Pyae Nyein Chan Software Engineer | Entrepreneur | Investor

ချင်းမိုင်မြို့နားမှာ တမူထူးခြားတဲ့ ခံစားမှုမျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ မယ်ကမ်ပုန် (Mae Kampong) ရွာလေးက အကောင်းဆုံးရ...
10/08/2025

ချင်းမိုင်မြို့နားမှာ တမူထူးခြားတဲ့ ခံစားမှုမျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ မယ်ကမ်ပုန် (Mae Kampong) ရွာလေးက အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။

အေးမြတဲ့ ရာသီဥတု၊ တောင်တန်းတွေနဲ့ စိမ်းစိုနေတဲ့ တောတောင်ရှုခင်းတွေကြားမှာ ငြိမ်းချမ်းစွာ အနားယူအပန်းဖြေဖို့အတွက် အကောင်းဆုံးနေရာလေးတစ်ခုပါ။

သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ မယ်ကမ်ပုန်ရွာလေးမှာ ၂ ရက်သာ တည်းခိုခဲ့ပြီးတော့ ခရီးဆက်လိုက်ပါဦးမယ်ဗျာ။

ဒီပုံဟာ ၁၈၇၆ ခုနှစ်က Samuel Benner ဆိုသူ တီထွင်ခဲ့တဲ့ Benner Cycle (ဘန်နာသံသရာ) ကို ပြသထားတာပါ။ Benner ဟာ စီးပွားရေးနဲ့ ...
03/08/2025

ဒီပုံဟာ ၁၈၇၆ ခုနှစ်က Samuel Benner ဆိုသူ တီထွင်ခဲ့တဲ့ Benner Cycle (ဘန်နာသံသရာ) ကို ပြသထားတာပါ။ Benner ဟာ စီးပွားရေးနဲ့ စျေးကွက်တွေဟာ ပုံစံတကျ လည်ပတ်နေတယ်လို့ ယုံကြည်ခဲ့ပြီး၊ အကျိုးအမြတ်ရရှိနိုင်မယ့် အချိန်ကာလတွေကို ခန့်မှန်းပြထားတာပါ။

Benner Cycle ရဲ့ အဓိက အဆင့် (၃) ဆင့် ရှိပြီး -

A. Panic Years (ကြောက်ရွံ့ထိတ်လန့်သောနှစ်): စီးပွားရေး ပြိုလဲမှုတွေ၊ ဈေးကွက် ပြိုကျမှုတွေ ဖြစ်ပေါ်တတ်တဲ့နှစ်တွေ (ဥပမာ - ၁၉၂၇၊ ၁၉၄၅၊ ၁၉၆၅၊ ၁၉၈၁၊ ၁၉၉၉၊ ၂၀၁၉)။ နောက်လာမယ့်နှစ်ကတော့ ၂၀၃၅ လို့ ပြသထားပါတယ်။

B. Years of Good Times, High Prices (ကောင်းမွန်သောနှစ်များ၊ ဈေးနှုန်းမြင့်မားသောကာလ): စီးပွားရေး ကောင်းမွန်ပြီး ဈေးနှုန်းတွေ မြင့်တက်တဲ့ကာလ။ ဒီအချိန်ဟာ စတော့ရှယ်ယာနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းမျိုးစုံကို ရောင်းချဖို့ အကောင်းဆုံးအချိန်ပါ (ဥပမာ - ၁၉၂၆၊ ၁၉၃၅၊ ၁၉၄၈၊ ၁၉၅၃၊ ၁၉၆၂၊ ၁၉၇၂၊ ၁၉၈၀၊ ၁၉၈၉၊ ၁၉၉၉၊ ၂၀၀၇၊ ၂၀၁၆)။ နောက်လာမယ့်နှစ်တွေကတော့ ၂၀၂၆၊ ၂၀၃၄၊ ၂၀၄၃၊ ၂၀၅၃ လို့ ပြသထားပါတယ်။

