Federal RaungNi - ထောက်ပံ့ရေးအဖွဲ့

Federal RaungNi - ထောက်ပံ့ရေးအဖွဲ့ စွန့်လွှတ်အနစ်နာခံခြင်းသည် လူ့အဖွဲ့အစည်း၏
အခြေခံ ကိုယ်ကျင့်တရားဖြစ်သည်၊၊

သက်ရှိစည်းရိုး ဥကရစ်ထစခန်းကို ပူးပေါင်းတပ်များ သိမ်ပိုက်နိုင်ပြီသံလွင်ခက်ဇူလိုင် ၁၂၊ ၂၀၂၅။ထိုင်း - ကရင်နယ်စပ်၊ ဝေါ်လေဒေသ...
12/07/2025

သက်ရှိစည်းရိုး ဥကရစ်ထစခန်းကို ပူးပေါင်းတပ်များ သိမ်ပိုက်နိုင်ပြီ

သံလွင်ခက်
ဇူလိုင် ၁၂၊ ၂၀၂၅။

ထိုင်း - ကရင်နယ်စပ်၊ ဝေါ်လေဒေသရှိ သက်ရှိစည်းရိုးအမည်ဖြင့် စစ်တပ်ဘက်မှ ရုပ်ရှင်ရိုက်ကူးခဲ့သည့် ဥကရစ်ထစခန်းကို ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်ဟု မြေပြင်ရဲဘော်များထံမှသိရသည်။

ဥကရစ်ထစခန်းကို ပူးပေါင်းတပ်ဘက်မှ ယနေ့ ဇူလိုင်လ ၁၂ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုမြေပြင်နှင့်နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

၎င်းက "စခန်းရသွားပြီ။ ဒီနေ့လယ်ပိုင်းမှာပဲ ရသွားတာ" ဟု ဆိုသည်။

ယနေ့ ပူးပေါင်းတပ်ဘက်မှ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်ခန့် ထိုင်းဘက်သို့ ထွက်ပြေးသွားသည်ဟု မြေပြင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

၎င်းက "ထွက်ပြေးသွားတဲ့အထဲ ဗိုလ်တစ်ယောက် ပါတယ်" ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က ဥကရစ်ထဒေသရှိ ရဲစခန်းကို စစ်ကောင်စီတပ်သားနှင့် ရဲများက စွန့်ခွာခဲ့သောကြောင့် အဆိုပါရဲစခန်းကို ဇူလိုင် ၁ ရက်တွင်ပင် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။

စခန်းစွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များသည် ဥကရစ်ထစခန်းရှိ စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းသူ တချို့ရှိသလို တချို့မှာ ထိုင်းဘက်ကမ်းသို့ ထွက်ပြေးသွားသည်ဟု မြေပြင်သတင်းအရ သိရသည်။

ဥကရစ်ထစခန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် KNDO က ဦးဆောင်တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ လေကြောင်းအပြင်းအထန်ခုခံခဲ့သောကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကာ ယနေ့ ဇူလိုင်လ ၁၂ ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစခန်းကို ဇွန် ၃၀ ရက်မှစပြီး ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ဦးခန့်လည်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ရသည်။

#သံလွင်ခက်
ောက်ပံ့ရေးအဖွဲ့

"ဧရာဝတီတိုင်းဘက်ကလို့ပဲသိရတယ်၊ သူတို့က ဒီမှာ ဝါးတွေဘာတွေခုတ်စားတာ၊ ဒဏ်ရာရတဲ့တယောက်လည်း စိုးရိမ်ရတယ်၊ လက်တဖက်ပြတ်ပြီး ဒဏ်...
09/07/2025

"ဧရာဝတီတိုင်းဘက်ကလို့ပဲသိရတယ်၊ သူတို့က ဒီမှာ ဝါးတွေဘာတွေခုတ်စားတာ၊ ဒဏ်ရာရတဲ့တယောက်လည်း စိုးရိမ်ရတယ်၊ လက်တဖက်ပြတ်ပြီး ဒဏ်ရာတော်တော်ရထားတယ်တဲ့" လို့လည်း မရမ်းချောင်းရွာခံက ပြောပါတယ်။

၉၊ ဇူလိုင်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထားဝယ်မှာ သားအဖလေးဦး သေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝ ယ်ခရိုင် ပြန်ကြားရေးဌာန ထုတ်ပြန်ထားပြီး ဒေသခံတွေရဲ့ ပြောကြားချက်အရ သူတို့ဟာ ဧရာဝတီ တိုင်းကနေ လာရောက်အလုပ်လုပ်နေသူတွေလို့ သိရပါတယ်။

