Play For Fun Games and Related Dumps

Story of Mother Miranda (Mother Miranda ဘ၀ဇာတ်ကြောင်း)Mother Miranda ဆိုတာ RE: Village ထဲက Main Villain တစ်ယောက်ဖြစ်တဲ့အ...
23/08/2025

Story of Mother Miranda (Mother Miranda ဘ၀ဇာတ်ကြောင်း)

Mother Miranda ဆိုတာ RE: Village ထဲက Main Villain တစ်ယောက်ဖြစ်တဲ့အပြင် RE Universe အတွက်လည်း အရေးကြီးတဲ့ Character တစ်ယောက်ဖြစ်ပါတယ်။

Mother Miranda ရယ်လို့ မဖြစ်ခင်က သူမဟာလည်း လူသားတစ်ယောက်ပဲဖြစ်ပါတယ်။ 19 ရာစုနှစ်အတွင်း မွေးဖွားခဲ့ပြီး Easter Europe က ရွာလေးတစ်ရွာမှာ အခြေချနေထိုင်နေတဲ့ Biologist တစ်ယောက်ပါ။ ဒါပေမယ့် 1919 ခုနှစ်အရောက်မှာတော့ Eve လို့ခေါ်တဲ့ သူ့သမီးလေးကို Spanish Flu ရောဂါကြောင့် ဆုံးရှုံးလိုက်ရပါတယ်။

ပုံနဲ့ စာနဲ့တွဲချင်လို့ တစ်ပုံခြင်းစီ လိုက်ဖတ်ပေးပါဗျ...


နောက်နှစ်ထဲမှာ ထွက်ရှိလာမယ့်  Resident Evil Village ရဲ့  sequel ဖြစ်တဲ့ Resident Evil Requiem မှာ RE Fan တွေရဲ့ အချစ်တော...
22/08/2025

နောက်နှစ်ထဲမှာ ထွက်ရှိလာမယ့် Resident Evil Village ရဲ့ sequel ဖြစ်တဲ့ Resident Evil Requiem မှာ RE Fan တွေရဲ့ အချစ်တော် Leon က Main Character အဖြစ် ပါ၀င်လာတော့မှာ မဟုတ်ပါဘူး။ Grace Ashcroft လို့ခေါ်တဲ့ ကောင်မ‌လေးတစ်ယောက်အနေနဲ့ ဆော့ရမှာဖြစ်ပါတယ်။

Leon မပါတော့တဲ့ အကြောင်းအရင်းကို တင်စားပြောရရင်တော့ ကျွန်တော်တို့ငယ်ငယ်က ဂိမ်းဆိုင်မှာ ဂိမ်းဆော့တာဖြစ်ဖြစ် ဘောလုံးစုကန်ကြတာဖြစ်ဖြစ် “မင်းက ဆော့တတ်တယ် ကန်တတ်တယ် မင်းပါရင်လူမမျှတော့ဘူးကွ” ဆိုတဲ့ သူငယ်ချင်းတစ်ယောက်တော့ ရှိကြမှာပါ။

Developer တွေပြောတာကတော့ “RE: Requiem ကို Pure Horror Experience ပေးချင်တယ် RE ဆိုတာနဲ့ Leon ကို ကျွန်တော်တို့လည်း စဥ်းစားခဲ့ပါတယ်။ ဒါပေမယ့် ရေပုံးလေးပြုတ်ကြတာ အသံလေးကြားတာနဲ့ Leon က ထခုန်မယ့်ကောင်မျိုး မဟုတ်ဘူးလေ” အကုန်လုံးကို လက်သီးတွေကြီး ကျွေးမယ့်ဘဲလေ သူက (စာရေးသူ ကိုယ့်ဘာသာ အပိုထည့်)။ ဒါကြောင့် Grace လို Experience မရှိ အခုမှထိတ်လန့်စရာ‌တွေနဲ့ ကြုံရပြီး တဖြည်းဖြည်း ရင့်ကျက်လာမယ့် Character မျိုးကို ရွေးလိုက်တာပါ။

အဲတေ့ reason က ကို Leon အကြမ်းပတမ်းတွေ အရမ်းလုပ်လို့ မပါခိုင်းတော့တာပဲ ဖြစ်ပါတယ်😂


၁၉၉၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Metal Gear Solid မှာပါတဲ့ Boss Fight တစ်ခုဟာဆိုရင် အဲ့ခေတ်အချိန်ခါတုန်းက player တွေကို တ...
21/08/2025

၁၉၉၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Metal Gear Solid မှာပါတဲ့ Boss Fight တစ်ခုဟာဆိုရင် အဲ့ခေတ်အချိန်ခါတုန်းက player တွေကို တော်တော်လေးအံ့အားသင့်စေခဲ့ပါတယ်။ Psycho Mantis လို့ခေါ်တဲ့ ဒီ Boss ရဲ့ အစွမ်းကတော့ psychic power နဲ့ လူတွေစိတ်ကိုဖတ်နိုင်တာ လူတွေကို ထိန်းချုပ်နိုင်တာဖြစ်ပါတယ်။

Boss fight မှာဆိုရင်လည်း Player ချမယ့် Move တွေကို အကုန်ရှောင်နိုင်ပြီးတော့ သွေးလုံး၀မလျှော့တာကြောင့် player တွေအနေနဲ့ တကယ်ကြီး သူတို့စိတ်ကိုဖတ်နိုင်နေတာလားဆိုပြီး ထင်ယောင်ထင်မှားဖြစ်ခဲ့ကြပါတယ်။ အဲ့ဒါအပြင် cutscene မှာလည်း ကိုယ့်ကစားဖူးတဲ့ ဂိမ်းတွေရှိရင် “You like Castlevania, don’t you?” ကိုယ့်က ပုံမှန် save လုပ်နေကြသူမဟုတ်ရင် “you’re somewhat reckless”လိုမျိုး ဘာမှမမှတ်ထားရင် ‘your memory is wipe clean” အဲ့လိုမျိုးတွေလည်း ပြောတတ်ပါသေးတယ်။

အဲ့ဒီအချိန်တုန်းက ဂိမ်းတစ်ခုက fourth wall ကိုကျော်လွန်ပြီး player ကို တန်းပြောတာ သိပ်မရှိသေးတဲ့ အချိန်မို့ player တော်တော်များများ ဟာတွေဟင်တွေဖြစ်ခဲ့ကြပါတယ်။ Fourth wall break ဆိုတာ ဥပမာပြောရမယ်ဆိုရင်တော့ Detroit Become Human Loading Screen က Chole က game ထဲ၀င်လာရင် player ကိုစကားပြောတာမျိုးကို ပြောတာပါ။

ဆက်ရရင် Psycho Mantis အဲ့လိုမျိူးတွေ ဘာလို့လုပ်နိုင်တာလဲဆို အဲ့ boss fight ရောက်ပြီဆို MGS game က ကိုယ့်ရဲ့ memory card ကို ဖတ်ပါတယ်။ Card ထဲမှာ Konami က ထုတ်ထားတဲ့ Castlevania တို့ Suikoden တို့လို ဂိမ်းတွေတွေ့ရင် response လုပ်ဖို့ voiceline ကြိုထည့်ထားတာပါ။ သွေးမလျှော့တဲ့ Psycho Mantis ကို ချဖို့အတွက်ဆို Controller ကို Player 1 port ကနေဖြုတ် Player 2 port မှာတပ်ပြီး ဆော့ရင်တော့ မင်းရဲ့ move တွေကို ငါဖတ်လို့မရတော့ဘူးဆိုပြီး အဲ့ချိန်မှ ချလို့ရပါတယ်။

Psycho mantis လို idea အထူးအဆန်းနဲ့ gameplay အဆန်းအပြားတွေလုပ်ခဲ့တာကတော့ အားလုံးသိပြီးသား Hideo Kojima ပဲဖြစ်ပါတယ်။

2013 လောက်တုန်းက “Send Me to Heaven” ဆိုတဲ့ mobile game တစ်ခု iOS နဲ့ Android နှစ်ခုလုံးမှာ ထွက်ရှိခဲ့ဖူးပါတယ်။ ကိုယ့်ဖု...
20/08/2025

2013 လောက်တုန်းက “Send Me to Heaven” ဆိုတဲ့ mobile game တစ်ခု iOS နဲ့ Android နှစ်ခုလုံးမှာ ထွက်ရှိခဲ့ဖူးပါတယ်။

ကိုယ့်ဖုန်းကိုယ် ဘယ်လောက်အမြင့်ထိရောက်အောင် ပစ်နိုင်လဲ ပစ်ပြီးဆော့ရတာပါ။ ဂိမ်းထုတ်တဲ့ developer တွေရဲ့ စိတ်ထားလေးတစ်ခုကတော့ မြင့်သထက်မြင့်အောင်ပြိုင်ပစ်ကြရင်း ပြန်အကျမှာ မဖမ်းနိုင်တဲ့အခါ ကွဲတဲ့ဖုန်းတွေများလာစေချင်တာပါတဲ့။

ထွက်ပြီးသိပ်မကြာပဲ app store တွေပေါ်ကနေ ban ခံခဲ့ရပါတယ် 🤗

Steam 5/10IGN 4/10Eurogamer 1/5 rating နဲ့အရမ်းကောင်းတယ် (စိတ်ပျက်ဖို့) ပြောခံနေရတဲ့ ဂိမ်းလေး ညကျဆော့ကြပါမယ် ☺️ So you d...
17/06/2025

Steam 5/10
IGN 4/10
Eurogamer 1/5 rating နဲ့

အရမ်းကောင်းတယ် (စိတ်ပျက်ဖို့) ပြောခံနေရတဲ့ ဂိမ်းလေး ညကျဆော့ကြပါမယ် ☺️

So you dont have to. Thanks me later 🙂

12/06/2025

PC ဆင်ချင်တယ် ဆင်ဖို့စဉ်းစားနေတယ်ဆိုရင်…

Cannes ပွဲက ပုံတွေတောင် ကြည့်မဝသေးဘူးဂိမ်းထဲမှာပါ သွားလှနေရော 🤧“Elle Fanning in Death Standing 2”
10/06/2025

Cannes ပွဲက ပုံတွေတောင် ကြည့်မဝသေးဘူး
ဂိမ်းထဲမှာပါ သွားလှနေရော 🤧

“Elle Fanning in Death Standing 2”

Switch 2 က စျေးမကြီးပါဘူးရှာတတ်ဖို့ပဲလိုတာပါ ☺️ဆိုင်အနီးနားက လူပြတ်တဲ့လမ်းတို့ဘာတို့ပေါ့
07/06/2025

Switch 2 က စျေးမကြီးပါဘူး
ရှာတတ်ဖို့ပဲလိုတာပါ ☺️

ဆိုင်အနီးနားက လူပြတ်တဲ့လမ်းတို့ဘာတို့ပေါ့

လူမှန် နေရာမှန် သို့ ဘုရားသခင်ရဲ့ ဆုံဆည်းပေးခြင်းဘယ်ဘက်ကတစ်ယောက်ကတော့ Ray လို့ခေါ်တဲ့ ထိုင်၀မ်ကဆယ်ကျော်သက် ကောင်လေးတစ်ယေ...
07/06/2025

လူမှန် နေရာမှန် သို့ ဘုရားသခင်ရဲ့ ဆုံဆည်းပေးခြင်း

ဘယ်ဘက်ကတစ်ယောက်ကတော့ Ray လို့ခေါ်တဲ့ ထိုင်၀မ်ကဆယ်ကျော်သက် ကောင်လေးတစ်ယောက်ဖြစ်ပြီး ညာဘက်ကတော့ Twitch Streaming Platform ပေါ်က biggest streamer တစ်ယောက်ဖြစ်တဲ့ Kai Cenat ပဲဖြစ်ပါတယ်။

အောက်ကပုံကတော့ နှစ်ယောက်သား ဂျပန်နိုင်ငံက 7Eleven ဆိုင်တစ်ဆိုင်ရှေ့မှာရိုက်ထားတဲ့ပုံပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မတိုင်ခင်နှစ်ယောက်လုံးက ကမ္ဘာရဲ့ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်းနေတဲ့သူ နှစ်ယောက်ပါ။ Ray ဆိုတဲ့ ကောင်လေးကတော့ ဂျပန်ကို ကျောင်းလေ့လာခရီးအနေနဲ့ ရောက်နေတာဖြစ်ပြီး Kai ကတော့ ဂျပန်ကိုလာပြီး IRL (in real life) stream လုပ်နေတဲ့အချိန်မှာ 7Eleven ဆိုင်ရှေ့မှာ Kai ကိုတွေ့ပြီး ဓာတ်ပုံရိုက်ဖို့ခွင့်တောင်းရင်းကနေ Ray ရဲ့ ဘ၀ပြောင်းလဲဖို့ ဖြစ်လာတယ် ပြောလို့ရပါတယ်။

God did ဆိုတာကတော့ Ray က Kai ကို ဓာတ်ပုံရိုက်အပြီး ