Innofective Let's start together here! Music Distribution | Monetization | Promotion

Innofective is a 100% independent service agency offering digital music distribution, royalty collection, monetization, marketing, and more for Artists.

Hi‼️ innofective နဲ့လက်တွဲနေတဲ့ Artist တယောက်လား?ဒါဆိုရင်တော့ innofective ရဲ့ 𝗔𝗿𝘁𝗶𝘀𝘁 𝗖𝗼𝗻𝗻𝗲𝗰𝘁 𝗚𝗶𝗳𝘁 – 𝗘𝘅𝗰𝗹𝘂𝘀𝗶𝘃𝗲 𝟭𝟱% 𝗗𝗶𝘀𝗰𝗼𝘂...
05/06/2025

Hi‼️ innofective နဲ့လက်တွဲနေတဲ့ Artist တယောက်လား?
ဒါဆိုရင်တော့ innofective ရဲ့ 𝗔𝗿𝘁𝗶𝘀𝘁 𝗖𝗼𝗻𝗻𝗲𝗰𝘁 𝗚𝗶𝗳𝘁 – 𝗘𝘅𝗰𝗹𝘂𝘀𝗶𝘃𝗲 𝟭𝟱% 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁! ရယူလိုက်ပါ

💥𝐀𝐫𝐭𝐢𝐬𝐭 𝐂𝐨𝐧𝐧𝐞𝐜𝐭 𝐆𝐢𝐟𝐭! အစီအစဉ်မှာဘာတွေပါမလဲ?

innofective နဲ့ Collaborate လုပ်ထားတဲ့ 𝗠𝘂𝘀𝗶𝗰 𝗣𝗿𝗼𝗱𝘂𝗰𝗲𝗿 𝗞𝗼 𝗦𝗼𝗲 𝗦𝗮 𝗡𝗮𝗶𝗻𝗴 ဆီမှာ အတီးပိုင်းအတွက် သီချင်းအပ်တိုင်း 15% Discount ရယူနိုင်ပါပြီ 🤩
Ko Soe Sa Naing ဆိုတာ လက်ရှိပေါက်သီချင်းတွေအများကြီး တီးခတ်ပေးနေသူတယောက်ဖြစ်ပါတယ်။
🎶"ဝေးရမယ်ဆိုတာ သေချာသည် 🎼 သိသိလျက်နဲ့ မင်းအနားရသလောက်တော့ငါ ကပ်တွယ်ပါဦးမည်" 🥰ဆိုတဲ့သီချင်းလေးကလည်း ကို Soe Sa Naing ရဲ့လက်ရာလေးပဲဖြစ်ပါတယ်။ ပြီးတော့ လက်ရှိ 10M View အထိရရှိနေတဲ့ ယွန်းမြတ်သူ နဲ့ သရဖီ တို့ရဲ့ Brainless သီချင်းကလည်း Ko Soe Sa Naing ရဲ့လက်ရာပဲဖြစ်ပါတယ်။ ပြောပြရမယ်ဆိုရင်တော့ ကို Soe Sa Naing ဟာ လက်ရှိအောင်မြင်နေတဲ့ တေးသီချင်းကောင်းများစွာကို တီးခတ်ပေးနေတဲ့ Music Producer တယောက်ဖြစ်ပါတယ်။ comment မှာ ကို Soe Sa Naing ရဲ့ လက်ရာသီချင်းကောင်းလေးတွေကို link တွေချထားပေးပါတယ်၊ ဝင်ရောက်နားဆင်ကြည့်လိုက်ပါဦး 😎

innofective နဲ့နောက်ထပ် Collaborate လုပ်ထားတဲ့ နောက်ထပ် Music Producer တယောက်ရှိပါသေးတယ်။ 𝗞𝗼 𝗦𝗲𝘁𝘁 (𝗞𝗢𝗕) ဖြစ်ပါတယ်။ သူရဲ့ studio အမည်ကတော့ 𝗧𝗟𝗞 𝗦𝘁𝘂𝗱𝗶𝗼 ဖြစ်ပြီး အခုမှခြေလှမ်းစမယ့် artist တွေအတွက် ဈေးနှုန်းသင့်တင့်ပြီး Quality ရှိတဲ့ studio ဖြစ်ပါတယ်။ innofective နဲ့လက်တွဲနေတဲ့ အဆိုတော်တယောက်ဆိုရင် အတီးပဲအပ်အပ်၊ mixing ပဲအပ်အပ်၊ recording ပဲလုပ်လုပ် 15% ရရှိပါလိမ့်မယ် 😎

💥Discount ဘယ်လိုယူရမလဲ?

innofective နဲ့လက်တွဲနေတဲ့ artist တွေအနေနဲ့ innofective နဲ့ collaborate လုပ်ထားတဲ့ Music Producer တွေဆီမှာ သီချင်းအပ်မယ်ဆိုရင် innofective ကိုအရင်ဆက်သွယ်ပေးပါနော်၊ messenger မှာအရင်ဆုံးလာပြောပေးပါ၊ Exclusive 15% Discount ရရှိဖို့အတွက် ဆောင်ရွက်ပေးပါမယ်။

Love you all 🥰
ဖန်တီးသမျှသီချင်းတွေ ပေါက်ကြပါစေ 🙏
------------
▶︎𝐎𝐔𝐑 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒
1.Global/Local Song Distribution Service
2.YouTube Monetization (Singapore / Thai)
3.YouTube Recovery Service (Hijacking Recovery)
4.Startup YouTube Service
5.Startup page Service
6.page / YouTube Admin Service
7.TikTok Account / Monetization Service
8.Media Buying (Boost)

▶︎PayPal အသုံးပြုမှုနဲ့ သတိထားသိထားသင့်သောအချက်များလက်ရှိ မြန်မာပြည်မှာ အကြောင်းအမျိုးမျိုးကြောင့် PayPal ကို အသုံးပြုမျ...
27/05/2025

▶︎PayPal အသုံးပြုမှုနဲ့ သတိထားသိထားသင့်သောအချက်များ

လက်ရှိ မြန်မာပြည်မှာ အကြောင်းအမျိုးမျိုးကြောင့် PayPal ကို အသုံးပြုများလာကြပါတယ်။ အဓိကအကြောင်းအရင်းကတော့ Monetization အတွက် Facebook က ဝင်ငွေတွေကို collect လုပ်ဖို့၊ TikTok က ဝင်ငွေတွေကို collect လုပ်ဖို့နဲ့ အခြားသော online ငွေရပေါက်ရလမ်းတွေကနေ ငွေလက်ခံနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း PayPal အကောင့်အရောင်းအဝယ်တွေကို online မှာ အများကြီးတွေ့လာရပါတယ်။

အလိမ်အညာတွေမခံရအောင် သတိထားသိထားသင့်တာလေးတွေ လိုရင်းတိုရှင်းပဲပြောချင်ပါတယ်၊

PayPal တို့ Payoneer တို့ဆိုတာ ကမ္ဘာတစ်ဝှမ်းလုံးကို ဝန်ဆောင်မှုပေးနေတဲ့ financial service အဖွဲ့အစည်းကြီးတွေဖြစ်ပါတယ်။ Online ပေါ်မှာ ငွေပေးချေမှုတွေ ဆောင်ရွက်ပေးနေတဲ့ Online Wallet ကြီးတစ်ခု ဖြစ်ပါတယ်။

💥 ဒါပေမယ့် ထုံးစံအတိုင်းပါပဲ ဘယ်လိုပဲ တကမ္ဘာလုံးကို ဝန်ဆောင်မှုပေးပေး မြန်မာနိုင်ငံတော့မပါပါဘူး၊ မြန်မာနိုင်ငံအတွက် PayPal က တရားဝင်အသုံးပြုခွင့်မပေးထားဘူးဆိုတာ သိထားဖို့လိုပါတယ်၊ 💥

✅ အမှန်အကန် PayPal အကောင့်ဖွင့်ဖို့ paypal အကောင့် verify ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ?

PayPal အကောင့်တစ်ခုကို တရားဝင် verify ဖြစ်ဖို့အတွက် အောက်ပါအချက်အလက်တွေလိုအပ်ပါတယ်။

❖နိုင်ငံတစ်ခုရဲ့ တရားဝင် နေရပ်လိပ်စာ
❖နိုင်ငံကူးလက်မှတ် (Passport) သို့မဟုတ် အခြား ID (Permit ID ဆိုရင်တော့ အကောင်းဆုံးပါပဲ)
❖ကိုယ်ပိုင် အီးမေးလ်လိပ်စာ
❖Debit/Credit Card (Visa / Master)
❖ဘဏ်အကောင့်
❖တချို့နိုင်ငံတွေမှာ ဖုန်းနံပါတ်လည်း လိုအပ်ပါတယ်

မြန်မာနိုင်ငံက PayPal ရဲ့ တရားဝင်အထောက်အပံ့မရှိသေးတာကြောင့် မြန်မာပြည်ရဲ့အချက်အလက်တွေ သွားဖွင့်လို့မရပါဘူး။

✅ PayPal လို တကမ္ဘာလုံးကို financial ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းကို အထင်မသေးပါနဲ့

PayPal က ငွေလွှဲငွေလက်ခံလုပ်ငန်းတွေကို လုံခြုံစိတ်ချရအောင် အထူးအာရုံစိုက်ထားပါတယ်။ ပုံမှန်မဟုတ်တဲ့ ငွေဝင်ငွေထွက် Transaction တွေ၊ အချက်အလက်မကိုက်ညီတာတွေ၊ fake လို့ယူဆရတဲ့ info တွေနဲ့ အကောင့်တွေကို အချိန်တန်ရင်အကုန်ပိတ်ပါတယ်၊ အညှာတာဆုံးဆိုရင်တော့ Verify ပြန်လုပ်ခိုင်းပါတယ်။ တကယ်လို့ကိုယ်က online ကနေ ထောင်ဂဏန်း၊ သောင်းဂဏန်းလောက်ပေးပြီးဝယ်ထားတဲ့အကောင့် ကိုယ့်ကို Verify ပြန်လုပ်ခိုင်းတဲ့အခါ ရောင်းတဲ့သူက Data မှန်မှန်ကန်ကန်နဲ့ လုပ်ပေးခဲ့တယ်ဆိုရင်တော့ သူ့ဆီကအချက်အလက်တောင်းပြီး Verify ပြန်လုပ်နိုင်ဖို့အတွက် အဆင်ပြေပါတယ်၊ တကယ်လို့ဖွင့်ပေးတဲ့သူနဲ့အဆက်အသွယ်ကလည်းမရ၊ အဆင်အသွယ်ရတော့လည်း အကောင့်တွေရောင်းထားတာများလို့မမှတ်မိတော့ဘူးဆိုတဲ့သူတွေ၊ သူ့ရဲ့ကိုယ်ပိုင်အချက်အလက်မဟုတ်ပဲ fake data တွေနဲ့ဖွင့်ခဲ့တယ်ဆိုရင်တော့ ပလုံပါပြီနော်၊ ဒါမျိုးအကောင့်တွေက PayPal ရဲ့ စည်းမျဉ်းနဲ့ မကိုက်ညီတာကြောင့် အချိန်တစ်ခုမှာ အကောင့်ပိတ်ခံရနိုင်ပါတယ်။ အကောင့်ပိတ်သွားရင် အထဲက ငွေတွေကို ပြန်ရဖို့လည်း အခက်ကြုံနိုင်ပါတယ်။

ဒါကြောင့်တတ်နိုင်သမျှ ကိုယ့်ရဲ့ကိုယ်ပိုင် data တွေနဲ့ဖွင့်ဖို့ပဲအကြံပေးချင်ပါတယ်၊ နိုင်ငံခြားမှာနေတဲ့ ကိုယ့်အတွက်စိတ်ချရတဲ့ မိတ်ရင်းဆွေရင်းတွေ၊ မိသားစုညီအကိုမောင်နှမတွေကိုအကူအညီတောင်းပါ၊ သူတို့ရဲ့အချက်အလက်တချို့ကိုအသုံးပြုပါ၊ ဥပမာ လိပ်စာ၊ ဖုန်းနံပါတ်၊ ဘဏ်အကောင့်၊ ကျန်တာကိုယ့်ရဲ့အချက်အလက်သုံးပါ၊

💥အဆုံးသတ်အနေနဲ့ပြောရရင်

PayPal ဝန်ဆောင်မှုကိုအသုံးပြုဖို့အတွက် အကောင့်ကို ကိုယ်တိုင်ဖွင့်နိုင်ရင် ကိုယ်တိုင်ဖွင့်ပါ၊ ဒါမှမဟုတ် စိတ်ချရတဲ့ Service Provider ကိုအပ်ပါ၊ Financial နဲ့ပါတ်သက်တဲ့ အကောင့်ဖြစ်တဲ့အတွက် ကိုယ်အပ်တဲ့ service provider က တာဝန်ယူမှုတာဝန်ခံမှုရှိပြီး ဝန်ဆောင်မှုသဘောတရားကိုနားလည်တဲ့ Service provider စစ်စစ်ဖြစ်ဖို့လိုပါတယ်၊ နေ့မြင်ညပျောက်တွေဆိုရင်တော့ မအပ်ပါနဲ့။ Ready made ဖွင့်ထားပြီးသားအကောင့်တွေ၊ fake info တွေနဲ့ ဖွင့်ထားတဲ့အကောင့်တွေဟာ ရေရှည်မှာ အန္တရာယ်ရှိတာကြောင့် သတိထားသင့်ပါတယ်။

