12/03/2026
"စုံ/မ စနစ်" ဖြင့် ယာဉ်မောင်းနှင်မှုကို ခေတ္တရပ်နားထားမည်
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ယနေ့ မတ်လ ၁၁ ရက်နေ့မှ စတင်၍ ဖြေဆိုနေကြပြီ ဖြစ်ပါသည်။
ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရန် သွားလာရေး အဆင်ပြေစေရန်အတွက် စက်သုံးဆီချွေတာရေး ကိုယ်ပိုင်ယာဉ်များ စုံ/မ စနစ်ဖြင့် အသုံးပြုခြင်းကို အောက်ပါအတိုင်း ခေတ္တရပ်နားထားကြောင်း သိရသည်။
ရပ်နားထားမည့်ကာလ: မတ်လ (၁၁) ရက်မှ မတ်လ (၁၇) ရက်အထိ
ရည်ရွယ်ချက်: စာမေးပွဲဖြေဆိုသူ ၂၆၅,၀၀၀ ကျော်နှင့် မိဘများ သွားလာရေး အဆင်ပြေစေရန်
ယနေ့တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြပြီး စာမေးပွဲကာလတစ်လျှောက်လုံး ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။