နှလုံးသား ဒိုင်ယာရီ

နှလုံးသား ဒိုင်ယာရီ လှချင်ပေမဲ့ .....မွဲနေသူများစုမယ်😄😝

Glow ချင်တယ်… Lazy လည်း မလျော့ဘူး 😆✨

🔥ဝက်ခြံဘာကြောင့် ထွက်သလဲ? ဝက်ခြံဖြစ်ရတဲ့ အခြေခံအကြောင်းရင်း (၄) ချက်ရှိပါတယ် -1️⃣ အဆီပြန်ခြင်းအရေပြားအောက်က အဆီဂလင်းတွေက...
12/05/2026

🔥ဝက်ခြံဘာကြောင့် ထွက်သလဲ?

ဝက်ခြံဖြစ်ရတဲ့ အခြေခံအကြောင်းရင်း (၄) ချက်ရှိပါတယ် -

1️⃣ အဆီပြန်ခြင်း

အရေပြားအောက်က အဆီဂလင်းတွေက အဆီ (Sebum) တွေ အလွန်အကျွံ ထုတ်လုပ်ခြင်း။

ချွေးပေါက်ပိတ်ခြင်း: ဆဲလ်သေတွေနဲ့ အဆီတွေ စုပုံပြီး ချွေးပေါက်ကို ပိတ်ဆို့ခြင်း။

ဘက်တီးရီးယား: ချွေးပေါက်ပိတ်နေတဲ့နေရာမှာ C. acnes လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပွားများလာခြင်း။

ရောင်ရမ်းခြင်း: ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဘက်တီးရီးယားကို တုံ့ပြန်တဲ့အခါ နီမြန်းပြီး ရောင်ရမ်းလာခြင်း။

👉တခြားဝက်ခြံထွက်စေသည့် အချက်များ:

ဟော်မုန်းအပြောင်းအလဲ (ဥပမာ- လူပျိုဖော်အပျိုဖော်ဝင်စ)၊ စိတ်ဖိစီးမှု၊ အိပ်ရေးပျက်ခြင်း၊ အစားအသောက်နှင့် မိမိအသားအရေနဲ့ မကိုက်ညီသော အလှကုန်များ သုံးစွဲခြင်း။

2️⃣ အသားအရေ ထိန်းသိမ်းနည်း

ဝက်ခြံရှိတဲ့ ဝက်ခြံ ဖြစ်စေတဲ့ အသားအရေအတွက် အခြေခံအဆင့် (၃) ဆင့်ကို ပုံမှန်လုပ်ဆောင်သင့်ပါတယ် -
👉သန့်စင်ခြင်း (Cleansing):

မိမိအသားအရေနဲ့ ကိုက်ညီတဲ့ နူးညံ့တဲ့ မျက်နှာသစ်ဆေး (Gentle Cleanser) နဲ့ တစ်နေ့ ၂ ကြိမ် သစ်ပေးပါ။

ပြင်းလွန်းတဲ့ ဆပ်ပြာတွေ သုံးတာကို ရှောင်ကြဉ်ပါ။

👉အစိုဓာတ်ထိန်းခြင်း (Moisturizing)

အဆီပြန်လို့ဆိုပြီး Moisturizer မလိမ်းဘဲ မနေပါနဲ့။

ရေဓာတ်ဖြည့်ပေးတဲ့ Oil-free သို့မဟုတ် Non-comedogenic (ချွေးပေါက်မပိတ်စေသော) အမျိုးအစားကို ရွေးချယ်ပါ။
(Gel type ဆို ပို၍ကောင်းသည်)

👉နေရောင်ကာခြင်း (Sunscreen)

နေရောင်ခြည်က ဝက်ခြံအမာရွတ်တွေကို ပိုမည်းစေနိုင်တာကြောင့် အပြင်ထွက်တိုင်း Sunscreen လိမ်းဖို့ လိုအပ်ပါတယ်။

3️⃣ ကုသနည်းလမ်းများ (Treatment)

ဝက်ခြံအမျိုးအစားပေါ် မူတည်ပြီး ကုသပုံ ကွာခြားနိုင်ပါတယ် .......

👉အပျော့စား ဝက်ခြံအတွက် Salicylic Acid, Benzoyl Peroxide သို့မဟုတ် Adapalene ပါဝင်တဲ့ ခရင်မ်/ဂျယ်လ်တွေကို အသုံးပြုနိုင်ပါတယ်။

👉ရောင်ရမ်းဝက်ခြံ: ပဋိဇီဝဆေး (Antibiotics) လိမ်းဆေး ဒါမှမဟုတ် သောက်ဆေးတွေ လိုအပ်နိုင်တဲ့အတွက် နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်သင့်ပါတယ်။

👉အိမ်တွင်းကုထုံး: မျက်နှာကို လက်နဲ့ ခဏခဏ မကိုင်ပါနဲ့၊ ဝက်ခြံကို မညှစ်ပါနဲ့ (ညှစ်ရင် ပိုရောင်ပြီး အမာရွတ်ကျန်တတ်ပါတယ်)။

4️⃣ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း (Lifestyle Tips)

🍟အစားအသောက်: သကြားဓာတ်များတာတွေနဲ့ ဆီကြော်စာတွေကို လျှော့စားပါ။

🚿သန့်ရှင်းရေး: ခေါင်းအုံးစွပ်နဲ့ မျက်နှာသုတ်ပဝါတွေကို ပုံမှန်လျှော်ဖွပ်ပါ။

🏖️အနားယူခြင်း: စိတ်ဖိစီးမှု လျှော့ချပြီး တစ်နေ့ကို အနည်းဆုံး ၇ နာရီခန့် အိပ်စက်ပါ။

🔥🔥🔥🔥ဝက်ခြံဟာ တစ်ညတည်းနဲ့ ပျောက်ကွယ်သွားတဲ့အရာ မဟုတ်တာကြောင့် စိတ်ရှည်လက်ရှည်နဲ့ ပုံမှန်လေး ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ အခြေအနေ အရမ်းဆိုးရွားလာရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ ပြသဖို့ အကြံပြုလိုပါတယ်။

ချစ်သော
#ဝက်ခြံ #တင်းတိပ်

ခရီးသွားဖို့ သူငယ်ချင်းတွေကို ‘လိုက်မလား’ လို့ မေးတုန်းကတော့ တစ်ယောက်မှ အကြောင်းမပြန်ကြဘူး။ 🙄ဒါပေမဲ့... ငါတို့ လိုက်မယ် ...
09/05/2026

ခရီးသွားဖို့ သူငယ်ချင်းတွေကို ‘လိုက်မလား’ လို့ မေးတုန်းကတော့ တစ်ယောက်မှ အကြောင်းမပြန်ကြဘူး။ 🙄
ဒါပေမဲ့... ငါတို့ လိုက်မယ် ဆိုပြီး အုပ်စုလိုက်ကြီး ရောက်လာတာကတော့ အဲ့ဒီ ဝက်ခြံတွေပဲ။
သူတို့က တကယ့်ကို Dedicated ဖြစ်တဲ့ သူငယ်ချင်းတွေလေ... ဘယ်သွားသွား တစ်ဖဝါးမခွာ လိုက်ရမှ😏

မဖိတ်ဘဲလိုက်မယ့် အဲ့ဒီသူငယ်ချင်းတွေကို နှင်ထုတ်ဖို့ အကြံကောင်းလေးတွေ ပေးကြပါအုံးလို့🙄🤔

#ဝက်ခြံ #တင်းတိပ်

ကဲ... ကိုယ့်ချစ်တို့ရေ❤️ ဒီကမင်မင်လို တစ်ညတည်းပါ....ဆိုပြီး ဇိမ်ခံမိလို့ ဝက်ခြံလက်ဆောင် ရဖူးတဲ့သူတွေ ရှိလား? အဲ့လို လုပ်...
07/05/2026

ကဲ... ကိုယ့်ချစ်တို့ရေ❤️

ဒီကမင်မင်လို တစ်ညတည်းပါ....ဆိုပြီး ဇိမ်ခံမိလို့ ဝက်ခြံလက်ဆောင် ရဖူးတဲ့သူတွေ ရှိလား?

အဲ့လို လုပ်ရဘူးနော်😝
အခုပဲ ထပြီး မျက်နှာသွားသစ်လိုက်ကြတော့...

😆မဟုတ်ရင် မနက်ဖြန် သူငယ်ချင်းအသစ်တွေပါ အုပ်စုလိုက် ထပ်တိုးလာလိမ့်မယ်။ 🏃‍♀️💨

​(မှတ်ချက် - ပျင်းရင်လဲလေးဘက်ထောက်သွားပြီး သစ်ရင်လည်း သစ်လိုက်ကြတော့... အဓိကက သစ်ဖို့ပဲ! 😂🚿)

#တင်းတိပ် #ဝက်ခြံ

💸ပိုက်ဆံမရှိရင် စိတ်ညစ်တယ်... 😜စိတ်ညစ်ရင် Skincare ဝယ်ချင်တယ်။😆 ဝယ်ပြီးရင် ပိုက်ဆံထပ်ကုန်လို့ စိတ်ပြန်ညစ်တယ်။ အဲ့ဒီ သံသရ...
07/05/2026

💸ပိုက်ဆံမရှိရင် စိတ်ညစ်တယ်...

😜စိတ်ညစ်ရင် Skincare ဝယ်ချင်တယ်။

😆 ဝယ်ပြီးရင် ပိုက်ဆံထပ်ကုန်လို့ စိတ်ပြန်ညစ်တယ်။

အဲ့ဒီ သံသရာထဲက ဘယ်လိုထွက်ရမလဲ? 🙄💸🧴

🤔ဒါပေမဲ့ စိတ်ညစ်ပြီး မျက်နှာကြီး အိုမင်းနေတာထက်စာရင်တော့

*** ပိုက်ဆံကုန်ပြီး မျက်နှာ Glow နေတာက ပိုအဆင်ပြေပါတယ်။
အကြွေးတင်ရင် တင်ပါစေ၊ မျက်နှာတော့ လှနေရမယ်လေနော့ 😂✨



#ဝက်ခြံ
#တင်းတိပ်

Good Morning! ✨မနက်နိုးနိုးချင်း သဲတို့ရေ💞 👉အရင်ဆုံး လုပ်ဖြစ်တဲ့ အလှအပဆိုင်ရာ အကျင့်လေးက ဘာဖြစ်မလဲ?​မျက်နှာအရင်သစ်တာလား ...
07/05/2026

Good Morning! ✨

မနက်နိုးနိုးချင်း သဲတို့ရေ💞

👉အရင်ဆုံး လုပ်ဖြစ်တဲ့ အလှအပဆိုင်ရာ အကျင့်လေးက ဘာဖြစ်မလဲ?

​မျက်နှာအရင်သစ်တာလား 🧼

​ရေအရင်သောက်တာလား 💧

​ဒါမှမဟုတ် မှန်ထဲမှာ ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး ပြုံးနေတာလား? 😂

Comment မှာ ပြောသွားကြဦးနော်!"


06/05/2026

🤭Skincare လိမ်းတဲ့အခါ လက်ဖဝါးပေါ်မှာ ကျန်ခဲ့တဲ့ Serum အကြွင်းအကျန်တွေကို လည်ပင်းနဲ့ လက်မောင်းတွေမှာပါ လိုက်ပွတ်နေတာ ငါတစ်ယောက်တည်းလား 😂

28/04/2026

အခက်အခဲတွေကြားမှာ တိတ်တိတ်လေး ပင်ပန်းနေတဲ့နေ့တွေရှိတယ်

Some days, I feel quietly worn out by life’s struggles.

အပြုံးနဲ့ဖုံးထားပေမယ့် အတွင်းမှာတော့ နာကျင်နေတယ်

I cover it with a gentle smile, but deep inside, it still hurts.


23/04/2026

Suncream လိမ်းထားတယ်ဆိုပြီး နေမင်းကြီးကို စိန်ခေါ်😄😄

ที่อยู่

Bangkok

เบอร์โทรศัพท์

+959797414857

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ နှလုံးသား ဒိုင်ယာရီผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง နှလုံးသား ဒိုင်ယာရီ:

แชร์