PayPal ကအချဉ်မဟုတ်ပါဘူးနော်၊ အချိုပါ၊ သိဖို့ 😌

အစအဆုံးဖတ်ရှူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီစာက ကျွန်တော့်အတွေ့အကြုံအပေါ်အခြေခံပြီး လေ့လာနေဆဲသင်ယူနေဆဲ လူတယောက်အနေနဲ့ သိသလောက်မှတ်သလောက် ဝေမျှပေးတာဖြစ်တဲ့အတွက် လိုအပ်ချက်များရင်ရှိခဲ့ရင်တောင်းပန်ပါတယ်။ ကိုယ့်အတွက်တခုခုရသွားတယ်ဆိုရင်တော့ Like & Share Please ပါ။ ကျေးဇူးတင်ပါတယ်။
==================
💥innofective မှာရရှိနိုင်တဲ့ဝန်ဆောင်မှုတွေဖြစ်ပါတယ် ▼ ▼

▶︎𝐎𝐔𝐑 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒
1.Global/Local Song Streaming Service (Online သီချင်းဖြန့်ချီရေး)
2. Media Buying (Boost)
3.YouTube Monetization (Singapore / Thai)
4.YouTube Recovery Service (Hijacking Recovery)
5.Startup YouTube/Facebook Service
6.PayPal Account Service (Singapore)
7.page / YouYube Admin Service
8.TikTok Monetization Support
💥ကိုယ်ပိုင် Content ဖန်တီးသူများကိုသာ ဝန်ဆောင်မှုပေးပါသည်💥

20/05/2025

မေလ (၂၄) ရက်နေ့မှာ ထွက်ရှိလာတော့မယ့် "ခိုနားရာ” သီချင်းလေးနဲ့အတူ မျက်နှာသစ်အဆိုရှင် ➤ ဝေယံ ကိုမိတ်ဆက်ပေးပါရစေ..🙏

ဒီသီချင်းဟာ သူ့ရဲ့ ဒုတိယမြောက်သီချင်းတပုဒ်ဖြစ်ပါတယ်။ ပထမဦးဆုံးသီချင်းကတော့ အကြင်နာခရီးသည်ဆိုတဲ့သီချင်းလေးပါ။ ပထမဆုံးသီချင်းကို နားထောင်မိကတည်းက ဝေယံဟာ ဂီတကိုစနစ်တကျသင်ယူလေ့လာနေသူတယောက်၊ သီချင်းတပုဒ်ကို အရေအတွက်ထက် အရေအသွေးကိုအလေးထားသူတယောက်၊ ပေါ့ပေါ့ပါးပါးပေါ်ပင်ဂီတတွေထက် လေးနက်ပြီးတန်ဖိုးပိုရှိတဲ့ဂီတတွေကိုဖန်တီးချင်တယောက်အနေနဲ့ သတိထားမိခဲ့ပါတယ်။ လူငယ်တယောက်အတွက် ခရီးလမ်းအစမို့ လိုအပ်ချက်အနည်းငယ် ရှိကောင်းရှိနေနိုင်ပေမယ့် ဂီတကို လေးလေးနက်နက် အသေးစိတ်ဂရုတစိုက်ဖန်တီးထားတာကိုတော့ innofective အနေနဲ့ appreciate လုပ်ပါတယ်။ 😎

ဝေယံက official single (၂) ပုဒ်ပဲရှိသေးပေမယ့် အရင်ကတည်းက YouTube မှာ SymPhoenix အမည်နဲ့ cover song တွေဖန်တီးခဲ့ပါတယ်၊ လက်ရှိလည်းဖန်တီးနေဆဲပါပဲ။ SymPhoenix Band အနေနဲပါ။ YouTube မှာရှာကြည့်နိုင်ပါတယ်။ သူတို့ရဲ့ cover Song တပုဒ်ဖြစ်တဲ့ "မှားတဲ့ဘက်မှာ” သီချင်းကတော်တော်လေးလူကြိုက်များခဲ့ပါတယ်။

innofective ရဲ့ချီးမွန်းမှုတွေဟာ အမှန်တကယ်ထိုက်တန်ရဲ့လားဆိုတာ လာမယ့် (၂၄) ရက်နေ့မှာ အားလုံးနားဆင်အကဲဖြတ်ပေးဖို့ တောင်းဆိုပါရစေ 🙏

💥innoBeatz Music YouTube Channel, Colorful Vibes 4u YouTube Channel နဲ့ SymPhoenix YouTube Channel တို့မှာ နားဆင်ခံစားနိုင်ပါမယ်နော်💥

သီချင်းထွက်ရှိမည့်ရက် ➤ 24-May-2025 (စနေနေ့)
"ခိုနားရာ" | 𝘞𝘦𝘪 𝘙𝘺𝘢𝘯 (𝘚𝘺𝘮𝘗𝘩𝘰𝘦𝘯𝘪𝘹)
🎼𝘚𝘱𝘦𝘤𝘪𝘢𝘭 𝘊𝘳𝘦𝘥𝘪𝘵𝘴 :
◉ 𝘊𝘰𝘮𝘱𝘰𝘴𝘦𝘳 : 𝘞𝘦𝘪 𝘙𝘺𝘢𝘯
◉ 𝘔𝘶𝘴𝘪𝘤 𝘉𝘢𝘯𝘥 : 𝘚𝘺𝘮𝘗𝘩𝘰𝘦𝘯𝘪𝘹 & 𝘈𝘤𝘰𝘶𝘴𝘵𝘪𝘤 𝘎𝘶𝘪𝘵𝘢𝘳 - 𝘡𝘢𝘯 𝘞𝘪𝘯𝘵 𝘕𝘢𝘪𝘯𝘨
◉ 𝘊𝘩𝘰𝘪𝘳 : 𝘊𝘩𝘶𝘦 𝘊𝘩𝘶𝘦 𝘡𝘢𝘸 𝘛𝘶𝘯, 𝘒𝘪𝘮 𝘒𝘪𝘮 𝘚𝘩𝘰𝘶𝘵𝘦, 𝘓𝘪𝘢𝘯 𝘋𝘦𝘪𝘩 𝘡𝘢𝘢𝘮, 𝘗𝘢𝘪𝘯𝘨 𝘗𝘢𝘪𝘯𝘨
◉ 𝘔𝘪𝘹𝘪𝘯𝘨 𝘢𝘯𝘥 𝘔𝘢𝘴𝘵𝘦𝘳𝘪𝘯𝘨 : 𝘒𝘺𝘢𝘸 𝘡𝘢𝘺 𝘠𝘢 (𝘗𝘳𝘰)
◉ 𝘚𝘰𝘶𝘯𝘥 𝘚𝘵𝘶𝘥𝘪𝘰 : 𝘗𝘳𝘰 𝘔𝘶𝘴𝘪𝘤
◉ 𝘋𝘪𝘳𝘦𝘤𝘵𝘦𝘥 𝘣𝘺 𝘈𝘥𝘳𝘪𝘢𝘯 𝘔𝘪𝘯𝘯
◉ 𝘋𝘖𝘗 : 𝘈𝘶𝘯𝘨 𝘉𝘰𝘣𝘰 𝘔𝘪𝘯𝘯
◉ 𝘌𝘥𝘪𝘵 : 𝘞𝘦𝘪 𝘙𝘺𝘢𝘯 𝘢𝘯𝘥 𝘡𝘪𝘯 𝘉𝘩𝘰𝘯𝘦 𝘏𝘵𝘶𝘵
◉ 𝘋𝘪𝘨𝘪𝘵𝘢𝘭 𝘚𝘵𝘳𝘦𝘢𝘮𝘪𝘯𝘨 𝘚𝘶𝘱𝘱𝘰𝘳𝘵 𝘉𝘺 𝘪𝘯𝘯𝘰𝘧𝘦𝘤𝘵𝘪𝘷𝘦 & 𝘪𝘯𝘯𝘰𝘉𝘦𝘢𝘵𝘻
#သီချင်းများ #ခိုနားရာ

YouTube Monetization လျှောက်ချင်တယ်ဆိုရင် innofective ကိုသတိရပါ🤘 စိတ်ချရသလားလို့ ဘယ်သူ့ကိုမှမမေးခင် innofective ရဲ့ Page...
17/05/2025

YouTube Monetization လျှောက်ချင်တယ်ဆိုရင် innofective ကိုသတိရပါ🤘
စိတ်ချရသလားလို့ ဘယ်သူ့ကိုမှမမေးခင် innofective ရဲ့ Page တခုလုံးမွှေနှောက်လိုက်ပါ😊
Review တွေကိုဖတ်ပါ။ innofective အတွက်အရေးကြီးဆုံးက innofective ဆိုတဲ့အမည်ပဲဖြစ်ပါတယ်။ ဘယ်သူနဲ့မှမတူတဲ့ စေတနာကို အရင်းခံသော တာဝန်ယူမှုတာဝန်ခံမှုကိုအခြေပြုသော Professional ဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကို နားလည်သော Premium Service မျိုးနဲ့တည်ဆောက်ထားပါတယ်။

သိချင်တာမှန်သမျှမေး Free ပါ၊ ယုံကြည်မှ ဝန်ဆောင်မှုယူပါ၊

🚨မှတ်ချက်။ ကိုယ်ပိုင် Content ဖန်တီးသော Channel များကိုသာဝန်ဆောင်မှုပေးပါသည်။
==================
▶︎𝐎𝐔𝐑 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒
1. Media Buying (Boost)
2.Global/Local Song Distribution Service
3.YouTube Monetization (Singapore / Thai)
4.YouTube Recovery Service (Hijacking Recovery)
5.Startup YouTube Service
6.Startup page Service
7.page / YouYube Admin Service
8.TikTok/Facebook Monetization Support

Artist တော်တော်များများလိုချင်ကြတဲ့ Official Artist Channel ဘယ်လိုလျှောက်မလဲ ? innofective နဲ့ လက်တွဲလျက်ရှိတဲ့ Artist တ...
17/05/2025

Artist တော်တော်များများလိုချင်ကြတဲ့ Official Artist Channel ဘယ်လိုလျှောက်မလဲ ?
innofective နဲ့ လက်တွဲလျက်ရှိတဲ့ Artist တွေကတော့ဖတ်ဖို့မလိုပါဘူး၊ အချိန်တန်ရင် အလိုက်တသိ innofective ကရအောင်လုပ်ပေးသွားမှာပါ 🤘

YouTube မှာ အချို့ Artist တွေရဲ့ Channel Name ရဲ့ဘေးမှာ Music 🎶 သင်္ကေတပုံစံလေး တွေ့ဖူးကြမှာပါ၊ အဲ့ဒီ သင်္ကေတဟာ YouTube က Official Artist Channel (OAC) အနေနဲ့ အသိအမှတ်ပြုထားတာဖြစ်ပါတယ်၊

OAC ဘယ်လိုလျှောက်မလဲ ❓

မခက်ပါဘူး၊ ကိုယ့်ရဲ့သီချင်းတပုဒ် Global Music Distribute လုပ်ထားဖူးတယ်ဆိုရင် လျှောက်လို့ရပါတယ်၊ Global Music Distribute ဆိုတာက Music Streaming Platform တွေဖြစ်တဲ့ Apple Music, Spotify, YouTube Music တို့လို Global Music App တွေမှာ သီချင်းတင်ရောင်းတာကိုပြောတာပါ၊

တပုဒ်လောက်တင်ခဲ့ဖူးတယ်ဆိုရင်ကို လျှောက်လို့ရပါပြီ၊ ကိုယ့်ရဲ့သီချင်းကို Global Distribution လုပ်ပေးတဲ့ Label (သို့မဟုတ်) ကိုယ်အပ်ထားတဲ့ Agency ကို Apply လုပ်ခိုင်းလို့ရပါတယ်၊ ကောင်းတာကတော့ သီချင်းစအပ်ခဲ့ကတည်းက တခါတည်းလျှောက်ခိုင်းလိုက်တာတော့ ပိုကောင်းပါတယ်၊ ကြာမှဆိုရင်တော့ လုပ်ငန်းစဉ်တွေပိုကြာသွားမှာပေါ့၊

ကိုယ်တိုင်လုပ်လို့မရဘူးလား❓

ကိုယ်တိုင်ကော လုပ်လို့မရဘူးလားဆိုရင် လုပ်လို့ရပါတယ်၊ တကယ်တော့ Digital Streaming Platform တွေမှာ သီချင်းတွေက ကိုယ့်တိုင်တင်လို့ရပါတယ်၊ CD Baby, Tune Core, DIttoMusic တို့လို Distribution Channel တွေမှာ ကိုယ်ပိုင်အကောင့်ဖွင့်ပြီး ကိုယ့်သီချင်းကိုကိုယ်တိုင်တင်၊ ကိုယ်တိုင်စီမံခန့်ခွဲလုပ်လို့ရပါတယ်၊ official Artist Channel လည်းအလွယ်တကူလျှောက်လို့ရပါတယ်၊ YouTube Content ID တွေလည်း တင်လို့ရပါတယ်၊ ဖြုတ်ချင်ပြန်ဖြုတ်လုပ်ရပါတယ်၊

အဓိကလိုအပ်တာတော့ သီချင်းရောင်းရငွေတွေ လက်ခံနိုင်ဖို့ ဘဏ်အကောင့်တခုရယ်၊ ကိုယ်သီချင်းတွေတင်တဲ့အခါ ကျသင့်ငွေပေးချေဖို့ PayPal Account / Visa Card ဒါမျိုးတွေရှိဖို့လိုအပ်ပါတယ်၊ (ပြောပြရမယ့်အဆင့်ဆင့်တွေများလို့ အသေးစိတ်သိချင်ရင်တော့ Cb ကိုသာ Hi လိုက်ပါ)

