KIMO MEDIA Kimo Media (KM), A free, Independent and impartial media organization.

CDF ကန်ပက်လက် စစ်ဦးစီးချုပ်၏ မင်္ဂလာဆောင်တွင် ဗုံးကြဲ၊သေဆုံးသူ ၄ ဦး အသုဘနေချရာတွင် သေနတ်ပစ်မှုဖြစ်ပွားပြီး ပြည်သူနှစ်ဦး ...
26/10/2025

CDF ကန်ပက်လက် စစ်ဦးစီးချုပ်၏ မင်္ဂလာဆောင်တွင် ဗုံးကြဲ၊သေဆုံးသူ ၄ ဦး အသုဘနေချရာတွင် သေနတ်ပစ်မှုဖြစ်ပွားပြီး ပြည်သူနှစ်ဦး ထပ်သေဆုံး

==========

ကီမိုမီဒီယာ
အောက်တိုဘာလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မ (၂) ရပ်ကွက်ရှိ (၁၀) မိုင်ကုန်းဒေသ၌ ကျင်းပနေသော မင်္ဂလာဆောင်ပွဲတစ်ပွဲကို အကြမ်းဖက်စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် လေကြောင်းမှ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ လူ ၄ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူများထဲတွင် NLD လွှတ်တော်အမတ်ဟောင်း ဦးစံခင်၏ သား ဦးခင်မောင်ရင်အပါအဝင် အမျိုးသား ၃ ဦးနှင့် CDF-Kanpetlet ရဲမေ ၁ ဦး စုစုပေါင်း ၄ ဦး ပါဝင်ကြောင်း သတင်းရရှိသည်။

အဆိုပါ မင်္ဂလာပွဲသည် CDF-Kanpetlet စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်း၏ မင်္ဂလာပွဲဖြစ်ပြီး၊ စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဗုံးကြဲတိုက်ခိုက်မှုနောက်တစ်နေ့တွင် သေဆုံးသူများအား အသုဘချနေစဉ် "CDF-Kanpetlet ရဲ့ဘော် တစ်ယောက်က အရက်မူးပြီး သေနတ်ဖောက်ရာတွင် သေနတ်ကို မထိန်းနိုင်သဖြင့် ပြည်သူနှစ်ဦး သေဆုံးမှု ထပ်ဖြစ်ပွားခဲ့သည်'ဟု သိရသည်။

“အသုဘနေရာမှာ CDF-Kanpetlet ရဲ့ဘော် ဦးတမ်ဂေ က အရက်မူးပြီး သေနတ်မိုးပေါ်ထောင်ပြစ်တာ အဲ့မှာထောင်းပစ်တဲ့ သေနတ်မထိန်းနိုင်လို သေနတ် အောက်ကျ ခလုပ်ဆက်ဆွဲတော့ လူနှစ်ယောက်ထိပြီး သေဆုံးသွားတယ်။ တစ်ယောက်က ဆရာဦးချိုင်ထန်း၊ တစ်ယောက်က မမာစီး” ဟု ဒေသခံတစ်ဦးက ကီမိုမီဒီယာသို့ ပြောသည်။

သေဆုံးသွားသူနှစ်ဦးက အသက် ၂၉ နှစ်အရွယ် ကျောင်းဆရာ ဆရာဦးချိုင်ထန်း နှင့် အသက် ၁၈ နှစ်အရွယ် Grade−၁၀ တက်ရောက်နေသော ကျောင်းသူ
မမာစီး တို့ဖြစ်တယ် လိုသိရပါတယ်၊ မနေ့က အသုဘချတဲ့နေရာမှာ ကျောင်းသူမိန်းခလေး မမာစီး က ပွဲချင်းပြီးသေဆုံးသွားတယ် ဆရာချိုင်ထန်းက ဆောဆေးရုံရောက်ပြီးမှသေဆိုးတယ်" ဟု ဒေသခံတစ်ဦးမှ ဆက်ပြောသည်။

CDF-Kanpetlet တပ်ဖွဲ့က သေနတ်ပစ်ဖောက်သူ ဦးတမ်ဂေကို ဖမ်းထားတယ်လို့တော့ပြောတယ် ဘယ်လိုဆက်လုပ်တယ်ဆိုတာ မသိရသေးဘူး ဟုသူဆက်ပြောသည်။

