မယ်ရစ်

မယ်ရစ် Do good for others .It will come back in unexpected ways. 👌

 #အဓိဋ္ဌာန်ပုတီးစိပ်ရန်အတွက်ကျင့်ဝတ်များ📿၁။ ဆာလောင်မွတ်သိပ်၊ ဗိုက်အင့်မှု မရှိစေခြင်း။အစာစားပြီးစ၊ ဆာလောင်မွတ်သိပ်ချိန်တ...
16/10/2025

#အဓိဋ္ဌာန်ပုတီးစိပ်ရန်အတွက်ကျင့်ဝတ်များ📿

၁။ ဆာလောင်မွတ်သိပ်၊ ဗိုက်အင့်မှု မရှိစေခြင်း။
အစာစားပြီးစ၊ ဆာလောင်မွတ်သိပ်ချိန်တွင် ပုတီးမစိတ်သင့်ပါ။

၂။ သန့်ရှင်းသန့်ပြန့်ရခြင်း။
မိမိကိုယ်ခန္ဓာ သန့်ရှင်းစင်ကြယ်ရမည်။ ပုတီးစိပ်သည့်နေရာ သန့်ရှင်းရမည်။

၃။ သင့်တော်မည့် အချိန်ရွေးချယ်ရခြင်း။
တိတ်ဆိပ်ငြိမ်သက်သည့် အချိန်၊ မိမိအား အနှောင့် အယှက် မပြုနိုင်သည့် အချိန်သည် အကောင်းဆုံးဖြစ်သည်။

၄။ နေရာယူ မှန်ကန်ခြင်း။
ဘုရားစင်ရှေ့သည် အကောင်းဆုံးဖြစ်သည်။ သစ်တစ်ပင်ရင်း၊ ဝါးတစ်ပင်အောက်လည်း စိပ်နိုင် သည် ။ စိတ်ငြိမ်ပြီး သမာဓိရရန်သာ ဖြစ်သည်။

၅။ သရဏဂုံ တည်ဆောက်ခြင်း။
သြကာသ ကန့်တော့ချိုးဖြင့် ကန်တော့ပါ။ သီလယူပါ။ သရဏဂုံတည်ပါ။ ပြီးလျှင် "ငါသည် ယခုအချိန်၌ သရဏဂုံတည်သူ၊ သီလရှိသူ ဖြစ်နေပြီ" ဟု မိမိကိုယ်ကို မျက်စိမှိတ်၍ စိတ်ဖြင့် အာရုံပြုကာ သိဒ္ဓိတင်ပါ။

၆။ ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခြင်း။
သရဏဂုံယူ၊ သီလခံပြီးနောက် ခင်ပွန်းကြီးဆယ်ပါးအား ကန်တော့ရမည်။ ကန်တော့ပုံမှာ -
တပည့်တော်သည် ဘဝအဆက်ဆက် သံသရာမှ ယနေ့ထိအောင် ရှည်လျားသော ကာလအတွင်း၌ မသိမိုက်မဲ၍ ခင်ပွန်းကြီးဆယ်ပါးကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း၊ သိလျက်နှင့်လည်းကောင်း၊ မသိ၍လည်းကောင်း၊ အမှတ်တမဲ့ဖြင့်လည်းကောင်း ၊ အမှတ်ထင်ထင်ဖြင့်လည်းကောင်း၊ ပြစ်မှားကျူးလွန်ခဲ့သည်ရှိသော်၊ ထိုအပြစ်တို့မှ နားလည်ကျေအေး ခွင့်လွတ်ပေးပါရန် မာန်ကိုနှိမ့်ချ ရှိခိုးတောင်းပန်ပါ၏။ ကန်တော့ရသည့် အကျိုးအားကြောင့် ခင်ပွန်းဆယ်ပါးအပေါ် အပြစ်ဟူသမျှ တင်ရှိခဲ့လျှင် ထိုအကုသိုလ် ကံတို့မှ ကင်းစင်လွတ်မြောက် ပြေပျောက်ပြီး ဖြစ်ပါစေသတည်း။
အကုသိုလ်ရှိလျှင် ကျင့်စဉ်၌ အတားအဆီး ဖြစ်၍ ကင်းသွားအောင် လမ်းရှင်းခြင်းဖြစ်လေသည်။

၇။ မေတ္တာပို့ခြင်း။
ခင်ပွန်းကြီးဆယ်ပါး ကန်တော့ပြီးနောက် မေတ္တာပို့ရ၏။ ရှေးဦးစွာ စိတ်ကိုတည်ငြိမ်အောင် ဆောက် တည်ပါ။ မေတ္တာပို့လိုသူအပေါ် တစ်ဦးတည်းသော သားအပေါ် ထားရှိသည့် မိခင်၏စိတ်မျိုး မွေးမြူရမည်ဟု မေတ္တာသုတ်၌ဆို၏။ ဤကဲ့သို့ စိတ်ကိုတည် ငြိမ်အောင်ထားပြီး စိတ်ကို ညွတ်၍
(၁) မိမိကိုယ်သည် ဘေးရန်ကင်းပါစေ။ စိုးရိမ်ကြောင့်ကြ ကင်းပါစေ။ ဆင်းရဲဒုက္ခကင်းပါစေ။ ချမ်းသာသုခ ရှိပါစေ။
(၂) (မေတ္တာပို့လိုသူ) သည် ဘေးရန်ကင်းပါစေ။ စိုးရိမ်ကြောင့်ကြ ကင်းပါစေ။ ဆင်းရဲဒုက္ခကင်းပါစေ။ ချမ်းသာသုခ ရှိပါစေ။
(၃) အနန္တစကြာဝဠာ အနန္တသတ္တဝါတွေ ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

၈။ ဘုရားပင့်ခြင်း။
မေတ္တာပို့ပြီးနောက် မိမိ၏ဦးခေါင်းထက်သို့ မြတ်စွာဘုရားအား ပင့်ယူရမည်။ ပင့်ယူပုံမှာ
သိရသ္မိံ မေ ဗုဒ္ဓသေဋ္ဌော၊ သာရိပုတ္တောစ ဒက္ခိဏေ၊
ဝါမအံသေ မောဂ္ဂလ္လာနော၊ ပုရတော ပိဋကတ္တယံ။
ပစ္ဆိမေ မမ အာနန္ဒော၊ စတုဒိသာ ခိဏသဝါ၊ယရ
သမန္တာ လောကပါလာစ၊ ဣန္ဒာဒေဝါ သဗြဟ္မကာ။
ဧတေတံ အာနုဘာဝေန၊ ဟိတွာ သဗ္ဗရောဂါ ဥပဒ္ဒဝါ၊
အနေက အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။
"လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကိုးကွယ်ရာ အစစ်ဖြစ်တော်မူသော၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ဆရာမတင် ကိုယ်တော်တိုင် သိမြင်တော်မူသော၊ ဣဿရိသ ဓမ္မယဿ သီရိကာမ ပယဋ္ဌဟု ဘုန်းတော်ခြောက်ဆူ ဘော်ကြူငွေနှစ် ဇမ္ဗူရာဇ်နီဖလံ မင်းစံရောင်ညီး ရွှေတောင်ကြီးအလား ထင်ရှားတော်မူသော ရှင်ပင်ထွဋ်ထား မြတ်ဘုရားသည် တပည့်တော်၏ ဦးခေါင်းထက်၌ မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ကြွရောက်တည်နေတော်မူပါ ရောင်ခြည်တော် နေတနှုံးကဲ့သို့ ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။"