အားသာချက်ကတော့ ကိုယ့်ရဲ့ Digital Artist Life ကို ကိုယ့်တိုင်စီမံလို့ရသွားမှာဖြစ်ပါတယ်၊ ဥပမာ အခုလို YouTube OAC လျှောက်ဖို့လောက်အတွက် Agency ကိုပြန်ချိတ်ရတာမျိုးတွေ အလုပ်မရှုပ်တော့ပါဘူး၊ ပြီးတော့ ကိုယ့်သီချင်းရဲ့ Digital Platform ကဝင်ငွေတွေကို ကိုယ်တိုင်စီမံခန့်ခွဲ ကိုယ်တိုင်ကြည့်ရှူနိုင်ပါမယ်၊ Agency ကို % ခွဲပေးစရာမလိုတော့ပါဘူး၊

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊
innofective Page ကနေ Artist တွေအတွက် သိကောင်းစရာအကြောင်း အရာလေးတွေကို အမြဲအခါအားလျော်စွာတင်ဆက်ပေးသွားမှာမို့ Like & Follow လုပ်ပေးသွားဖို့မမေ့နဲ့ဦးနော် 😊

💥ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ share လိုက share နိုင်ပါသည် 💥
------------
◾️YouTube Channel Service
◾️YouTube Monetization Service
◾️Global Music Distribution Account Service
◾️page Service
◾️Boost Service အတွက် အသေးစိတ်သိရှိလိုပါက ဆက်သွယ်ပေးပါနော်၊😊 သိချင်တာမှန်သမျှမေး Free ပါ၊ ယုံကြည်မှ ဝန်ဆောင်မှုယူပါ၊
⚫️Messenger : https://m.me/innofective
☎️ 09442626510 🟣Viber 🔵Telegram : 09774991246

YouTube Channel Hijacking လုပ်ခံရရင် innofective ကိုဆက်သွယ်နိုင်ပါတယ် 🤘
17/05/2025

YouTube Channel Hijacking လုပ်ခံရရင် innofective ကိုဆက်သွယ်နိုင်ပါတယ် 🤘

ဒီရက်ပိုင်း ကြော်ငြာထားတာမရှိပေမယ့် တစ်ဆင့်စကားတစ်ဆင့်နားနဲ့ YouTube Channel Hijacking လုပ်ခံရလို့ ပြန်လာဆယ်ခိုင်းတာတွေ ခပ်စိပ်စိပ်ဖြစ်လာပါတယ်။ ဘာကြောင့်ပါသွားလဲဆိုတဲ့ အကြောင်းအရာတွေက အားလုံးအတူတူပါပဲ။ "Link တစ်ခုကိုနှိပ်လိုက်မိပြီး password ဝင်ခိုင်းတာနဲ့ဝင်လိုက်မိတာ"၊ "software တစ်ခုကို download လုပ်လိုက်မိတာ" စသဖြင့် အားလုံးရဲ့ဇာတ်ကြောင်းတွေက ပုံစံတူတွေကြီးပဲဖြစ်ပါတယ်။

ဒါကြောင့် Internet သုံးသူတိုင်းသိထားရမယ့် အခြေခံလုံခြုံရေးလမ်းညွှန်ချက်အနေနဲ့ တီးခေါက်မိသလောက် လိုရင်းတိုရှင်း sharing လုပ်ပေးချင်ပါတယ်။ 💥ဒီဆောင်းပါးက နည်းပညာနယ်ပယ်က မဟုတ်တဲ့ Artist / Content Creator တွေကို ရည်ရွယ်ပါတယ်။

အဓိက YouTube Channel တွေ Hack လုပ်ခြင်းမခံရဖို့ အဓိကသတိထားရမှာက Phishing mail/Link တွေနဲ့ malware တွေဖြစ်ပါတယ်။ နောက်တခုက မယုံရတဲ့ လူယုံတွေဖြစ်ပါတယ် 😁 Just kidding! ဒါပေမယ့် သတိတော့ထားပါ။

Phishing ဆိုတာဘာလဲ?
Phishing ဆိုတာ link တစ်ခု၊ mail တစ်စောင်၊ App တစ်ခု၊ website တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေ၊ ဘဏ်အကောင့်တွေ၊ Credit card အချက်အလက်တွေ၊ password တွေရယူဖို့နဲ့ ကိုယ်သုံးတဲ့ Device ထဲကို malware တွေထည့်သွင်းဖို့ ရည်ရွယ်ပါတယ်။ သူတို့က ကိုယ့်အတွက်အရေးကြီးစေမယ့် အကြောင်းအရာတစ်ခုခု၊ ဌာနတစ်ခုခုအဖြစ် ဟန်ဆောင်ပြီး ကိုယ့်ရဲ့အချက်အလက်တွေကို တောင်းခံ၊ ဖြည့်သွင်းခိုင်းတာတွေ လုပ်ပါတယ်။ ဒါကြောင့် ကိုယ်မသိတဲ့ email တွေ၊ ကိုယ်မသိတဲ့ Link တွေ ကိုယ့်ဆီရောက်လာတဲ့အခါ လုံးဝ Click မနှိပ်ပါနဲ့။ မတော်တဆနှိပ်မိတယ်ဆိုရင်လည်း သူတို့တောင်းတဲ့ information တွေ ဘာမှမဖြည့်ပါနဲ့။ ကိုယ့်ရဲ့ Google mail / YouTube account ဟာ သူနဲ့သက်ဆိုင်တဲ့ website မှာသာ ဝင်ရောက်အသုံးပြုဖို့ဖြစ်ပါတယ်။ ကိုယ်ဝင်ရမယ့် website ‌address ကိုသေချာကြည့်ပါ။

Malware ဆိုတာဘာလဲ?
သိပ်ကိုကြောက်စရာကောင်းပါတယ်။ Phishing link/mail တွေကနေ ပါလာနိုင်သလို ကိုယ် download လုပ်လိုက်တဲ့ Application၊ software၊ photo စတဲ့ ဘယ် file ကနေမဆို ပါလာနိုင်ပါတယ်။ ကိုယ့်ရဲ့ phone / computer ထဲမှာ malware ရှိနေပြီဆိုရင်တော့ အန္တရာယ်ရှိပါပြီ။ အဓိက malware အမျိုးအစား (၃) မျိုးရှိပါတယ်။ Keylogger၊ password stealer နဲ့ screen recorder တို့ဖြစ်ပါတယ်။ လိုတိုရှင်းပြောရရင်တော့ Keylogger က ကိုယ်ကီးဘုတ်ကနေ ရိုက်ထည့်သမျှကို မှတ်တမ်းယူပါတယ်။ Password stealer က ကိုယ်သုံးတဲ့ browser ထဲမှာ အပျင်းထူပြီး save ထားသမျှ username / password တွေကို ခိုးယူပါတယ်။ Screen recorder ကတော့ ကိုယ့်ရဲ့ဖုန်းမှာ ကိုယ်သုံးသမျှကို screen record လုပ်နေသလိုပါပဲ (တချို့ KBZ Pay OTP ကိုယ်မပြောပဲ ပါသွားတယ်ဆိုတာ ဒီလို malware တွေနဲ့လည်း ပတ်သက်ပါတယ်)။