ပုံစာ− သေနတ်ထိမှန်ပြီးသေဆုံးသွားသူများပုံ

#ကီမိုမီဒီယာသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အခြေစိုက် ချင်းမီဒီယာဖြစ်သည်။

25/10/2025

ကီမိုမီဒီယာ
အောက်တိုဘာလ ၂၅ရက်၊ ၂၀၂၅ခုနှစ်။

ချင်းညီနောင်အဖွဲ့ဝင် “CDF-Kanpetlet စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်း၏ မင်္ဂလာဆောင်ပွဲနေရာကို ဗုံးကြဲသွားနေရာကို ဗီဒီယိုဖိုင်ဖြင့်တွေရတာ။ သေဆုံးသူလေးဦးရှိပြီး ဒဏ်ရာရသူ ၁၅ ဦးထက်မနည်းပါဘူး။ တကယ်ဝမ်းနည်းစရာကောင်းပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

#ကီမိုမီဒီယာသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အခြေစိုက် ချင်းမီဒီယာဖြစ်သည်။

CDF ကန်ပက်လက် စစ်ဦးစီးချုပ်၏ မင်္ဂလာဆောင်ကို စစ်တပ်က ဗုံးကြဲ၊ ၄ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ===========ကီမိုမီဒီယာအ...
24/10/2025

CDF ကန်ပက်လက် စစ်ဦးစီးချုပ်၏ မင်္ဂလာဆောင်ကို စစ်တပ်က ဗုံးကြဲ၊ ၄ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ
===========

ကီမိုမီဒီယာ
အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့၊ မြို့မ (၂) ရပ်ကွက်ရှိ (၁၀) မိုင်ကုန်း မင်္ဂလာဆောင်ပွဲတစ်ပွဲကို စစ်ကောင်စီတပ်က ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ လူ ၄ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်း၏ မင်္ဂလာပွဲကျင်းပနေစဉ် အကြမ်းဖက်စစ်ကော်မရှင်မှ ဗုံးကြဲတိုက်ခိုက်မှုကို နှစ်ကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင်း NLD လွှတ်တော်အမတ်ဟောင်း ဦးစံခင်၏ သား ဦးခင်မောင်ရင်အပါအဝင် အမျိုးသား ၃ ဦးနှင့် CDF-Kanpetlet ရဲမေတစ်ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ချင်းညီနောင်အဖွဲ့ဝင် “CDF-Kanpetlet စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်း၏ မင်္ဂလာဆောင်ပွဲနေရာကို ဗုံးကြဲသွားတာပါ။ သေဆုံးသူလေးဦးရှိပြီး ဒဏ်ရာရသူ ၁၅ ဦးထက်မနည်းပါဘူး။ တကယ်ဝမ်းနည်းစရာကောင်းပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

"စစ်ချုပ်ရဲ့ မင်္ဂလာပွဲကို လာကြဲတာပါ။ ဖိတ်စာက အဲ့လိုဖြစ်မှာစိုးလို့ လိပ်စာတောင်မထည့်ဘူး၊ ဟိုရောက်ပြီး တစ်နေရာပြောင်းပြီး သွားကျင်းပကြတာတောင် ဖြစ်သွားတာ။ တကယ့် အတွင်းသတင်းပေးကြောင့်လို့ ယူဆရတယ်" လို့ နယ်မြေခံတစ်ယောက်က ပြောပါတယ်။ ဒဏ်ရာရသူများထဲတွင်လည်း ၅ ဦးခန့်မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရပြီး၊ အချို့ကို အနီးအနားရှိ ဆေးကုသခန်းများသို့ကုသနေကြသည်ဟု ဆိုသည်။

ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်းနှင့် မတမ်မြူးမံတို့၏ မင်္ဂလာအခမ်းအနားဖြစ်ပြီး၊ ၎င်းအခမ်းအနားသို့ ULA/AA တပ်မှူးတချို့နှင့် ချင်းတော်လှန်ရေးတပ် နှင့် ယောတော်လှန်ရေးတပ်မှ ခေါင်းဆောင်အချို့ တက်ရောက်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် CDf-Kanpetlet စစ်ဦးစီးချုပ် ဇနီးမောင်နှံ ထိခိုက်မှုရှိမရှိ မသိရသေးသလို တပ်ဖွဲ့အနေနဲ့ သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။

