Sxä Sxä မျှဝေမယ် သင်ယူမယ်

12/08/2025

ကျွန်မ အားနည်းချက်က
သူများတွေလို
ဟန်ဆောင်မပြုံးပြတတ်
ဟန်ဆောင် မဆက်ဆံတတ်တာပဲ
ဒီလူတစ်ယောက်ကို
ခင်လို့ ယုံကြည်တယ်ဆိုရင်လည်း
လုံးဝ အကြွင်းမဲ့ယုံကြည်တယ်
အဲ့လိုပဲ
စိတ်ခုသွားပြီဆိုရင်လည်း
ဟန်ဆောင်ပြုံးပြဖို့တောင်
ဝန်လေးသွားခဲ့တယ်
ဒါတွေကြောင့်ပဲ
ကျွန်မမှာ
အပေါင်းအသင်းနည်းတယ်

#သျှင်ယွန်း

 #ဒီအချက်_၅_ချက်ပါအောင်_ဘုရားရှိခိုးပါ🙏____________________________________ဒကာကြီးဘုရား🙏ဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြ...
30/07/2025

#ဒီအချက်_၅_ချက်ပါအောင်_ဘုရားရှိခိုးပါ🙏
____________________________________

ဒကာကြီး
ဘုရား🙏
ဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြည့်အောင် ကန်တော့ရဲ့လား-
မှန်ပါ တပည့်တော်လည်း ဘုရားရှိခိုးတာပဲ ဘုရား။
ဒါပေမယ့် အချက်( ၅ )ချက်ပြည့်အောင် ဘယ်လိုရှိခိုးရမလဲ ဆိုတာတော့ တပည့်တော် မသိပါဘုရား.....
အေး...ဒကာ သိအောင် ပြောပြမယ်...
( ၁ ) ဘုရား ၊ တရား ၊ သံဃာ၊ မိဘ ၊ ဆရာ တို့ကို အရင် ရှိခိုးဦးချ ကန်တော့ပါ။

( ၂ ) အပါယ် ဖျက်ရတယ်....
ဒီအချက်က လူတိုင်း မသိကြဘူး။
အပါယ်ဖျက်တာ လွယ်ပါတယ်။
လူတိုင်း မဖျက်တတ်ကြလို့ပါ...
ဘယ်လို ဖျက်ရမလဲ ဆိုတော့.....
"(ယခုဘဝ)ဘဝ အဆက်ဆက်က တော်စပ်ခဲ့ကြသော မိဘ ဘိုးဘွားများ ဆရာသမားများ
မပြစ်မှားအပ်သော ပုဂ္ဂိုလ်များ တို့ကို ပြစ်မှားမိသည်ရှိသော် ရှိခိုး ဝန်ချ တောင်းပန်ပါ၏။"
ဒီလို တောင်းပန်ရင် လောလောဆယ် ဒကာ့မှာ ပိတ်နေတဲ့ လာဘ်တွေပွင့်မယ်။
ပြီးတော့ ကားတိုက်လို့ပဲ ဖြစ်ဖြစ် ရေနစ်လို့ပဲ ဖြစ်ဖြစ် အစိမ်း မသေတော့ဘူး။
တောင်းပန်ရင်ဘာကြောင့်_ကျေလဲ_ဆိုတော့_
ဒီအကြောင်းကို ဒကာတို့ နားလည်အောင် ပြောရရင်
ကျော်ဟိန်းတောင် ရုပ်ရှင် ရိုက်ထားတဲ့
"ဒေါင်းယောင်ဆောင်သော__ကျီး"
ဇာတ်ကားမှာ လိုပေါ့.....
ရဟန္တာကို ပြစ်မှားလို့ ယောက်ျားက မိန်းမ ဖြစ်တာလေ။ မိန်းမ ဖြစ်တဲ့ ဘဝမှာပဲ ရဟန္တာကို တောင်းပန်လိုက်တော့ ယောက်ျား ပြန်ဖြစ်သွားတယ်။
ဒီမှာ ပြောချင်တာကအဲဒီယောက်ျား ပြစ်မှားတာကို ရဟန္တာတောင် မသိလိုက်ဘူး။ မနောကံနဲ့ ပြစ်မှားမိတာပါ။ ဒါကြောင့်ကိုယ်က သိလို့ပဲ ဖြစ်ဖြစ် မသိလို့ပဲ ဖြစ်ဖြစ် ကာယကံ၊ ဝစီကံ ၊ မနောကံ နဲ့ ပြစ်မှားမိတာကို တောင်းပန်ရပါမယ်။

( ၃ ) မိမိကိုယ်ကို_မေတ္တာ_ပို့ပါ_
ဒကာတို့ ကျန်းမာ၊ချမ်းသာမှ ဘုရားအလုပ် လုပ်နိုင်မယ်။ တရားအလုပ် လုပ်နိုင်မယ်။
အူမတောင့်မှ သီလ စောင့်နိုင်မှာလေ။

( ၄ ) ဒကာတို့_လုပ်နေကျအတိုင်း_
ပုတီးစိပ်၊
ဘုရားစာရွတ်
မေတ္တာပွား ပေါ့.....

( ၅ ) သစ္စာဆို_အမျှဝေပါ_
ဒီအချက်က ဒကာတို့ ပြုတဲ့ ကုသိုလ်ကောင်းမှုကို
သစ္စာဆို အမျှဝေရပါမယ်။ ဒကာတို့ ဘာကုသိုလ်ပဲ လုပ်လုပ် သစ္စာဆို အမျှဝေလို့ ရပါတယ်။
ဥပမာ_
ဘုရားပန်း လှူတာ ဖြစ်ဖြစ်၊
တိရစ္ဆာန်တွေကို အစာကျွေးတာပဲ ဖြစ်ဖြစ်၊ တခြား အလှူတွေလည်း သစ္စာဆို အမျှဝေလို့ ရပါတယ်။
ဘယ်လို_သစ္စာဆို_အမျှဝေရမှာလဲ_ဆိုတော့_
ဥပမာ_
"ကျွန်တော် ဘုရားပန်း တင်လှူပါတယ်။
ဤဘုရားပန်း တင်လှူတာ မှန်ကန်ပါတယ် ဆိုတာကို သစ္စာဆိုပါတယ်။
ဤ__သစ္စာစကား_မှန်ကန်ပါက_
ဘုရားပန်းတင်လှူသော ကုသိုလ်ကို အထက်ဘဝဂ် အောက်အဝီစိ အထိ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါ အပေါင်းတို့အား အမျှပေးဝေပါတယ် "
လို့ အမျှပေးလိုက်ပါ.....
ဒကာတို့ ပေးတဲ့ အမျှကို
လူ နတ် ဗြဟ္မာ သတ္တဝါ အပါယ်ဘုံသား အားလုံး ရပါတယ်။
ဒကာတို့ ပို့တဲ့ အမျှဝေခြင်းက
သူတို့အတွက် တန်ဖိုးကြီးပါတယ်။

ဒကာတို့ ဘာအခက်အခဲပဲ ဖြစ်ဖြစ် သူတို့က ကူညီပါတယ်။
ဒကာတို့ ပို့တဲ့ အမျှဝေခြင်း က
သူတို့အတွက် ( ၁ဝဝ )တန်ရင်
ဒကာတို့ကို ကူညီတာက သူတို့အတွက်( ၁ဝ )တန်လောက်ပဲ ရှိတာပါ။
ဒကာတို့ရဲ့ အခက်အခဲကို
သူတို့က ကူညီမှာပါ။

ဒကာတို့ ဘုရားရှိခိုးတာကို
ဒီအချက် ( ၅ )ချက်နဲ့ ကန်တော့ပါ။
ဒါဆို ဒကာ ဘုရားရှိခိုးတာ တတ်ပါပြီ။
မှန်ပါ- သာဓု သာဓု သာဓုပါ ဘုရား
🙏🙏🙏
ပါမောက္ခချုပ်ဆရာတော်

လူတစ်ယောက်ရဲ့ အတွေးဟာ သူ့ရဲ့ဘဝပါပဲ◾အတွေးဟာ စွမ်းအားရှိတယ်…ကောင်းတာတွေ တွေးတာများရင် ကောင်းတာတွေပိုလုပ်ဖြစ်မယ်… ကောင်းတဲ့...
15/07/2025

လူတစ်ယောက်ရဲ့ အတွေးဟာ သူ့ရဲ့ဘဝပါပဲ◾
အတွေးဟာ စွမ်းအားရှိတယ်…
ကောင်းတာတွေ တွေးတာများရင်
ကောင်းတာတွေပိုလုပ်ဖြစ်မယ်…
ကောင်းတဲ့အရာတွေနဲ့

ပိုအချိန်ကုန်ပါများတဲ့အခါမှာ
ကောင်းတဲ့ကံ ကောင်းတဲ့အရာနဲ့
ပျော်ရွှင်မှုတွေရမယ်လုပ်နိုင်တယ် ဆိုတဲ့
စွမ်းအား ခွန်အားတွေရမယ်…
Positive energyတွေပြည့်နှက်နေမယ်…
မကောင်းတာတွေ တွေးတာများရင်
မကောင်းတာတွေ ပိုလုပ်ဖြစ်မယ်…
မကောင်းတာ ပိုပြောဖြစ်မယ်…

Negative ဘက်ကိုရောက်စေတဲ့
အတွေးတွေ တွေးတာ များလာတဲ့အခါမှာ
သိမ်ငယ်စိတ်တွေဝင်မယ်…
ယုံကြည်မှုတွေ လျော့ကျမယ်…
ခွန်အားတွေ ကုန်ခမ်းမယ်…
တလောကလုံး ကိုယ်ကပဲ အထီးကျန်ဆုံး၊
ကိုယ်ကပဲကံအဆိုးဆုံးလို့ တွေးတတ်တဲ့အထိ
နစ်မွန်းနေတတ်ပါတယ်…

ဒါကြောင့်
ကိုယ့်အတွေးတွေကို ဂရုစိုက်ပါ…
အတွေးတွေဟာ စွမ်းအားရှိတယ်…
ကိုယ့်အတွေးနဲ့ကို ကိုယ့်ဘဝကိုနစ်မွန်းအောင်
လုပ်တဲ့သူ မဖြစ်ပါစေနဲ့…
ကိုယ့်အတွေးနဲ့ကို ကိုယ့်ဘဝကို
တိုးတတ်မြင့်မားအောင်လုပ်တဲ့သူပဲ ဖြစ်ပါစေ…

ကျေးဇူးပါ 💜💜💜

13/07/2025

အကြည်ဓါတ်ရှိတယ်ဆိုတာ
အတွင်းစိတ်နှလုံးက စိတ်ကောင်းရှိလို့
ရောင်ပြန်ဟပ်တဲ့ ကိုယ်ရှိန်ကိုယ်ဝါ တမျိုးပါပဲ ။

ရုပ်ချောတာ မချောတာ
ဈေးကြီးပစ္စည်းတွေ
ဝတ်နိုင်တာ မဝတ်နိုင်တာနဲ့ မဆိုင်ပါဘူး ။

🔹အမှန်တရားကိုမြင်တာ လက်ခံနိုင်တာ
🔹အကောင်းမြင်စိတ်ရှိတာ
🔹တရားမျှတစိတ်ရှိတာ
🔹ပေးကမ်းလိုစိတ်ရှိတာ
🔹ကိုယ်ချင်းစာစိတ်ကြီးတာ
🔹ကြင်နာသနားတတ်တာ
🔹တာဝန်ယူတတ်တာ
🔹အားလုံးကို ကောင်းစေချင်တာ
🔹ငြူစူစောင်းမြောင်းမှု ကင်းတာ
🔹စိတ်ရှင်းပြီး အထအန မကောက်တတ်တာ
🔹ပြိုင်ဆိုင်မှု မနာလိုမှုတွေ ကင်းတာ
🔹အော်ကြီးဟစ်ကျယ် ရန်မဖြစ်တတ်တာ
🔹နင်ပန်းငဆ မပြောတတ်တာ
🔹ကြမ်းတမ်းတဲ့ စကားတွေ မသုံးတတ်တာ
🔹အတင်းအဖျင်း မပြောတာ
🔹ကုန်းချောစကား မပြောတာ
🔹မဟုတ်တာလုပ်ရမှာ အရှက်အကြောက်ရှိတာ
🔹မိမိကြောင့် သူတပါး မနစ်နာစေတာ
🔹နိုင့်ထက်စီးနင်း မလုပ်တာ
🔹ကျေးဇူးတရားကို သိတတ်တာ
🔹ကိုယ်ကစပြီး ခွင့်လွှတ်တတ်တာတွေ ဖြစ်တယ် ။

တချို့လူတွေ
အဖိုးတန် (Branded)တွေဝတ်ထားပေမယ့်
🔸 စိတ်ကောင်းမရှိတာ
🔸 စိတ်ပုပ်တာ
🔸 မတရားအနိုင်ကျင့်တတ်တာ
🔸 မြေနိမ့်ရာလှံစိုက်တတ်တာ
🔸 မနာလိုစိတ် အားကြီးတာ
🔸 ကျေးဇူးမသိတတ်တာ
🔸 အထအနကောက် ငြင်းခုန်တတ်တာ
🔸 ငြူစူတတ်တာတွေကြောင့်

ဘယ်လိုပဲ အကုန်အကျများစွာ
ဝတ်စား ပြင်ဆင်ထားပါစေ ။
ပင်ကိုယ် စိတ်နှလုံး ရဲ့ အလင်းရောင် မရှိတော့...
အကြည်ဓါတ် မရှိပါဘူး....
(ကျက်သရေကင်းမဲ့ နေတတ်ပါတယ်)

🌸 စိတ်ရှင်းရင် မျက်နှာရှင်းမယ်..
🌸 စိတ်လှရင် လူလှမယ်....

26/06/2025

သီချင်းလေးကြိုက်လို့

19/06/2025

Happy Birthday ပါ အမေစု
အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေ ကျန်းမာပါစေ၊၊

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sxä Sxäผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์