ဘယ်လိုကာကွယ်ရမလဲ?
Phishing ရန်ကနေ ကာကွယ်ဖို့ကတော့ ကိုယ်မသိတဲ့၊ ကိုယ်နဲ့မဆိုင်တဲ့ link တွေ မနှိပ်ပါနဲ့။ Telegram မှာပဲဖြစ်ဖြစ်၊ Facebook ကပဲဖြစ်ဖြစ်၊ mail ထဲကပဲဖြစ်ဖြစ်၊ Messenger ကနေပဲဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ရင် ဘာ link မှ မနှိပ်ပါနဲ့။ Messenger ကနေ ကိုယ့်ရဲ့ close friend က ဘာမပြောညာမပြော link တစ်ခုပို့လာရင်လည်း ဖုန်းခေါ်ပြီး "နင်ငါ့ကို link တစ်ခု ပို့လိုက်သလား" လို့ မေးကြည့်ပါ။

Malware ကိုကာကွယ်ဖို့အတွက်ကတော့ Antivirus software တစ်ခုခု (Internet security ဆိုပိုကောင်းပါတယ်) ကိုယ့်ရဲ့ device တွေမှာ ထည့်သွင်းထားပါ။ Software တွေကို အမြဲ update လုပ်ပါ။ ဖုန်းဆိုရင်လည်း OS ကို အမြဲတမ်း update လုပ်ထားပါ။ Free App တွေ၊ free software တွေကို မလိုအပ်ဘဲ တွေ့သမျှ download မလုပ်ပါနဲ့။ ပြီးတော့ software တွေ၊ app တွေကို crack လုပ်ပြီးသုံးတဲ့သူတွေ ပိုပြီးဂရုစိုက်ပါ။ Crack tools တွေမှာ malware တွေ ပါလာတတ်ပါတယ်။

အခုပြောတဲ့အချက်တွေက youtube လုံခြုံရေးတခုတည်းအတွက်ပဲပါတ်သက်တာမဟုတ်ပါဘူး။ ကိုယ်အသုံးပြုတဲ့ device တခုလုံးရဲ့ လုံခြုံရေးနဲ့ပါတ်သက်ပါတယ်။ အခုပြောတဲ့အကြောင်းအရာတွေကို သတိထားရင်ပဲ အတိုင်းအတာတခုအထိ လုံခြုံနေပါပြီ။

innofective မှာ YouTube Channel Recovery service ယူသွားတဲ့ client တွေကို ကျွန်တော်တို့ပေးလေ့ရှိတဲ့ လမ်းညွှန်ချက်လေးတွေ လိုတိုရှင်းဖော်ပြပေးလိုက်ပါတယ်။

"YouTube Channel လုံခြုံမှုအတွက် အရေးကြီးလမ်းညွှန်ချက်များ"

၁။ အခြေခံလုံခြုံရေးအဆင့်များ

YouTube Channel အားထိန်းချုပ်ထားသော Google Account တွင်

- Recovery Email ထည့်ထားပြီး Verify လုပ်ထားဖို့ လိုပါတယ်
- Recovery Phone နံပါတ် ထည့်သွင်းထားသင့်ပါတယ်
- Phone နံပါတ်ဖြင့် Two Step Verification ဖွင့်ထားသင့်ပါတယ်
- Google Authenticator လိုမျိုး Authenticator App တခုခုနဲ့ ချိတ်ဆက်ထားသင့်ပါတယ်
- ဘယ်လောက်ရင်းနှီးတဲ့သူပဲဖြစ်ပါစေ၊ username / password ပေးမသိပါနဲ့

၂။ Account လုံခြုံရေးအတွက်သတိထားသင့်သောအချက်များ

- YouTube Channel သုံးထားတဲ့ Google Account ကို private ထားပေးပါ
Public မှာ လုံးဝမပြသင့်ပါဘူး
- တခြား service တွေမှာ အသုံးမပြုသင့်ပါဘူး
- တခြား website တွေမှာ Google account နဲ့ Sign In ဝင်တာကို ရှောင်ကြဉ်ပါ

၃။ လုံခြုံရေးဆိုင်ရာ သတိပြုရန်များ

- Telegram၊ Facebook၊ comment တွေ၊ email တွေက မသိတဲ့ Link တွေကို လုံးဝမနှိပ်ပါနဲ့
- Channel က Hack ခံရပြီဆိုရင် ချက်ချင်း YouTube Team ကို အကြောင်းကြားပါ (မြန်လေကောင်းလေးပါပဲ)

အစအဆုံးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီစာက ကိုယ့်အတွက်တခုခုရသွားတယ်ဆိုရင်တော့ Like & Share လုပ်ပေးဖို့ မမေ့ပါနဲ့ 🙏 ကျေးဇူးတင်ပါတယ်။
==================
YouTube နဲ့ပါတ်သက်တဲ့ service ပဲဖြစ်ဖြစ်၊ သီချင်းဖြန့်ချင်တာပဲဖြစ်ဖြစ် innofective ကိုဆက်သွယ်နိုင်ပါတယ်။ သိချင်တာမှန်သမျှမေး Free ပါ၊ လက်ရှိအောင်မြင်နေတဲ့ အနုပညာရှင်များစွာနဲ့ လက်တွဲဝန်ဆောင်မှုပေးနေတာမို့ Page ထဲကိုဝင်လေ့လာပါ၊ ယုံကြည်မှ ဝန်ဆောင်မှုရယူနိုင်ပါတယ်။ Artist တိုင်း၊ Content Creator အတွက် partner ကောင်းတယောက်ဖြစ်အောင် အမြဲကြိုးစားနေတဲ့ innofective ပါ။

ဖေစ်ဘုတ်ရဲ့ဟိုလိုတမျိုးဒီလိုတမျိုးမသောက်ပဲမူးရတဲ့ပေါ်လစီများကြောင့် ဆက်သွယ်ရန်လိပ်စာကို Comment မှာရေးထားပေးပါတယ်။ ကျေးဇူးတင်ပါတယ်။
==========

05/05/2025

ᴀʀᴇ ʏᴏᴜ ʀᴇᴀᴅʏ ?🔥 ᴀʟᴇʀᴛ!🚨
YOLO ʏᴏʟᴏ အဖွဲ့ဝင် Vic ရဲ့ “ʙɪxxʜ ʏᴏᴜ’ʀᴇ ɴᴏᴛʜɪɴɢ” ꜱɪɴɢʟᴇ ᴛʀᴀᴄᴋ အသစ် လာမယ့် ᴍᴀʏ (9) ရက်နေ့မှာထွက်ပါမယ်! ꜱᴛᴀʏ ᴛᴜɴᴇᴅ‼️
သီချင်းရဲ့ ꜰʟᴏᴡ တွေ၊ ʀʜʏᴍᴇ တွေရဲ့ဒဏ်ကိုခံနိုင်ဖို့ အရွယ်ရောက်ပြီးသားသူတယောက်ဖြစ်ဖို့တော့လိုမယ်နော်၊ အနာရှိရင်စပ်မှာစိုးလို့..😅
ချာတိတ်တွေတော့ ဒီသီချင်းကို ကျော်သွားပေး! ᴏᴋ ? စတာပါ 😉