ပုံစာ− CDF ကန်ပက်လက် စစ်ဦးစီးချုပ်၏ မင်္ဂလာပွဲ ဖိတ်စာ

#ကီမိုမီဒီယာသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အခြေစိုက် ချင်းမီဒီယာဖြစ်သည်။

24/10/2025

ကီမိုမီဒီယာ
အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်။

မြောက်ဦးမြို့နယ်၊ ဘောင်းဒွတ်ကျေးရွာအနီးမှာ အောက်တိုဘာ ပထမအပတ်အတွင်းက ဖမ်းမိခဲ့တဲ့ ငှက် ဖြစ်ပါတယ်။

" ငှက်ကို ကလေးတွေက ဖမ်းမိလာတာ။ GPSပါတဲ့ စက်ကလေး ကျောကုန်းကနေလွယ်ပြီးတပ်ထားတာ။ တပ်တော်(AA)ကို အပ်လိုက်တယ်လို့ပြောကြတယ်"လို့ မြောက်ဦးဒေသခံက ပြောပါတယ်။

ဘယ်လိုငှက်အမျိုးအစားဆိုတာနဲ့ ခန္ဓာကိုယ်မှာတပ်ထားတဲ့ စက်ကိရိယာက ဘယ်လိုအသုံးပြုတယ်ဆိုတာကို မသိရှိရသေးဘူးလို့​ဒေသခံအချို့က​ပြောပါတယ်။
" ငှက်ရဲ့ခန္ဓာကိုယ်မှာ စကားပြောစက်၊ အသံဖမ်းစက်ကဲ့သို့ စက်ကိရိယာတွေ တပ်ဆင်ထားတာ တွေ့ရတယ်"လို့ ရခိုင်ဒေသတွင်းသတင်းထောက်တစ်ဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

မြောက်ဦးမြို့ဟာ AAထိန်းချုပ်ထားတဲ့မြို့ဖြစ်ပြီး စစ်ကောင်စီက လေယာဉ်နဲ့ကင်းထောက်တာ၊ ဒရုန်းအသုံးပြုကင်းထောက်နေတာတွေရှိလို့ အခုတွေ့တဲ့ငှက်ကိုလည်း ကင်းထောက်ငှက်ဖြစ်မှာကို ဒေသခံတွေကစိုးရိမ်ခဲ့ကြပါတယ်။

Video- Crd Nyein Khine

#ကီမိုမီဒီယာသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အခြေစိုက် ချင်းမီဒီယာဖြစ်သည်။

စစ်ကော်မရှင်တပ်၏ အကြမ်းဖက်မှုများကြောင့် စစ်ကိုင်းနှင့် ချင်းဒေသအတွင်း အမျိုးသမီးများ လုံခြုံရေးလျော့နည်းလာ=============...
21/10/2025

စစ်ကော်မရှင်တပ်၏ အကြမ်းဖက်မှုများကြောင့် စစ်ကိုင်းနှင့် ချင်းဒေသအတွင်း အမျိုးသမီးများ လုံခြုံရေးလျော့နည်းလာ
=============

ကီမိုမီဒီယာ
အောက်တိုဘာ ၂၁ ရက်၊၂၀၂၅ ခုနှစ်

စစ်ကော်မရှင်တပ်၏ အကြမ်းဖက်လှုပ်ရှားမှုများကြောင့် စက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်များတွင် အမျိုးသမီးများ၏ ဘေးကင်းလုံခြုံမှု မရှိတော့သည့်အပြင် ကိုယ်စိတ်နှစ်ပါးဒဏ်ရာများ ခံစားနေရကြောင်း “Women for Justice” အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်းထုတ်ပြန်ချက်အရ၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် မုဒိန်းကျင့်သတ်ဖြတ်မှုများ ပိုမိုတိုးလာပြီး၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများလည်း ပြင်းထန်လာနေတယ်ဟု ဖော်ပြထားသည်။

စက်တင်ဘာလအထိ စစ်ကိုင်းနှင့် ချင်းဒေသအတွင်း ဂျန်ဒါအခြေပြုအကြမ်းဖက်မှု စုစုပေါင်း ၅၈ ခံဖြစ်ပွားခဲ့ပြီး၊ ၎င်းအမှုများထဲမှ အမှု (၆) ခုကို စက်တင်ဘာလအတွင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ အဲဒီအမှုများထဲတွင် ကာမလိမ်လည်မှု (၃) ခု၊ အိမ်တွင်းအကြမ်းဖက်မှု (၃) ခုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (၁) ခု ပါဝင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကော်မရှင်တပ်မှ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု (၉) ကြိမ် ပြုလုပ်ခဲ့ပြီး၊ ထိုတိုက်ခိုက်မှုများကြောင့် အရပ်သား (၃၄) ဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သေဆုံးသူများအနက် အများစုမှာ အမျိုးသမီးများဖြစ်ကြပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် နေအိမ်မီးရှို့မှုများလည်း တပြိုင်နက်ဖြစ်ပွားခဲ့ကြောင်း ဆိုပါသည်။

လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်းမှ စစ်ဆင်ရေးများကို စစ်ကိုင်းတိုင်းဒေသကြီး၏ ပုလဲ၊ ကနီ၊ မုံရွာ၊ ဆားလင်းကြီး၊ ရွေဘိုနှင့် ကလေးမြို့နယ်များတွင် တင်းတင်းထန်ထန် ဆောင်ရွက်နေသဖြင့် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် သေဆုံးမှုအများအပြား ဖြစ်ပွားနေကြောင်းလည်း ဖော်ပြထားသည်။

ထိုအပြင် ဒေသခံပြည်သူတော်တော်များစွာ နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အမိုးအကာ၊ ဆေးဝါးနှင့် တကိုယ်ရည်အသုံးအဆောင်ပစ္စည်းများ ချို့တဲ့နေကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာဒေသများအတွင်းရှိ ဆေးရုံများနှင့် စာသင်ကျောင်းများကို လည်း ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်နေကြောင်းဖြစ်ပါသည်။

#ကီမိုမီဒီယာသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အခြေစိုက် ချင်းမီဒီယာဖြစ်သည်။

#ကီမိုမီဒီယာသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အခြေစိုက် ချင်းမီဒီယာဖြစ်သည်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က စစ်ကော်မရှင်လေတပ်က  စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက် ==========ကီမိုမီဒီယာအောက်တိုဘာလ ၂၁ ...
21/10/2025

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က စစ်ကော်မရှင်လေတပ်က စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်
==========

ကီမိုမီဒီယာ
အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။

ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ဇာထာလ် (Zathal) ကျေးရွာအတွင်းရှိ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်အဖွဲ့က ဒီကနေ့ မနက် ၁ နာရီဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း ဆဲန်ထန်ကောင်စီ (Senthang Central Council) က ထုတ်ပြန်ထားသည်။

ဆဲန်ထန်ကောင်စီ၏ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်လေတပ်သည် ဇာထာလ်ကျေးရွာ စာသင်ကျောင်းကို ပစ်မှတ်ထားကာ မနက် ၁၂ နာရီ ၅၅ မိနစ်တွင် တစ် ကြိမ်၊ နေ့လည် ၁ နာရီတွင် ထပ်မံတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဆဲန်ထန်ကောင်စီက “ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ ပေါ် ဗုံးကြဲတိုက်ခိုက်ခြင်းကဲ့သို့သော လိုက်နာရန်မဖြစ် သည့် အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်သည်” ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကော်မရှင်တပ်သည် မည်သည့်နည်းဖြင့်မဆို ၎င်းတို့၏ တရားမဝင်ရွေးကောက်ပွဲအစီအစဉ်ကို အောင်မြင်စေရန် ကြိုးပမ်းနေပြီး ပြည်သူလူထုအပေါ် ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှုများကို ဆက်လက်ကျူးလွန်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆဲန်ထန်ကောင်စီကလည်း ပြည်သူများအား စစ်ကော်မရှင်၏ ရွေးကောက်ပွဲအစီအစဉ်များတွင် မပါဝင်ရန်၊ စာသင်ကျောင်းများကို လုံခြုံရေးအတွက် အချိုးအကွာနဲ့ ပိတ်ထားရန်နှင့် လူစုလူဝေးပွဲများကို ရှောင်ကြဉ်ရန် တိုက်တွန်းခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် အောက်တိုဘာ ၁၃ ရက်နေ့တွင် ဟားခါးမြို့နယ် ဗန်ဟားကျေးရွာရှိ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အမှုအပေါ် ဆက်လက်ဖြစ်ပွားသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။ ထိုအခါ ကျောင်းသား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#ကီမိုမီဒီယာသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အခြေစိုက် ချင်းမီဒီယာဖြစ်သည်။

ထိုင်းနိုင်ငံ မဟာချိုင်တွင် တရားမဝင်နေထိုင်နေသူ မြန်မာနိုင်ငံသား ၁၃၀ ကျော် ဖမ်းဆီးခံရ==========ကီမိုမီဒီယာအောက်တိုဘာလ ၁၇...
17/10/2025

ထိုင်းနိုင်ငံ မဟာချိုင်တွင် တရားမဝင်နေထိုင်နေသူ မြန်မာနိုင်ငံသား ၁၃၀ ကျော် ဖမ်းဆီးခံရ
==========

ကီမိုမီဒီယာ
အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၅ ခုနှစ်။

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် တရားမဝင်နေထိုင်နေကြသည်ဟုဆိုပြီး မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို ထိုင်းလုံခြုံရေးအဖွဲ့များမှ ဖမ်းဆီးခဲ့ကြောင်း စမွတ်စခွန်ခရိုင် ပြန်ကြားရေးဌာနနှင့် MHAC မဟာမိတ်အဖွဲ့မှ သိရသည်။

ဖမ်းဆီးမှုဖြစ်ပွားသည့်အချိန်မှာ အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းဖြစ်ပြီး စမွတ်စခွန်မြို့ ခုတ်ခန်းဒေသရှိ အဆောက်အအုံတစ်ခုတွင် တရားမဝင်နေထိုင်နေသော မြန်မာများကို ထိုင်းလဝကနှင့် ပူးပေါင်းအဖွဲ့များက စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြသည်။

စစ်ဆေးစဉ်တွင် ဖမ်းဆီးခံရသူများအနက် အချို့တွင် နိုင်ငံကူးလက်မှတ်ရှိသော်လည်း ဗီဇာတုံး သက်တမ်းကုန်ဆုံးပြီးဖြစ်ကြောင်း၊ အချို့တွင် စာရွက်စာတမ်းများ လုံးဝမရှိကြောင်း သိရသည်။ ဖမ်းဆီးခံရသူ စုစုပေါင်း ၁၃၁ ဦးရှိကြောင်း မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသည့် MHAC မဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုရဲမင်း က လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

ဒေသခံသတင်းအရ မြန်မာနိုင်ငံသားများကို စက်ရုံအလုပ်ဝင်ရန်အတွက် ပွဲစားများက မဟာချိုင်ဒေသရှိ နေအိမ်များတွင် ခေတ္တစောင့်ခိုနေစေရန် ညွှန်ကြားထားပြီးနောက် ပွဲစားများ ပြန်မလာတော့သောကြောင့် အခြေအနေ ပိုမိုမူမမှန်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူအချို့က စက်ရုံအလုပ်ရရှိရေးအတွက် ပွဲစားများအား ဘတ် (၄၀,၀၀၀) အထိ ပေးချေခဲ့ကြောင်းလည်း ထွက်ဆိုထားသည်။ ထိုသူများသည် ရနောင်း၊ ကန်ချနဘူရီနှင့် တာခ့်ခရိုင်များမှ တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်လာသူများဖြစ်ကြောင်း ဆိုသည်။
လက်ရှိအချိန်တွင် ဖမ်းဆီးခံရသူများအား စမွတ်စခွန်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်ပြီးနောက် နေရပ်ပြန်ပို့မည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းဘက်သက်ဆိုင်ရာအာဏာပိုင်များကလည်း တရားမဝင်နေထိုင်သူများအား ကူညီပို့ဆောင်မှုတွင် ပါဝင်သူများအပေါ် ဥပဒေအရ ဆက်လက်အရေးယူမည်ဟု ပြောကြားထားသည်။

ဓာတ်ပုံ - Crd

#ကီမိုမီဒီယာသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အခြေစိုက် ချင်းမီဒီယာဖြစ်သည်။

16/10/2025

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနယ်မြေကို လူမျိုးစုပိုင် မဟုတ်ဘဲ နိုင်ငံတော်ပိုင်ဖြစ်သည်ဟု CNDP - ဥက္ကဌပြော
==========

ကီမိုမီဒီယာ
အောက်တိုဘာလ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့်ပတ်သက်၍ ချင်းနှင့် ရခိုင်အဖွဲ့အစည်းများအကြား နယ်နမိတ်ပိုင်နက် အငြင်းပွားမှုများ အပေါ်တွင် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ဥက္ကဌ ဦးဇိုဇမ်က “နယ်မြေကို လူမျိုးစုပိုင်အဖြစ် မဟုတ်ပဲ နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်သင့်” ဟု ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၅ ရက်နေ့ ယနေ့တွင် နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာသော ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ(CNDP) ဥက္ကဌ ဦးဇိုဇမ်မှ ပလက်ဝအကြောင်း ဖြေကြားခြင်းဖြစ်သည်။

CNDP ဥက္ကဌ ဦးဇိုဇမ်က “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် နယ်မြေပိုင်ဆိုင်မှုဟာ လူမျိုးစုတစ်ခုချင်းစီနဲ့သာမသက်ဆိုင်ပါဘူး။ အစိုးရတွေကလည်း အချို့ကာလအတွင်း ပြောင်းလဲနိုင်ကြတာကြောင့် နယ်မြေတွေဟာ နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်သင့်ပါတယ်” ဟုဆိုခဲ့သည်။

ပလက်ဝဒေသနှင့်ပတ်သက်ပြီး ချင်းလက်နက်ကိုင်ခေါင်းဆောင်များနှင့် အရက္ခတပ်တော် (AA) တို့အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် နယ်မြေပိုင်ဆိုင်မှုသည် လူမျိုးစုတစ်ခုတည်းနှင့် မသက်ဆိုင်ဘဲ အစိုးရများ မကြာခဏ ပြောင်းလဲနေသည့်အတွက် နိုင်ငံတော်အချုပ်အခြာ အာဏာပိုင် နယ်မြေများဖြစ်ကြောင်း ပြောသည်။

“ရခိုင်ပြည်ပဲဖြစ်ဖြစ်၊ ချင်းပြည်ပဲဖြစ်ဖြစ် ဖက်ဒရယ်တည်ဆောက်မယ်ဆိုရင် နယ်မြေတွေဟာ ကိုယ်ပိုင်မဟုတ်တော့ဘူး။ ပလက်ဝကလည်း ဘယ်သူပိုင်လဲဆိုတာထက် တကယ်တမ်းက ဗဟို၊ နိုင်ငံတော်ပိုင်နယ်မြေဖြစ်တယ်” ဟုပြောသည်။

ဦးဇိုဇမ်က နောက်ထပ်အဖြစ်အပျက်များအပေါ်တွင်လည်း “ပလက်ဝကိစ္စကို ပဋိပက္ခဖြစ်စရာ မလိုဘဲ၊ပလက်ဝမှာ ဘယ်သူပဲနေနေ နေထိုင်သူများကသာပိုင်ဆိုင်သည် " ဟု ပြောသည်။

Video-VOM

#ကီမိုမီဒီယာသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အခြေစိုက် ချင်းမီဒီယာဖြစ်သည်။

15/10/2025

ဖလမ်းတိုက်ပွဲအတွင်း လွတ်မြောက်သွားသည့် စစ်သုံ့ပန်းများကို အိန္ဒိယစစ်တပ်ဖွဲ့မှ စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်း

==========

ကီမိုမီဒီယာ
အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲများအတွင်း CNO/CNDF တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများထဲမှ အိန္ဒိယဘက်သို့ ထွက်ပြေးသွားသူ (၂၀) ကျော်ကို အိန္ဒိယအာသံရိုင်ဖယ်တပ်ဖွဲ့မှ စစ်ကော်မရှင်တပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

လွှဲပြောင်းခံရသော စစ်သုံ့ပန်းများမှာ CNDF ဌာနချုပ်တွင် ထိန်းသိမ်းခံထားရသူများဖြစ်ပြီး၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ် (CDF-Hualngoram) နှင့် မဟာမိတ်တပ်ဖွဲ့များက CNDF ဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်သည့်အချိန်တွင် လွတ်မြောက်ထွက်ပြေးခဲ့သူများဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်သုံ့ပန်းများကို ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်ရှိ Saikhumphai ကျေးရွာမှ ရဟတ်ယာဉ်ဖြင့် မိုးရေမြို့သို့ ပို့ဆောင်ခဲ့ပြီး၊ ထို့နောက် မိုးရေမှတစ်ဆင့် တမူးမြို့နယ် နယ်စပ်ဂိတ်မှ စစ်ကော်မရှင်တပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။

ရုပ်သံ-စစ်သုံ့ပန်းများကို အိန္ဒိယစစ်တပ်မှ ရဟတ်ယာဉ် ဖြင့်ခေါ်ထုတ်သွားစဉ်။(CRD)

#ကီမိုမီဒီယာသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အခြေစိုက် ချင်းမီဒီယာဖြစ်သည်။

ချင်းပြည်နယ် ဟားခါးမြို့နယ် Vanha  ကျေးရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်========ကီမိုမီဒီယာအောက်တိုဘာလ ၁၃ ရက်၊...
13/10/2025

ချင်းပြည်နယ် ဟားခါးမြို့နယ် Vanha ကျေးရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်

========

ကီမိုမီဒီယာ
အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ Vanha (ဗန်ဟာ) ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲအချိန်တွင် လေယာဉ်များဖြင့် (၂) ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး၊ ဗုံးများသည် Vanha ကျေးရွာရှိ စာသင်ကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါသည်။

တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနှင့် ဒဏ်ရာရသူများ ရှိကြောင်း သိရှိရသည် သေဆုံးသူ ကျောင်းသား ၂ ဦး နှင့် ဒဏ်ရာရသူလည်းရှိတယ်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအပါအဝင် ကျေးရွာအနီးရှိ အဆောက်အအုံအချို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။
သက်ဆိုင်ရာအဖွဲ့အစည်းများမှ ထိခိုက်ဒဏ်ရာရသူများအတွက် ကယ်ဆယ်ရေးအကူအညီများ ပေးဆောင်နေကြသည်ဟု ထပ်မံသိရှိရပါသည်။

Update ရရှိသည် ဟားခါးမြို့ဒေသခံတစ်ဦးက “ သေတာက ကျောင်းသား ၂ ယောက်သေတယ်လို့ ပြောကြတယ် ထိခိုက်ဒဏ်ရာရတာလည်း များတယ်လို့ ပြောတယ် အတိအကျတော့ ကျနော်လည်း မသိဘူး” လို့ပြောပါတယ်။

Vanha ကျေးရွာက စာသင်ကျောင်းကို စစ်အုပ်စုက ဂျက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့လို့ စာသင်နေတဲ့ ကျောင်းသား ၂ ဦး သေဆုံးခဲ့ပြီး ကျောင်းသား၊ ဆရာ၊ ဆရာမ တွေလည်း ထိခိုက်ဒဏ်ရာရခဲ့တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Photo- Crd

#ကီမိုမီဒီယာသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အခြေစိုက် ချင်းမီဒီယာဖြစ်သည်။

မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာ စာသင်ကျောင်းတွင် စစ်တပ်ဗုံးကျပြီး ကျောင်းသား ၃ ဦးအပါအဝင် လူ ၄ ဦးသေဆုံး============ကီမိ...
09/10/2025

မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာ စာသင်ကျောင်းတွင် စစ်တပ်ဗုံးကျပြီး ကျောင်းသား ၃ ဦးအပါအဝင် လူ ၄ ဦးသေဆုံး
============

ကီမိုမီဒီယာ
အောက်တိုဘာလ ၉ ရက်၊ ၂၀၂၅ ခုနှစ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် အောက်တိုဘာ ၈ ရက်ညပိုင်းတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထင်ချောင်းကျေးရွာရှိ စာသင်ကျောင်းဝင်းထဲသို့ ဗုံးကျရောက်ပေါက်ကွဲပြီး အထက်တန်းကျောင်းသား ၃ ဦးအပါအဝင် လူစုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များမှ အတည်ပြုသတင်းရရှိသည်။

စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုသည် မနေ့ အောက်တိုဘာ ၈ ရက် ညနေပိုင်းတွင် RC ဘုရားကျောင်း (ကျောင်းဝင်းအတွင်း ညအချိန်စာစုကျက်နေရာ) ပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးခန့် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။ မြေပြင်သတင်းရင်းမြစ်တစ်ဦးက “သေဆုံးသူတွေထဲမှာ Grade 11 နဲ့ Grade 12 ကျောင်းသား သုံးဦးပါဝင်တယ်။ နောက်တစ်ဦးကတော့ ကျောင်းဝင်းအတွင်း နေထိုင်တဲ့ မသန်စွမ်းအမျိုးသမီးတစ်ဦးဖြစ်တယ်” ဟု ပြောသည်။

လေကြောင်းဗုံးကျရောက်မှုကြောင့် RC ဘုရားကျောင်းနှင့် ပတ်ဝန်းကျင်အဆောက်အဦများ ပျက်စီး ခဲ့ပြီး၊ ဒေသခံများအနေနဲ့ ထပ်မံဗုံးကျနိုင်မှုအတွက် စိုးရိမ် နေကြသည်ဟု သိရသည်။ မင်းတပ်မြို့နယ်တွင်လည်း အောက်တိုဘာ ၄ ရက်နေ့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး၊ ဟိုတယ်ဇုန်အနီး တွင် ဗုံး ၂ လုံးကျရောက်ကာ ဒေသခံတစ်ဦး ဒဏ်ရာရခြင်းနှင့် နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့ကို ချင်းကာကွယ်ရေးတပ် (CDF-Mindat) နှင့် မဟာမိတ်တပ်များက ၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင် သိမ်းပိုက်ထား ကြသည်။

ဓာတ်ပုံ - CDF Mindat

#ကီမိုမီဒီယာသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အခြေစိုက် ချင်းမီဒီယာဖြစ်သည်။

ACDF တပ်ဖွဲ့ဝင်နှစ်ဦး မြင့်မြတ်စွာကျဆုံး==============ကီမိုမီဒီယာအောက်တိုဘာလ ၈ ရက်၊ ၂၀၂၅ ခုနှစ်။အရှိုချင်းကာကွယ်ရေးတပ်(A...
08/10/2025

ACDF တပ်ဖွဲ့ဝင်နှစ်ဦး မြင့်မြတ်စွာကျဆုံး

==============

ကီမိုမီဒီယာ
အောက်တိုဘာလ ၈ ရက်၊ ၂၀၂၅ ခုနှစ်။

အရှိုချင်းကာကွယ်ရေးတပ်(ACDF) တပ်ဖွဲ့ဝင်နှစ်ဦး ရှေ့တန်းတစ်နေရာတွင် မြင့်မြတ်စွာကျဆုံးသွားကြောင်း ယနေ့ အောက်တိုဘာလ ၈ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ယမန်နေ့ အောက်တိုဘာလ ၇ရက်နေ့တွင်
ဆလိုင်းဘိုဘို ကိုယ်ပိုင်အမှတ် (ACDF - 0173)နှင့် ဆလိုင်းပြည့်စုံအောင် ကိုယ်ပိုင်အမှတ် (ACDF - 0151)တို့နှစ်ဦးသည် အရှိုချင်းကာကွယ်ရေးတပ်(ACDF)မှ ပေးအပ်သည့် တာဝန်များကိုထမ်းဆောင်ရင်း ကျဆုံးခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ကျဆုံးသွားသည့် ရဲဘော်နှစ်ဦးကို အရှိုအမျိုးသားသူရဲကောင်းအဖြစ် လေးမြတ်စွာအလေးပြုကြောင်းနှင့် မပြီးဆုံးသေးသည့် ရည်မှန်းချက်ပန်းတိုင်အတွက် အရှိုချင်းကာကွယ်ရေးတပ်(ACDF) အနေဖြင့် ဆက်လက်တိုက်ပွဲဝင်မည်ဟုဆိုသည်။

ပုံစာ - ရှေ့တန်းတွင် ကျဆုံးသွားသော ဆလိုင်းဘိုဘိုနှင့် ဆလိုင်းပြည့်စုံအောင် တို့ကိုတွေ့ရစဉ်။

#ကီမိုမီဒီယာသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် အခြေစိုက် ချင်းမီဒီယာဖြစ်သည်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KIMO MEDIAผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์