၉။ မိမိခန္ဓာကိုယ်ကို လှူဒါန်းခြင်း။
"ရုပ်နှင့်နာမ်သာ ထိုနှစ်ဖြာကို သက္ကာရစွဲ အထင်လွဲ၍ ငါဘဲသမုတ် အကျွန်ု၏ ခန္ဓာငါးပါး အပေါင်းအစုမျှသာဖြစ်သော ဤခန္ဓာကိုယ်ကို မြတ်စွာဘုရားအား လှူဒါန်းပါ၏။" (သုံးကြိမ်ဆို၍ လှူပါ။)

၁ဝ။ ပုတီးစိပ်ရန် ကမ္မဋ္ဌာန်းတောင်းခြင်း။
ဘန္တေ- မြတ်စွာဘုရား၊ အဟံ- တပည့်တော်သည်၊ သံသာရ ဝဋ္ဋဒုက္ခတော- သံသရာတည်းဟူသော ဝဋ်ဆင်းရဲအပေါင်းမှ၊ မောစနဋ္ဌာယ- လွတ်မြောက်ပါရခြင်း အကျိုးငှာ၊ အနုဿတိ- ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို၊ ယာစာမိ- တောင်းပန်ပါ၏။ အရှင်ဘုရားသည် တပည့်တော်အား၊ အစဉ်သနားခြင်းကို အကြောင်းပြု၍ ထိုအနုဿတိ ကမ္မဋ္ဌာန်းကို ခွင့်ပြုပေးသနားတော်မူပါ ဘုရား။

၁၁။ အဓိဋ္ဌာန်ပြုခြင်း။
အကျွန်ုပ်သည် ယခုပုတီးစိပ်သောအခါ တထိုင်တည်းနှင့် ပုတီးပတ်ကို ကောင်းစွာပြီးမြောက်အောင် စိပ်ပါမည်။ မည်သည့်အကြောင်းကြောင့်နှင့်မျှ အထိုင်ပျက်ခြင်း၊ ပုတီးပတ် ဖျက်ခြင်းများ မပြုလုပ်ပါ။ အကျွန်ုပ်၏ သစ္စာအဓိဋ္ဌာန်ကို သိကြားဒေဝါ နတ်များစွာတို့ သိကြားသည် ဖြစ်စေသော်ဝ်။ (အဓိဋ္ဌာန်ဖက်လျင် ဝီရိယပါ အစွမ်းထက်လာ၏။)

၁၂။ စနစ်တကျ ထိုင်ခြင်း။
တင်ပျဉ်ခွေထိုင်ခြင်း၊ ကျောဇက်ခေါင်း ခန္ဓာကိုယ်အထက်ပိုင်းကို မတ်မတ်ထားခြင်း ဖြစ်သည်။

၁၃။ ဂုဏ်တော် နှင့် တရားဓမ္မများ။
မိမိပွားလိုသော ဓမ္မအစုစုကို ကြိုတင်လေ့လာပြီး ကမ္မဋ္ဌာန်းတောင်းစဉ်၊ အဓိဋ္ဌာန်ပြုစဉ်ကတည်းက ရည်ရွယ်ထားရသည်။

၁၄။ ဆောင်ရမည့် အချက်များ။
အာရုံမိရန် သမာဓိရရန် ကြိုးစားပါ။ ဂုဏ်တော်စိပ်လျင် မိမိစိပ်သော ဂုဏ်တော်၏ အနက်ကို စူးစူးစိုက်စိုက် စိတ်ဝင်စားပါ။ လေးလေးနက်နက် ရယုံယုံကြည်ကြည် စိပ်ပါ။

၁၅။ ရှောင်ရမည့် အချက်များ။
ဘာတစ်ခုမျှ မျှော်လင့်မထားရပါ။ ပုတီးစိပ်သည့် အာရုံသန့်သန့်သာ တည်စေရမည်။ ဝိတက် (စိတ်ကူး) အဝင်မခံပါနှင့်။ ဝင်လာလျင် စိတ်ကို ဘုရားသို့ အာရုံပြောင်းပါ။ စနစ်တကျ ကြိုးစားလျင် တနေ့တခြားထူးခြားလာပါမည်။

၁၆။ ပြန်လည်ဆင်ခြင်ခြင်း။
ငါစိတ်ည်ငြိမ်စွာဖြင့် ပုတီးစိပ်ခဲ့ပြီ။ ဤအတွင်း ငါ၏စိတ်သည် နှစ်သက်ခဲ့ပြီ။ ချမ်းသာခဲ့ပြီ။ ထူးမြတ်သော ဘာဝနာ ကုသိုလ်ရပြီ။ ငါ၏အဓိဋ္ဌာန် အောင်ခဲ့ပြီ။ ဝိတက်များလာလျင်လည်း နောင်အခါ ဝိတက်မရှိဘဲ စိတ်အင်အား ပို၍ကြီးအောင် ငါကြိုးစားမည်။ ဟု ဆင်ခြင်ပါ။

၁၇။ အမျှအတန်းပေးဝေခြင်း။
ကျွန်ုပ်၏ ယခုဘာဝနာ ပုတီးစိပ်ရသော ကုသိုလ်သည် အာသဝေါတရား လေးပါးတို့၏ ကင်းရာကုန်ရာကို ရွက်ဆောင်နိုင်သည် ဖြစ်ပါစေသတည်း။ ကျွန်ုပ်၏ ယခုဘာဝနာ ပုတီးစိပ်ရသော ကုသိုလ်သည် နိဗ္ဗာန်၏ အကြောင်း အထောက်အပံ့သည် ဖြစ်ပါစေသတည်း။ ကျွန်ုပ်၏ ယခုပြုသော ပုတီးစိပ်ခြင်း၏ ကောင်းမှုကုသိုလ်ကို (ခပ်သိမ်းသော သတ္တဝါတို့အား) အကျွန်ုပ်နှင့် ထပ်တူထပ်မျှ ရပါစေရန် အမျှပေးဝေပါ၏။ အားလုံး အမျှ အမျှ အမျှ ရကြပါစေသတည်း။ သာဓုသာဓုသာဓု။

ဤကျင့်ဝတ်များကို လိုက်နာခြင်းအားဖြင့် သမာဓိတည်ကြည်မှု၊ စိတ်တည်ငြိမ်မှုနှင့် ကုသိုလ်တရားများ တိုးပွားကြပါ‌စေ ။

🙏 သမ္မာ ဗုဒ္ဓါနုဘာဝေန သဗ္ဗေ သတ္တာ သုခီ ဘဝန္တု🙏

#မယ်ရစ် #ဓမ္မဒါနကုသိုလ်အဖြစ်မျှဝေသည်

အိမ်မှာကိုယ်တိုင်ကြော်စားချင်သူများအတွက်မျှဝေပေးလိုက်ပါတယ်ရှင့် 🥰Happy to Cook & Eat ကျေးဇူးပါမင်မင်အချောလေးရေ 💕🌿
16/10/2025

အိမ်မှာကိုယ်တိုင်ကြော်စားချင်သူများအတွက်မျှဝေပေးလိုက်ပါတယ်ရှင့် 🥰
Happy to Cook & Eat ကျေးဇူးပါမင်မင်အချောလေးရေ 💕🌿

16/10/2025

ဒေါက်တာ ကုမာရ ဘိဝံသ(ဗန်းမော်ဆရာတော်) ချီးမြှင့်တော်မူသော ရသေ့ကြီး ဦးခန္တီ၏ဂါထာတော်။

အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊

အမိတံ၊ ၀ိရဇံ၊ လလိတံ၊ အတုလံ၊

စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊

သုခ ဒံ ၊ သရဏံ ၊ ပ နမာမိဇိနံ။

အနက်အဓိပ္ပါယ်

၁။ အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၂။ ဗဟိ-အန္တ-ဇယ - အတွင်း-အပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၃။ သုဂတံ - ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၄။ အမိတံ - မနှိုင်းယှဉ်နိုင်သည့် တန်ခိုးဗျာဋိဟာရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၅။ ၀ိရဇံ - ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၆။ လလိတံ - တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၇။ အတုလံ - အတုမရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၈။ စရဏံ - အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၉။ တိ-ဘဝူပ-သမံ - ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၀။ ယမကံ - ရေမီးအစုံအစုံ တန်ခိုးဗျာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၁။ သုခဒံ - ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၂။ သရဏံ - ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၃။ ဇိနံ - မာန်ငါးပါးကိုအောင်မြင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

ဤဘုရားဂုဏ်တော်ကို ရွတ်ဖတ်ပူဇော်ခြင်းကြောင့်

• ကပ်ရောဂါဘေးများ ကင်းစင်ပါစေ
• သတ္တဝါအားလုံး ချမ်းသာပါစေ
• လိုရာဆန္ဒများ ပြည့်ဝပါစေ
• နိဗ္ဗာန်ခရီးလမ်းမှန် ပွင့်လင်းပါစေ
• အသိပညာနှင့် ဉာဏ်ပညာ တိုးတက်ပါစေ
• ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေ
• အသက်ရှည်၊ ကျန်းမာပါစေ
• ဆန္ဒအိပ်မက်များ အကောင်အထည်ဖော်နိုင်ပါစေ
• အရာရာတိုင်းတွင် အောင်မြင်မှု ရရှိပါစေ
• သတ္တဝါခပ်သိမ်း တရားကိန်း ငြိမ်းအေးကြပါစေ

#မယ်ရစ် #ဂါထာတော် #နေ့စဉ်ဘဝအလေ့အကျင့်ကောင်းများ Part 2

16/10/2025

ဒေါက်တာ ကုမာရ ဘိဝံသ(ဗန်းမော်ဆရာတော်) ချီးမြှင့်တော်မူသော ရသေ့ကြီး ဦးခန္တီ၏ဂါထာတော်။

အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊

အမိတံ၊ ၀ိရဇံ၊ လလိတံ၊ အတုလံ၊

စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊

သုခ ဒံ ၊ သရဏံ ၊ ပ နမာမိဇိနံ။

အနက်အဓိပ္ပါယ်

၁။ အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၂။ ဗဟိ-အန္တ-ဇယ - အတွင်း-အပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၃။ သုဂတံ - ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၄။ အမိတံ - မနှိုင်းယှဉ်နိုင်သည့် တန်ခိုးဗျာဋိဟာရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၅။ ၀ိရဇံ - ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၆။ လလိတံ - တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၇။ အတုလံ - အတုမရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၈။ စရဏံ - အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၉။ တိ-ဘဝူပ-သမံ - ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၀။ ယမကံ - ရေမီးအစုံအစုံ တန်ခိုးဗျာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၁။ သုခဒံ - ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၂။ သရဏံ - ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၃။ ဇိနံ - မာန်ငါးပါးကိုအောင်မြင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

ဤဘုရားဂုဏ်တော်ကို ရွတ်ဖတ်ပူဇော်ခြင်းကြောင့်

• ကပ်ရောဂါဘေးများ ကင်းစင်ပါစေ
• သတ္တဝါအားလုံး ချမ်းသာပါစေ
• လိုရာဆန္ဒများ ပြည့်ဝပါစေ
• နိဗ္ဗာန်ခရီးလမ်းမှန် ပွင့်လင်းပါစေ
• အသိပညာနှင့် ဉာဏ်ပညာ တိုးတက်ပါစေ
• ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေ
• အသက်ရှည်၊ ကျန်းမာပါစေ
• ဆန္ဒအိပ်မက်များ အကောင်အထည်ဖော်နိုင်ပါစေ
• အရာရာတိုင်းတွင် အောင်မြင်မှု ရရှိပါစေ
• သတ္တဝါခပ်သိမ်း တရားကိန်း ငြိမ်းအေးကြပါစေ

#မယ်ရစ် #ဂါထာတော် #နေ့စဉ်ဘဝအလေ့အကျင့်ကောင်းများ

မင်္ဂလာနံနက်ခင်းပါ! 🌞နေ့သစ်ရဲ့ နံနက်ခင်းလေးမှာကံကောင်းခြင်းတွေ🌟အောင်မြင်ခြင်းတွေ💫ပျော်ရွှင်မှုတွေ 💖အပြည့်အဝ ရောက်ရှိလာပါ...
16/10/2025

မင်္ဂလာနံနက်ခင်းပါ! 🌞

နေ့သစ်ရဲ့ နံနက်ခင်းလေးမှာ
ကံကောင်းခြင်းတွေ🌟
အောင်မြင်ခြင်းတွေ💫
ပျော်ရွှင်မှုတွေ 💖
အပြည့်အဝ ရောက်ရှိလာပါစေ✨

နေ့ရက်တိုင်းမှာ
အေးချမ်းခြင်း၊ပျော်ရွှင်ခြင်း
ကံကောင်းခြင်းတွေနဲ့ပြည့်စုံကာ
လှပတဲ့နေ့ရက်တိုင်းဖြတ်သန်းနိုင်ပါစေ 🌸🌈

#မယ်ရစ် #မင်္ဂလာနံနက်ခင်း #နေ့သစ် #ကံကောင်းခြင်း

ဓမ္မစက္ကပဝတ္တနသုတ် ပါဠိ အသံထွက် မြန်မာပြန်ဓမ္မစက္ကပဝတ္တနသုတ္တန် (မြန်မာပြန်)---■ နိဒါန်း ■ကျွန်ုပ် ဤသို့ ကြားနာခဲ့ရပါသည်...
15/10/2025

ဓမ္မစက္ကပဝတ္တနသုတ် ပါဠိ အသံထွက် မြန်မာပြန်

ဓမ္မစက္ကပဝတ္တနသုတ္တန် (မြန်မာပြန်)

---

■ နိဒါန်း ■

ကျွန်ုပ် ဤသို့ ကြားနာခဲ့ရပါသည်။
အခါတစ်ပါးတွင် မြတ်စွာဘုရားသည် ဗာရာဏသီပြည် ‘ဣသိပတန’ အမည်ရသော မိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူသည်။
ထိုအခါတွင် မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား မိန့်တော်မူသည်။

---

■ အစွန်းနှစ်ပါး ■

ရဟန်းတို့... အိမ်ယာစွန့်ခွာ ရဟန်းပြုလာသူတို့ မမှီဝဲအပ်သော အစွန်းတရား နှစ်ပါးရှိ၏။
အဘယ်နှစ်ပါးတို့နည်း။

1. ယုတ်ညံ့၍ အိမ်ယာထူထောင်သူ လူများစုတို့၏ အလေ့အကျင့်သာဖြစ်သော၊ မြတ်သောအကျင့်မဟုတ်သော၊ အကျိုးမရှိသော “ကာမချမ်းသာကို လိုက်စားခြင်း” (ကာမသုခလ္လိကာနုယောဂ)။
2. ကိုယ်စိတ်ဆင်းရဲခြင်းကို ဖြစ်စေတတ်သော၊ မြတ်သောအကျင့်မဟုတ်သော၊ အကျိုးမရှိသော “မိမိကိုမိမိ ပင်ပန်းဆင်းရဲအောင် အားထုတ်ခြင်း” (အတ္တကိလမထာနုယောဂ)။

---

■ မဇ္ဈိမပဋိပဒါနှင့် ယင်း၏အကျိုး ■

ရဟန်းတို့... တထာဂတသည် ဤအစွန်းတရားနှစ်ပါးအား မကပ်ရောက်ပဲ “အလယ်အလတ်အကျင့်” (မဇ္ဈိမပဋိပဒါ) ကို ထိုးထွင်း၍ သိတော်မူအပ်ပြီ။
ထိုမဇ္ဈိမပဋိပဒါအကျင့်သည်