C. Years of Hard Times, Low Prices (ခက်ခဲသောနှစ်များ၊ ဈေးနှုန်းနိမ့်ကျသောကာလ): စီးပွားရေး ကျဆင်းပြီး ဈေးနှုန်းတွေ နိမ့်ကျတဲ့ကာလ။ ဒီအချိန်ဟာ စတော့ရှယ်ယာတွေ၊ မြေကွက်တွေ၊ ကုန်ပစ္စည်းတွေကို ဝယ်ယူပြီး စုဆောင်းထားဖို့ အကောင်းဆုံးအချိန်ပါ (ဥပမာ - ၁၉၂၄၊ ၁၉၃၁၊ ၁၉၄၂၊ ၁၉၅၁၊ ၁၉၅၈၊ ၁၉၆၉၊ ၁၉၇၈၊ ၁၉၈၅၊ ၁၉၉၆၊ ၂၀၀၅၊ ၂၀၁၂)။ နောက်လာမယ့်နှစ်တွေကတော့ ၂၀၂၃၊ ၂၀၃၂၊ ၂၀၃၉၊ ၂၀၅၀၊ ၂၀၅၉ လို့ ပြသထားပါတယ်။

လက်ရှိ ခန့်မှန်းချက်များအရ Benner Cycle က ၂၀၂၆ ခုနှစ် ဝန်းကျင်မှာ ဈေးကွက် ထိပ်ဆုံးရောက်မယ်လို့ ဆိုပြီးတော့၂၀၂၆ ကနေ ၂၀၃၂ ခုနှစ်အထိ "Hard Times" (ခက်ခဲသောနှစ်များ) ကာလ ဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီ Benner Cycle က အတိတ်က စီးပွားရေးဖြစ်ရပ်အချို့နဲ့ တိုက်ဆိုင်မှုတွေ ရှိခဲ့ပါတယ်။ ဥပမာ - ၁၉၂၉ ခုနှစ် စတော့ဈေးကွက် ပြိုလဲမှု (Great Depression) နဲ့၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းတွေဟာ တိုက်ဆိုင်မှု တခု ဖြစ်ခဲ့ပေမဲ့ လက်ရှိ ခေတ်သစ် စီးပွားရေးရဲ့ ရှုပ်ထွေးမှုတွေအားလုံးကိုတော့ ကိုယ်စားမပြုနိုင်ပါဘူး။

ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းဝင် လမ်းညွှန်တစ်ခုအနေနဲ့ "Save this card and watch it closely" ဆိုတဲ့အတိုင်း မှတ်သားထားသင့်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတိုင်းဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်လေ့လာမှုနဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာ မူတည်ပါတယ်ခဗျာ။

01/08/2025

ဘန်ကောက်ကနေ ၂ နာရီကြာမောင်းပြီး သွားခဲ့တဲ့ ချွန်ဘူရီရဲ့ Grand Canyon ပါ။

နှစ် ၄၀ ကျော် Bowser လက်ထဲက ကယ်တင်ပေးထားတာတောင် အဖြူရောင် သူငယ်ချင်းတဲ့။ 🙂‍↔️
31/07/2025

နှစ် ၄၀ ကျော် Bowser လက်ထဲက ကယ်တင်ပေးထားတာတောင် အဖြူရောင် သူငယ်ချင်းတဲ့။ 🙂‍↔️

Nintendo confirms Mario and Peach’s relationship status as ’just friends’

အခြား နေအဖွဲ့အစည်းက လို့ယူဆရတဲ့ interstellar အရာဝတ္ထု တခုက ကျွန်တော်တို့ နေအဖွဲ့အစည်းအတွင်းသို့ဝင်ရောက်လာတယ်လို့ နက္ခတ္တ...
30/07/2025

အခြား နေအဖွဲ့အစည်းက လို့ယူဆရတဲ့ interstellar အရာဝတ္ထု တခုက ကျွန်တော်တို့ နေအဖွဲ့အစည်းအတွင်းသို့ဝင်ရောက်လာတယ်လို့ နက္ခတ္တဗေဒ ပညာရှင်တွေ အပြင် NASA အပါအဝင် နိုင်ငံတကာ အာကာသ ဌာနတွေက တရားဝင်ကြေငြာထားပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ NASA ရဲ့ ATLAS (Asteroid Terrestrial-impact Last Alert System) တယ်လီစကုပ် ကနေ တဆင့် ချီလီမှာ ရှိတဲ့ Río Hurtado မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး နေအဖွဲ့အစည်းပြင်ပမှ ရောက်ရှိလာသည့် interstellar အရာဝတ္ထု Comet 3I/ATLAS (C/2025 N1) လို့ အမည်ပေးထားပါတယ်။

Comet 3I/ATLAS ဟာ ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်းသို့ တတိယမြှောက် ရောက်ရှိလာတဲ့နဂါးငွေ့တန်းမှ ဧည့်သည်တစ်ဦးဖြစ်ပြီးတော့ စကြဝဠာရဲ့ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်မလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ယာဥ်ပျံလား ၊ ကြယ်တံခွန်လားဆိုတာကတော့ အခုထိဘာမှမသိရသေးပါဖူး။

30/07/2025

❗️ဂျပန် နဲ့ ရုရှားမှာ ဆူနာမီ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ကမ်းရိုးတန်းနေသူတွေ သတိထားကြပါနော်။ ဆူနာမီ အမြင့်ဆုံး ၃မီတာ(၃၀၀စင်တီမီတာ)အထိရှိနိုင်ပါတယ်။

"I do not own the rights to this video. Credit goes to the original creator. I’m re-sharing it for educational and awareness purposes regarding natural disasters."

KO Chán SK  (ခတ္တထိုင်း) ဒီကောင်က လူလိမ်နော်။ CM page နဲ့ ငွေလွဲ လုပ်တယ်ဆိုပြီး လိုက်လိမ်နေတာပါ။ အားလုံး သတိထားလို့ ရအော...
26/07/2025

KO Chán SK (ခတ္တထိုင်း) ဒီကောင်က လူလိမ်နော်။ CM page နဲ့ ငွေလွဲ လုပ်တယ်ဆိုပြီး လိုက်လိမ်နေတာပါ။ အားလုံး သတိထားလို့ ရအောင် Sharing လုပ်ပေးတာပါ။ ထိုင်းဘက်က ငွေလွဲလက်ခံတဲ့ Thai Bank Account က Mr. Ye Htet Aung နာမည်နဲ့ပါ။ သူ့ရဲ့ Viber Phone က 09691161284 ပါ။
https://web.facebook.com/aung.kyaw.959065
Viber Phone Number : 09691161284

" XAU ကို Long ပြီး ၊ Bitcoin ကို Short ကြ " *Order filledImage credit to jakegagain.
21/06/2025

" XAU ကို Long ပြီး ၊ Bitcoin ကို Short ကြ "
*Order filled

Image credit to jakegagain.

တော်လိုက်တာကွာ . . . 100% Lost Rate System ကွ :3 🤣
18/05/2025

တော်လိုက်တာကွာ . . . 100% Lost Rate System ကွ :3 🤣

ငလျင်ကြောင့် ကြုံတွေ့နေရတဲ့ ပြည်သူတွေက ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာပါ အနစ်နာခံနေရတဲ့အတွက် သတင်းမှားတွေနဲ့ ပိ...
02/04/2025

ငလျင်ကြောင့် ကြုံတွေ့နေရတဲ့ ပြည်သူတွေက ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာပါ အနစ်နာခံနေရတဲ့အတွက် သတင်းမှားတွေနဲ့ ပိုပြီး ထိန့်လှန့်အောင် မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေ၊ ပုံဖျက်ပုံယွင်း သတင်းတွေ၊ ကိုယ်ထင်ရာမြင်ရာ ပြောကြတဲ့ စကားများ မျှဝေခြင်းက ကုန်စျေးနှုန်းတွေ ထိုးတက်ခြင်း ၊ Panic Buying များဖြစ်ပေါ်လာခြင်း နှင့် အစီအစဉ်မရှိတဲ့ အပြုအမူတွေ ဖြစ်ပေါ်နိုင်တာကြောင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

🔹 ငလျင်ကို မည်သူမှ အတိအကျ ကြိုသိနိုင်ခြင်း မရှိသေးပါ။
ယခုချိန်ထိ ကမ္ဘာပေါ်မှာ ငလျင်ကို တိတိကျကျ ကြိုတင်ခန့်မှန်းနိုင်တဲ့ နည်းပညာ မပေါ်သေး / မရှိသေးပါ။ ငလျင်ကြီးဖြစ်ပြီးနောက် Aftershock တွေဟာ တခါတလေ လများစွာ ကြာပြီးမှ ဖြစ်ပေါ်လာနိုင်တလို ၊ အင်အားမပြင်းတော့တဲ့ ငလျင်အသေးလေးတွေပဲ လာနိုင်ပါတယ်။ ဒါကြောင့် ရက်အတိအကျ၊ အချိန်အတိအကျ ဆိုပြီး ခန့်မှန်းထားတဲ့ သတင်းတွေကို မယုံကြည်ပါနဲ့။ Like/Comment/Share ခြင်းမပြုပါနဲ့။ Report လုပ်ခဲ့ကြပါ။

⚠ တစ်ဦးတစ်ယောက်၏ တာဝန်မဟုတ်ဘဲ လူမှုအသိုင်းအဝိုင်းအားလုံးအတွက် တာဝန်ရှိပါတယ်။ သတင်းအတုဖြန့်ဝေမှုတိုင်းက ပြည်သူလူထု အတွက် ဒုက္ခဖြစ်စေနိုင်တာကြောင့် သတိပြုစေလိုပါတယ်။ မှန်ကန်သောသတင်းများကိုသာ မျှဝေပေးကြဖို့ တိုက်တွန်းပါတယ်ဗျာ။ 🙏

သတင်းအမှား/အမှန် ဖော်ပြပေးသည့် page များ :
- https://www.facebook.com/dvbfactcheck
- https://www.facebook.com/realornot.mm
- https://www.facebook.com/myanmarfactcheckingnetwork

ငလျင် (Earthquake) နှင့်ပတ်သက်၍ အချိန်နှင့် တပြေးညီ စောင့်ကြည့်သင့်သည့် Application , Telegram ချန်နယ် နှင့် Website မျာ...
29/03/2025

ငလျင် (Earthquake) နှင့်ပတ်သက်၍ အချိန်နှင့် တပြေးညီ စောင့်ကြည့်သင့်သည့် Application , Telegram ချန်နယ် နှင့် Website များကို အောက်တွင် ဖော်ပြပေးထားပါတယ်။

pages :
ဆရာ Win Naing Page : https://www.facebook.com/uwinnaing

သတင်းအမှား/အမှန် ဖော်ပြပေးသည့် page များ :
- https://www.facebook.com/dvbfactcheck
- https://www.facebook.com/realornot.mm
- https://www.facebook.com/myanmarfactcheckingnetwork
################################################
Mobile Application :

My Earthquake Alerts - Map
- Android : https://play.google.com/store/apps/details?id=com.jrustonapps.myearthquakealerts&hl=en
- IOS : https://apps.apple.com/us/app/my-earthquake-alerts-feed/id975709372
################################################
Telegram Channel :
- https://t.me/mm_earthquake_alert
- https://t.me/mmQuakeInfo
################################################
Website :
- https://earthquake.usgs.gov/earthquakes/map/?currentFeatureId=us7000pnkj&extent=11.13529,79.60693&extent=29.47786,114.76318

Data for Myanmar (အပျက်အစီး data များ)
-https://docs.google.com/spreadsheets/d/1Qb1Xgx82vBVeVBXn02r5L8_5_bWNBGBYD7VGZ6hmAPQ

🚨 Aftershock အတွက် အားလုံး စိတ်ပူနေကြတာ မှန်ပေမဲ့ မလိုလားအပ်တဲ့ Panic Buying များ ၊ သတင်းအမှားများ Share ချင်း မပြုလုပ်ကြဖို့ နှင့် တယောက်နှင့်တယောက် အတက်နိုင်ဆုံး ကူညီကြဖို့မေတ္တာရပ်ခံပါတယ်ခဗျာ။ !

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အမေရိကန်သံရုံး ကနေ ဒီမနက် ထုတ်ပြန်ချက် တခု ထုတ်ပြန်ထားပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်န...
28/02/2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အမေရိကန်သံရုံး ကနေ ဒီမနက် ထုတ်ပြန်ချက် တခု ထုတ်ပြန်ထားပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနေ့ က ထိုင်းဘုရင့်အစိုးရက ယူဂျူးဘား (Uyghurs) ခေါ် ဝီဂါ မွတ်စလင် ဒုက္ခသည် ၄၅ ဦးကို တရုတ်နိုင်ငံသို့ ပြန်လွှတ်လိုက်ပါသည်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလဲ ထိုကဲ့သို့ တရုတ်ကို ပြန်ပို့ပြီး မကြာခင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ဖူးပါတယ်။ ဘန်ကောက်မြို့ရှိ အီရဝံ ဘုရားကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တရုတ်လူဦးရေ ၂၀ ဦးသေဆုံးပြီး ၁၂၅ ဦးဒဏ်ရာရရှိခဲ့ပါသည်။

ဒါကြောင့် ထိုင်းရောက် အမေရိကန် နိုင်ငံသားတွေ အနေနဲ့ လူစည်ကားရာ နေရာတွေကို မသွားဖို့ သံရုံးက သတိပေးချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဘန်ကောက်ရောက် မြန်မာ နိုင်ငံသားများလဲ ခရီးသွားရင်း သွားသတိ၊ လာသတိ ထားကြဖို့ တိုက်တွန်းပါသည်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Pyae Nyein Chanผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Pyae Nyein Chan:

แชร์