22/10/2025
Kai ကဘယ်တုန်းကမှ လူဆိုးမဟုတ်ခဲ့ပါဘူး။ Kai က သူ့မူရင်းပုံစံအတိုင်းသာနေခဲ့ပြီး Oogway ကသာပုံစံပြောင်းသွားခဲ့တာဖြစ်ပါတယ်။
Kung-fu Panda 3 မှာ Oogway က သူ့အတိတ်အကြောင်းပြောရင်း Kai နဲ့ သူက Brother In Arms ဖြစ်ခဲ့ပြီး အတူတိုက်ခိုက်ခဲ့ကြတယ်လို့ပြောခဲ့ပါတယ်။ သူတို့ ၂ ယောက်က Great Army တစ်ခုကိုဦးဆောင် အတူတိုက်ခိုက်ကြရင်း Beast of vengeance,Maker of widows ဆိုတဲ့ နာမည်တွေရလာခဲ့တယ်။ဒီလိုနာမည်ကြားတာနဲ့ ဒါက Kai ကိုပြောတာဆိုတဲ့ထိကို Kai နဲ့ Oogway တို့က အရမ်းကြမ်းတဲ့ သူတွေဖြစ်လာပြီး Kung-fu လောက မှာ ထိပ်ဆုံးရောက်နေကြတဲ့ သူတွေ။Kung-fu မှာအရမ်းကျွမ်းကျင်ကြပေမဲ့ သူတို့ Skill ကိုအခြားသူတွေကို တို က် ခို က်တဲ့နေရာ နဲ့ ရ န် သူ ကို သိမ်းပိုက်တဲ့နေရာမှာပဲ သုံးခဲ့ကြတယ်။
ဒါပေမဲ့ တစ်ရက် Oogway တို့ခြုံခိုအတိုက်ခိုက်ခံရတဲ့အခါ Oogway ကဒဏ်ရာ ရသွားတယ်။Kai က Oogway ကိုသယ်ရင်းအကူညီရှာခဲ့ရာက Panda တွေနဲ့တွေ့ပြီး Chi အစွမ်းကိုစသတိထားမိခဲ့တယ်။Chi အစွမ်းကတစ်ဖက်လူဒဏ်ရာ ကိုကုပေးနိုင်ပြီး Kung-fu က ဒဏ်ရာပေးတာထက် ဒဏ်ရာကိုကုသပေးနိုင် ပိုကောင်းတဲ့နေရာမှာသုံးနိုင်တယ်ဆိုတဲ့အချက်ကို Oogway က သတိထားမိသွားတယ်။ Kai ကတော့ ပုံမှန်အတိုင်း တိုက်ခိုက် Kung-fu ကို အနိုင်ယူဖို့သာသုံးရင်း Panda တွေရဲ့ Chi ကို သိမ်းယူခဲ့တယ်။ တစ်ဖက်မှာ ဘက်ပြောင်းသွားတဲ့ Oogway က Kai ကိုတားရင်းသူတို့ကြား တို က် ပွဲဖြစ်ပြီး Oogway က Kai ကိုအနိုင်ယူခဲ့ပါတယ်။
တကယ်တော့ Oogway နဲ့ Kai ကသိမ်းပိုက်သူတွေဖြစ်ခဲ့ပြီးမှ Oogway ကဘက်ပြောင်းသွားတာပါ။တစ်ဖက်က ပြန်ကြည့်ရင် တကယ်သစ္စာဖောက်ခံလိုက်ရတာက Kai ဖြစ်ပါတယ် သူနဲ့အတူတိုက်ခိုက် ညီအကိုဖြစ်ခဲ့တဲ့သူ ဒဏ်ရာ ရတော့ သူကိုယ်တိုင်သယ်ပြီး ရှိမှန်းတောင်မသိတဲ့ Panda ရွာကို ညီအကို အတွက်ရှာပေးခဲ့တဲ့သူပါ။Oogway ကနောက်ပိုင်း Kung-fu နဲ့ လောကကြီးကို Balance ဖြစ်အောင်လုပ်ခဲ့ပေမဲ့ လူငယ်ဘဝ တုန်းက Kai ပြောခဲ့သလို Beast of vengeance,Maker of widows ဆိုတဲ့သူမျိုးဖြစ်ခဲ့ပါသေးတယ်။
Oogway ကိုမှားတယ်လို့မပြောပါဘူး။အရင်ကလည်းသူက Kai နဲ့ပုံစံအတူတူပဲဆိုတာပြောချင်တာ။ Panda တွေကြောင့်ပြောင်းလဲခဲ့ပြီး Kai ကအရင်ပုံစံတိုင်းဆက်နေဆိုတာပြောချင်တာပါ။