· ပညာမျက်စိကိုဖြစ်စေ၏၊
· အသိဉာဏ်ကိုဖြစ်စေ၏၊
· ကိလေသာကိုငြိမ်းစေ၏၊
· သစ္စာလေးပါးကို ထိုးထွင်းသိစေ၏၊
· နိဗ္ဗာန်ကို မျက်မှောက်ပြုစေ၏။

ထိုမဇ္ဈိမပဋိပဒါ အကျင့်ကား အဘယ်နည်း။
အင်္ဂါရှစ်ပါးရှိသော “အရိယမဂ္ဂ” ဖြစ်သည်။

1. သမ္မာဒိဋ္ဌိ (မှန်သောအမြင်)
2. သမ္မာသင်္ကပ္ပ (မှန်သောအကြံ)
3. သမ္မာဝါစာ (မှန်သောစကား)
4. သမ္မာကမ္မန္တ (မှန်သောအပြုအမူ)
5. သမ္မာအာဇီဝ (မှန်သောအသက်မွေးခြင်း)
6. သမ္မာဝါယာမ (မှန်သောအားထုတ်ခြင်း)
7. သမ္မာသတိ (မှန်သောအောက်မေ့ခြင်း)
8. သမ္မာသမာဓိ (မှန်သောတည်ကြည်ခြင်း)

တထာဂတသည် ဤမဇ္ဈိမပဋိပဒါအကျင့်အား ထိုးထွင်း၍ သိတော်မူအပ်ပြီ။

---

■ အရိယသစ္စာလေးပါး ■

၁။ ဒုက္ခသစ္စာ

ရဟန်းတို့... ဤကား “ဒုက္ခအရိယသစ္စာ” တည်း။

· မွေးဖွားခြင်းဆင်းရဲ၊
· အိုခြင်းဆင်းရဲ၊
· နာခြင်းဆင်းရဲ၊
· သေခြင်းဆင်းရဲ၊
· မချစ်မနှစ်သက်သူတို့နှင့် အတူနေရခြင်းဆင်းရဲ၊
· ချစ်ခင်နှစ်သက်သူတို့နှင့် ကွေကွင်းရခြင်းဆင်းရဲ၊
· အလိုရှိအပ်သည်ကို မရသောဆင်းရဲ၊
· အကျဉ်းအားဖြင့် ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါး (ပဉ္စုပါဒါနက္ခန္ဓာ) တို့ ဖြစ်သည်။

၂။ သမုဒယသစ္စာ

ရဟန်းတို့... ဤကား “ဒုက္ခသမုဒယအရိယသစ္စာ” တည်း။
အကြင်တဏှာသည် ဘဝသစ်ကို တဖန်ဖြစ်စေတတ်၏၊ နှစ်သက်တပ်မက်ခြင်းနှင့် တကွဖြစ်၍ ထိုထိုတို့ကို အလွန်နှစ်သက်သာယာတတ်၏။
ယင်းတဏှာတို့ကား

· ကာမဂုဏ်အာရုံတို့၌ တပ်မက်ခြင်း (ကာမတဏှာ)၊
· ဘဝဖြစ်တည်မှုကို တပ်မက်ခြင်း (ဘဝတဏှာ)၊
· ဘဝကင်းပြတ်မှုကို တပ်မက်ခြင်း (ဝိဘဝတဏှာ) တို့ဖြစ်သည်။

၃။ နိရောဓသစ္စာ

ရဟန်းတို့... ဤကား “ဒုက္ခနိရောဓအရိယသစ္စာ” တည်း။
ထိုတဏှာ၏ အကြွင်းမဲ့ တပ်ခြင်းကင်းရာ၊ ချုပ်ရာ၊ စွန့်ရာ၊ တစ်ဖန်ပြန်၍ စွန့်ရာ၊ လွတ်မြောက်ရာ၊ မကပ်ငြိရာ ဖြစ်သည်။

၄။ မဂ္ဂသစ္စာ

ရဟန်းတို့... ဤကား “ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ” တည်း။
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဟူသော အင်္ဂါရှစ်ပါးရှိသော အကျင့်လမ်း (အဋ္ဌင်္ဂိကမဂ္ဂ) ဖြစ်သည်။

---

■ သစ္စာလေးပါးအား သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်သုံးပါးဖြင့် သိခြင်း ■

ဒုက္ခသစ္စာ၌

1. “ဤကား ဒုက္ခအမှန်တရားတည်း” ဟု သစ္စဉာဏ် ဖြစ်၏။
2. “ထိုဒုက္ခအမှန်တရားအား ပိုင်းခြား၍ သိအပ်သည်” ဟု ကိစ္စဉာဏ် ဖြစ်၏။
3. “ထိုဒုက္ခအမှန်တရားအား ပိုင်းခြား၍ သိပြီ” ဟု ကတဉာဏ် ဖြစ်၏။

သမုဒယသစ္စာ၌

1. “ဤကား ဒုက္ခဖြစ်ကြောင်း အမှန်တရားတည်း” ဟု သစ္စဉာဏ် ဖြစ်၏။
2. “ထိုဒုက္ခဖြစ်ကြောင်း အမှန်တရားအား ပယ်အပ်သည်” ဟု ကိစ္စဉာဏ် ဖြစ်၏။
3. “ထိုဒုက္ခဖြစ်ကြောင်း အမှန်တရားအား ပယ်ပြီးပြီ” ဟု ကတဉာဏ် ဖြစ်၏။

နိရောဓသစ္စာ၌

1. “ဤကား ဒုက္ခချုပ်ရာ အမှန်တရားတည်း” ဟု သစ္စဉာဏ် ဖြစ်၏။
2. “ထိုဒုက္ခချုပ်ရာ အမှန်တရားအား မျက်မှောက်ပြုအပ်သည်” ဟု ကိစ္စဉာဏ် ဖြစ်၏။
3. “ထိုဒုက္ခချုပ်ရာ အမှန်တရားအား မျက်မှောက်ပြုပြီးပြီ” ဟု ကတဉာဏ် ဖြစ်၏။

မဂ္ဂသစ္စာ၌

1. “ဤကား ဒုက္ခချုပ်ရာ ရောက်ကြောင်းအကျင့် အမှန်တရားတည်း” ဟု သစ္စဉာဏ် ဖြစ်၏။
2. “ဤကား ဒုက္ခချုပ်ရာ ရောက်ကြောင်းအကျင့် အမှန်တရားအား ပွားများအပ်သည်” ဟု ကိစ္စဉာဏ် ဖြစ်၏။
3. “ဤကား ဒုက္ခချုပ်ရာ ရောက်ကြောင်းအကျင့် အမှန်တရားအား ပွားများပြီးပြီ” ဟု ကတဉာဏ် ဖြစ်၏။

---

■ သစ္စာလေးပါးကိုသိမှ ဘုရားအဖြစ်ကို ဝန်ခံခြင်း ■

ဘုရားအဖြစ် ဝန်ခံတော်မမူခဲ့သေးပုံ

ရဟန်းတို့... ဤအရိယသစ္စာလေးပါး၌ သုံးပါးသောအပြန် (တိပရိဝဋ္ဋံ)၊ ၁၂-ပါးသော အခြင်းအရာအားဖြင့် ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင် မစင်ကြယ်သေးသမျှ ကာလပတ်လုံး၊ ငါသည် နတ်၊ မာရ်နတ်၊ ဗြဟ္မာနှင့် သမဏ၊ ဗြာဟ္မဏ၊ မင်းဟူသော နတ်လူလောကတွင် “အတုမရှိသော သမ္မာသမ္ဗုဒ္ဓဘုရား” အဖြစ်ကို ဝန်မခံခဲ့ချေ။

