတ်တန်းစား များ ပေါ်ပေါက်လာသည်။
ချေးငွေ များဖြင့် အိမ်ဝယ် ကားဝယ် လုပ်လာနိုင်ကြသည်။
ဘဏ်များကလည်း ဖော်ရွှေလာကြသည်။
ထိုသို့ ဖြစ်ထွန်းလာသည် က ကောင်းမွန်သော အရာ များ ဖြစ်သောလည်း အတ္တများ ရှေ့တန်းတင် ကြ သဖြင့် အာဏာ ထသိမ်းလေသည်။
အာဏာ သိမ်းပီးပီးချင်း မိမိ နှင့် လက်တွဲ လုပ်နေသော နိုင်ငံခြားသားက ပြောသည်။
မင်းတို့ နိုင်ငံ က အခု မှ တိုးတက်မယ့် လမ်း ပေါ် စလျှောက်နေတုန်း ထပ်ဖြစ်ပြန်ပီ။ အဲ့အာဏာ ယူထားတဲ့
သူတွေ ရဲ့ အသက်ကို ကြည့်လိုက်
နောက် ၁၀ နှစ် ဆက်အုပ်ချူပ် မှာလား
တိုင်းပြည်ကို မကြည့်တော့ဘူးလား
အခု လူငယ်တွေ အားကြိုးမာန်တက် အလုပ်လုပ်နေကြတာ မကြည့်တော့ဘူးလား
လားပေါင်းများစွာ ဖြင့် မေးသည်ကို မိမိ မဖြေနိုင်
ဖြေနိုင်သည်က တစ်ခုထဲ
သေနတ်ရှိလျှင် ဘာမဆို ဖြစ်နိုင်ကြောင်း နှင့် ပြည်တွင်းစစ် ဖြစ်နေရသည့် အကြောင်းမှာ လည်း ထိုနည်း လည်းကောင်း ဖြစ်ကြောင်း နှင့် မအလ များ မှာ
သေရန် အချိန်အကြာကြီး ယူကြောင်း ရှင်းပြလိုက်ရလေသည်။
ယခု လူငယ်တွေ ကို ကြည့်ပါသည်။ တခြားမဟုတ်
စစ်မူ့ထမ်းရမည်ဟု ဆိုကာကြည့်လေသည်။
တဂဲ့ကောင်တွေ
နိုင်လည်းမနိုင်ဘူး
နိုင်အောင်လည်း မလုပ်တတ်ဘူး
စောက်ရှက်လည်း မရှိဘူး
တော်သေးပီ