03/06/2026
🐕🙏 ကမ္ဘာကျော် "Peace Dog" Aloka နဲ့ ငြိမ်းချမ်းရေးလမ်းလျှောက် သံဃာတော်များ ဘန်ကောက်သို့ ရောက်ရှိ
အမေရိကန်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ငြိမ်းချမ်းရေးအတွက် မိုင်ထောင်ချီ လမ်းလျှောက်ခဲ့သည့် "Walk for Peace" သံဃာတော်များနှင့် လူသိများသည့် ခွေးလေး Aloka တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ဘန်ကောက်မြို့ရှိ Wat Nak Prok ကျောင်းတိုက်တွင် ဇွန်လ ၂ ရက်မှ ၆ ရက်အထိ သီတင်းသုံးနေထိုင်မည်ဖြစ်ပြီး ဒေသခံဗုဒ္ဓဘာသာဝင်များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး၊ မေတ္တာတရားနှင့် အကြမ်းမဖက်ရေးဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Aloka ခွေးလေးသည် သံဃာတော်များနှင့်အတူ နိုင်ငံများစွာကို ဖြတ်သန်းကာ ငြိမ်းချမ်းရေးခရီးစဉ်တွင် လိုက်ပါနေသည့်အတွက် "Peace Dog" အဖြစ် ကမ္ဘာတစ်ဝန်း လူသိများလာခဲ့ပြီး လူမှုကွန်ရက်များတွင်လည်း အားပေးသူ အများအပြား ရရှိထားသည်။
ဘန်ကောက်နှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများအနေဖြင့် ဆွမ်းကပ်လှူဒါန်းခြင်း၊ ကုသိုလ်ပြုလုပ်ခြင်းများဖြင့် ပါဝင်နိုင်ကြောင်း ကျောင်းတိုက်ဘက်က ဖိတ်ခေါ်ထားသည်။