ဘုရားအဖြစ် ဝန်ခံတော်မူပုံ

ရဟန်းတို့... ဤအရိယသစ္စာလေးပါး၌ သုံးပါးသောအပြန် (တိပရိဝဋ္ဋံ)၊ ၁၂-ပါးသော အခြင်းရာအားဖြင့် ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင် စင်ကြယ်မှသာလျှင်၊ “အတုမရှိသော သမ္မာသမ္ဗုဒ္ဓဘုရား” အဖြစ်ကို ဝန်ခံခဲ့သည်။

ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိမြင်ပုံ

“ငါ၏လွတ်မြောက်မှုသည် မပျက်စီးမဆုံးရှုံးနိုင်တော့။ ဤကား အဆုံးဘဝတည်း။ ဘဝတစ်ဖန်ပြန်၍ ဖြစ်ခြင်းမရှိပြီ” ဟု သိမြင်သော (ပစ္စဝေက္ခဏာ) ဉာဏ်သည် ဖြစ်ပေါ်လာ၏။

ပဉ္စဝဂ္ဂီတို့ နှစ်သက်ကြပုံ

မြတ်စွာဘုရားသည် ဤစကားအား မိန့်သောအခါ၊ ပဉ္စဝဂ္ဂီငါးပါးတို့သည် နှစ်လိုကုန်သည်ဖြစ်၍ မြတ်စွာဘုရားဟောသော တရားတော်အား နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။

---

■ အသျှင်ကောဏ္ဍည သောတာပန်တည်ခြင်း ■

ဤသို့ စကားပြေသက်သက်ဖြင့် ဟောကြားအပ်သောအခါ၊ အသျှင်ကောဏ္ဍညအား
“ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံတို့သည် ချုပ်ခြင်းသဘောရှိကုန်သည်” ဟူသော ကိလေသာစင်ကြယ်သည့် (သောတာပတ္တိမဂ်ခေါ်) တရားအမြင်သည် ဖြစ်ပေါ်၍လာ၏။

---

■ နတ်ဗြဟ္မာတို့ ကောင်းချီးပေးခြင်း ■

ဤသို့ မြတ်စွာဘုရားသည် (သစ္စာလေးချက်) တရားစက်ကို လည်စေသော် –
“လောကတွင် သမဏ ဗြာဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသည့် ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ဟောကြားတော်မူ၏” ဟု ဘုမ္မစိုးနတ်တို့မှစ၍ အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။

---

■ မြေငလျင်လှုပ်ခြင်း၊ အရောင်အလင်းဖြစ်ပေါ်ခြင်း ■

ဤတစ်သောင်းသော လောကဓာတ်သည်လည်း တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ ထက်ဝန်းကျင် တုန်လှုပ်၏။
အတိုင်းအရှည်မရှိ ကြီးမားသော အရောင်အလင်းသည်လည်း နတ်တို့၏ အာနုဘော်ကို ကျော်လွန်၍ လောက၌ ထင်ရှားဖြစ်ပေါ်လာ၏။

---

■ အသျှင်ကောဏ္ဍည ရှင်ရဟန်းပြုခြင်း ■

မြတ်စွာဘုရား ဥဒါန်းကျူးတော်မူပုံ

ထိုအခါ မြတ်စွာဘုရားသည် –
“ရဟန်းတို့ ကောဏ္ဍညသည် (သစ္စာလေးပါးတရားကို) သိလေပြီတကား။ ရဟန်းတို့ ကောဏ္ဍညသည် (သစ္စာလေးပါးတရားကို) သိလေပြီတကား” ဟု ဥဒါန်းကို ကျူးရင့်တော်မူ၏။
ဤသို့ ကျူးရင့်တော်မူသောကြောင့် အသျှင်ကောဏ္ဍညအား “အညာသိကောဏ္ဍည” ဟူ၍သာလျှင် အမည်တွင်လေ၏။

အရှင်ကောဏ္ဍည ရဟန်းအဖြစ် လျှောက်တောင်းပုံ

ထို့နောက် အသျှင်အညာသိကောဏ္ဍညသည် တရားသို့ မြင်ပြီး၊ ရောက်ပြီး၊ သိပြီး၊ သက်ဝင်ပြီးဖြစ်၍၊ ယုံမှားခြင်းကို လွန်မြောက်ပြီးဖြစ်၍၊ မြတ်စွာဘုရား၏ သာသနာ၌ ရဲရင့်ခြင်းသို့ ရောက်ပြီး၍၊ ဘုရားမှတစ်ပါး ကိုးစားထိုက်သူ မရှိသည်ဖြစ်၍ –
“အသျှင်ဘုရား... ကျွန်ုပ်သည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ရလိုပါသည်” ဟု လျောက်ထား၏။

ဧဟိဘိက္ခု ရဟန်းဖြစ်ပုံ

“ရဟန်းလာလော့ (ဧဟိ ဘိက္ခူ) … တရားကို ကောင်းစွာဟောအပ်ပြီ၊ ဆင်းရဲ၏ အဆုံးကိုပြုခြင်းငှါ မြတ်သောအကျင့်ကို ကောင်းစွာကျင့်လော့” ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။
ထိုစကားဖြင့်ပင် အသျှင်ကောဏ္ဍညသည် ပဉ္စင်းအဖြစ် (ဥပသမ္ပဒါ) အဖြစ်သို့ ရောက်လေသည်။

---

ဓမ္မစက္ကပဝတ္တနသုတ္တန် ပြီး၏။

ဓမ္မစကြာသုတ်တော်ကို ရွတ်ဖတ်ရခြင်း၏ အကျိုးကျေးဇူး

၁။ တရားဓမ္မကို အစပျိုးခြင်း
ဤသုတ်တော်သည်မြတ်စွာဘုရား ပထမဆုံး ဟောကြားတော်မူခဲ့သော "တရားဦး" ဖြစ်ရကား၊ ရွတ်ဖတ်ခြင်းဖြင့် မိမိ၏ တရားအားထုတ်မှုအား မှန်ကန်သော လမ်းစဉ်ပေါ်သို့ အစပျိုးရာရောက်ပါသည်။

၂။ သစ္စာလေးပါးတရားကို အာရုံပြုမိခြင်း
ဤသုတ်တော်၏အနှစ်သာရဖြစ်သော သစ္စာလေးပါးတရားတော်ကို ရွတ်ဖတ်ရင်း အာရုံပြုမိခြင်းသည် ဆင်းရဲ၏အစစ်အမှန်၊ ဆင်းရဲအကြောင်း၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်နှင့် ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို ဆင်ခြင်သုံးသပ်ရာရောက်ပါသည်။

၃။ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ပြန်လည်သတိရခြင်း
ရွတ်ဖတ်ခြင်းဖြင့်အလယ်အလတ်လမ်းစဉ်ဖြစ်သော မဂ္ဂင်ရှစ်ပါးတရားကို နေ့စဉ် ပြန်လည်သတိရခြင်း၊ လက်တွေ့လိုက်နာကျင့်သုံးရန် သတိရှိခြင်း အကျိုးကျေးဇူးကို ရရှိစေပါသည်။

၄။ ကုသိုလ်တရား တိုးပွားခြင်း
မြတ်စွာဘုရား၏ပါဠိတော်မြတ်ကို ရွတ်ဖတ်ဖတ်ခြင်းသည် ကုသိုလ်ကောင်းမှုကြီးတစ်ရပ် ဖြစ်ပါသည်။ ဤကုသိုလ်တရားသည် မိမိကိုယ်တိုင် နိဗ္ဗာန်မျက်မှောက်ပြုရန် အားအထောက်အပံ့ဖြစ်စေပါသည်။

၅။ စိတ်တည်ငြိမ်ခြင်း
ဓမ္မစကြာသုတ်တော်မြတ်၏အဆုံးအမတို့ကို ရွတ်ဖတ်ဆင်ခြင်ခြင်းဖြင့် စိတ်တည်ငြိမ်ခြင်း၊ စိုးရိမ်သောကကင်းခြင်း၊ ဘဝ၏အဓိပ္ပာယ်ကို ပိုမိုနားလည်ခြင်း အကျိုးကျေးဇူးများ ရရှိစေပါသည်။

၆။ ဘုရားရှင်၏ သာသနာတော်ကို ကျေးဇူးတင်ရာရောက်ခြင်း
ဤတရားတော်မျိုးကိုကမ္ဘာလောကကြီးအား ဟောကြားပြသတော်မူခဲ့သော ဘုရားရှင်၏ ကျေးဇူးတော်ကို သတိရကာ ကျေးဇူးတင်ရာရောက်ပါသည်။

"ဓမ္မစက္ကပဝတ္တန သုတ္တန်တော်၏အစွမ်းဖြင့်...
အစွန်းနှစ်ပါးရှောင်ကြဉ်၍ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို လျှောက်လှမ်းနိုင်ကြပါစေ...

သစ္စာလေးပါးကိုသိမြင်၍ ဒုက္ခမှ လွတ်မြောက်ကြပါစေ..."

ဤတရားတော်၏ အလင်းရောင်ဖြင့် ဉာဏ်အမြင်ပွင့်လင်းစေပြီး စိတ်သဘောထား ကြည်လင်သန့်စင်စေပါစေ။

· သတ္တဝါအားလုံး အစွန်းနှစ်ပါး ကင်းဝေးပြီး မဇ္ဈိမပဋိပဒါ မှန်ကန်သောအလယ်လမ်းကို သွားနိုင်ကြပါစေ။သစ္စာလေးပါးတရားတော်ကို သိမြင်နိုင်သည့် ပညာမျက်စိ ရနိုင်ကြပါစေ ဒုက္ခအပေါင်းမှ လွတ်မြောက်ကာ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေ။
တရားတော်တွေကို ကိုယ်တိုင် လေ့လာဆည်းပူး နာယူ အားထုတ်နိုင်ပါစေ 🙏🙏🙏

#မယ်ရစ် #ဓမ္မစက္ကပဝတ္တနသုတ္တန်တော်
#နေ့စဉ်ဘဝအလေ့အကျင့်ကောင်းများ

🌿✨ မေတ္တာသုတ်တွင် ဖော်ပြထားသော ကျင့်ရမည့် တရား (၁၅) ပါး ✨🌿၁။ သက္ကောစ – ကျင့်စွမ်းနိုင်ရမည်။၂။ ဥဇု စ – ကိုယ်နှုတ်နှစ်ပါး ...
14/10/2025

🌿✨ မေတ္တာသုတ်တွင် ဖော်ပြထားသော ကျင့်ရမည့် တရား (၁၅) ပါး ✨🌿

၁။ သက္ကောစ – ကျင့်စွမ်းနိုင်ရမည်။
၂။ ဥဇု စ – ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရမည်။
၃။ သုဟုဇု စ – ကောင်းစွာ ဖြောင့်မတ်ရမည်။
၄။ သူဝစော စ – ဆိုဆုံးမ လွယ်ရမည်။
၅။ မုဒု စ – စိတ်ထား နူးညံ့သိမ်မွေ့ရမည်။
၆။ အနတိမာနီ စ – မာန်မာန မရှိရ။
၇။ သန္တုဿကော စ – ရောင့်ရဲလွယ်ရမည်။
၈။ သုဘရော စ – မွေးမြူလွယ်ရမည်။
၉။ အပ္ပကိစ္စော စ – အမှုကိစ္စ နည်းပါးရမည်။
၁၀။ သလ္လဟုကဝုတ္တိ စ – အသက်မွေးခြင်း ပေါ့ပါးရမည်။
၁၁။ သန္တိန္ဒြိယော စ – ငြိမ်သက်သော ဣန္ဒြေရှိရမည်။
၁၂။ နိပကော စ – ရင့်ကျက်သော ပညာရှိရမည်။
၁၃။ အပ္ပဂဗ္ဘော – ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရ။
၁၄။ ကုလေသွ နနုဂိဒ္ဓေါ – ဒါယကာတို့၌ တပ်မက်မှုကင်းရမည်။
၁၅။ န စ ခုဒ္ဒမာစရေ ကိဉ္စိ ယေန ဝိညူ ပရေ ဥပဝဒေယျုံ –
ပညာရှိတို့ကဲ့ရဲ့စွဲနိုင်မည့် ဒုစရိုက်ကို မပြုကျင့်ရ။

---

မေတ္တာတရားဆိုတာ စာဖတ်ရုံနဲ့ မပြီးပါ။
နေ့စဉ်ဘဝမှာ စိတ်၊ နှုတ်၊ ကိုယ်ဖြင့်
တကယ်ကျင့်သုံးနိုင်ဖို့ လိုပါတယ်။ 💫

မေတ္တာဆိုတာ မည်သူ့ထံမှမျှော်လင့်ချက်မရှိဘဲ
သူတစ်ပါးအတွက် အေးချမ်းစေလိုတဲ့ စိတ်ပါ။ 🕊️

အဲ့ဒီသဘောကို နားလည်ပြီး လက်တွေ့ကျင့်သုံးနိုင်တဲ့အခါဘဝတစ်လျှောက်လုံးမှာ အေးချမ်းသာယာမှုရရှိလာမှာ မဖြစ်မနေပါ။ 🌸

---

🕊️ သူတစ်ပါးကို အေးချမ်းစေလိုတဲ့ စိတ်က
မိမိကိုယ်ကိုပင် အေးချမ်းစေတတ်ပါတယ်။

✨ အားလုံးအေးချမ်းကြပါစေ 🌿
ပျော်ရွှင်ကြပါစေ 🌸
မေတ္တာတရားအပြည့်အဝဖြင့် နေထိုင်နိုင်ကြပါစေ 🙏💖

#မယ်ရစ် #မေတ္တာတရား

 #ဂုဏ်တော်ကိုးပါးဂြိုလ်သက်အလိုက် ပုတီးစိပ်ပူဇော်ပွားများခြင်းအဓိဌာန် ✨📿ဘုရားဂုဏ်တော် (၉) ပါး ဖြင့် ဂြိုလ်သက်အလိုက်ပုတီးစ...
13/10/2025

#ဂုဏ်တော်ကိုးပါးဂြိုလ်သက်အလိုက် ပုတီးစိပ်ပူဇော်ပွားများခြင်းအဓိဌာန် ✨📿

ဘုရားဂုဏ်တော် (၉) ပါး ဖြင့်
ဂြိုလ်သက်အလိုက်ပုတီးစိပ် ပူဇော်ခြင်းအဓိဌာန် ဖြစ်ပါသည်။

တနင်္ဂနွေနေ့မှစတင်ကာ စနေနေ့အထိ (၇)ရက်တိတိ ဤအဓိဋ္ဌာန်ဖြင့် ဂုဏ်တော်များကိုပွားများအားထုတ် ရပါမည်။

