Zin KO I want to live every day of my life with a healthy mind and body.

10/06/2026

Facebook အကောင့်သစ်လေးဖွင့်ထားတာကြာနေပီခုချိန်ထိရောင်လည်လည်ဖြစ်တုန်းငါ့လိုလူတွေလည်းရှိကြလား

Aiအကြောင်းသိကောင်းစရာ
10/06/2026

Aiအကြောင်းသိကောင်းစရာ

10/06/2026

ဝါသနာနဲ့အလုပ်နဲ့ထပ်တူမကျ

10/06/2026

မြတ်စွာဘုရားရှင်အားဦးထိပ်ပန်ဆင်ပါသည်🙏🙏🙏🙏🙏
#တရားစကား

တွေ့မြင်ရတာ တကယ်ကိုရင်နင့်ခံစားရပါတယ်ဒို့မြန်မာတွေရယ်ဖူးခတ်မြို့မှာ မြန်မာ အလုပ်သမားတွေ နေတဲ့ အိမ်တွေ မီးလောင်သွားလို့ ဒ...
06/06/2026

တွေ့မြင်ရတာ တကယ်ကိုရင်နင့်ခံစားရပါတယ်
ဒို့မြန်မာတွေရယ်

ဖူးခတ်မြို့မှာ မြန်မာ အလုပ်သမားတွေ နေတဲ့ အိမ်တွေ မီးလောင်သွားလို့ ဒုက္ခရောက်နေပါတယ်။

လက်ရှိ သူတို့မှာ နေစရာလဲ မရှိကြတော့ဘူး။

အားလုံးအယောက် ရာကျော် နေစရာအိမ်တွေ လောင်သွားကြတယ်လို့ သိရပီး ညနက်မှာ မီးလောင်သွားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ သူတို့ စားသောက်ဖို့အတွက်စေတနာရှင်တွေ
ချက်ပြုပ်ပီး သွားလှူကြပါတယ်ရှင့်။

ထပ်မံပီးစေတနာရှင်တွေများများပေါ်ပေါက်လာပါစေဗျာ

28/05/2026
23/05/2026
:ဘဝကို အကောင်းဆုံး နေထိုင်နိုင်ဖို့📍 အတိတ်ကို ပြန်မလှည့်ပါနဲ့ရွေးချယ်မှု မှားသွားရင် မှားသွားပါပြီ။ "ငါသာ အဲဒီတုန်းက အဲလ...
21/05/2026

