GO Simple With Thet

  • Home
  • GO Simple With Thet

GO Simple With Thet Let's have some fun with THET

တခါတလေ ဆီပြန်/ဆီကြော်ဟင်းတွေ စားရတာငြီးငွေ့နေရင် ဒီလိုဟင်းရည်လေးလုပ်စားကြည့်နော်။ Healthy meal အနေနဲ့လည်း စားလို့ရပါတယ်။...
27/05/2025

တခါတလေ ဆီပြန်/ဆီကြော်ဟင်းတွေ စားရတာငြီးငွေ့နေရင် ဒီလိုဟင်းရည်လေးလုပ်စားကြည့်နော်။

Healthy meal အနေနဲ့လည်း စားလို့ရပါတယ်။

💥💥 Shiitake Mushrooms (ရှီတာကီမှို) ရဲ့အကျိုးကျေးဇူးများ 💥💥

Shiitake (ရှီတာကီမှို) သည် ဆေးဖက်ဝင်သော ဂုဏ်သတ္တိရှိသော မှိုတစ်မျိုးဖြစ်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများကိုပေးစွမ်းနိုင်ပါသည်။ အသက်ရှည်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။

အကျိုးကျေးဇူးတွေကတော့

1] ကိုယ်ခံစွမ်းအားစနစ်မြှင့်တင်ပေးတယ်။

2] ဗီတာမင် D ကြွယ်ဝပြီး အသားအရေကို အာဟာရဖြည့်ပေးတယ်။

3] အမျှင်ဓာတ်တွေပါဝင်နေတာကြောင့် အဆီကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။

4] နှလုံးသွေးကြောကျန်းမာရေးကိုအထောက်အကူပြုသည်။

5] ရောဂါကူးစက်မှုကိုတိုက်ဖျက်နိုင်ပြီး ဦးနှောက်လုပ်ဆောင်ချက်များကို ကောင်းမွန်စေသည်။

6] ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တယ်

ရှီတာကီမှိုမှာ ကိုယ်ခံအားကောင်းစေနိုင်ပြီးရောဂါတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို နာမကျန်းဖြစ်မှုတွေကနေ ကင်းဝေးစေမှာပါ။ ကျန်းမာရေးကောင်းချင်သူတွေအနေနဲ့ ပုံမှန် ရှီတာကီမှိုစားပေးသင့်ပါတယ်။

🚨‼️ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ အများကြီး မစားပါနဲ့။ ‼️🚨



#

အိမ်မှာ ခနခနလုပ်စားဖြစ်တဲ့ ဖက်ထုပ်အိုးကပ်ကြော်===================================ဖက်ထုပ်ဆိုရင် တစ်ယောက်ထဲ အခု (၂၀) လောက်...
23/05/2025

အိမ်မှာ ခနခနလုပ်စားဖြစ်တဲ့ ဖက်ထုပ်အိုးကပ်ကြော်
===================================

ဖက်ထုပ်ဆိုရင် တစ်ယောက်ထဲ အခု (၂၀) လောက် အသာလေးစားနိုင်တဲ့သူဆိုတော့ အပြင်မှာဝယ်စားရင် ဘယ်ကိုက်မလဲနော် 😆😆

ဆိုတော့ ဖက်ထုပ်ဆိုရင် အိမ်မှာကိုယ်တိုင် အမြဲလိုလို လုပ်စားဖြစ်တာပေါ့ရှင်။

လုပ်နည်းအဆင့်ဆင့်တွေကို ပုံတစ်ပုံချင်းစီရဲ့အောက်မှာ ရေးထားပေးလို့ ဝင်ကြည့်ပေးပါနော်။

အခြား ဖက်ထုပ်လုပ်နည်းလေးများသိရင်လည်း comment မှာ မန့်ပေးသွားပါအုံးရှင့် 🥰🥰

Video အပြည့်အစုံလေးကိုတော့ နောက်မှ တင်ပေးပါမယ်နော် 😉

゚viralシ #ဖက်ထုပ်

ရှမ်းဟင်းထုပ်လေး မစားရတာကြာလို့ရယ်၊ ကြက်သွန်ပင်တွေ  စျေးပေါပေါနဲ့ ရလာခဲ့လို့ အိမ်အလွမ်းပြေ လုပ်စားဖြစ်ပါတယ်။လုပ်နည်းအဆင်...
22/05/2025

ရှမ်းဟင်းထုပ်လေး မစားရတာကြာလို့ရယ်၊ ကြက်သွန်ပင်တွေ စျေးပေါပေါနဲ့ ရလာခဲ့လို့ အိမ်အလွမ်းပြေ လုပ်စားဖြစ်ပါတယ်။

လုပ်နည်းအဆင့်ဆင့်ကို တပုံချင်းစီရဲ့အောက်မှာ ရေးထားပေးပါတယ်ရှင့်။

တခြားလုပ်နည်းလေးတွေ သိရင်လည်း comment မှာ မန့်ခဲ့ပေးပါနော်။

゚viralシ #ရှမ်းဟင်ထုပ် #ရှမ်း #ဟင်းထုပ်

နန်းကြီးသုပ် 😋🍝
18/05/2025

နန်းကြီးသုပ် 😋🍝

ဝိတ်ချချင်တဲ့ မမတွေ ဟင်းရည်ကို ဒီလိုလေး လုပ်စားကြည့်နော်
01/12/2024

ဝိတ်ချချင်တဲ့ မမတွေ ဟင်းရည်ကို ဒီလိုလေး လုပ်စားကြည့်နော်

Diet လည်း လုပ်ချင်တယ် ထမင်းလည်း မရှောင်ချင်တဲ့ မမတို့အတွက် Healthy Meal Idea
29/11/2024

Diet လည်း လုပ်ချင်တယ် ထမင်းလည်း မရှောင်ချင်တဲ့ မမတို့အတွက် Healthy Meal Idea

ကြာဇံကြော်ဆို ဖွေးဖွေးလေးမှ ကြိုက်တတ်တဲ့သူတွေရှိလားရှင့်ကျမကတော့ အိမ်မှာ အမေကြော်ကျွေးနေကြအတိုင်း ကြာဇံကြော်စားဖြစ်ပါတယ်...
25/11/2024

ကြာဇံကြော်ဆို ဖွေးဖွေးလေးမှ ကြိုက်တတ်တဲ့သူတွေရှိလားရှင့်

ကျမကတော့ အိမ်မှာ အမေကြော်ကျွေးနေကြအတိုင်း ကြာဇံကြော်စားဖြစ်ပါတယ်။ အရသာကတော့ အမေ့လက်ရာ ဘယ်မီပါ့မလဲနော် 😂

အမေ့အိမ်အလွမ်းပြေလေးပေါ့ရှင် 😉

#အိမ်ချက်လက်ရာ #ကြာဇံကြော်

Address


Website

Alerts

Be the first to know and let us send you an email when GO Simple With Thet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share