15/08/2026
အောင်ဗောဓိစခန်း လေ့ကျင်းရေးကွင်းတွင် အခြေခံစစ်ပညာသင်တန်းနှင့် ကွန်မန်ဒို(ဆင့်ပွား)သင်တန်းအမှတ်စဥ်(၁) သင်တန်းဆင်းပွဲပြုလုပ်
=============================
သြဂုတ်လ (၁၅)ရက်၊ ၂၀၂၆ခုနှစ်
အထူးဒေသ(၆)၊ ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)မှ အခြေခံစစ်ပညာသင်တန်းနှင့် ကွန်မန်ဒို(ဆင့်ပွား)သင်တန်း အမှတ်စဥ်(၁) သင်တန်းဆင်းပွဲကို ဒီကနေ့ သြဂုတ်လ(၁၅)ရက်နေ့ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ ဖြာႏတန်ကောင်ခယ်ႏဗျူဟာ၊ ဗျူဟာ(၈)တပ်စုခွဲ၊ အောင်ဗောဓိစခန်း လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်ခဲ့ရပါသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် အထူးဒေသ(၆)၊ ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့(PNO)၊ မြင့်မိုရ်တိုင်း(အရှေ့ဘက်)စင်းသင်းစစ်ဒေသ၊ ဖြာႏတန်ကောင်ခယ်ႏဗျူဟာ ဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးခွန်သာထွန်းနှင့် ဗိုလ်မှူးခွန်ရှိးတို့မှ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ဒီကနေ့ပြုလုပ်သော အခြေခံစစ်ပညာသင်တန်းနှင့် ကွန်မန်ဒို(ဆင့်ပွား) သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံကို အလေးပြုခြင်း၊ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အာဇာနည်ရဲဘော်များအား အလေးပြုခြင်း၊ မြင့်မိုရ်တိုင်း(အရှေ့ဘက်)စင်းသင်းစစ်ဒေသ၊ ဖြာႏတန်ကောင်ခယ်ႏဗျူဟာ၊ ဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးခွန်သာထွန်းကို အလေးပြုခြင်း၊ သင်တန်းသားများမှ ပအိုဝ်းအမျိုးသားတပ်မတော် သစ္စာအဓ္ဓိဌာန်(၄)ချက် ရွတ်ဆိုခြင်း၊ ဖြာႏတန်ကောင်ခယ်ႏဗျူဟာ အနုပညာအဖွဲ့မှ အမျိုးသားသီချင်းများဖြင့်ဖျော်ဖြေခြင်း၊ အခြေခံစစ်ပညာသင်တန်းနှင့် ကွန်မန်ဒို(ဆင့်ပွား)သင်တန်းသားများမှ စစ်ရေးပြခြင်း၊ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားသို အထူးဒေသ(၆)၊ ပအိုဝ်းအမျိုးသားငြိမ်းချမ်းရေးအဖွဲ့(PNO)၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)မှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ တက်ရောက်အားပေးခဲ့ကြပါသည်။