၁။ တနင်္ဂနွေနေ့
“ အရဟံ ” ဂုဏ်တော် ပုတီး (၆)ပတ် စိပ်ပါ။

၂။ တနင်္လာနေ့
“ သမ္မာသမ္ဗုဒေါ ” ဂုဏ်တော် ပုတီး (၁၅)ပတ် စိပ်ပါ။

၃။ အင်္ဂါနေ့
“ ဝိဇ္ဇာစရဏသမ္ပန္နော ” ဂုဏ်တော်ပုတီး (၈) ပတ် စိပ်ပါ။

၄။ ဗုဒ္ဓဟူးနေ့ (နံနက်)
“ သုဂတော ” ဂုဏ်တော် ပုတီး (၁၇) ပတ် စိပ်ပါ။

၅။ ဗုဒ္ဓဟူးနေ့ (ညနေ-ရာဟု)
“ လောကဝိဒူ ” ဂုဏ်တော် ပုတီး (၁၂) ပတ် စိပ်ပါ။

၆။ ကြာသပတေးနေ့
“ အနုတ္တရောပုရိသဓမ္မသာရထိ ” ဂုဏ်တော် ပုတီး (၁၉) ပတ် စိပ်ပါ။

၇။ သောကြာနေ့
“ သတ္တာဒေဝမနုဿနံ ” ဂုဏ်တော် ပုတီး (၂၁) ပတ် စိပ်ပါ။

၈။ စနေနေ့ (နံနက်)
“ ဗုဒ္ဓေါ ” ဂုဏ်တော် ပုတီး (၁၀) ပတ် စိပ်ပါ။

၉။ စနေနေ့ (ညနေ)
“ ဘဂဝါ ” ဂုဏ်တော် ပုတီး (၁၀) ပတ် စိပ်ပါ။

#အဓိဌာန်ပြုနည်း
ဘုရားတပည့်တော်သည် ဤနေ့၊
ဤရက် (တနင်္ဂနွေ) နေ့မှစ၍ စနေနေ့ တိုင်အောင် (၇) ရက်တိတိ ဘုရားဂုဏ်တော် (၉)ပါးကို နေ့စဉ် ဂြိုလ်သက်အလိုက် ပွားများ အားထုတ်ပါမည်ဟု အဓိဌာန်ပြုပါသည်။

ဤနေ့သည် (တနင်္ဂနွေနေ့) ဖြစ်သည့်အတွက် -(တနင်္ဂနွေနေ့ဖွား) ဘုရားရဟန္တာ ကိုယ်တော်မြတ်အပေါင်းတို့အား ရည်မှန်း၍ “အရဟံ” ဂုဏ်တော်ကို (တနင်္ဂနွေ) ဂြိုလ်သက်အလိုက် (၆)ပတ်” ပုတီးစိပ်၍ ပူဇော်ပါမည် ဘုရား။

ဤသို့ပူဇော်ရသော အကျိုးအားကြောင့်…..
(၁) (တနင်္ဂနွေ)ဂြိုလ်မင်းကြီးသည် ကျွန်ုပ်အား ချစ်ခင်ကြင်နာစွာ စောင့်ရှောက်ပါစေသတည်း။

(၂) (တနင်္ဂနွေနေ့ဖွား) သူတော်စင်၊
သူတော်မြတ်အပေါင်းတို့က စောင့်ရှောက်ပါစေသတည်း။

(၃) (တနင်္ဂနွေနေ့ဖွား) ယောကျ်ား၊ မိန်းမအပေါင်းနှင့် သတ္တဝါအပေါင်းတို့က ကျွန်ုပ်အား ကူညီ စောင့်ရှောက်ပါစေ၊ အန္တရာယ်ပြုခြင်းမှ ရှောင်ရှားပါစေသတည်း။

(၄) (တနင်္ဂနွေနေ့)တွင် ပြုလုပ်သမျှ
ကိစ္စအဝ၀ အောင်မြင်ပါစေသတည်း။

ကွင်းပတ်/အဖွင့်ဖြင့် လိုင်းတားထားတဲ့ နေရာတွေမှာ နေ့အလိုက်/ ဂြိုလ်အလိုက်/ ဂြိုလ်သက်အလိုက် ဂုဏ်တော်များကို ပြောင်းစိပ်ပါ။

ဥပမာ-တနင်္လာနေ့တွင်စိပ်လျှင်
ဂြိုလ်မှာ တနင်္လာဂြိုလ်ဖြစ်ပြီးတော့၊
ဂြိုလ်သက်မှာ (၁၅) နှစ်ဖြစ်တဲ့အတွက် ကြောင့် (၁၅) ပတ်စိပ်ရပါမည်။ ဂုဏ်တော်အားဖြင့် “ သမ္မာသမ္ဗုဒေါ ” ဂုဏ်တော် ဖြစ်ပါသည်။

ဗုဒ္ဓဟူး နေ့ နှင့် စနေနေ့တို့တွင် မနက် /ည ခွဲပြီးစိပ်ရခြင်းမှာ ရာဟု ဂြိုလ်နှင့် ကိတ်ဂြိုလ်အတွက် စိပ်ရခြင်းဖြစ်ပါသည်။

ဤဂုဏ်တော်ကိုးပါး ပုတီးစိပ်မှု ကုသိုလ်၏အဖို့ပါကကြောင့်...

· ကမ္ဘာသူကမ္ဘာသား သတ္တဝါအားလုံး ချမ်းသာကြွယ်ဝ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေ။
· ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ပြီး နိဗ္ဗာန်ချမ်းသာသို့ ဆိုက်ရောက်နိုင်ပါစေ။
· မကောင်းမှုဒုစရိုက်အလုံးစုံမှ ကင်းဝေးပြီး ကောင်းမှုကုသိုလ်များ ပွားများနိုင်ကြပါစေ။
· မိမိတို့၏ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။

ဤကုသိုလ်တရားများသည် သင်နှင့် သင့်ပတ်ဝန်း ကျင်ရှိ သတ္တဝါအားလုံးအား အကျိုးကျေးဇူးများ ဖြစ်ထွန်းစေပါစေသတည်း။

#မယ်ရစ် #တရားဓမ္မကုသိုလ်အဖြစ်ပြန်လည်မျှ‌ဝေပါသည် #နေ့စဉ်ဘဝအလေ့အကျင့်ကောင်းများ

ပန်းဂေါ်ဖီသုပ် ပုံမှန်ကြော်စားတာလေးအစားအပြောင်းအလဲလေးဖြစ်အောင်သုပ်စားကြည့်မယ် 🥰😋
13/10/2025

ပန်းဂေါ်ဖီသုပ်
ပုံမှန်ကြော်စားတာလေးအစား
အပြောင်းအလဲလေးဖြစ်အောင်သုပ်စားကြည့်မယ် 🥰😋

ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ နေ့စဉ်လုပ်ငန်းမှာ ငါးပါးသီလခံပြီး ဘုရားရှိခိုးရပါတယ်။ဘုရားရှိခိုးတယ် ဆိုပေမယ့် ဘုရားရော၊ တရားရော၊ သ...
12/10/2025

ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ နေ့စဉ်လုပ်ငန်းမှာ ငါးပါးသီလခံပြီး ဘုရားရှိခိုးရပါတယ်။
ဘုရားရှိခိုးတယ် ဆိုပေမယ့် ဘုရားရော၊ တရားရော၊ သံဃာရော ရတနာသုံးပါးကို ရှိခိုးကြပါတယ်။
ဒါကြောင့် ဘုရားရှိခိုးစကတည်းက

· ဗုဒ္ဓံပူဇေမိ = ဘုရားကို ပူဇော်ပါ၏
· ဓမ္မံပူဇေမိ = တရားတော်ကို ရှိခိုးပူဇော်ပါ၏
· သံဃံပူဇေမိ = သံဃာတော်မြတ်ကို ရှိခိုးပူဇော်ပါ၏

လို့ ရတနာသုံးပါးကို ရှိခိုးကြတာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်မှာ ရေးခဲ့ကြတဲ့ ဘုရားရှိခိုးစာအုပ်တွေမှာတော့ ဘုရားဂုဏ်တော်တွေကို ဖော်ကျူးတဲ့ ဘုရားဂုဏ်တော်ဖွင့်တွေက များပါတယ်။
တရားတော်နဲ့ သံဃာတော်ရဲ့ ဂုဏ်တော်တွေကို ဖော်ကျူးတဲ့ တရား၊ သံဃာ ဂုဏ်တော်ဖွင့်တွေလဲ အနည်းအကျဉ်းတော့ ပါပါတယ်။
ဒါကြောင့် ဘုရားရှိခိုးဆိုတာ ရတနာသုံးပါးကို ရှိခိုးပူဇော်တာလို့ မှတ်နိုင်ပါတယ်။

ဘုရားရှိခိုးတယ်ဆိုတာ...

သုတ္တန် ဒေသနာတော်နည်းအရ
တိကအင်္ဂုတ္တုရ်မှာ ဘုရားရှင် ဟောတော်မူတဲ့အတိုင်း –

၁။ ကိုယ်ဖြင့် ရှိခိုးခြင်း - ပုဆစ်ဒူးတုပ် လက်အုပ်ချီမိုးပြီး ဒူးနှစ်ဖက်၊ လက်ဝါးနှစ်ဖက်၊ နဖူးပြင်ဆိုတဲ့ အင်္ဂါငါးခုကို ကြမ်းပြင်မှာ ထိပြီး ရှိခိုးတာ။

၂။ နှုတ်ဖြင့် ရှိခိုးခြင်း - အစိန္တေယျ၊ အပ္ပမေယျ စတဲ့ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို ဖော်ကျူးစပ်ဆိုထားတဲ့ ဂုဏ်တော်တွေကို ရွတ်ဆိုပြီး နှုတ်ဖြင့် အသံထွက်ပူဇော်တာ။

၃။ စိတ်ဖြင့် ရှိခိုးခြင်း - ကိုယ်နှုတ်မပါ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို စိတ်ထဲမှာ အောက်မေ့ပူဇော်တာ။

ဒီလို ကိုယ်၊ နှုတ်၊ စိတ် သုံးပါးနဲ့ ရတနာသုံးပါးကို ကြည်ညိုလေးစားနေတာကို ရှိခိုးတယ်လို့ ခေါ်တယ်။

အဘိဓမ္မာနည်း၊ ပရမတ္ထနည်းအရ
ဘုရားရှင်ရဲ့ ဂုဏ်တော်၊ တရားတော်၊ သံဃာတော်တွေရဲ့ ဂုဏ်တော်တွေကို ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ရှိခိုးဦးတိုက်လိုတဲ့ စေတနာကို ဘုရားရှိခိုးတယ်လို့ ခေါ်တယ်။

ဝန္ဒနာနာမ ပဏာမကြိယာဘိ နိပ္ဖာဒိကာ ကုသလ စေတနာ = ရှိခိုးတယ်ဆိုတာ ရှိခိုးမှုကို ပြီးစေတတ်တဲ့ ကုသိုလ်စေတနာသာ ဖြစ်တယ်။
ဋီကာဆရာစကားအရ ကုသိုလ်စေတနာကို ရှိခိုးခြင်းအရ ကောက်ယူရတယ်။

အခါခပ်သိမ်း ထိုဘုရားရှင်တွေကို နှုတ်နဲ့ စိတ်နဲ့ ရှိခိုးနိုင်။

အင်္ဂုတ္တိုရ်ပါဠိတော် ဝန္ဒနာသုတ်မှာ ရှိခိုးတာဟာ ကိုယ်နဲ့ရှိခိုးခြင်း၊ နှုတ်နဲ့ရှိခိုးခြင်း၊ စိတ်နဲ့ ရှိခိုးခြင်းဆိုပြီး (၃)မျိုး ရှိတယ်လို့ ဟောတယ်။
အဲဒီသုံးမျိုးထဲမှာ ကိုယ်နဲ့ ရှိခိုးတယ်ဆိုတာက ဘုရားရှင်ကို ရိုသေလေးစားကြောင်း ကိုးကွယ်ဆည်းကပ်ကြောင်းကို ကိုယ်ခန္ဓာနဲ့ ပြတာဖြစ်တဲ့အတွက်
အိပ်ရင်း၊ လမ်းလျှောက်ရင်း လက်အုပ်ချီ ရှိခိုးမယ်ဆိုရင် ရိုသေမှုသဘောနည်းတဲ့အတွက် အိပ်ရင်း လမ်းလျှောက်ရင်း ကိုယ်နဲ့ မရှိခိုးသင့်ပါဘူး။
မတ်တပ်ရပ်လျက် လက်အုပ်ချီပြီး ထိုင်လျက်ဦးချပြီး ကိုယ်နဲ့ ရှိခိုးရပါမယ်။

ဂုဏ်တော်တွေကို နှုတ်နဲ့ ရွတ်ဆို ပူဇော်တာကို နှုတ်နဲ့ရှိခိုးတယ်လို့ ခေါ်တယ်။
ဂုဏ်တော်တွေကို စိတ်ထဲမှာ အောက်မေ့လေးစားနေတာကို စိတ်နဲ့ရှိခိုးတာလို့ ခေါ်တယ်။
နှုတ်နဲ့ စိတ်နဲ့ ရှိခိုးတာကိုတော့ ရပ်ရင်း၊ ထိုင်ရင်း၊ သွားရင်း၊ အိပ်ရင်း ဣရိယာပုတ် လေးမျိုးစလုံးမှာ အချိန်မရွေး လုပ်လို့ရပါတယ်။

ဒါကြောင့် အာဋာနာဋိယ ပရိတ်ကို စီစဉ်ပေးတဲ့ ရှေးဆရာတော်ကြီးတွေက …

ဝစသာ မနာသာစေဝ၊ ဝန္ဒာ မေ တေ တထာ ဂတေ။
သယနေအာသနေ ဌာနေ၊ ဂမာနေစာပိ သဗ္ဗဒါ။

လျောင်းထိုင်ရပ်သွား အခါခပ်သိမ်း ထိုဘုရားရှင်တွေကို နှုတ်နဲ့ စိတ်နဲ့ ရှိခိုးပါ၏
လို့ ပြထားပါတယ်။

ထို့ကြောင့် ဘုရားရှိခိုးခြင်းသည် ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ်ဘာဝနာလုပ်ငန်းစဉ်တွင် အလွန်အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။
ရတနာသုံးပါး၏ ဂုဏ်တော်များကို ကိုယ်၊ နှုတ်၊ စိတ် သုံးပါးဖြင့် ရှိခိုးပူဇော်ခြင်းဖြင့် –

· ကုသိုလ်တရား တိုးပွားစေပါသည်
· ကြည်ညိုမှု အားကောင်းစေပါသည်
· စိတ်တည်ငြိမ်မှု ရစေပါသည်
· သီလစင်ကြယ်မှု ရရှိစေပါသည်

အထူးသဖြင့် နှုတ်ဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းနှင့်
စိတ်ဖြင့် အောက်မေ့သတိရခြင်းသည် နေရာ၊ အချိန်မရွေး ပြုလုပ်နိုင်သောကြောင့်
နေ့စဉ်ဘဝတွင် ရှိခိုးပူဇော်သင့်ပါသည်။

🌸 "ရတနာသုံးပါးကို ကြည်ညိုလေးစားစွာ ရှိခိုးပူဇော်ခြင်းဖြင့်ဘဝ အခက်အခဲများ ကျော်လွှားနိုင်ကြပါစေ..." 🌸

သတိပဋ္ဌာန်ဝိပဿနာ တိုးပွားကြပါစေ...

#မယ်ရစ် #ဘုရားရှိခိုးခြင်း #စိတ်အေးချမ်းခြင်း
#နေ့စဉ်ဘဝအလေ့အကျင့်ကောင်းများ

ที่อยู่

Bangkok
10240

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ မယ်ရစ်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์