PPM - Art & Design

  • Home
  • PPM - Art & Design

PPM - Art & Design Design Creation & AI knowledge

01/09/2025

အင်္ဂါသမီး စိတ်ကြီးတယ်နော် ...
ကောက်စရာမရှိရင် နှုတ်ခမ်းမွှေးထိုင်ကောက်မှာ 🤣
သေ့သေ့ တဲ့ တသေ့ပဲရှိတယ်

30/08/2025

AI ဆိုတာ ငါတို့လက်လှမ်းမမှီနိုင်တဲ့ နည်းပညာတစ်ခုပါဆိုပြီး
မသိလိုက် မသိဘာသာ ကျော်သွားနေပြီလား?
ဒါဆိုရင်တော့ ဒီ page လေးကနေပြီး ကိုယ်ကAIကို ဘယ်လို‌အခန်းကဏ္ဍကနေအသုံးချလို့ရမလဲဆိုတဲ့ အရာတွေကို မျှဝေပေးသွားပါမယ်။

ဘာအတွက်သုံးရမှာလဲ?
ဘယ်လိုလုပ်ရမှာလဲ?
စတာတွေကိုဒီpageကနေအမြဲတမ်းတင်ဆက်ပေးမှာဖြစ်လို့
Like & Follow လုပ်ထားပေးဖို့ မမေ့နဲ့နော်



ကိုယ်တွေငယ်ငယ်က စိတ်ကူးယဉ်ခဲ့တာလေးဗလာစာအုပ်အဖုံးအတွင်းဘက် ဗြောင်လေးမှာ မိန်းကလေးပုံလေးဆွဲ အဲ့မိန်းကလေးက under ware လေးပဲ...
30/08/2025

ကိုယ်တွေငယ်ငယ်က စိတ်ကူးယဉ်ခဲ့တာလေး
ဗလာစာအုပ်အဖုံးအတွင်းဘက် ဗြောင်လေးမှာ မိန်းကလေးပုံလေးဆွဲ
အဲ့မိန်းကလေးက under ware လေးပဲဝတ်ပေးထားတယ်
ပြီးရင်သူ့အပေါ်ကနေ အင်္ကျီမျိုးစုံ ကပ်မှာလေ၊
အဲ့အရုပ်လေးကို ကပ်ကြေးနဲ့ညှပ်
အရုပ်လေးရပြီဆိုရင် ပုံဆွဲစာအုပ်အကျန်တွေမှာ
သူအတွက် ကိုယ်တိုင်းနဲ့ ပုံစံမျိုးစုံ ဒီဇိုင်းမျိုးစုံ အဝတ်အစားတွေဆွဲ၊
ပြီးရင်ညှပ် ၊ ကပ်။
ဒီ ဒီဇိုင်းဟောင်းသွားရင်နောက်တစ်မျိုး နောက်တစ်မျိုး၊
ပြီးရင် အရုပ်မကိုဝတ်ပေး
တနေ့တနေ့ အဲ့တာပဲ ထိုင်လုပ်နေတာ

နောက်levelတစ်ဆင့်မြင့်တော့ ဘိုမရုပ်လေးဝယ်လိုက်တယ်
အဲ့ကျတော့ အိမ်ကရှိသမျှ ပိတ်စ အပို၊ အပိုင်းစ၊ ဖြတ်စ
အကုန်လုံး အရုပ်ရဲ့ အဝတ်အစားတွေဖြစ်ကုန်ရော
ဂါဝန်လေးချုပ်လိုက်၊ အင်္ကျီလေးချုပ်လိုက်၊ စကပ်လေးချုပ်လိုက်နဲ့ ၃,၄နာရီ အချိန်ဘယ်လိုကုန်သွားမှန်းမသိဘူး

အဲ့တုန်းကဆို အဝတ်စားဒီဇိုင်းစာအုပ်ဆိုပြီး လုပ်သေးတာတော်
ဒါလေးတွေများ တကယ့်ပိတ်စနဲ့ချုပ်လိုက်ရင် ဘယ်လောက်လှလိုက်မလဲဆိုပြီး စိတ်ကူးယဉ်ရတာ‌လည်း အမော
အခုတော့ အဲ့စာအုပ်လည်းမရှိတော့ပါဘူး ဟိုရွှေ့ဒီပြောင်းနဲ့

အဲ့ချိန်ကသာ စိတ်ကူးလိုက်တိုင်ဖြစ်မယ့် AIက နောက်၁၅နှစ်လောက်အကြာမှာ ပေါ်လာမယ်မှန်းသိရင် ဒီဇိုင်းစာအုပ်ကြီးသိမ်းထားပါတယ်😂


ကိုယ်ဆွဲခဲ့ဖူးတဲ့ ပုံလေးတွေကို တကယ့်လူလေးတွေအဖြစ်မြင်ဖူးချင်လို့ AI တွေကို အကူအညီတောင်းမိပါတယ် Free ကြိတ်လွန်းလို့ အခုဆိ...
28/08/2025

ကိုယ်ဆွဲခဲ့ဖူးတဲ့ ပုံလေးတွေကို တကယ့်လူလေးတွေအဖြစ်မြင်ဖူးချင်လို့
AI တွေကို အကူအညီတောင်းမိပါတယ်
Free ကြိတ်လွန်းလို့ အခုဆို ပုံတောင် သိပ်မထွက်ချင်တော့ဘူး🤭
လွန်နေပြီနော်တဲ့ 🙄
Gmail ပြောင်းသုံးတာတောင် device တူနေလို့လားမသိဘူး ပေးမသုံးဘူးတော် 🙄

အဓိကပြောချင်တဲ့အပိုင်းကတော့
ဘာလို့ ပုံစံတူ 3ယောက် တွေဆွဲတာလဲ ?
အဲ့တာကတော့တစ်ပုံချင်းစီရဲ့ caption လေးမှာရေးပေးထားပါတယ်👇👇❤️❤️❤️

ppm update




26/08/2025

ကိုယ့်နာမည်လေးကို Whisk AI နဲ့ စမ်းသုံးကြည့်တာ ❤️❤️

ပုံဆွဲရင်း ရလိုက်တာတစ်ခုရှိတယ်😌*သူ့ကို သတိရလိုက်တယ်* 🤭
05/08/2024

ပုံဆွဲရင်း ရလိုက်တာတစ်ခုရှိတယ်😌

*သူ့ကို သတိရလိုက်တယ်* 🤭

Renovation and new creation🥰😁😁
01/02/2024

Renovation and new creation🥰😁😁

တစ်နှစ်ကျော် ကြာအောင် ပစ်ထားခဲ့မိတဲ့ page လေး 🧐🧐ကြာရင်လေတစ်ယောက်နဲ့တစ်ယောက် မကြည့်ရဲ ကြည့်ရဲ နှုတ်ဆက်ရမှာလဲ...လေးဆယ်ကျော...
12/05/2022

တစ်နှစ်ကျော် ကြာအောင် ပစ်ထားခဲ့မိတဲ့ page လေး 🧐🧐
ကြာရင်လေ
တစ်ယောက်နဲ့တစ်ယောက် မကြည့်ရဲ ကြည့်ရဲ နှုတ်ဆက်ရမှာလဲ...
လေးဆယ်ကျော် ငါးနှစ် တွင်းမှ ပြန်ဆုံကြတယ် ငယ်ချစ်ဦးရယ်.. ဘလာ ဘလာ ဘလာ ပေါ့
အဲ့လိုဖြစ်တော့မယ် 😇😇

ရယ်ဒီမိတ်တွေလန်ပျံနေတဲ့ခေတ်မှာ အချိန်တန်ရင် ကိုယ်ချုပ်နေကျ အပ်ချုပ်ဆိုင်လေးဆီရောက်ရောက်သွားတာ ဘာကြောင့်လဲ (သူဝယ်ပေးတဲ့ပိ...
30/01/2021

ရယ်ဒီမိတ်တွေလန်ပျံနေတဲ့ခေတ်မှာ အချိန်တန်ရင် ကိုယ်ချုပ်နေကျ အပ်ချုပ်ဆိုင်လေးဆီရောက်ရောက်သွားတာ ဘာကြောင့်လဲ (သူဝယ်ပေးတဲ့ပိတ်စလေးနဲ့☺️.. ဒန် ဒန့် ဒန်)
အရသာရှိလှပါချည်ရဲ့ဆိုတဲ့ အစားအသောက်တွေကိုတောင် အချိန်ကြာရင်မေ့သွားနိုင်ပေမဲ့ အဖေ အမေချက်ကျွေးတဲ့ ဟင်းတစ်ခွက်ကိုမမေ့နိုင်တာဘာကြောင့်လဲ (ပိုက်ဆံရှိတိုင်းဝယ်စားလို့မရပေါင်😌)
Face app တွေနဲ့စွန်းလှ ဖုန်းတစ်လုံးရှိရင်အလုပ်ဖြစ်နေတဲ့ပုံလေးတွေထက် ကိုယ်ကိုယ်တိုင်စိတ်ကူးထားတာလေးကို ပုံဖော်ပြီးမှ ကိုယ်ချစ်တဲ့သူတွေကို အမှတ်တရဖြစ်စေချင်တာဘာကြောင့်လဲ
(စိတ်ကူးနဲ့တင်ပျော်နေလို့ စိတ်ကူးတွေမှာ အချိန်တွေပါတယ် အချစ်တွေပါတယ် အမှတ်တရတွေပါတယ်🥰)

အချစ်တွေကိုသက်သေပြဖို့ စိတ်ကူးလေးတွေယဉ်ပြီးပြီလား
ဒါဆို ပုံဖော်ပေးဖို့ကတော့ ဖန်တီးရှင်ရဲ့တာဝန်ထား
Friend ပဲ ship ship, Relation ပဲ ship ship
ရှယ် ship တော့မယ်ဆို PPM Art & Design နဲ့ ship

_Art&Design

09 761 88 2346

Page Messenger မှလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်

Address


Telephone

+959761882346

Website

Alerts

Be the first to know and let us send you an email when PPM - Art & Design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PPM - Art & Design:

  • Want your business to be the top-listed Media Company?

Share