Voice Of Mawlu- VOM

Voice Of Mawlu- VOM မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းသာယာပါစေ

ကသာခရိုင်အတွင်းမှာရှိတဲ့ မော်လူးမြို့ ၊ အင်းတော်မြို့၊ဗန်းမောက်မြို့ မြို့၃မြို့ကို NUG အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတေ...
21/09/2025

ကသာခရိုင်အတွင်းမှာရှိတဲ့ မော်လူးမြို့ ၊ အင်းတော်မြို့၊ဗန်းမောက်မြို့ မြို့၃မြို့ကို NUG အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က သိမ်းပိုက်ထားနိုင်ပြီ။ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာတွင် NUG အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ၅ နှစ်အတွင်း ပိုမိုအင်းအားတောင့်တင်းခိုင်မာလာကြောင်း သက်သေပြချက်များဖြစ်သည်။

Voice Of Mawlu- VOM

2025 စက်တင်ဘာ ၂၀ရက်နေ့ညမှာပဲ ဗန်းမောက်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ အပြီးသတ်သိမ်းပိုက်။ စကစနှင့် SNA တပ်တွေ အထ...
21/09/2025

2025 စက်တင်ဘာ ၂၀ရက်နေ့ညမှာပဲ ဗန်းမောက်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ အပြီးသတ်သိမ်းပိုက်။ စကစနှင့် SNA တပ်တွေ အထိနာပြီး မြို့ပေါ်က ထွက်ပြေး။

#ဗန်းမောက် #မြို့သိမ်းတိုက်ပွဲ
Voice Of Mawlu- VOM

မန္တလေးကို ပြည်တော်ဝင်မည့် မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်  သင်တန်းဆင်းပွဲပုံရိပ်များ    #မြို့သိမ်းတိုက်ပွဲ    Vo...
19/09/2025

မန္တလေးကို ပြည်တော်ဝင်မည့် မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် သင်တန်းဆင်းပွဲပုံရိပ်များ



#မြို့သိမ်းတိုက်ပွဲ

Voice Of Mawlu- VOM

တော်လှန်ရေးတပ်ပေါင်းစုတွေ ပါဝင်တဲ့ ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဗန်းမောက်မြို့သိမ်းတိုက်ပွဲစတင်ခဲ့ရာ ဒီနေ့ဆို လေးရ...
18/09/2025

တော်လှန်ရေးတပ်ပေါင်းစုတွေ ပါဝင်တဲ့ ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဗန်းမောက်မြို့သိမ်းတိုက်ပွဲစတင်ခဲ့ရာ ဒီနေ့ဆို လေးရက်မြောက်ရှိလာပါပြီ။စကစ+SNA တပ်ရဲ့
ကာကင်းစခန်း ၆ခုကိုလည်း သိမ်းပိုက်ရရှိထားပြီး ရန်သူဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်းသိရ။

စက်တင်ဘာ ၁၈ ၊ ၂၀၂၅
#ဗန်းမောက် #ရှမ်းနီ #ဗန်းမောက်မြို့ #မြို့သိမ်းတိုက်ပွဲ Voice Of Mawlu- VOM

18/09/2025

ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေး ၄ ရက်မြောက်တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ၊ လက်နက်ကြီးကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံး၊ စစ်ကောင်စီနှင့် SNA က ဒေသခံများ မြို့မှထွက်ခွာခွင့် ပိတ်ထား

စက်တင်ဘာ−၁၈၊ ၂၀၂၅။ ထားမြတ်

စစ်ကိုင်းတိုင်း၊ ဗန်းမြောက်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် မဟာမိတ် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ယနေ့(စက်တင်ဘာ ၁၈ရက်)တွင် တိုက်ပွဲ ဆက်ဖြစ်ပွားနေကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောသည်။

SNA နှင့် စစ်ကောင်စီတပ်များအခြေစိုက်ထားသည့် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များက စက်တင်ဘာ ၁၅ရက်က စတင် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

"တိုက်ပွဲဖြစ်နေတာ ဗန်းမောက်မှာ ဒီနေ့ရောဆို ၄ ရက်မြောက်ပါ။ ဗန်းမောက်မြို့ကတော့ တော်လှန်ရေး ပူးပေါင်းအဖွဲ့ပေါ့နော် ကသာခရိုင် တပ်ရင်း ၄ ခုရယ် နောက်တခြား အမှတ်(၁) စစ်ဒေသ အောက်က တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တိုက်ခိုက်နေတာပေါ့"ဟု ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မြို့သိမ်းစစ်ဆင်ရေးအတွင်း SNA ၏ ကာကင်းစခန်းအချို့ ရထားသည်ဟု ဆိုသည်။

" ဗန်းမောက်မှာကျတော့ အဓိက SNA နဲ့ စစ်ကောင်စီ ပူးပေါင်းလှုပ်ရှားနေတာ။ SNA က အများဆုံးဖြစ်မယ်။ စစ်ကောင်စီဘက်က တပ်မ (၇၇) ပူးပေါင်းပါဝင်နေတာပေါ့။ နောက်ပြီးတော့ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေရှိတယ်။ စဖြစ်တဲ့ ၁၅ရက်နေ့ နေ့ခင်းပိုင်းမှာ တိုက်တယ်။ လေကြောင်းတိုက်ခိုက်မှု စလုပ်တယ်။ ၁၆ ရက်နေ့မလုပ်ဘူး။ ၁၇ ရက်နေ့ နေ့ခင်း ၂ နာရီကျော်လောက်မှာ လေကြောင်း တိုက်ခိုက်မှု ပြန်လုပ်တယ်။ ဒီနေ့ (၁၈)ရက် မနက်ပိုင်းမှာလည်း လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု ၅ ကြိမ်လောက် ပြန်လုပ်တယ်လို့ သိရတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသော်လည်း စစ်ကောင်စီနှင့် SNAတပ်က မြို့ခံများအား စစ်ရှောင်ခွင့်မပေးဘဲ ပိတ်ဆို့ထားသည်ဟု ဆိုသည်။

"မြို့ခံတွေ အခြေအနေကတော့ မြို့ထဲက ထွက်ခွင့်မပေးဘူး။ မြို့တွင်းမှာပဲ ပိတ်ထားတယ်။ မြို့ဝင် မြို့ထွက် လမ်းတွေအားလုံး ပိတ်ဆို့ထားတယ်။ ပြည်သူတွေကို လုံး၀ ထွက်ခွင့်မပေးဘူး။ မြို့ထဲမှာ ဆိုရင် ပြည်သူတွေ လက်နက်ကြီး ထိမှန်သေဆုံးတာရှိတယ်။ ထိခိုက်ဒဏ်ရာရတာရှိတယ်"ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ပြည်သူများအား လူသားဒိုင်းအဖြစ် ပြုလုပ်ထားသည့် SNA နှင့် စစ်ကောင်စီတပ် လုပ်ရပ်သည် ဂုဏ်သိက္ခာမဲ့သည့် လုပ်ရပ်ဖြစ်ဟု ၎င်းက ဆိုသည်။

SNA နှင့် စစ်ကောင်စီတပ်သည် ဗန်းမောက်မြို့ပေါ်ထက် ဗန်းမောက်မြို့နယ် အနောက်ခြမ်း၌ SNA တပ်က ပိုမိုအားကောင်းစွာ ထိန်းချုပ်ထားဟု သတင်းရင်းမြစ်က ပြောသည်။

" အဓိကက အနောက်ခြမ်းတခြမ်းလုံးက SNA ထိန်းချုပ်ထားတဲ့နယ်မြေဆိုတော့ မြို့ရပြီးရင်တောင် SNA ရှိတဲ့ အနောက်ခြမ်းကို တိုက်ဖို့ လိုအပ်သေးတယ်။ မြို့ကို ရသွားတယ်ဆိုရင်တော့ ကိုယ့်ဘက်ကနယ်မြေတခု မြို့တခု ရသွားတယ်လို့ သတ်မှတ်လို့ရတယ်"ဟု ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမှတ်(၁) စစ်ဒေသတို့က သတင်းထုတ်ပြန်မှု တစုံတရာ မပြုလုပ်သေးပါဘူး။

သတင်း - People’s Spring

18/09/2025

ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်းကို အသေကြိတ်

ရှမ်းနီ၊ကဒူး၊ကနန်း လူမျိူးချင်းတွေ သွေးကွဲအောင်လုပ်ခဲ့တဲ့ 2021 အာဏာသိမ်း စစ်အာဏာရှင်
18/09/2025

ရှမ်းနီ၊ကဒူး၊ကနန်း လူမျိူးချင်းတွေ သွေးကွဲအောင်လုပ်ခဲ့တဲ့ 2021 အာဏာသိမ်း စစ်အာဏာရှင်

ဗန်းမောက်PDF နှင့် တော်လှန်ရေးတပ်ပေါင်းစုထံသို့  SNA တပ်မှ တပ်သားတစ်ဦး လက်နက်ယူဆောင်ပြီး အမှန်တရားဘက်သို့ ဘက်ပြောင်းခိုလ...
18/09/2025

ဗန်းမောက်PDF နှင့် တော်လှန်ရေးတပ်ပေါင်းစုထံသို့
SNA တပ်မှ တပ်သားတစ်ဦး လက်နက်ယူဆောင်ပြီး
အမှန်တရားဘက်သို့ ဘက်ပြောင်းခိုလှုံလာ။
NUG အစိုးရ ၊ဗန်းမောက်PDF က ဂုဏ်ပြုငွေ ၇၉သိန်းချီးမြှင့်။


#ဗန်းမောက်မြို့
Voice Of Mawlu- VOM

17/09/2025
ရှမ်းနီတိုင်းရင်းသားလူမျိုးတွေပါဝင်တဲ့ PDF+ KIA တပ်ပေါင်းစုတွေနှင့် ရှမ်းနီလူမျိုးကို ကိုယ်စားမပြုတဲ့ SNAတပ်၊စကစတပ်တို့ ...
17/09/2025

ရှမ်းနီတိုင်းရင်းသားလူမျိုးတွေပါဝင်တဲ့ PDF+ KIA တပ်ပေါင်းစုတွေနှင့် ရှမ်းနီလူမျိုးကို ကိုယ်စားမပြုတဲ့ SNAတပ်၊စကစတပ်တို့ ဗန်းမောက်မြို့မှာ တိုက်ပွဲဖြစ်ပွါးလျက်ရှိရာ ၃ရက်ထိရှိလာပြီဖြစ်ပါတယ် ။

17.9.2025
#ဗန်းမောက်မြို့ #မြို့သိမ်းတိုက်ပွဲ
Voice Of Mawlu- VOM ဗန်းမောက်မြို့

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Voice Of Mawlu- VOMผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์