💥မေလ (၉) ရက်နေ့မှာ ရှိသမျှ ᴘʟᴀᴛꜰᴏʀᴍꜱ အားလုံးနာဆင်နိုင်ပါမယ်၊ ခဏစောင့်ပေးပါ 😎

ᴠɪᴄ - “ʙɪxxʜ ʏᴏᴜ’ʀᴇ ɴᴏᴛʜɪɴɢ"
ထွက်ရှိမည့်ရက်: မေလ (၉) ရက်၊ ၂၀၂၅
ရေးသားသူ: ᴠɪᴄ
ᴍᴜꜱɪᴄ ᴘʀᴏᴅ. : ʜᴀʀʀʏ ᴄᴀɪɴ

27/04/2025

မေလ (၃) ရက်နေ့မှာ ထွက်ရှိလာတော့မယ့် "𝙵𝚘𝚛 𝚕𝚒𝚝𝚝𝚕𝚎 𝚖𝚒𝚜𝚜 𝚕𝚘𝚝𝚊𝚢𝚊" သီချင်းလေးနဲ့အတူ အနုပညာလောကထဲကို ခြေလှမ်းစတင်လာတဲ့ မျက်နှာသစ်အဆိုရှင်လေး “လုအာမေပယ်လ်" ကို မိတ်ဆက်ပေးပါရစေ 😊
သူရဲ့ပထမဆုံး သီချင်းဖြစ်တဲ့ "𝙵𝚘𝚛 𝚕𝚒𝚝𝚝𝚕𝚎 𝚖𝚒𝚜𝚜 𝚕𝚘𝚝𝚊𝚢𝚊" ကို Zhang Lin နှင့်အတူ ရေးသားထားတာဖြစ်ပြီး Music Produce အပိုင်းကိုလည်း ဒီနှစ်ယောက်ကပဲ ပူးပေါင်းဖန်တီးထားတာဖြစ်ပါတယ်။ အဆို၊ အတီး၊ အရေး ဘက်စုံရတဲ့ လူငယ် အမျိုးသမီးအဆိုရှင်တယောက်ဖြစ်ပါတယ်။

ဒီသီချင်းက ကိုယ်ရဲ့အိပ်မက်တွေကို ဘယ်လောက်ပဲအနှောက်အယှက်အဟန့်အတားတွေကြုံရပါစေ၊ ခက်ခဲပါစေ ယုံကြည်မှုရှိရှိနဲ့ အိပ်မက်တွေနှောက်ဆက်လိုက်ဖို့ ကိုယ်ပိုင်တဲ့အလင်းရောင်ကို ဆက်လက်ထိန်းသိမ်းထားဖို့ အားပေးစကားလုံးတွေနဲ့ ဖွဲ့နွဲ့ထားတာတွေ့ရပါတယ်။ အဲ့ဒီစကားလုံးတွေက သီချင်းခေါင်းစဉ်ရဲ့အလိုရဆိုရင် “လိုတရ” ဆိုတဲ့မိန်းကလေးကို ရည်ညွှန်းတယ်လို့ထင်ပါတယ်၊ သီချင်းဖန်တီးသူနဲ့ "လိုတရ" ဆိုတဲ့မိန်းကလေးတို့ရဲ့ ခိုင်မာတဲ့မေတ္တာတရားကိုလည်း ဒီသီချင်းထဲမှာတွေ့ရပါတယ်။
English ဘာသာစကားနဲ့သီဆိုထားတာဖြစ်တဲ့အတွက် အက်မင်ဘာသာပြန် နားလည်လွဲတာတွေလည်းရှိကောင်းရှိနိုင်တာမို့ အဓိပ္ပါယ်ကောက်လွဲခဲ့တယ်ဆိုရင်လည်း နားလည်ပေးဖို့ သီချင်းဖန်တီးသူတွေကို ကြိုတင်ပြီးတောင်းပန်ပါတယ်နော်။

ဒီသီချင်းရဲ့ သံစဉ်နဲ့ သီချင်းစာသားတွေက လေးနက်တဲ့ခံစားချက်တွေကို ဖော်ကျူးထားတာမို့ နားထောင်တဲ့သူတိုင်း သဘောကျမယ်ဆိုတာ သေချာပေါက်အာမခံရဲပါတယ်။ အင်မင်အတွက်ကတော့ ရေခဲရေ တခွက်သောက်လိုက်ရသလိုပဲ 🥰

“For little miss lotaya” သီချင်းကို မေလ (၃) ရက်နေ့မှာ Local / Global Digital Platform အားလုံးမှာ နားဆင်နိုင်မှာဖြစ်ပါတယ်။

"𝐹𝑜𝓇 𝓁𝒾𝓉𝓉𝓁𝑒 𝓂𝒾𝓈𝓈 𝓁𝑜𝓉𝒶𝓎𝒶" - 𝐿𝓊𝒶𝒽 𝑀𝒶𝓅𝓁𝑒
➤ထွက်ရှိမည့်ရက်: မေလ (၃) ရက်၊ ၂၀၂၅
➤ရေးသားသူ: Luah Maple & Zhang Lin
➤Music Prod. : Luah Maple & Zhang Lin

အနုပညာကောင်းကင်မှာ လင်းလက်တဲ့ ကြယ်တပွင့်ဖြစ်ပါစေ လုအာမေပယ်လ် 🌸

fans

innofective ရဲ့အက်မင်တွေအားလုံး ဒီ Channel ရဲ့ပိုင်ရှင်ကို  သူမငယ်ငယ်လေးကတည်း TV ဖန်သားပြင်ပေါ်မှာ ရင်းနှီးနေပြီးသားပါ။😊...
26/04/2025

innofective ရဲ့အက်မင်တွေအားလုံး ဒီ Channel ရဲ့ပိုင်ရှင်ကို သူမငယ်ငယ်လေးကတည်း TV ဖန်သားပြင်ပေါ်မှာ ရင်းနှီးနေပြီးသားပါ။😊 ကြယ်ကလေးများရဲ့ဂီတမိုးကောင်းကင်အစီအစဉ်မှာ မဖြူရဲ့သီချင်းတွေကို အရွယ်နဲ့မလိုက်အောင် Performance အပြည့်နဲ့အပီအပြင်ဟဲခဲ့တဲ့ "ပြည့်မှူးသဒ္ဒါ” ဆိုတဲ့ညီမလေးတယောက်ဖြစ်ပါတယ်။ အခုတော့ YouTube ရဲ့ Partner တယောက်ဖြစ်လာတဲ့အပြင် innofective ရဲ့ Client တယောက်လည်း ဖြစ်လာပါပြီ။ အခုဆိုရင် အရင်ကထက်အသံအများကြီးပိုကောင်းလာပါတယ်။ သီချင်းအသစ်တွေမျှော်နေပါတယ် ညီမလေးရေ … Pyae Hmuu Thadar

