BTU Share thoughts !!!

29/10/2025

ငယ်ငယ်တုန်းကပဲဖြစ်ဖြစ်
ကြီးလာတဲ့ အရွယ်မှာ ဖြစ်ဖြစ် တစ်ကြိမ်တစ်ခါ​တော့
လူတိုင်းကြုံဖူး​လောက်တယ်

" အိပ်မက်ဆိုး​တွေ မက်​နေတာမျိုး ဥပမာ - ကိုယ်က
ကားလမ်းမကို ကူးဖို့ လုပ်​နေရင်းနဲ့ ကားတိုက်ခါနီးမှ
လန့်နိုးသွားတာမျိုး "
" ဒါမှ မဟုတ်လည်း လူတိုင်းမက်​နေကြဖြစ်တဲ့ ဆယ်တန်း စာ​မေးပွဲ ခဏခဏ ကျ​တာမျိုးပဲ ဖြစ်ဖြစ် " အဲ့လိုမက်​နေရင်းက​နေ လန့်နိုးပြီး " ​အော် တကယ်ဖြစ်​နေတာ မဟုတ်ပါလား ဆိုပြီး " စိတ်​အေးသွားတာမျိုး​ပေါ့

အခုလည်း ကျွန်​တော်တို့ ဟာ အ​ဖေတို့​ခေတ်က ၈၈ အာဏာသိမ်းတဲ့ အ​ကြောင်း ဇာတ်ကားကို ကြည့်ပြီး
စိတ်ထဲစွဲ သွားပြီး​တော့ ညဘက်အိပ်မက်မက်ပြီး ၂၀၂၁ မှာ ​ပျော်ရွင်​နေတဲ့ ဇန်နဝါရီလ ၃၁ ရက်​နေ့ညက မက်တဲ့ အိပ်မက်ဟာ မပြီးဆုံး​သေးပဲ လန့်မနိုး​​သေးတာမျိုးပဲ ဖြစ်​စေချင်မိတယ်။
တကယ်လက်​တွေ့ မှာ​တော့ မြန်မာနိုင်ငံကြီးဟာ
အ​ကောင်းပတိကြီး နဲ့ ရှိ​နေတာမျိုး​ပေါ့

ဒါမှမဟုတ်လည်း ​နောက်မျိုးဆက် သားသမီး​တွေကြရင်​တော့ ဒါဟာ ဒီလိုအ​ခြေအ​နေ မျိုး​တွေဟာ အိပ်မက်အဖြစ် သာ ကြုံ​စေချင်မိတယ်လို့ ​တောင်းဆုပြုလျက်

နူးဖိ မှာ နိုင်​နေတယ် ဆိုတဲ့ အသင်းက ဘယ်မှာကြည့်ရတာလဲအဆုံးထိဆွဲတာ​တောင် မ​တွေ့လို့ 🙁
26/10/2025

နူးဖိ မှာ နိုင်​နေတယ် ဆိုတဲ့ အသင်းက
ဘယ်မှာကြည့်ရတာလဲ

အဆုံးထိဆွဲတာ​တောင် မ​တွေ့လို့ 🙁

Nostalgiaဆိုတဲ့ စကားလုံးဟာ ဂရိရင်းမြစ်ကနေ ဆင်းသက်လာတာဖြစ်တယ်။ nostosဆိုတာ to return home (အိမ်ပြန်တယ်) လို့ အဓိပ္ပာယ်ရပြ...
26/10/2025

Nostalgiaဆိုတဲ့ စကားလုံးဟာ ဂရိရင်းမြစ်ကနေ ဆင်းသက်လာတာဖြစ်တယ်။ nostosဆိုတာ to return home (အိမ်ပြန်တယ်) လို့ အဓိပ္ပာယ်ရပြီး algosကတော့ pain (နာကျင်မှု) ကို ဆိုလိုတာ ဖြစ်တယ်။ အဲ့ဒီစကားကို ၁၆၈၈ မှာ အသက်၁၉နှစ်အရွယ် ဆွစ် ဆေးကျောင်းသားတဦးက သူ့ရဲ့ ဆေးပညာစာတမ်းတခုမှာ စတင်သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ သူက တကယ့်ကို သေစေနိုင်လောက်အောင် ပြင်းထန်တဲ့ အိမ်လွမ်းနာအကြောင်း (အထူးသဖြင့် ဆွစ် ကြေးစားစစ်သားတွေဟာ သူတို့ရဲ့ တောင်ပေါ်နေအိမ်တွေနဲ့ အဝေးကြီးကို ရောက်တဲ့အခါ တွေ့ကြုံရလေ့ရှိတဲ့ ရောဂါတမျိုး) ကို ဆေးပညာရှုထောင့်ကနေ တင်ပြခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ ၁၉ ရာစု ရောက်တဲ့အခါမှာတော့ အဲ့ဒီဝေါဟာရဟာ ဘာသာစကား ရွေ့လျားမှုအရ ဆေးပညာဘာသာရပ်ထဲကနေ ယေဘုယျ အသုံးပြုတဲ့ ဘာသာစကားထဲကို ရောက်ရှိလာခဲ့ပါတယ်။ ရောဂါဗေဒ အသိနဲ့ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လွမ်းခြင်းဟာ သေစေနိုင်လောက်တယ်ဆိုတာကို ဘယ်သူမှလည်း လက်မခံကြတော့ဘူးလေ။ nostalgiaဟာ ကိုယ်ခန္ဓာ အခြေနေတရပ်ထက် စာရင် စိတ်အခြေနေတရပ်သာ ဖြစ်ခဲ့ပါတယ်။

အရင်တုန်းကတော့ အိမ်လွမ်းနာရဲ့ ရောဂါကုထုံးက အိမ်ပြန်ဖို့ပါပဲ။ တခါတရံလည်း ပြန်ရမယ်လို့ ကတိပေးလိုက်တာနဲ့ လူနာဟာ သက်သာသွားသတဲ့။ ဒါပေမဲ့ တခါတလေမှာတော့ အိမ်လွမ်းနာဟာ အိမ်ကို ပြန်ချင်တဲ့ တမ်းတမှုသက်သက် မဟုတ်တော့ပါဘူး။ ၁၇၉၈ခုနှစ်မှာ အီမန်နူဝယ်ကန့် (Immanuel Kant) က အိမ်ကိုလွမ်းလို့ အိမ်ပြန်တဲ့သူတွေဟာလည်း များသောအားဖြင့် စိတ်ပျက်မှုနဲ့သာ ကြုံတွေ့ခဲ့ရတာကို သတိပြုမိခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ နေရာတခု ဆီကို ပြန်ချင်တာမဟုတ်ဘဲ အချိန်ကာလတခု ဆီကို ပြန်ချင်နေကြတာ ဖြစ်လို့ပဲ။ အချိန်ဆိုတာ နေရာလို မဟုတ်ဘူးလေ။ ဘယ်တော့မှ ပြန်သွားလို့မရနိုင်ဘူး မဟုတ်လား။ အိမ်လွမ်းနာဟာ အဲ့ဒီ ဝမ်းနည်းစရာကောင်းတဲ့ အချက်ကို တုံ့ပြန်တဲ့ ခံစားမှု ဖြစ်ခဲ့ပါတော့တယ်။

ထိုအခြင်းအရာဟာ အတိတ်ရဲ့ ပြန်မရနိုင်တဲ့ သဘာဝအပေါ်မှာ တည်မှီနေပါတယ်။ အတိတ်ရဲ့ အတိတ်ဆန်မှုနဲ့ မရောက်ရှိနိုင်မှုဟာ သူ့ရဲ့ အစွမ်းကို ပိုလို့ပြင်းထန်စေပါတယ်။ တကယ်တော့ အိမ်လွမ်းနာကို ဖြစ်ပေါ်စေတဲ့ အတိတ်ဟာ မှတ်ဉာဏ်နဲ့ ဆန္ဒကနေ စိစစ်ရွေးချယ်လိုက်တဲ့ အတိတ်သာ ဖြစ်တယ်။ တနည်းအားဖြင့် ကျွန်တော်တို့ အခုလက်ရှိ ပစ္စုပ္ပန်မှာ မနေထိုင်ရတဲ့ 'စံ' ကို အတိတ်ထဲမှာ သွတ်သွင်းလိုက်တာပဲ ဖြစ်တယ်။ ဒါကိုပဲ historical inversionလို့ ခေါ်ခဲ့တာ ဖြစ်တယ်။ လွယ်လွယ်ပြောရရင်တော့ ကျွန်တော်တို့ဟာ တန်ဖိုးရှိတဲ့ အချိန်တွေကိုပဲ သီးသန့်ရွေးထုတ်၊ မေ့သင့်တာကို မေ့၊ ဆန္ဒနဲ့ ပြောင်းလဲ စီစဉ်ပြီးတော့မှ ကျွန်တော်တို့ လိုချင်တဲ့ အတိတ်ရဲ့ 'စံ' ကို ဖန်တီးယူတာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ လွမ်းဆွတ်တဲ့ အတိတ်ဟာ ရိုးရှင်းတယ်၊ သန့်စင်တယ်၊ အစီစဉ်ကျတယ်၊ သက်သောင့်သက်သာ ရှိတယ်၊ လှပတယ်၊ သဟဇာတ ဖြစ်တယ်။ ဆန့်ကျင်ဘက်အားဖြင့် ကျွန်တော်တို့ရဲ့ လက်ရှိ ပစ္စုပ္ပန်က ရှုပ်ထွေးတယ်၊ ညစ်ညမ်းတယ်၊ မင်းမဲ့ဆန်တယ်၊ ခက်ခဲ ကြမ်းတမ်းတယ်၊ အကျည်းတန်တယ်၊ ထိပ်တိုက် ရင်ဆိုင်နေရတယ်လို့ ကျွန်တော်တို့က ခံယူတာကိုး။

- အောင်ခင်မြင့်

21/09/2025

ကိုယ့်ဘဝမှာ ပိုက်ဆံက အရေးကြီးရင် ပိုက်ဆံကိုအရင်ရှာ၊ ပညာက အရေးကြီးရင် ပညာကို အရင်ရှာ။
ကိုယ့်ပေတံနဲ့ကိုယ် တိုင်းကြည့်ရင် ရှင်းရှင်းလေးပဲ။

ဘယ်ဗီဇာနဲ့ပဲ နေနေ၊ ပိုက်ဆံရှာ၊ ပိုက်ဆံစုရင်း၊ ကိုယ်ဝါသနာပါတဲ့ အလုပ်နဲ့ အတည်တကျဖြစ်ဖို့၊ထမင်းစားလက်မှတ်အတွက် ရင်းနှီးမြှုပ်နှံတတ်ရတယ်။

အကန့်ခွဲထားပြီး၊ ဘာကို ဘယ်အချိန်မှာ အာရုံစိုက်မလဲဆိုတာကို စီစဉ်ထားရတယ်။

ရေတို၊ရေရှည်ရည်မှန်းချက် ခွဲထားရင် ဘဝမှာ ဘာကို ဦးစားပေးရမလဲဆိုတာ ရှင်းလင်းပြီး အရှုပ်တွေ လျော့သွားတာပဲ။

ကိုယ့်ကိုကိုယ် ပညာရပ်တစ်ခုမှာ မက်မက်မောမော
မနှစ်မြှုပ်တတ်ရင် self-investment မလုပ်တတ်ရင် ဘဝက ဘယ်နိုင်ငံရောက်ရောက် လွဲနေဦးမှာပဲ။ ကိုယ့်generationsမှာ ကိုယ်လည်း ဒုံရင်းဆက်ဖြစ်မှာပဲ။

ကိုယ့်ကိုကိုယ် ရင်းနှီးမြှုပ်နှံတဲ့သူတွေ၊ ပင်ပန်းတဲ့ ဒဏ်ကို ခါးစည်းခံနိုင်တဲ့သူတွေက အချိန်ပြည့် ညည်းနေတဲ့သူတွေနား မနေချင်တော့ဘူး။ အပေါင်းအသင်းရွေးတတ်သွားတယ်။

ညည်းနေတဲ့သူတွေကလည်း ကိုယ့်ပညာရေးအတွက် မရင်းနှီးမြှုပ်နှံချင်ဘူး။ အချိန်ပေးပြီး မလေ့လာချင်ဘူး။

ပညာတစ်ခုကို အာရုံစိုက်ပြီးဆိုရင် ငါ ဖြစ်နိုင်ပါ့မလား ဆိုတဲ့သံသယစိတ်တွေ ဖြစ်လာရော။ ဒီလို လူတွေနဲ့ မပေါင်းနဲ့။ ကိုယ်တိုင်လည်း အဖြစ်မခံနဲ့။

Aindra from MON

20/09/2025

ခေတ်ကာလကြီးက ကြပ်တည်းလာတော့
ရတဲ့ဝင်ငွေလေး မလောက်တာနဲ့
Car Showroom တခုမှာ အချိန်ပိုင်း
အလုပ် ဝင်လုပ်လိုက်တယ်

ပထမဆုံး အလုပ်ဝင်တဲ့ရက်မှာပဲ
တနေကုန်မိုးတွေကရွာ
ဧည့်သည်ကမဝင်
ညနေစောင်းလောက်ကျ
အသက် ၅၀ကျော်လောက် အဖိုးကြီးတယောက်
အဝတ်အစားခပ်နွမ်းနွမ်းလေးဝတ်ပြီး
အိုးဝေတစီးနဲ့ ရောက်လာတယ်

ကားလေးတွေ လိုက်ကြည့်ရင်း
သူကြိုက်တဲ့ကားတွေ့တော့ စျေးမေးတယ်
မန်နေဂျာက ခပ်တင်းတင်းပဲ ၂၅၀၀ တဲ့
အဲ့ဒါနဲ့ ကြိုက်တယ် စမ်းမောင်းကြည့်မယ်ပြောတော့
ဂျာကြီးက မရဘူး စမ်းမောင်းခွင့်မပေးဘူးတဲ့
အဖိုးကြီးက ငါက ဝယ်မယ့်သူ
မင်းတို့ ကိုယ့် ကာစတန်မာကို
ဒီလိုပဲ ဆက်ဆံရသလားလို့ မေးတယ်

ဟားးးးး ဟားးးးးး
ဒလောက်ဆိူ ငါသိသွားပြီလေ
ကျန်းရှစ်ချီးတို့ရဲ့ တရုတ်တစ်တော့
ဇာတ်လမ်းတိုတွေ ကြည့်ထားတာ
အလကားမဖြစ်တော့ဘူးပေါ့

အဲ့ဒါနဲ့ ငါလည်း အရှေ့ထွက်သွားပြီး
ကိုယ့်ကျေးဇူးရှင် ဝယ်သူကို စိတ်ချမ်းသာပါစေ
ဝယ်သူအဆင်ပြေအောင်လူပ်ပေးရမှာ
ကျနော်ဆို့ တာဝန်ပဲလို့ ခပ်တင်းတင်းပြောချလိုက်တယ်

ဂျာကြီးက မင်းလျှာမရှည်နဲ့
သူက မောင်းပြေးသွားရင် ဘယ်လို လုပ်မလဲတဲ့

ရင်ကိုကော့ ခေါင်းကိုမော့ပြီး
သူထွက်ပြေးသွားရင် အဲ့ဒီကားတန်ဖိုး
ကျနော်စိူက်ရှင်းမယ်လို့
ခပ်တင်းတင်းပြောလိူက်တယ်

အဖိုးကြီးမျက်လုံးက လက်ခနဲ လင်းသွားပြီး
ကျေကျေနပ်နပ်ကြီး ပြုံးပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့

ခဏနေတော့ အဖိုးကြီးက
ကားကိုမောင်းထွက်သွားပြီး စမ်းမောင်းတယ်
သူ့စိတ်ကြိုက် စမ်းနေပုံရတယ်
ည Showroom ပိတ်တဲ့ထိ ပြန်မလာဘူး

ဂျာကြီးကတော့
အေး ကားပြန်မရောက်ရင်
မင်းလျှော်ဖို့သာပြန်ထားတဲ့ ကြိမ်းနေတယ်

အေးဆေးပါ မမှုပါဘူး
မနက်ဖြန်လောက်ကျ အဲ့ဒီအဖိုးကြီးက
ကားအကောင်းစားကြီးစီးလာပြီး
ကားဖိူးပေးချေရင်း ဂျာကြီးကို
မင်းလိုကောင် ငါ့လုပ်ငန်းမှာ မရှိသင့်ဘူး
အလုပ်ကနေထွက် အခုပဲ မောင်စိုးမိုးက
ဒီဆိုင်ရဲ့ မန်နေဂျာ ဖြစ်သွားပြီးလို့ပြော

ဂျာကြီးက တုန်တုန်ရီရီနဲ့ ဖင်ထိုင်ရက်လဲကျ
ကျနော်က ပြုံးပြုံးကြီးနဲ့ မန်နေဂျာဖြစ် 😌😌

အဟင်းးးး ဟင်း ဘဝကြီးက
ဘယ်လောက်တောင် သာယာလိုက်လဲ

Mg Soe Moe

20/09/2025

ကောင်းမွန်တဲ့ဘဝဆိုတာ ကံတရားက ပေးတာ မဟုတ်ဘူး... ကိုယ်ကိုယ်တိုင် ရွေးချယ်တာပါ။

လူတချို့ရဲ့ဘဝ "အဆင်ပြေ ကောင်းမွန်" နေတာဟာ ကိစ္စရပ်တချို့ကို သူတို့ တိတ်တဆိတ် လုပ်နေလို့ပါ။

✦ ကိုယ့်ကိုယ်ကိုယ် အနေရခက်အောင် မလုပ်ဘူး

မလုပ်ချင်တာကို အားနာနာနဲ့ မလုပ်ဘူး။
ငြင်းသင့်ရင် ငြင်းတယ်။
မျက်နှာသာရဖို့ မြှောက်ပင့်ပြောဆိုတာမျိုးလည်း မလုပ်ဘူး။ တကယ့်နူးညံ့သိမ်မွေ့မှုဆိုတာ အခြားသူရဲ့ဆန္ဒကို ဖြည့်ဖို့ ကိုယ့်ကိုယ်ကိုယ် အနေရခက်အောင်၊ ခက်ခဲအောင် မလုပ်ဘူးဆိုတာ သူတို့ သဘောပေါက်ထားလို့ဖြစ်တယ်။


✦ ကိုယ်နဲ့ မကိုက်ညီတဲ့ ဆက်ဆံရေးကို ရှောင်တယ်

တစ်ယောက်တည်း အထီးကျန်ချင် ကျန်ပါစေ... ရေလိုက် ငါးလိုက်တော့ မလုပ်ဘူး။ ကိုယ်နဲ့ မကိုက်တဲ့လူနဲ့ ပေါင်းရင် ပိုပင်ပန်းမယ်ဆိုတာ နားလည်ထားတယ်။ ကိုယ်မရှောင်ရင် ကံတရားက လိုက်ရှင်းပေးမှာ မဟုတ်ဘူး။


✦ တခြားလူနဲ့ မနှိုင်းယှဉ်ဘူး

သူ့ဘဝက သူရွေးချယ်ထားတာဖြစ်ပြီး သူ့နေ့ ရက်ကို သူအာရုံစိုက် ဖြတ်သန်းနေပါတယ်။ ပျော်ရွှင်မှုအစစ်ဆိုတာ နှိုင်းယှဉ်ပြီး ဖြစ်လာတာ မဟုတ်ဘူးဆိုတာ သူသိလို့ဖြစ်တယ်။ ကိုယ့်ဘဝကိုလည်း ကိုယ်ရွေးချယ်ထားတာပါ။ ဘဝနေနည်းတွေ မတူတာမို့ နှိုင်းယှဉ်လို့ မရပါဘူး။

✦ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဆက်ဆံတယ်

မောရင် နားတယ်၊ ဆာရင် စားတယ်၊
ကိုယ်ကိုယ်တိုင်အတွက် ပန်းတွေ၊ လက်ဆောင်တွေ ဝယ်ပေးတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် "ပင်ပန်းနေပြီနော်" လည်း ပြောတတ်တယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် စွဲလမ်းတဲ့ ရောဂါ မဟုတ်ဘူး.. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှ တခြားလူကို ချစ်ဖို့ ခွန်အားရှိမယ်ဆိုတာ နားလည်လို့ဖြစ်တယ်။


✦ နူးညံ့သိမ်မွေ့မှုမှာ အကန့်အသတ်ရှိတယ်

ကြင်နာတတ်ပေမယ့် မျက်စိစုံမှိတ် မဟုတ်ဘူး။
ပေးဆပ်တတ်ပေမယ့် အနင်း မခံဘူး။
နူးညံ့သိမ်မွေ့မှုမှာ စည်းကမ်းရှိသလို
ဓားလိုလည်း ရှတယ်။

"ကောင်းမွန်တဲ့ဘဝ" ကို ကံတရားက ပေးတာ မဟုတ်ပါဘူး။ ပိုကောင်းဖို့ဖြစ်လာအောင် ကိုယ်တိုင်ကပဲ အကြိမ်ကြိမ် ရွေးချယ်ရတာပါ။

ကိုယ် သဘောထားကောင်းလို့ရတယ်၊
ကြိုးစားလို့ရတယ်၊
ရိုးသားကြင်နာလို့ရတယ်။
ဒါပေမဲ့ ကောင်းမွန်တဲ့ဘဝဆိုတာ ကိုယ့်ကိုယ်ကိုယ် အနေရခက်အောင် မလုပ်ရာက စတယ်ဆိုတာ ကျေးဇူးပြုပြီး မှတ်ထားပေးပါ။


💌
#နိုင်းနိုင်းစနေ

18/09/2025

500GB ကိစ္စကို အမှုမဲ့ အမှတ်မဲ့ မထားသင့်ပါဘူး။
500GB ထဲက အချက်အလက်တွေက်ု လေ့လာကြည့်ရသလောက် ထင်တာထက်ပိုပြီး ကြောက်စရာကောင်းမှန်း တွေ့ရပါတယ်။ VPN ချိတ်သုံးရုံနဲ့ မလုံခြုံသွားပါဘူး။ ဆင်ဆာကျော်လို့ ရရုံပဲ ရှိပါတယ်။
DPI က VPN Traffic တွေကိုတောင် ဘယ်ဆိုက်ကို ဘာဒေတာတွေ သွားလာနေတယ်ဆိုတာ ခြေရာခံလို့ ရနေပါတယ်။
အချို့သော machine တွေမှာဆို hardware level အထိ ကို remote access ယူထားနိုင်ကြောင်း တွေ့ရပါတယ်။

Tor ကသာလျင် ဒီထဲက လွတ်မြောက်နိုင်ဆုံး ဖြစ်ပါလိမ့်မယ်။

Khitminnyo

ที่อยู่

Bangkok

เบอร์โทรศัพท์

+18088562845

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BTUผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท