16/05/2026
ထိတ်လန့်ဖွယ်! မက္ကဆန် Airport Rail Link ဘူတာအနီးမှာ ရထားနဲ့ ဘတ်စ်ကားတိုက်မိမှုဖြစ်ပြီး နောက်ဆုံးသတင်းအရ ေ သဆုံးသူ ၉ ဦး တွေ့ရှိထားပါတယ်။
၂၀၂၆ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ဘန်ကောက် Asok-Din Daeng လမ်း၊ မက္ကဆန် Airport Rail Link ဘူတာအနီး၌ အများပြည်သူသုံး ဘတ်စ်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းထောက်များက ဖော်ပြထားပါတယ်။
Phaya Thai မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်နေရာသို့ ရောက်ရှိစဉ် မီးလောင်မှု ပြင်းထန်နေပြီး ပေါက်ကွဲသံများလည်း အချိန်အခါအလိုက် ကြားနေရကြောင်း သိရပါတယ်။ ကနဦးသတင်းများအရ ရထားတစ်စီးက ဘတ်စ်ကား၊ ကားနှင့် ဆိုင်ကယ်များကို တိုက်မိခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရရှိထားသော သတင်းများအရ ေ သဆုံးသူ ၉ ဦး တွေ့ရှိထားပြီး ဒဏ်ရာရသူအများအပြားလည်း ရှိနေပါတယ်။ အသေးစိတ်အခြေအနေများကို ဆက်လက်တင်ပြသွားမည်ဖြစ်ပါတယ်။