မနေ့ ဇူလိုင်လ ၈ ရက်၊ ညနေ ၅ နာရီလောက်မှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ) ၂၈၂ ကနေ လက်နက်ကြီးပစ်ခတ်တာကြောင့် ကော့လှိုင်ရွာနဲ့ မရမ်းချောင်းရွာကြားရှိ ဥယျာဥ်ခြံတခုအတွင်း ကျရောက်ပေါက်ကွဲပြီး အခုလို ထိမှန်သေဆုံးသွားခဲ့တာပါ။

"တိုက်ပွဲမရှိဘူး၊ ဒီအတိုင်းပဲ လျှောက်ပစ်တာ၊ လက် နက်ကြီး နှစ်လုံးပစ်တယ်၊ တလုံးတော့မကွဲဘူး၊ အိမ်နားကျတဲ့ တလုံးက ကွဲတာ၊ အိမ်ဘေးကိုတောင်ကျတာ၊ လူစုံနေတဲ့အချိန်နဲ့လည်း တိုက်သွားတာ" လို့ မရမ်းချောင်းရွာခံတဦးက DNA ကို ပြောပါတယ်။

အခုလို လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ဥယျာဥ်ခြံထဲက တဲအိမ်မှာရှိနေတဲ့ ဖခင်ဖြစ်သူ အသက် ၅၀ အရွယ် ဦးအေးခိုင်နဲ့ အသက် ၁၁ နှစ်၊ ၂ နှစ်ခွဲ၊ ၁ နှစ် အသီးသီးရှိကြတဲ့ သားသမီး သုံးဦး ပွဲချင်းပြီး သေဆုံးခဲ့တာပါ။

မိခင်ဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဒေါ်ဝင်းပပကတော့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး သူ့ကိုတော့ ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်ဌာနချုပ်ရဲ့ဆေးရုံမှာ ဆေးရုံတင်ထားတယ်လို့လည်းဆိုပါတယ်။

အခုလို သေဆုံးဒဏ်ရာရသူ မိသားစုဝင်တွေဟာ ဧရာဝတီတိုင်းထဲကလို့သာ သိရပြီး နေရပ်လိပ်စာအတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။

"ဧရာဝတီတိုင်းဘက်ကလို့ပဲသိရတယ်၊ သူတို့က ဒီမှာ ဝါးတွေဘာတွေခုတ်စားတာ၊ ဒဏ်ရာရတဲ့တယောက်လည်း စိုးရိမ်ရတယ်၊ လက်တဖက်ပြတ်ပြီး ဒဏ်ရာတော်တော်ရထားတယ်တဲ့" လို့လည်း မရမ်းချောင်းရွာခံက ပြောပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ကော့လှိုင်ရွာက ဒေသခံတွေကပဲ သင်္ဂြုဟ်ဖို့ စီစဥ်ဆောင်ရွက်ပေးနေပြီး သင်္ဂြိုဟ်လိုက်ပြီလားဆိုတာကိုတော့ မသိရသေးပါဘူး။

KNU ဘက်ကတော့ ကလေးငယ်များပါ သေဆုံးစေခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ အခုလိုလုပ်ရပ်အပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံမှတ်တမ်းတွေမှာတော့ သေဆုံးသွားတဲ့အထဲပါတဲ့ အသက် ၁ နှစ်ခန့်ရှိ ကလေးငယ်ဟာ လက် နက်ကြီးထိမှန်လို့ ခန္ဓာကိုယ် နှစ်ပိုင်းပါ ပြတ်ထွက်သွားခဲ့ပါတယ်။

အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ ခလရ ၂၈၂ အပါအဝင် ရေဖြူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းတွေကနေ နှစ်ဖက်တိုက်ပွဲမရှိပေမယ့်လည်း အနီးအနားတဝိုက်ကို လက်နက်ကြီးနဲ့ ပစ် ခတ်တာတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။

Website တွင်လည်း ဖတ်ရှူနိုင်ပါတယ်။> https://deltanewsagency.com/56410/

#ဧရာဝတီတိုင်းဒေသကြီး #သားအဖ #ထားဝယ် #လက်နက်ကြီး #ထိမှန် #သေဆုံး

Delta News Agency Telegram - https://shorturl.at/lxKMR
Delta News Agency YouTube - https://shorturl.at/ahBL2
Delta News Agency Website - https://shorturl.at/ozAIM
Delta News Agency Podcast - https://shorturl.at/epwzH

အကြမ်းဖက် စစ်ကောင်စီက ထိန်းချုပ်ထားသော page များကို အမြန်ဆုံး အရေးယူ ပိတ်ပင်ပေးရန် Meta သို့ စာပေးပို့ရန်ကုန်၊ ...
09/07/2025

အကြမ်းဖက် စစ်ကောင်စီက ထိန်းချုပ်ထားသော page များကို အမြန်ဆုံး အရေးယူ ပိတ်ပင်ပေးရန် Meta သို့ စာပေးပို့

ရန်ကုန်၊ ဇူလိုင် ၉

အကြမ်းဖက် စစ်ကာင်စီ ထိန်းချုပ်ထားသော page များကို Meta က ပိတ်ပင်ရန် ကျန်ရှိနေသေး၍ အမြန်ဆုံး အရေးယူပေးရန် Meta ၏ ကမ္ဘာလုံးဆိုင်ရာရေးရာဥက္ကဋ္ဌ Joel Kaplan ထံ စာပေးပို့ခဲ့ကြောင်း Defend Myanmar Democracy အဖွဲ့က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်တွင် Facebook ၏ မိခင်ကုမ္ပဏီ Meta သည် အကြမ်းဖက် စစ်အုပ်စုကို ၎င်းတို့၏ပလက်ဖောင်းများမှ ပိတ်ပင်မည်ဟု ကတိပြုခဲ့သော်လည်း စစ်ကောင်စီ ထိန်းချုပ် ထားသော page များ ပိတ်ပင်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

ထိုသို့ ပိတ်ပင်ရန် ကျန်ရှိနေခြင်းကြောင့် အကြမ်းဖက် စစ်အုပ်စု၏ page များသည် ဝါဒ ဖြန့်ဝေခြင်းများ လုပ်ဆောင်နေပြီး တရားဝင်မှုများပေးခြင်းနှင့် အကြမ်းဖက် စစ်အုပ်စုကို အထောက်အပံ့များ ကူညီပေးခြင်းတို့ကို ဆက်လက် လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက် စစ်ကာင်စီထိန်းချုပ် ထားသော page များဖြစ်သည့် Ministry of Foreign Affairs Myanmar , Ministry of Hotels and Tourism , ACC Myanmar , Ministry of Natural Resources and Environmental Conservattion - Forestry , MONREC - Mining Sector Myanmar , Ministry of Corporatives and Rural Development , Naypyitaw Development Committe NPTDC Webportal တို့ကို ပိတ်ပင်ရန် ကျန်ရှိနေကြောင်း Defend Myanmar Democracy အဖွဲ့က ထုတ်ပြန်ထားသည်။


ောက်ပံ့ရေးအဖွဲ့

မကျေတဲ့အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ [၇ ဇူလိုင် အထိမ်းအမှတ်စာစဥ် - လွတ်လပ်သော တော်လှန်ရေးမီဒီယာများကွန်ရက်မှ ထုတ်ဝေဖြန့်ချီသ...
07/07/2025

မကျေတဲ့အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ

[၇ ဇူလိုင် အထိမ်းအမှတ်စာစဥ် - လွတ်လပ်သော တော်လှန်ရေးမီဒီယာများကွန်ရက်မှ ထုတ်ဝေဖြန့်ချီသည်]

၁၉၆၂ခုနှစ်၊ ဇူလိုင်လ ၇ရက်နေ့ဟာ မြန်မာ့သမိုင်းရဲ့ ကောင်းကင်ယံမှာ ကြယ်တွေ ကြွေတိုင်း၊ တော်လှန်ရေးရဲ့ အရုဏ်ဦး အလင်းရောင်ကို မြင်တွေ့ရတိုင်းမှာ အမြဲတစေ ပြန်လည် သတိရနေမယ့် သွေးစွန်းနေ့ တစ်နေ့ပဲ ဖြစ်ပါတယ်။ ရုပ်ဝတ္ထုပစ္စည်းဖြစ်တဲ့ တကသအဆောက်အအုံကို စစ်အမိန့်နဲ့ ဖြိုဖျက်နိုင်ခဲ့ပေမယ့် ကျောင်းသားထုရဲ့ သမဂ္ဂစိတ်ဓါတ်တွေကိုတော့ ဘယ်အာဏာရှင်ကမှ တားဆီးလို့မရနိုင်ခဲ့ပါဘူး။ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ကြတဲ့ တိုက်ပွဲရဲ့ သဏ္ဍာန် ခွပ်ဒေါင်းအလံတော်ဟာလည်း နွေဦးတော်လှန်ရေးအထိ တလူလူ လွင့်လျက်သာ ရှိပါတယ်။

မန္တလေးဆောင် နံရံထက်က “၇.၇.၆၂ ကို မမေ့ကြနဲ့”ဆိုတဲ့ သွေးကဗ္ဗည်းကို လက်ဆင့်ကမ်းလျှက် ဖက်ဆစ်တပ်ဆီက မကျေတဲ့ အကြွေးမှန်သမျှကို နွေဦးနဲ့ အတူ အရယူနိုင်ရေး သံန္နိဌာန်ကာ “မကျေတဲ့အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ”ဆိုတဲ့ ၆၃နှစ်ပြည့် ၇ဇူလိုင် အထိမ်းအမှတ်စာစဥ်ကို လူထုထံ အရောက် ပို့ဆက်အပ်ပါတယ်။

ပေးဆပ်သူအပေါင်း၏ သွေးခင်းသော သမိုင်းကဗ္ဗည်းကို ဦးညွှတ်လျက် ...

လွတ်လပ်သောတော်လှန်ရေးမီဒီယာများကွန်ရက် - IRMN


_________________
Website - https://federalfmradio.com
YouTube - https://www.youtube.com/
Telegram - https://t.me/federalfm
Facebook - https://www.facebook.com/federalfmradio
Instagram - https://www.instagram.com/federalfmradio
TikTok - https://www.tiktok.com/

စစ်ကောင်စီရွေးကောက်ပွဲနဲ့ တော်လှန်ရေးအရွေ့
07/07/2025

စစ်ကောင်စီရွေးကောက်ပွဲနဲ့ တော်လှန်ရေးအရွေ့

နိုင်ငံတကာက မလွတ်လပ်ဘူး၊ တရားမျှတမှု မရှိဘူးလို့ ဘယ်လောက်ပဲ ပြောပြော၊ ပွင့်လင်းမြင်သာမှု မရှိဘူး၊ စစ်ကောင....

07/07/2025
❝ဆဲဗင်း ဂျူလိုင် သွေးကြွေးဆပ်၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်❞ ၁၉၆၂ ခုနှစ်မှာ တိုင်းပြည်ရဲ့အာဏာကို မတရားအာဏာသိမ်းယူခဲ့တဲ့ ဗိုလ်နေ...
07/07/2025

❝ဆဲဗင်း ဂျူလိုင် သွေးကြွေးဆပ်၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်❞

၁၉၆၂ ခုနှစ်မှာ တိုင်းပြည်ရဲ့အာဏာကို မတရားအာဏာသိမ်းယူခဲ့တဲ့ ဗိုလ်နေဝင်း စစ်အစိုးရကို ကျောင်းသားတွေက အပြင်းအထန် ဆန့်ကျင်ခဲ့ကြတယ်။ ဒါကို ဗိုလ်နေဝင်း စစ်အစိုးအရက တင်းကြပ်တဲ့ ကျောင်းဆောင်စည်းကမ်းအသစ်တွေ ထုတ်ပြန်လိုက်တဲ့အခါ ကျောင်းသားသမဂ္ဂတွေဦးဆောင်တဲ့ ကျောင်းသားထုကြီးက ဆန့်ကျင်ဆန္ဒပြပါတော့တယ်။
အဲ့ဒီအခါ ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်တပ်က ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသား ရာကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်ပြီး သမဂ္ဂအဆောက်အဦကိုလည်း ဗုံးခွဲဖျက်ဆီးလိုက်ပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်ဖြိုခွင်းတတ်တဲ့ စစ်အုပ်စုရဲ့ သမိုင်းကြောင်းက ဒီကနေ့မှာ အစပျိုးခဲ့တယ်လို့ ဆိုရပါမယ်။
ဗိုလ်နေဝင်းကစလို့ စစ်အာဏာရှင်အဆက်ဆက်က ဘယ်လိုပဲ ဖိနှိပ်ဖိနှိပ် ကျောင်းသားထုကတော့ ၆၃ နှစ်အကြာ ဖက်ဆစ်စစ်တပ်ရဲ့ တကျော့ပြန်အာဏာသိမ်းတဲ့ကာလအထိလည်း ဆန့်ကျင်တော်လှန်နေဆဲပါပဲ။ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား ဆိုတဲ့ စစ်သုံးစစ်ကို တောင်ပေါ်မြေပြန့် လူမျိုးပေါင်းစုံမကျန် ရဟန်းရှင်လူကျောင်းသားပြည်သူလူထု စုပေါင်းပြီး အမြစ်ဖြတ်သုတ်သင်ကာမှ ဒီစစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းမှာ ဖြစ်တယ်။ တိုင်းပြည် နဲ့ပြည်သူလူထုတရပ်လုံးကြုံတွေ့နေရတဲ့ အထွေထွေအကြပ်အတည်းကြီးကိုလည်း ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။
မိမိရဲ့ အခြေခံ လူမှုလွတ်လပ်ခွင့်၊ ရပိုင်ခွင့်နဲ့ ကျောင်းသားထုအခွင့်အရေးတွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်ကြဖို့ စစ်အာဏာရှင်စနစ်ကို ရရာနည်းလမ်းပေါင်းစုံနဲ့ တော်လှန်အံတုရင်း ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီးမှာ ပါဝင်တိုက်ပွဲဝင်ကြဖို့ မိမိတို့ ကျောင်းသားအင်အားစုများက တိုက်တွန်းနှိုးဆော်အပ်ပါတယ် ခင်ဗျာ။

https://m.facebook.com/story.php?story_fbid=1190898196401462&id=100064438789607

#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် #အရွေ့_Kinetic
ောက်ပံ့ရေးအဖွဲ့

အရွေ့ - Kinetic မှ ပုံနှင့်စာ ကူးယူဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကြရန်  အမျိုးသားညီညွတ်ရေးအစိုးရ  တိုက်တ...
03/07/2025

အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၃

အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးဆန့်ကျင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းပြောဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့ ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်တွင် NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

စစ်အုပ်စုမှာ တရားမဝင် မတရား ပြည်သူ့အာဏာကို ရယူရန် ကြိုးစားနေသည့် သူများဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပပိုင်ခွင့်မရှိကြောင်း ၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်မှာ နိုင်ငံရေးအရ တရားဝင်မှုမရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

"ပြည်သူ့အာဏာကို မတရားသိမ်းယူဖို့ကြိုးစားနေတဲ့ တရားမဝင် စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပပိုင်ခွင့် အခွင့်အာဏာမရှိပါ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ပြီး အဲဒီ့ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တွေဟာ အခိုင်အမာ တည်ရှိနေပါတယ်။ ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းဟာ ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အချာအာဏာကို မတရားရယူရန်ကြိုးစားခြင်း ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ CRPH ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပယ်ဖျက်သည်ဟု ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ စစ်တပ်၏ လုပ်ရပ်မှန်သမျှသည် တရားဝင်မှု မရှိသော ဥပဒေမဲ့ လုပ်ရပ်များသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

" ၂၀၂၁ ခုနှစ် မတ်လ (၃၀) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်းကြေညာခဲ့ပြီးဖြစ်တာကြောင့် ဒီအခြေခံဥပဒေအတိုင်း လုပ်ဆောင်လျက်ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှဟာ တရားဝင်မှုမရှိတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေသာ ဖြစ်ပါမယ်။ ဒီတရားမဝင် အတုအယောင်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို ပြေလည်စေမယ့် ထွက်ပေါက်မဟုတ်ပါ။တော်လှန်ရေးအင်အားစုတွေဟာ မိမိတို့ရဲ့ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် နဲ့ နိုင်ငံရေးလမ်းပြမြေပုံတို့အတိုင်း ဆက်လက်ရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ဦးနေဘုန်းလတ်က ရှင်းပြသည်။

ထို့ကြောင့် ပြည်သူလူထုတရပ်လုံးအနေဖြင့် အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ရန် ကြိုးစားနေသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲ ဝိုင်းဝန်းဆန့်ကျင်ကြရန် NUG က တိုက်တွန်းပြောဆိုထားသည်။

ဓာတ်ပုံ- ၂၀၂၀ ရွေးကောက်ပွဲတွင် အကြမ်းဖက် မင်းအောင်လှိုင် ဆန္ဒမဲပေးခဲ့စဉ်။

ောက်ပံ့ရေးအဖွဲ့

ဖားဆောင်းမြို့အခြေစိုက် ခလရ ၁၃၄ ကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီးကို ပစ်ချနိုင်ခဲ့ဟု ကရင်နီတပ်ပေါင်းစ...
03/07/2025

ဖားဆောင်းမြို့အခြေစိုက် ခလရ ၁၃၄ ကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီးကို ပစ်ချနိုင်ခဲ့ဟု ကရင်နီတပ်ပေါင်းစုက ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၃

ကရင်နီပြည်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ ၁၃၄ ကို တိုက်ခိက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ တိုက် လေယာဉ် ၁စီးကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၅ ရက်နေ့ဖားဆောင်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ခလရ ၁၃၅ တို့ကို စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ခလရ ၁၃၄ ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ခလရ ၁၃၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်စဉ် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိပြီး ၁၂၀ မမ လက်နက်ကြီးများ၊ ဟောင်ဝစ်ဇာ အမြောက်နှင့် လက်နက်ခဲယမ်းများစွာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁ နာရီအချိန် ဖားဆောင်းမြို့တိုက်ပွဲသို့ ဗုံးကျဲတိုက်ခိုက်ရန် ပျံသန်းလာသော စစ်ကောင် စီ၏ ဂျက်တိုက်လေယာဉ် ၄ စီးကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့က တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC 2000 G အမျိုးအစား တိုက်လေယာဉ် ၁ စီးကို ပစ်ချနိုင်ခဲ့ကြောင်း၊ အဆိုပါ လေယာဉ်ကို ယနေ့ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဖားဆောင်မြို့အနီး ဝန်းကျင်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဉ်မှူး ၂ ဦး၏ ရုပ်အလောင်း အပိုင်းအစများကိုလည်း တွေ့ရှိရကြောင်း သိရှိရသည်။


ောက်ပံ့ရေးအဖွဲ့

ဖားဆောင်းမြို့နယ်တွင် စစ်တပ်၏ လေယာဉ်ပျက်တွေ့ရှိရမှု အတည်ပြုနိုင်ပြီး လေယာဉ်ပျက်ဓာတ်ပုံများ ထွက်ပေါ်လာရန်ကုန်၊ ဇူလိုင် ၃က...
03/07/2025

ဖားဆောင်းမြို့နယ်တွင် စစ်တပ်၏ လေယာဉ်ပျက်တွေ့ရှိရမှု အတည်ပြုနိုင်ပြီး လေယာဉ်ပျက်ဓာတ်ပုံများ ထွက်ပေါ်လာ

ရန်ကုန်၊ ဇူလိုင် ၃

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်တွင် စစ်တပ်၏ လေယာဉ်ပျက်တွေ့ရှိရကြောင်း ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဖားဆောင်းတွင် စစ်တပ်၏ လေယာဉ်ပျက်တွေ့ရှိရမှုကို အတည်ပြုနိုင်ပြီဖြစ်ကြောင်း ပြောဆိုသည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ ဇူလိုင် ၁ ရက်နေ့ ညပိုင်း စစ်ကောင် စီ ၏ တိုက်ခိုက်ရေး လေယာဉ်သည် ညအချိန် ခရီးဝေး လေ့ကျင့်ပျံသန်းဆောင် ရွက်စဉ် နေပြည်တော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာတွင် ရုတ်တရက် ရေဒါမြင် ကွင်းမှ ပျောက်ကွယ်၍ ဆက်သွယ်မှုပြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။

ဇူလိုင်လ ၁ ရက်နေ့ ညပိုင်း တိုက်လေယာဉ် ပျောက်ဆုံးမှုမှာ ယခုနှစ်၂၀၂၅ ခနှစ်အတွင်း ၄ စီးမြောက် လေယာဉ် ပျက်ကျခြင်းဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့ ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်း ပြည်သူ့လွတ် မြောက်ရေးတပ်မတော် - PLA က ပစ်ချခဲ့သဖြင့် တရုတ်လုပ် F-7 တိုက်လေယာဉ် ပျက်ကျခဲ့ရပြီး လေယာဉ်မှူး သေဆုံးခဲ့သည်။

အလားတူ မေလ ၂၀ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စကခ ၂၁ အတွင်း သို့ စစ်ကူလာသည့် စစ်တပ် ရဟတ်ယာဉ် ၃ စီးကို KIA က ပစ်ခတ်ခဲ့ရာ Mi-17 ရဟတ်ယာဉ် ၂ စီး ပျက်စီးသွားခဲ့ပြီး စစ်တပ်ဘက်မှ လေယာဉ်မှူး အပါအဝင် စစ်သား အနည်းဆုံး ၁၈ ဦးထက်မနည်းသေဆုံးခဲ့ရသည်။

ဓာတ်ပုံ- ဖားဆောင်းမြို့နယ်တွင် ယနေ့ တွေ့ရှိရသည့် စစ်တပ်လေယာဉ်ပျက်မြင်ကွင်းများ။

Photo- CJ နှင့် Maui Karenni Facebook ။


ောက်ပံ့ရေးအဖွဲ့

သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာဘုန်းကြီးကျောင်းနှင့် ရွာအတွင်း တပ်စွဲနေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးဟုဆ...
03/07/2025

သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာဘုန်းကြီးကျောင်းနှင့် ရွာအတွင်း တပ်စွဲနေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဇူလိုင် ၃

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာဘုန်း ကြီးကျောင်းနှင့် ရွာအတွင်း တပ်စွဲနေထိုင်သော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် သရက်ချောင်းမြို့နယ် ၊ ရန်တောင်ကျေးရွာ အလယ်ရှိ ဘုန်း ကြီးကျောင်း နှင့် ကျေးရွာအတွင်းရှိ နေအိမ်များပေါ်တွင် တပ်စွဲနေထိုင်သော စစ်တပ်ကို တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားကြောင်း၊ တိုက်ပွဲမှာ ယင်းနေ့ နံနက် ၁၂ နာရီခန့်အချိန်မှ ညနေ ၅ နာရီခန့် အထိကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ညနေ ၆ နာရီခန့်အချိန် စစ်တပ်က သေဆုံးထိခိုက်ဒဏ်ရာရရစစ်သားများကို ကားဖြင့် သရက်ချောင်းမြို့ဘက်သို့ သယ်ဆောင်သွားကြောင်း၊ ရန်တောင်ကျေးရွာအတွင်း တပ်စွဲနေထိုင် သော စစ်သားများမှာလည်း ရွှေဂူတောင်ဂိတ်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

“ပထမ ရောက်လာတာက ဇွန်လ ၂၉ ရက်နေ့ပါ၊ အင်အား ၆၀ ဝန်းကျင်လောက်ရှိတယ်၊ ၃၀ ရက်နေ့မှာ ထပ် ရောက်လာတာက ညောင်ဇင်နဲ့ ရန်တောင် အင်အား ၅၀ ဝန်းကျင်ပါ။ တိုက်ပွဲထဲမှာက ၅ ဦးသေပြီး ၈ ဦးဒဏ်ရာရပါတယ်၊ နာပြီး ပြန်ဆုတ် တော့ ပါသွားတာက ၈၂ ဦးပါ၊ သေဆုံးဒဏ်ရာရတဲ့သူတွေကို Vigo ကား ၂ စီးရောက်လာပြီး သရက် ချောင်းဘက်ကို သယ်သွားပါတယ်၊ ရန်တောင်ရွာက ပြည်သူ ၃ ဦး လူသားဒိုင်းကာအဖြစ် ဖမ်းဆီး သွားပါတယ်၊ ရွှေဂူတောင်ရောက်တော့ ဖုန်းတွေသိမ်းလိုက်ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါ တယ်” ဟု ဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေါင်းညီနောင်စစ်ကြောင်း ၊ ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့ နှင့် KNLA တပ်ရင်း ၁၂ တပ်ခွဲ ၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“သင်းကျွန်၊ ရန်တောင်၊ ကြာအင်းကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်နေကြရပါတယ်၊ ထားဝယ်ခရိုင်ထဲက မြို့၊ ရွာ၊ နေရာမရွေး တိုက်ပွဲဖြစ်ပွားလာာနိုင်တာမို့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားရှိရာနေရာနဲ့ စစ်ကောင်စီတပ်ရှိရာနေရာတွေနဲ့ ဝေးဝေးနေထိုင်ပေးကြဖို့၊ စစ်ရေး သတိအမြဲတမ်းထားရှိဖို့နဲ့ စစ်ဘေးရှောင်ဖို့အတွက် လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထား ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။


ောက်ပံ့ရေးအဖွဲ့

Breaking: မင်္ဂလာဆောင်ပြီး ၂ ပတ်အကြာမှာ ယာဉ်မတော်တဆမှုကြောင့် လီဗာပူးလ်ကြယ်ပွင့် ဒီယိုဂို ဂျိုတာ သေဆုံးThe Mirror/Daily ...
03/07/2025

Breaking: မင်္ဂလာဆောင်ပြီး ၂ ပတ်အကြာမှာ ယာဉ်မတော်တဆမှုကြောင့် လီဗာပူးလ်ကြယ်ပွင့် ဒီယိုဂို ဂျိုတာ သေဆုံး

The Mirror/Daily Mail/AP

လီဗာပူးလ်အသင်းက ဒီယိုဂို ဂျိုတာဟာ ယာဉ်မတော်တဆမှု ဖြစ်ရပ်ဆိုးတခုကြောင့် အသက် ၂၈ နှစ်အရွယ်မှာ သေဆုံးခဲ့ကြောင်း စပိန်ဒေသခံသတင်းတရပ်က အတည်ပြုခဲ့ပါတယ်။

လီဗာပူးလ်တိုက်စစ်မှူးဟာ စပိန်နိုင်ငံ၊ ဇာမိုရာမြို့မှာ ကြာသပတေးနေ့မနက်ပိုင်းက ယာဉ်မတော်တဆမှုဖြစ်ပြီး သေဆုံးခဲ့တာလို့ Marca သတင်းစာက ဖော်ပြထားပါတယ်။

"ဇာမိုရာ၊ Cernadilla မြို့က A-52 လမ်းမကြီးရဲ့ ကီလိုမီတာ ၆၅ မှာ ယာဉ်မတော်တဆမှုတခု ဖြစ်ပွားခဲ့ကြောင်း အကြိမ်ကြိမ် ဖုန်းခေါ်ဆိုမှုတွေကို ၁-၁-၂ ကာစတီလာနဲ့ လီယွန် ထိန်းချုပ်ရေးခန်းမက ရရှိခဲ့ပါတယ်။ ကားတစီး မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ယာဉ် မီးလောင်နေတယ်လို့ သတင်းပို့ခဲ့ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"ဇာမိုရာ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဇာမိုရာစီရင်စုကောင်စီ မီးသတ်တပ်ဖွဲ့နဲ့ Sacyl အရေးပေါ်ညှိနှိုင်းရေးစင်တာ (CCU) တို့ကို ဒီမတော်တဆမှုအကြောင်း ၁-၁-၂ က အကြောင်းကြားခဲ့ပါတယ်။"

"အဲ့ဒီကနေ ဆေးဘက်ဆိုင်ရာ အရေးပေါ်ယူနစ် (UME) နဲ့ Mombuey ကျန်းမာရေးစင်တာက ပမဏာမကျန်းမာရေးဝန်ထမ်း (MAP) တွေကို စေလွှတ်ခဲ့ပြီး၊ သူတို့က အခင်းဖြစ်ပွားရာနေရာမှာ လူနှစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့တယ်" လို့ ဖော်ပြထားပါတယ်။

ဇာမိုရာအနောက်ပိုင်း လမ်းမဘေး ကားထိုးကျခဲ့ပြီးနောက် ဂျိုတာနဲ့ ညီဖြစ်သူတို့ သေဆုံးလျေက် တွေ့ရှိခဲ့ကြောင်း စပိန်မြို့ပြရဲတပ်ဖွဲ့က Associated Press သတင်းဌာနကို အတည်ပြုပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အကြောင်းရင်းများကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းနဲ့ အခြားယာဉ်များ ပါဝင်ပတ်သက်မှု မရှိကြောင်း ပြောပါတယ်။

ဂျိုတာနဲ့ ညီဖြစ်သူ အသက် ၂၅ နှစ်အရွယ် အန်ဒရေ ဆေးလ်ဗားတို့ ပေါ်တူဂီကစားသမားနှစ်ဦးစလုံးဟာ ကားထဲမှာ ရှိနေခဲ့ကြတာပါ။

ဂျိုတာဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း ကစားခဲ့ပြီး ပြီးခဲ့တဲ့လက Nations League (နေးရှင်းလိဂ်) ဖလား ဆွတ်ခူးရာမှာ အသင်းကို ကူညီပေးခဲ့ပါတယ်။ ဆေးလ်ဗားကတော့ ပေါ်တူဂီကလပ် Penafiel (ပယ်နာဖီးလ်)နဲ့အတူ အောက်တန်းလိဂ်တွေမှာ ကစားခဲ့ပါတယ်။

ဂျိုတာဟာ ၂၀၂၀ ပြည့်နှစ်မှာ ဝုလ်ဗ်အသင်းကနေ လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့ပြီး မာဆေးဆိုဒ်ကလပ်နဲ့အတူ အဓိက ဆုဖလားကြီး သုံးလုံး ရရှိခဲ့ပါတယ်။ အဲ့ဒီထဲမှာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလား လည်း ပါဝင်ပါတယ်။

ဂျိုတာဟာ ကာလရှည်ကြာလက်တွဲလာခဲ့တဲ့ ရည်းစားဖြစ်သူ ရူတီကာဒိုဆိုနဲ့ ပေါ်တိုမှာ မင်္ဂလာဆောင်ပြီး နှစ်ပတ်အကြာမှာ အခုလို ယာဉ်မတော်တဆမှုနဲ့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။


#မဇ္ဈိမသတင်းဌာန
#လီဗာပူးလ်ကြယ်ပွင့်
#ဒီယိုဂိုဂျိုတာ
#သေဆုံး

ที่อยู่

Bangkok Noi

เบอร์โทรศัพท์

+66619072972

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Federal RaungNi - ထောက်ပံ့ရေးအဖွဲ့ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Federal RaungNi - ထောက်ပံ့ရေးအဖွဲ့:

แชร์