:ဘဝကို အကောင်းဆုံး နေထိုင်နိုင်ဖို့
📍 အတိတ်ကို ပြန်မလှည့်ပါနဲ့
ရွေးချယ်မှု မှားသွားရင် မှားသွားပါပြီ။ "ငါသာ အဲဒီတုန်းက အဲလိုမလုပ်ခဲ့ရင်..." ဆိုပြီး တစ်ချိန်လုံး ပြန်မတွေးပါနဲ့။ တွေးလည်း အပိုပါပဲ၊ နောင်တဟာ ဘဝကို အထူးတလည် ပြောင်းလဲမသွားစေပါဘူး။ ရှေ့ဆက်မမှားဖို့ပဲ လိုတာပါ။ ငယ်ရွယ်ချိန်မှာ အမှားဆိုတာ ရှိစမြဲမို့ ဘာမှမဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ။ မှတ်ထားပါ... မျက်လုံးဆိုတာ ရှေ့ကိုကြည့်ဖို့ပါ၊ အနောက်ကို ခဏခဏ ပြန်လှည့်ကြည့်ဖို့ မဟုတ်ပါဘူး။
📍 ခွဲခွာခြင်းကို လက်ခံပါ
လူတွေနဲ့ ခွဲခွာရတဲ့အခါ "ငါ့အမှားလား" ဆိုပြီး တစိမ့်စိမ့် ပြန်မတွေးနဲ့၊ အများကြီးလည်း ဝမ်းမနည်းပါနဲ့။ လူတွေနဲ့ အတူရှိရခြင်းက တစ်ယောက်ကိုတစ်ယောက် အလင်းရောင်ပေးနိုင်ဖို့ပါ။ အဲလိုမှ မဟုတ်ရင်လည်း တစ်ယောက်တည်း ထမင်းစား၊ တစ်ယောက်တည်း လမ်းလျှောက်တာ အဆင်ပြေပါတယ်။ ဘယ်ပစ္စည်းမှ တစ်သက်လုံး မတည်မြဲသလို လူတွေလည်း သင့်အနားမှာ တစ်သက်လုံး ရှိမနေနိုင်ပါဘူး။ ဆုံတွေ့ရချိန် ခဏတာလေးကိုပဲ ကျေနပ်ပါ။ ရေစက်ဆိုတာ ကြိုမသိနိုင်သလို လမ်းခွဲခြင်းဆိုတာလည်း ကြိုတင်ပြင်ဆင်လို့ မရပါဘူး။
📍 ကြိုတင်မစိုးရိမ်ပါနဲ့
အတွေးလွန်ခြင်းကြောင့် လက်ရှိစိတ်အခြေအနေကို အဖျက်ဆီးမခံပါနဲ့။ အားလုံးက ဖြစ်ချိန်တန်ရင် ဖြစ်လာတာပါပဲ။ မယုံရင် အတိတ်ကို ပြန်လှည့်ကြည့်ပါ၊ အဲဒီတုန်းက သိပ်ခက်ခဲတယ်ဆိုတဲ့ အရာတွေကိုတောင် သင် အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တာ မဟုတ်လား။ အခုလည်း အားလုံး အဆင်ပြေသွားမှာပါ။
📍 ကိုယ့်လမ်းကြောင်းနဲ့ကိုယ် လျှောက်ပါ
အကောင်းဆုံး အသက်အရွယ်ဆိုတာ မရှိဘူး၊ အကောင်းဆုံး စိတ်ထားပဲ ရှိတာပါ။ လူတိုင်းရဲ့ ဘဝပေးအခြေအနေချင်း မတူကြဘူး။ သင့်ထက် မြန်မြန်ပြေးနေသူရှိသလို၊ သင့်လောက် မပြေးနိုင်သူလည်း ရှိပါတယ်။ ဒါကြောင့် သင့်ဘဝကို တခြားသူရဲ့ တာထွက်ချိန်နဲ့ လိုက်တိုင်းစရာမလိုဘူး။ အရေးကြီးတာက သင့်အလုပ်ကို သင်မရပ်ဘဲ ဆက်လုပ်သွားဖို့ပါပဲ။
📍 ကျန်းမာရေးနှင့် စိတ်ချမ်းသာမှုကို ဦးစားပေးပါ
လူ့ဘဝမှာ ကျန်းမာရေးမကောင်းရင် ဘာကိုမှ ကြွားဝါလို့ မရပါဘူး။ ဒေါသတွေလျှော့ပါ၊ အငြိုးအတေးတွေ မထားပါနဲ့။ စိတ်ချမ်းသာမှ လူရဲ့ကံကလည်း မြင့်လာတတ်တာပါ။ ပျော်ရင် ရယ်ပါ၊ ပင်ပန်းရင် အိပ်ပါ၊ ဝမ်းနည်းရင် အားတင်းထားပါ။
စိတ်အဆင်မပြေတိုင်း၊ စိတ်ခွန်အား လိုအပ်တိုင်းမှာ ဒီစာကို ခဏခဏ ပြန်ဖတ်ပါ။ ဘဝထဲမှာ မိမိစိတ်ကို နိုင်အောင် ထိန်းကျောင်းပြီး နေတတ်သူဟာ တခြားသူတွေထက် တစ်ပန်းသာနေမှာ အမှန်ပါပဲ။☘️☘️

#စာအုပ်စာပေ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Zin KOผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์