Potato Share ပုံပြင်လေးအတူတူ နားထောင်ကြရအောင်
အားလုံး Like and Share လုပ်ပေးပါဦနော်

26/09/2025

လူဝံကလေးတို့ မောင်ပျော်ရွှင် နှင့် မောင်ဖိုးလျှောက်တို့၏ စွန့်စားခန်း (ကလေး အကြိုက် ပုံပြင်)

28/07/2025

Uuhai တီးဝိုင်း၏ သမိုင်းကြောင်းနှင့် ထူးခြားသော ဟွန်နူးရော့ခ်

Uuhai ၏ “Beginning” သီချင်းဗီဒီယို ဖော်ပြချက်

မွန်ဂိုလီးယားနိုင်ငံမှ Uuhai တီးဝိုင်း၏ “Beginning” ဗီဒီယိုသည် ဟွန်နူးရော့ခ်၏ စွမ်းအင်နှင့် မွန်ဂိုလီးယားယဉ်ကျေးမှုကို ပေါင်းစပ်ထားသည်။ မွန်ဂိုလီးယား၏ မြက်လွင်ပြင်နှင့် တောင်တန်းများ၏ ရှုခင်းများတွင် ရိုက်ကူးထားပြီး တီးဝိုင်းအဖွဲ့ဝင်များသည် ရိုးရာဝတ်စုံဖြစ်သည့် ဒီးလ်နှင့် မိုရင်ခူးရ်၊ တော့ရှူးရ်တို့ဖြင့် ဖျော်ဖြေထားသည်။ လျှပ်စစ်ဂစ်တာနှင့် ဒရမ်များသည် လည်ချောင်းသံဖြင့် သီဆိုမှုနှင့် ပေါင်းစပ်ကာ စွမ်းအင်ပြည့်ဝသည်။ ဗီဒီယိုတွင် မွန်ဂိုလီးယားစစ်သည်များ၊ မြင်းစီးခန်းများနှင့် ရိုးရာအကများပါဝင်ပြီး “hoo-rah” အော်ဟစ်သံဖြင့် ယဉ်ကျေးမှုဂုဏ်ယူမှုကို ဖော်ညွှန်းသည်။ အင်္ဂလိပ်စာတန်းထိုးများပါရှိပြီး ပရိသတ်ကို မွန်ဂိုလီးယားဝိညာဉ်ထဲသို့ ဆွဲဆောင်သည်။

Big shout out to my newest top fans! 💎 Ko Kyaw, Daw Mar Tin, Thu Zar Wai, အိ အိ ခိုင်, Myatpan Hmon, Chit Paw, အမုန်းမဲ့...
17/07/2025

Big shout out to my newest top fans! 💎 Ko Kyaw, Daw Mar Tin, Thu Zar Wai, အိ အိ ခိုင်, Myatpan Hmon, Chit Paw, အမုန်းမဲ့ ချစ်ခြင်း, Daw Kyu Kyu Sein

Drop a comment to welcome them to our community,

 #ထိုင်းဘဏ်ကို  #သုံးနေသူများ  #ဘဏ်နဲ့ပတ်သက်ပြီးသတင်းတွေကို အမြန်ဆုံး သိနိုင်ဖို့အတွက်မိမိတို့ သုံးနေတဲ့ ဘဏ်အမျိုးအစားမျ...
14/07/2025

#ထိုင်းဘဏ်ကို #သုံးနေသူများ #ဘဏ်နဲ့ပတ်သက်ပြီး
သတင်းတွေကို အမြန်ဆုံး သိနိုင်ဖို့အတွက်
မိမိတို့ သုံးနေတဲ့ ဘဏ်အမျိုးအစားများကို
Following လုပ်ထားကြမယ်နော်။

Krungsri Bank ကုံးစီဘဏ်
https://www.facebook.com/share/19PjyqPWgM/

Bangkok Bank ဘန်ကောက်ဘဏ်
https://www.facebook.com/share/171UJFxFGV/

SCB Bank ထိုင်ဖန်နစ်ဘဏ်
https://www.facebook.com/share/1Av91XqgEE/

Kasikorn Bank ကာစီကွန်ဘဏ်
https://www.facebook.com/share/14NPLohvrqc/

Krungthai Bank ကုံးထိုင်းဘဏ်
https://www.facebook.com/share/1JENnCbD5U/

ttb Bank တီတီဘီဘဏ်
https://www.facebook.com/share/15KHphmro4/

Credit by Ye Linn Naing

#ဆော့ဝဲလမ်းညွှန်
#ကုံးထိုင်းဘဏ်

#ကာစီကွန်ဘဏ် #ထိုင်းဘဏ် #ဘဏ်
#ထိုင်း #ပိုက်ဆံ

ငါးဇင်ရိုင်းတွေ - ပေါပြီဆို - ဖြိုးတို့တစ်ရပ်ကွက်လုံးကတော့ - ဘယ်အိမ်မေးမေး - ငါးဇင်ရိုင်းဟင်းပဲ😁
26/05/2025

ငါးဇင်ရိုင်းတွေ - ပေါပြီဆို - ဖြိုးတို့တစ်ရပ်ကွက်လုံးကတော့ - ဘယ်အိမ်မေးမေး - ငါးဇင်ရိုင်းဟင်းပဲ😁

သံပုရာရည်နဲ့ - ကျက်အောင်လုပ်ပြီးသုပ်တဲ့ - ပုစွန် - ချဥ်စပ်သုပ်ပုစွန် ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ …    ခေါ - င်းဖြုတ...
26/05/2025

သံပုရာရည်နဲ့ - ကျက်အောင်လုပ်ပြီးသုပ်တဲ့ - ပုစွန် - ချဥ်စပ်သုပ်
ပုစွန် ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ …

ခေါ - င်းဖြုတ်၊ အခွံခွါပြီး ချေး - ကျောထုတ်ထားသော ပုစွန် – 400 g
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (5 ml)
လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုရာရည် – 1/2 cup (125 ml)
ပါးပါးလှီးပြီးနောက် ရေဆေးထားသော ကြက်သွန်နီ – 1 cup (250 ml) ခန့်
ပါးပါးလှီးထားသော ခရမ်းချဉ်သီးစိမ်း – 2 cups (500 ml) ခန့်
လှီးထားသော ပူစီနံ (သို့) ပင်စိမ်း (သို့) နံနံပင်- 1/2 cup (125 ml) ခန့်
ပုစွန်ခြောက်မှုန့် – 1/2 cup (125 ml) ခန့်
ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၂ ဇွန်းခန့် (ထောင်းထားပါ (သို့) လက်အိတ်စွပ်ထားသော လက်ဖြင့် ဖိခြေထားပါ)
ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
ကျက်ယုံ ဖုတ် (သို့) microwave ထဲ ၁၀ စက္ကန့်ခန့် ထည့်ထားသော ငါးပိ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် (ငါးပိများလျှင် အရောင်မည်းရုံမက အရသာ သိပ်မကောင်း ဖြစ်တတ်ပါတယ်။)

ခေါင်းဖြုတ်၊ အခွံခွါပြီး ချေးကျောထုတ်ထားသော ပုစွန်များကို အကောင်ပုံ မပျက်ပဲ မွလာအောင် ဖွဖွထုကာ ဆားဖြင့် နယ်ပါ။

ပန်းကန်လုံးထဲ ဆားနယ်ထားသော ပုစွန် နှင့် သံပုရာရည်ထည့်ကာ ၁ မိနစ်ခန့် ဖွဖွနယ်ပြီး ကောင်းမွန်စွာ ကျက်သွားစေရန် ၃ နာရီခန့် ထားပါ။

(၁ နာရီခွံခန့် ကြာလျှင် အသားများ အကျက်ညီစေရန် အပေါ်အောက် ဖွဖွလှန်ပေးပါ။)

ပုစွန်အသားများ မာတောင့်ပြီး ဖြူလာပါက ကောင်းမွန်စွာကျက်သွားပြီမို့ ကျန်သည့် ပါဝင်ပစ္စည်းများအားလုံး ထည့်ကာ ဖွဖွနယ်သုပ်လိုက်လျှင် အရသာရှိလှသော ပုစွန် ချဉ်စပ်သုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

ပုစွန် - ခြောက် - ဘာလချောင် - ကြော်*****************************ကြက်သွန်နီ....... ၁၅လုံး (ပါးပါးလှီးထား)ကြက်သွန်ဖြူဥကြီး...
26/05/2025

ပုစွန် - ခြောက် - ဘာလချောင် - ကြော်
*****************************

ကြက်သွန်နီ....... ၁၅လုံး (ပါးပါးလှီးထား)
ကြက်သွန်ဖြူဥကြီး..... ၃ဥ(ပါးပါးလှီးထား)
မန်ကျီးမှည့်ရည်.......လက်တဆုပ်စာ (ရေနွေးစိမ်)
ငရုပ်သီးအကြမ်းဖတ်......တဇွန်း(ယောက်ဇွန်း)
ငါးပိ....ကြိုက်သလောက်
ပုစွန်ခြောက်မှုန်.....၅ ကျပ်သားခန့်
ထန်းလျက်.....၁ဇွန်း(ရေနွေးစိမ်ထား)
အရသာမှုန့်..... အနည်းငယ်
ဆား....အနည်းငယ်
ဆီ...... လိုသလောက်

အရင်ဦးဆုံး ကြက်သွန်ဖြူ ​အရင်ကြော် ဆီစစ်ထား
ပြီရင် ကြက်သွန်နီ ကြော်ပြီ ဆီစစ်ထားပါ

ငရုတ်သီး အကြမ်းဖတ်ကို ရွရွ​လေးဖြစ်အောင်ကြော်ပြီး ငါးပိထည့်မွှေ
ပုစွန်ခြောက်မှုန့် ထည့်မွှေ
မကျီးရည် ထည့်မွှေပါ။
ထန်းလျက်ရည်ထည့်မွှေပါ။
ဆား
အရသာမှုန့် ထည့်မွှေပါ။

ဆီ​ပြန်လို့ အနံ့လေးမွှေးလာရင် မီးပိတ်လိုက်ပါ။

ကြက်သွန်နီကြော်နဲ့
ကြက်သွန်ဖြူကြော်ထားတာ ထည့်မွှေပါ။
ရပါပြီနော်

ကြော်နည်းကတော့ အများကြီးပါ
ကိုယ့်အကြိုက်ကြော်သလို​ကြော်တာပါနော်
🦐 Swe Zin 🦐

အရေးတကြီးအသိပေးလိုတာ28.3.2025 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ငလျင်လှုတ်ခတ် အားကြီးလွန်းပါတယ်ငလျင်သတင်းတွေမှာဖော်ပြချက်အရဒီရက...
28/03/2025

အရေးတကြီးအသိပေးလိုတာ
28.3.2025
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ငလျင်လှုတ်ခတ်
အားကြီးလွန်းပါတယ်
ငလျင်သတင်းတွေမှာဖော်ပြချက်အရ
ဒီရက်ပိုင်း ငလျင်လှုတ်နိုင်ခြေရှိတဲ့နိုင်ငံတွေကို
ပုံပါအတိုင်းတွေ့ရပါတယ်
ဒီနေ့မတိုင်ခင်လဲ လှုတ်ခဲ့တာရှိပြီး
နောက်နေ့တွေမှာလဲရှိနိုင်သေးတာမို့
မလေး တရုတ်တို့လို အိမ်နီးချင်းနိုင်ငံတွေမှာ
အလုပ်လုပ်နေကြတဲ့ မိသားစုတွေဝင်တွေကို
အသိပေးထားကြပေါ့
ငလျင်လှုပ်လာရင် မြို့ပေါ်ရပ်ကွက်ဆိုလဲ
အဆောက်အအုံးအောက်တွေမှာ
မနေကြပဲ အဆောက်အအုံးကင်းလွတ်ရာမှာ
ထွက်နေကြဖို့ရယ် တခြားသော ဆောင်ရန်ရှောင်ရန်တွေကို
ကြိုတင်အသိပေးမှာထားကြပေါ့
ဘေးအန္တရာယ်ဟူသမျှ ကင်းလွတ်ကြဖို့ ဆန္ဒပြုပါတယ်

ရိုးရှင်းလွယ်ကူပြီး - နူးနူးအိအိနဲ့ - အရသာရှိတဲ့ - ၀က်လက်စွပ်ပြုတ်လေး - ချက်စားကြရအောင်။ - အိမ်မှာပဲ ချက်စားတော့ - စိတ်က...
19/03/2025

ရိုးရှင်းလွယ်ကူပြီး - နူးနူးအိအိနဲ့ - အရသာရှိတဲ့ - ၀က်လက်စွပ်ပြုတ်လေး - ချက်စားကြရအောင်။ - အိမ်မှာပဲ ချက်စားတော့ - စိတ်ကြိုက်စားနိုင်သလို - လွတ်လွတ်လပ်လပ် - စားလို့ - ရတော့ - ပိုစားဝင်တာပေါ့နော်။

၀က်လက်စွပ်ပြုတ် လုပ်တော့မယ်ဆို လိုအပ်တာတွေကတော့

၀က်လက် တစ်ချောင်း(သန့်စင်ပြီး အနေတော်တုံးပြီး ဆားဆနွင်းနယ်ထားပါ)

ကြက်သွန်ဖြူ၊ ကြက်သွန်နီ အနည်းငယ် (မညက်တညက်ထောင်းထားပါ)

စပါးလင်နုနု အနည်းငယ် (တစ်ဝက်ကို ထောင်းထားပါ။ တစ်ဝက်ကို အထုံးလေး လုပ်ထားပါ)

ငံပြာရည် အနည်းငယ်

ပဲငံပြာရည် (ကြာညို့ ) အနည်းငယ် လိုအပ်ပါတယ်။

ပြီးရင်တော့ ၀က်လက်အတုံးလေးတွေကို ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ စပါးလင် ၊ ငံပြာရည် ၊ ပဲငံပြာရည် တို့ ထည့်ပြီး နယ်ပါ။ ချက်မယ့် အိုးထဲထည့်ပါ။ စပါးလင် အထုံးလေးပါ ထည့်ပေးပါ။

အကုန်အိုးထဲရောက်ပြီဆိုရင်တော့ အညှီနံ့လေးပျောက်အောင် ရေမထည့်သေးဘဲ ခဏလေး လုံးပေးပါ။အသားထဲက အရည်လေးတွေ ခမ်းပြီး အသားအပေါ်ယံတင်းလာပြီဆိုမှ ရေထည့်ပါ။

ရေထည့်ရင်တော့ အသားမြှုပ်တဲ့အထိ ထည့်ပါ။ အဖုံးအုပ်ပြီး ဟင်းရေတွေ ဆူပြီး ဝေမကျအောင် ဂရုစိုက်ဖို့တော့ လိုပါတယ်။

ရေနှစ်ခါလောက်ထည့်ပြီးရင်တော့ နူးပါပြီ။ ၀က်လက်နုနုကလည်း ၀က်ခြေထောက်ထက်စာရင် အနူး ပိုမြန်ပါတယ် ။

၀က်လက်စွပ်ပြုတ်ကို နံနံ၊ ငရုတ်ကောင်းမှုန့်၊ သံပုရာသီး ၊ ငရုတ်အလှော်တို့ ထည့်ပြီး ကြိုက်နှစ်သက်သလို ပြင်ဆင်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

၀က်လက်စွပ်ပြုတ်လုပ်မယ်ဆို ၀က်လက်ဖြူဖြူ နုနုလေးတွေ ရွေးဖို့တော့ လိုမယ်နော် ။ ဒါမှ အချိန်အကြာကြီး ပြုတ်စရာမလိုဘဲ ၀က်လက်စွပ်ပြုတ်နူနူးအိအိလေး ရမှာဖြစ်ပါတယ် ။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

Crd

ရွှေပဲရွက် - နှင့် - မှိုစပ်ထောင်း - အတွက် - လိုအပ်တာ- လေးတွေ…    ကြက်သွန်ဖြူ အမွှာကြီး – ၃ မွှာ    ငရုတ်သီးစိမ်း – ၇ တေ...
19/03/2025

ရွှေပဲရွက် - နှင့် - မှိုစပ်ထောင်း - အတွက် - လိုအပ်တာ- လေးတွေ…

ကြက်သွန်ဖြူ အမွှာကြီး – ၃ မွှာ
ငရုတ်သီးစိမ်း – ၇ တောင့် (သို့) စားနိူင်သလောက်
သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်
ငါးငံပြာရည် – ထမင်းစားဇွန်း ၃ ဇွန်း
သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်း
လှီးထားသည့် အရမ်းမမှည့်သော ခရမ်းချဉ်သီးအလုံးကြီး – တစ်ခြမ်း (1/3 cup (80 ml)ခန့်)
ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
baby king oyster mushroom (သို့) နှစ်သက်ရာ မှို – 300 g
ရွှေပဲရွက် (သို့) ကန်ဇွန်းရွက် – 1 cup (250 ml)ခန့် (အစိမ်းစားမှာဖြစ်၍ သေသေချာချာဆေးပါ)
၁ လက်မအရှည်ခန့်လှီးထားသော နံနံပင် – 1/2 cup (125 ml)ခန့်

ရေဆေးထားသောမှိုကို ပွက်ပွက်ဆူနေသော ရေထဲထည့်ပြီး မှိုအမျိုးအစားပေါ်မူတည်၍ ၁ မိနစ်ခွဲ နှင့် ၂ မိနစ်ကြား အိုးမဖုံးပဲ ပျော့ယုံ ပြုတ်ပါ။
ပြီးသည်နှင့် ချက်ချင်း ရေအေးလောင်းပါ။ အေးသွားလျှင် ဆယ်ထုတ်ရေစစ်ထားပါ။

ကြက်သွန်ဖြူ။ ငရုတ်သီးစိမ်း နှင့် သကြားတို့ကို ဆုံထဲထည့်ပြီး အတော်လေးညက်အောင် ထောင်းပါ။
ငါးငံပြာရည်၊ သံပုရာရည် နှင့် ခရမ်းချဉ်သီးတို့ ထည့်ကာ အရသာဝင်ရုံ အနည်းငယ်ထောင်းပါ။ (ကြေဖို့၊ ညက်ဖို့ မလိုပါ။)

ပုဇွန်ခြောက်မှုန့် နှင့် မှိုထည့်ကာ ဇွန်း (သို့) spatual ကိုပါ တွဲသုံး၍ အရသာ နှင့် အဖတ်များ ရောနှောသွားအောင် အထက်အောက်လှန်ပြီးမွှေရောကာ ခပ်ဖွဖွထောင်းပါ။ (အဖတ်များ ကြေညက်သွားအောင် ထောင်းရန်မလိုပါ။)

ရွှေပဲရွက် နှင့် နံနံပင်ထည့်ကာ အရွက်များ အရမ်းမနွှမ်းအောင် ခပ်ဖွဖွထောင်းကာ ဇွန်းဖြင့်မွှေရောပြီးလျှင် အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
Credit : Khine Chaw Su

ที่อยู่

Larlukar Kroung 4
Bangkok
12151

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Potato Shareผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์