ဘယ်သူလဲဆိုတာသိချင်တဲ့သူတွေအတွက် ဒီ Channel ထဲကိုဝင်ကြည့်လိုက်နော် ➤ https://youtube.com/

==================
▶︎𝐎𝐔𝐑 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒
1.Global/Local Song Streaming Service
2.YouTube Monetization (Singapore / Thai)
3.YouTube Recovery Service (Hijacking Recovery)
4.Startup YouTube Service
5.Startup page Service
6.page / YouYube Admin Service
7.TikTok Account / TikTok Monetization
8.Facebook Monetization Support
9.Media Buying (Boost)
YouTube နဲ့ပါတ်သက်သမျှ ဝန်ဆောင်မှုအားလုံး အသေးစိတ်သိရှိလိုပါက ဆက်သွယ်နိုင်ပါတယ်နော်။
သိချင်တာမှန်သမျှမေး Free ပါ၊ လက်ရှိအောင်မြင်နေတဲ့ အနုပညာရှင်များစွာနဲ့ လက်တွဲဝန်ဆောင်မှုပေးနေတာမို့ Page ထဲကို အရင်ဆုံး ဝင်လေ့လာပေးပါ၊ Review တွေကိုဝင်ဖတ်ပေးပါ။

⚠️"ယုံကြည်မှ ဝန်ဆောင်မှုယူပါ” ⚠️“ယုံကြည်မှုရှိမှ လာရောက်စုံစမ်းပါ”

💥YouTube ကချက်မှတ်ထားတဲ့မူဝါဒများကိုအပြည့်အဝလိုက်နာပြီး ဝန်ဆောင်မှုပေးတာဖြစ်တဲ့အတွက် ကိုယ်ပိုင် Content ဖန်တီးသူများ၊ ဂီတနယ်ပယ်နှင့် Vlogs Channel များကိုသာ အထူးဦးစားပေး ဝန်ဆောင်မှုပေးပါတယ်နော်။
အားလုံးကိုလေးစား ကျေးဇူးတင်ပါတယ်။

Congratulations ပါ ကိုဘုန်းရေ Bhone Nay Linn Kai ...YouTube နဲ့ Spotify မှာ official Artist ဖြစ်သွားပါပြီနော် 🤩innofecti...
18/04/2025

Congratulations ပါ ကိုဘုန်းရေ Bhone Nay Linn Kai ...
YouTube နဲ့ Spotify မှာ official Artist ဖြစ်သွားပါပြီနော် 🤩
innofective နှင့်အတူလက်တွဲပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
တကိုယ်တော်ဂီတလမ်းကြောင်းပေါ်မှာလည်း အခုထက်ပို အောင်မြင်မှုတွေဆက်လက်ပြီးပိုင်ဆိုင်နိုင်ပါစေ၊ Project K အနေနဲ့လည်း ယခုထက်ပို၍ ပရိတ်သတ်တွေရဲ့မေတ္တာတွေပိုမိုရရှိပြီး လက်ရှိအောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါစေ 🥰🙏

==================
▶︎𝐎𝐔𝐑 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒
1. Media Buying (Boost)
2.Global/Local Song Distribution Service
3.YouTube Monetization (Singapore / Thai)
4.YouTube Recovery Service (Hijacking Recovery)
5.Startup YouTube Service
6.Startup page Service
7.page / YouYube Admin Service
8.TikTok Account / TikTok Monetization
9.Facebook Monetization Support
အထက်ဖေါ်ပြပါ ဝန်ဆောင်မှုတွေနဲ့ပါတ်သက်ပြီး သိလိုတာတွေမေးချင်တယ်ဆိုရင် ဆက်သွယ်လိုက်ပါနော်၊ သိချင်တာမှန်သမျှမေး Free ပါ၊ လက်ရှိအောင်မြင်နေတဲ့ အနုပညာရှင်များစွာနဲ့ လက်တွဲဝန်ဆောင်မှုပေးနေတာမို့ Page ထဲကိုဝင်လေ့လာပါ၊ ယုံကြည်မှ ဝန်ဆောင်မှုယူပါ၊ 💥ယုံကြည်မှုသည်သာ အရေးကြီးဆုံးမို့ ယုံကြည်မှ ဝန်ဆောင်မှုယူပါမိတ်ဆွေ။ ကျေးဇူးတင်ပါတယ်

𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬! M K Music School 🤩လူငယ်ကြယ်ပွင့်အနုပညာရှင်များစွာကို မွေးထုတ်ပေးနေတဲ့ MK Music School ရဲ့ YouTube Chann...
07/04/2025

𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬! M K Music School 🤩
လူငယ်ကြယ်ပွင့်အနုပညာရှင်များစွာကို မွေးထုတ်ပေးနေတဲ့ MK Music School ရဲ့ YouTube Channel ကတော့ YouTube Partner Program ကို join နိုင်ခဲ့ပါပြီ။
နိုင်ငံတကာကိုထိုးဖေါက်နိုင်တဲ့ အနုပညာရှင်များစွာကို မွေးထုတ်ပေးနိုင်ပါစေဗျာ🙏
==================
▶︎𝐎𝐔𝐑 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒
1.Global/Local Song Distribution Service
2.YouTube Monetization (Singapore / Thai)
3.YouTube Recovery Service (Hijacking Recovery)
4.Startup YouTube Service
5.Startup page Service
6.page / YouYube Admin Service
7.TikTok Account / TikTok Monetization
8.Facebook Monetization Support
9.Media Buying (Boost)

YouTube နဲ့ပါတ်သက်သမျှ ဝန်ဆောင်မှုအားလုံး အသေးစိတ်သိရှိလိုပါက ဆက်သွယ်နိုင်ပါတယ်နော်။
သိချင်တာမှန်သမျှမေး Free ပါ၊ လက်ရှိအောင်မြင်နေတဲ့ အနုပညာရှင်များစွာနဲ့ လက်တွဲဝန်ဆောင်မှုပေးနေတာမို့ Page ထဲကိုဝင်လေ့လာပါ၊ ယုံကြည်မှ ဝန်ဆောင်မှုယူပါ၊
💥YouTube ကချက်မှတ်ထားတဲ့မူဝါဒများကိုအပြည့်အဝလိုက်နာပြီး ဝန်ဆောင်မှုပေးတာဖြစ်တဲ့အတွက် ကိုယ်ပိုင် content ဖန်တီးသူများကိုသာလျှောက်ထားပေးပါတယ်နော်။ ကျေးဇူးတင်ပါတယ်။

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 18:00
อังคาร 09:00 - 18:00
พุธ 09:00 - 18:00
พฤหัสบดี 09:00 - 18:00
ศุกร์ 09:00 - 18:00
อาทิตย์ 09:00 - 18:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Innofectiveผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท