Kyaw wai lin ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Kyaw wai lin, News & Media Website, Bangkok.

စစ်မြေပြင်အထိရောက်လာကြပြီဖြစ်တဲ့ အုပ်ချုပ်ရေး၊စစ်ရေးခေါင်းဆောင်များ။စစ်ခေါင်းဆောင်မရှိတဲ့ တော်လှန်ရေးဆိုတာမရှိခဲ့သလိုေ...
25/12/2023

စစ်မြေပြင်အထိရောက်လာကြပြီဖြစ်တဲ့ အုပ်ချုပ်ရေး၊စစ်ရေးခေါင်းဆောင်များ။
စစ်ခေါင်းဆောင်မရှိတဲ့ တော်လှန်ရေးဆိုတာမရှိခဲ့သလို ခေါင်းဆောင်မရှိဘဲ အောင်မြင်ခဲ့တဲ့ တော်လှန်ရေးဆိုတာမရှိပါ။

နတ်ဆိုး(ရေဦး)♥
24/12/2023💛
💙

တအာင်းပြည်နယ်❤💛💙 တပ်မဟာ(၃)စစ်ဒေသ၊ မန်တုံမြို့ရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် ...
25/12/2023

တအာင်းပြည်နယ်❤💛💙 တပ်မဟာ(၃)စစ်ဒေသ၊ မန်တုံမြို့ရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်။

လွိုင်ကော်တက္ကသိုလ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ကျော်ကို သုတ်သင်ပြီးနောက် ကျန်တပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံBVJ...
15/11/2023

လွိုင်ကော်တက္ကသိုလ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ကျော်ကို သုတ်သင်ပြီးနောက် ကျန်တပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံ

BVJ/အိုင်းရစ် _ နိုဝင်ဘာ ၁၅ ၊ ၂၀၂၃

ကရင်နီပြည် လွိုင်ကော်မြို့နယ် လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်း နှစ်ခုကို ကရင်နီတပ်ပေါင်းစုကချေမှုန်းနိုင်ခဲ့သလို ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း လက်နက်ချအညံ့ခံခဲ့တယ်လို့ ကရင်နီအမျိုးသားများတပ်မတော် (KNDF) က နိုဝင်ဘာ ၁၅ ရက်နေ့လည်မှာ ထုတ်ပြန်လာပါတယ်။

၁၁.၁၁ စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ KNDF နဲ့ ကရင်နီတပ်ပေါင်းစုက လွိုင်ကော်မြို့နယ် လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၄၂၅ နဲ့ ခမရ ၆ တပ်ရင်းတို့ကို စစ်ဆင်ရေး ၄ ရက်မြောက်နေ့မှာ အပြီးသတ်ချေမှုန်းနိုင်ခဲ့တာဖြစ်ပြီး ကျန်စစ်ကောင်စီတပ်ဖွဲ့ ၃၂ ဦးက လက်နက်ချအညံ့ခံခဲ့တာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့က လွိုင်ကော်တက္ကသိုလ်ဝင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီ ခမရ ၄၂၅ တပ်ရင်းမှူးနဲ့ ဒုရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံးခဲ့ပြီး ခမရ ၆ တပ်ရင်းရဲ့ အင်အားတစ်ဝက်နီးပါးကိုလည်း ချေမှုန်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွိုင်ကော်တက္ကသိုလ်ဝင်းထဲ ကျန်ရှိနေတဲ့ ခမရ ၆ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အပြီးသတ်ချေမှုန်းရေး စစ်ဆင်ရေးကို နိုဝင်ဘာ ၁၄ရက် မနက်ပိုင်းမှာ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ညနေပိုင်းမှာ တက္ကသိုလ်ဝင်းထဲကစစ်ကောင်စီတပ်ရဲ့ ကျန်အဖွဲ့ဝင် ၃၂ ဦးက လက်နက်ချ အညံ့ခံခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ ဒုရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၁၀ကျော် သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၃၈ ဦးနဲ့ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၁၂၈ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိထားတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ လက်နက်ချအညံ့ခံတဲ့ တပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းဥပဒေတွေအတိုင်း ခံစားခွင့်ပေးထားပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပေးထားတယ်လို့ KNDF က စစ်ဆင်ရေးအတွင်း ရရှိခဲ့တဲ့ခဲယမ်းလက်နက်၊ စစ်သုံ့ပန်းဓါတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။

အရပ်ဖက်အဖွဲ့အစည်း  ၃ ဖွဲ့ပူးပေါင်း၍ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အတွက် မောင်းပြန် AK-47 အလက် ၄၀ တပ်ဆင်ပေးပြီး ကျည်ဆံ ၁၂...
04/10/2023

