20/10/2025
သွေးလာစစ်ကြ၊ တိုင်ပင်ဆွေးနွေးကြတဲ့ အထဲမှာ သတိထားမိတာ တခုက စပ်ဆေးသုံးသူတွေ၊ ဆေးအလွန်အကျွံ သုံးဖူးသူတွေနဲ့ လေ့ကျင့်ခန်းသေချာလုပ်ပြီး ပုံမှန်လေးပဲ သွားနေသူတွေ ကြားထဲက ကျန်းမာရေး ရလဒ်တွေဟာ တကယ် ကွာ ခြားနေကြပါတယ်။
ကျွန်တော်တို့က ပုံမှန်လူ တယောက်ရဲ့ သက်တမ်းအတိုင်း ကျန်းမာစွာ နေထိုင် ရင်း ဒီဆေး တွေ သုံးလို့ရပါတယ်။
1) Gym ဆော့
2) ဆေး ကို သွေးအဖြေပေါ်မူတည်ပြီး အလျှော့အတင်းလုပ်။
3) ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင် စားသောက် ကြမယ် ဆိုရင် ပေါ့လေ။
မဟုတ်ရင်တော့ ဘေးထွက်ဆိုးကျိုးတွေ မလွဲ မသွေ တွေ့ရ၊ ခံစားကြရမှာပါ။
ကျွန်တော် ဆေးခန်းမှာ မနက်ဖြန် (21/Oct/2025) က စ,လို့ ရှိနေပါမယ်။
ပြန်ရောက်, ရောက်ခြင်း ဆေးလာ ထိုးကြ, One by one Services တွေ ယူကြ၊ ခွဲစိတ်ပြီး အနာဆေးလာ ထည့်ကြ၊ ကိုယ့်ကို အားကိုးပြီး ကိုယ်က ညီတို့အစ်ကို တို့အတွက် အကူ အညီ ဖြစ်စေတဲ့ တစုံ တယောက်ဖြစ်ရကြောင်း ပြန်ကြားရတာ တကယ်ပဲ ဝမ်းသာပါတယ်။
ဒီဆေးခန်း ဒီ Services တွေ ပေးရဖို့ ဆုံးဖြတ်မိတာ လည်း ကိုယ့်ကိုကိုယ် ဂုဏ်ယူမိပါတယ်။
ထပ်ပြီးလည်း တဖြည်း ဖြည်း ကျွန်တော့် Services တွေ ပိုတိုးဖို့ လုပ်နေပါတယ်။
တခုလေး တောင်းဆို ချင်တာက "အင်္ဂါ နေ့ကနေ စနေ နေ့ထိ ကို 3pm to 7 pm တွေမှာ မလာဖို့ပါ။ လာလို့တော့ရပါတယ်။ ပုံမှန် General လူနာတွေနဲ့ တွေ့တဲ့အခါ ညီတို့အစ်ကိုတို့ Privacy ကို ထိခိုက်မှာ စိုးလို့ပါ။ "
One by One services အတွက်ကိုတော့ ကြိုတင် Booking လုပ်ပေးပါခင်ဗျာ။ လူကိုယ်တိုင်ပဲ ဖြစ်ဖြစ် Online ကနေပဲ ဖြစ်ဖြစ် အချိန် ဇယားလေး ညှိပေးပါ့မယ်ဗျ😊😊😊
See you guys 🥰🥰🥰