အရပ်ဖက်အဖွဲ့အစည်း ၃ ဖွဲ့ပူးပေါင်း၍ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အတွက် မောင်းပြန် AK-47 အလက် ၄၀ တပ်ဆင်ပေးပြီး ကျည်ဆံ ၁၂၀၀၀ ပေးပို့

ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ အောက်တိုဘာလ ၄ ရက်

အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် International Mindat K’Cho Organization(IMCO)၊ Heal the World နှင့်CEA(Norway)အဖွဲ့ သုံးဖွဲ့ပူးပေါင်း၍ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အတွက် မောင်းပြန် AK-47 အလက် ၄၀ ၊ ကျည်ဆံ ၁၂၀၀၀နှင့် ကျည်အိမ် ၁၂၀ တို့ကို တပ်ဆင်ပေးအပ်ခဲ့ပြီး ထိုသို့ လက်နက် တပ်ဆင်ပေးမှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်) က ယမန်နေ့ အောက်တိုဘာ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါလက်နက်များ ဝယ်ယူတပ်ဆင်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)နှင့် ချိတ်ဆက်၍ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EROs) များမှတဆင့် ကူညီမှုရရှိနိုင်ရန် တစ်နှစ်ကျော်အထိ ကြိုးစားပြီးမှ ရရှိနိုင်ခဲ့ခြင်းဖြစ် ကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်) ထံက သိရသည်။

“အဆင်ပြေသွားလိုက် နောက်ပြန်ပြီးတော့မှ သယ်ယူပို့ဆောင်‌ရေးပိုင်းမှာ အခက်အခဲ အမျိုးမျိုးကြောင့် မသေချာမရေရာမှုတွေ ဖြစ်လိုက်နဲ့ပေါ့။ ပြီးခဲ့တဲ့ ဧပြီလလောက်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်‌ရေးဝန်ကြီး(MOD) ဦးရည်မွန်ကို ပြန်လည်ပြီးတော့မှ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ အလှူရှင်လေးတွေလည်းရှိတယ်။ အဲဒါကြောင့် အမှန်တကယ်ချိတ်ဆက်ပြီး ပို့ပေးနိုင်ဖို့ ကျွန်တော်တို့ ထပ်ပြီးတော့ တင်ပြခဲ့တယ်။ အဲ့ဒီအချိန်မှာ ဝန်ကြီးကလည်း လိုလိုလားလားနဲ့ ကတိပေးပြီးတော့မှ အမြန်ဆုံးစီရင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ဟာမျိုးနဲ့ အကောင်ထည်ဖော်လိုက်တာ လေးလ၊ ငါးလ လောက်အကြာလောက်မှာ ရောက်လာနိုင်တယ်ပြောရမှာပေါ့”ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့ (မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာန၊ အဖွဲ့ဝင် ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့် မောင်းပြန်အလက် ၅၀ နှင့် မောင်းပြန် တစ်လက်လျှင် ဆက်စပ်ကျည်ဆံ ၃၀၀ ရရှိရန် ဆိုထားပြီး လက်ရှိတွင် မောင်းပြန်အလက် ၄၀ ရောက်ရှိလာဖြစ်သည်။ ကျန်ရှိနေသည့် မောင်းပြန် ၁၀ လက်ကိုလည်း MOD မှ အမြန်ဆုံးဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်းနှင့် ရောက်ရှိ လာသည့် လက်နက်အတွက် ကျေးဇူးတင်ရှိကြောင်း ဆလိုင်းမင်းတပ်က ဆက်လက် ပြောကြားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့် တိုက်ပွဲဖော်ဆောင်မှုအပေါ်မူတည်ကာ ကျည်ဆံ လိုအပ်ချက်များ ရှိလာနိုင်သည့်အတွက် မောင်းပြန်နှင့် ဆက်စပ်သည့် ကျည်ဆံ များကိုလည်း အမြဲတမ်း ဖြည့်တင်းပေးရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရကို မေတ္တာရပ်ခံကြောင်း ဆိုထားသည်။

“လိုအပ်တဲ့ လက်နက်ကို ကူညီ‌ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေကိုလည်း အများ ကြီးကျေးဇူးတင်တယ်။ ဆက်လက်ပြီးတော့ ဝိုင်းရံပေးကြဖို့၊ ပံ့ပိုးပေးကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်။ တစ်ခါထဲ ကျေးဇူးတင်ကြောင်းကို ပြောကြားချင်ပါတယ်”ဟု ဆလိုင်းမင်းတပ်က ပြောသည်။

မင်းတပ်မြို့ပေါ်ရှိ စစ်‌ကောင်စီတပ်၏ တပ်ရင်းစခန်းကို မသိမ်းပိုက်ထားသော်လည်း စစ်ကောင်စီ တပ်အနေဖြင့် စစ်ရေးအရ လှုပ်ရှားမှု လုံးဝ မပြုလုပ်နိုင်စေရန် ချင်းကာကွယ် ရေးတပ်ဖွဲ့ (မင်းတပ်)က ပိတ်ဆို့ဟန့်တားနိုင်ခဲ့ပြီး မင်းတပ်မြို့‌ပေါ်တွင်လည်း မကြာခဏဆိုသလို တိုက်ပွဲများ ဖော်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။

ပုံစာ-CDF-မင်းတပ်အတွက် တပ်ဆင်ပေးထားသည့် လက်နက်ခဲယမ်းများ

#ချင်းကာကွယ်ရေးတပ်ဖွဲ့မင်းတပ် #အရပ်ဖက်အဖွဲ့၃ဖွဲ့ #မောင်းပြန်အလက်၄၀ #ကျည်ဆံ၁၂၀၀၀ #တပ်ဆင်ပေး

ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေ ရုံးနဲ့ဝန်ထမ်းအိမ်ရာတွေကနေ စွန့်ခွာကြဖို့ Federal Wings ဒရုန်းတပ်ဖွဲ့ သတိပေးမြဝတီ- စက်တင်ဘာ(၆...
06/09/2023

ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေ ရုံးနဲ့ဝန်ထမ်းအိမ်ရာတွေကနေ စွန့်ခွာကြဖို့ Federal Wings ဒရုန်းတပ်ဖွဲ့ သတိပေး

မြဝတီ- စက်တင်ဘာ(၆)

လက်နက်မကိုင်ထားတဲ့ စစ်ကောင်စီလက်အောက် ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် မိသားစုတွေအနေနဲ့ သက်ဆိုင်ရာရုံးဌာန၊ တပ်စခန်း၊ ဝန်ထမ်းအိမ်ရာတွေကနေ စွန့်ခွာ ကြဖို့ Federal Wings ဒရုန်းတပ်ဖွဲ့က သတိပေးလိုက်ပါတယ်။

စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအရာရှိအဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တဲ့ ကရင် ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ထွေအုပ်ရုံးနဲ့ ရဲစခန်းတွေကို ဒရုန်းတိုက်ခိုက်မှုအပြီးမှာ Federal Wings ဒရုန်းတပ်ဖွဲ့က အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

Federal Wings ဒရုန်းတပ်ဖွဲ့က မိမိတို့အနေနဲ့ စစ်ကောင်စီတပ်တွေကိုသာ တော်လှန်တိုက်ခိုက်
ရာမှာ လက်နက်ကိုင်ထားသူတွေကိုသာ ထိခိုက်စေဖို့ ရည်ရွယ်တာကြောင့် လက်နက်မကိုင်ထား တဲ့ မိသားစုဝင်တွေကို ရုံးနဲ့ဝန်ထမ်းအိမ်ရာတွေကနေ စွန့်ခွာပေးဖို့ သတိပေးရတာလို့ ဆိုပါ တယ်။

ဒါ့အပြင် ဒရုန်းတိုက်ခိုက်မှုတွေဟာ တိကျမှုရှိတာမှန်ပေမယ့် မလိုလားအပ်တဲ့ ဘေးထွက်ဆိုး ကျိုးတွေရှိလာနိုင်တာကြောင့် ဒေသခံတွေ ထိခိုက်တာမရှိဖို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ရုံး၊ တပ်စခန်းတွေနဲ့ဝေးရာအရပ်သို့ ပြောင်းရွှေ့နေထိုင်ပေးဖို့ မေတ္တာရပ်ခံထား ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က မြဝတီမြို့နယ် ထွေအုပ်ရုံးနဲ့ ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်မှုမှာ စစ်ကောင်စီ ခလရ (၂၇၅) ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်ကျော်မင်း ၊ မြဝတီခရိုင်အုပ်ချုပ် ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင်နဲ့ ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း တော်လှန်ရေးအင်အားစု တွေရဲ့ မောင်းသူမဲ့ဒရုန်း အသုံးပြုမှုတွေဟာ အနာဂတ်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတယ်လို့ သြဂုတ်(၂၁)ရက်က အင်ဒိုနီးရှားနိုင်ငံ လာဘွန်ဘာဂျိုးမြို့မှာ ကျင်းပတဲ့ ၁၇ ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမှာ ဝန်ခံပြောဆိုထားပါတယ်။

ပြည်သူလူထုရဲ့ တော်လှန်ရေး ရန်ပုံငွေတွေနဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက တော်လှန်ရေးတပ်ဖွဲ့ တွေထံ ထောက်လှမ်းရေး၊ တိုက်ခိုက်ရေးနဲ့ဝါဒဖြန့်ချီရေးအတွက် အသုံးပြုဖို့ Drone အစင်းရေ ၄၀၀ ကျော် ထောက်ပံထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဌာနက သြဂုတ်၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ - Federal Wings

အညာမှာ စနိုက်ပါသမားတွေ တာဝန်ထမ်းဆောင်နေပြီ(ဓာတ်ပုံသတင်း)ဇူလိုင် ၁၉၊ The Nation Voiceစောဖိုးခွါး96 Soldiers - PDF အညာဒေသတ...
19/07/2023

အညာမှာ စနိုက်ပါသမားတွေ တာဝန်ထမ်းဆောင်နေပြီ(ဓာတ်ပုံသတင်း)

ဇူလိုင် ၁၉၊ The Nation Voice
စောဖိုးခွါး

96 Soldiers - PDF အညာဒေသတပ်ခွဲရဲ့ စနိုက်ပါ သင်တန်းဆင်း ရဲဘော်တွေဟာ အခုလက်ရှိမှာ အညာဒေသရဲ့ အချို့နေရာတွေမှာ ရှေ့တန်းကနေပါပြီး တာဝန်ထမ်းဆောင်နေပြီဖြစ်တယ်လို့ အဲဒီတပ်ခွဲဆီက သိရပါတယ်။

96 Soldiers - PDF အညာဒေသ တပ်ခွဲရဲ့ စနိုက်ပါသင်တန်း အပတ်စဉ် ၁ ကိုအညာဒေသထဲက နေရာတစ်ခုမှာ သင်တန်းပြုလုပ်ခဲ့ရာကနေ ခုလက်ရှိမှာ အဲ့ဒီ့သင်တန်းက သင်တန်းဆင်း ရဲဘော်တွေဟာ ရှေ့တန်းမှာပါဝင်ပြီး တာဝန်ထမ်းဆောင်နေကြတာလို့ ဆိုပါတယ်။

သင်တန်းကိုဘယ်အချိန်ကစပြီး ပြုလုပ်ခဲ့တယ်ဆိုတာနဲ့ စနိုက်ပါရဲဘော်တွေ ဘယ်နေရာတွေမှာ တာဝန်ထမ်းဆောင်နေကြတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

96 Soldiers - PDF အညာဒေသ တပ်ခွဲဟာ အညာဒေသအတွင်းက စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်တစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားတာတွေကို အများဆုံးလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - 96 Soldiers - PDF အညာဒေသ တပ်ခွဲ

10/04/2023

ပူတာအို​ -👨‍👩‍👧‍👦💓💂 မြစ်ကြီးနားခရီးသည်များနှင့် ကားဆရာညီအစ်ကိုများ ကျွန်​နော်တို့ကို
နားလည်​ပေးကြလို့​ကျေးဇူးတင်ပါတယ်

ခက်ခဲ ပင်ပန်းမှု​တွေရှိ​ပေမယ့် ပြည်သူ​တွေ စစ်ကျွန်ဘဝက​နေလွတ်​မြောက်ဖို့ကျွန်​တော်တို့ ကြိုးစား​နေပါတယ်

တခါတ​လေ ကျွန်​တော်တို့အလုပ်လုပ်တဲ့အခါ ခရီးသွား​နေတဲ့ ကျွန်​တော်တို့ချစ်တဲ့
ပြည်သူ​တွေစိတ်အ​နှောက်အယှက်ဖြစ်စရာကြုံရင်လည်း ကျွန်​တော်တို့ကိုဆက်ပြီး နားလည်း​ပေးကြပါ

မလွဲသာလို့ ​​အ​ရေးကြီးလို့ စစ်​ဆေးရခြင်းဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ပြည်သူ​တွေရဲ့ခရီးသွားလာခြင်းကို လုံးဝစိတ်အ​နှောက်ယှက်မဖြစ်​စေချင်တာပါ

ကျွန်​တော်တို့ ပြည်သူ​တွေ စစ်ကျွန်ဘဝက​နေလွတ်​မြောက်ဖို့ ဒီ​တော်လှန်​တော်လှန်​ရေးကြီးမှာ ကျွန်​တော်တို့ ပူတာအို​ဒေသကိုထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်​အောင်ကြိုးစား​နေပါတယ်။

ရဲ​ဘော် #ဆိုး

ရွှေကုက္ကိုလ်တိုက်ပွဲတွင် စစ်အုပ်စု စခန်းကုန်း၅ခုကို သိမ်းပိုက်ထားနိုင်ပြီး ၈၅ဦးသေဆုံးဟု ဗိုလ်အယ်စေးဝါးတပ်ဖွဲ့ ထုတ်ပြန်လာ၊...
06/04/2023

ရွှေကုက္ကိုလ်တိုက်ပွဲတွင် စစ်အုပ်စု စခန်းကုန်း၅ခုကို သိမ်းပိုက်ထားနိုင်ပြီး ၈၅ဦးသေဆုံးဟု ဗိုလ်အယ်စေးဝါးတပ်ဖွဲ့ ထုတ်ပြန်လာ၊
လက်ရှိလည်း ဆက်လက် ထိုးဖောက်တိုက်ခိုက်နေဆဲဖြစ်
------------------------
BVJ-ဧပြီ ၆၊ ၂၀၂၃
စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသ ထီးဝါးပေလာ၊ ထီးကော်ထောကျေးရွာတွေမှာ တပ္စြဲထားတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာမှ ၈၅ယောက်ကျော်သေဆုံးခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့အဖွဲ့ Lion Battalionဗျုဟာစစ်ကြောင်းက ဒီနေ့ညမှာ ထုတ်ပြန်ပါတယ်။

မနေ့က ဧပြီ၅ရက်နဲ့ ၆ရက်မှာ ရွှေကုက္ကိုလ်ဒေသရှိ ဒုစရိုက်လုပ်ငန်းများ၊မာဖီယား ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ BGFတပ်တွေနဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာမှ စစ်တပ်နဲ့ BGFတပ်တွေရဲ့ စခန်းကုန်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

အဆိုပါတိုက်ပွဲအတွင်း ရန်သူဘက်မှလက်တလောသိရှိရမှုအရစစ်ခွေးနှင့်BFGတပ္မ်ားမွ သေဆုံး(၈၅)ယောက်ကျော်၊ ဒဏ်ရာရှိမှု(၆၀)ကျော်နှင့် ထိခိုက်ကျဆုံးများစွာဖြင့် ၎င်းတို့စခန်းကုန်း (၅) ကုန်းအားကျွန်ုပ်တို့ဘက်မှ သိမ်းပိုက်ရရှိနေလျှက်ရှိပြီး ဆက်လက်ထိုးဖောက်တိုက်ခိုက်လျှက် ရှိပါသည်လို့ Lion Battalionဗျုဟာစစ်ကြောင်းက ဆိုပါတယ်။

ဒါ့အပြင် လက်နက်မျိုးစုံ(၇၅)လက်ကျော် သိမ်းဆည်းရရှိခဲ့ပြီး ဖြစ်စဉ်အသေးစိတ်ကို တိုက်ပွဲပြီးဆုံး မွသာ ထုတ်ပြန်မှာဖြစ်ပြီး တိုက္ပြဲကို Lion Battalionဗျုဟာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်တွေက ဗျုဟာမြောက် ဝင်ရောက်စီးနင်းတိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

အနာဂတ်ဒီမိုကရေစီတိုက်ပွဲအတွက် ဆက်လက်တိုက်ပွဲဝင်ပေးကျဖို့နဲ့ ရန်သူက ရန်သူပီသချိန်မှာ ပြတ်သားစွာ ဆောင်ရွက်ကြဖို့လည်း Lion Battalionဗျုဟာစစ်ကြောင်းက တိုက်တွန်းနှိုးဆော်ထားပါတယ်။

မနေ့ကစတင်ခဲ့တဲ့ ရွှေကုက္ကိုလ်တိုက်ပွဲကြောင့် ထိုင်းဘက်ကို စစ်ရှောင်ထွက်ပြေးလာသူ ခြောက်ထောင်နီးပါးရှိပြီး အဲ့ဒီထဲမွာ ကလေးရှစ်ရာခန့်ပါဝင်နေပါတယ်။

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်လာသူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာတွေလိုအပ်နေတာကြောင့် ကူညီလှုဒါန်းပေးကြဖို့ ထွက်ပြေးလာတဲ့ စစ်ရှောင်တွေကိုကူညီနေတဲ့ အဖွဲ့အစည်းတွေက ပြောထားကြပါတယ်။

ပုံစာ- Lion Battalionဗျုဟာစစ်ကြောင်းက ထုတ်ပြန်ထားသည့် ရွှေကုက္ကိုလ်တိုက်ပွဲဗီဒီယိုဖိုင်မှ screenshotရယူထားခြင်းဖြစ်သည်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kyaw wai linผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท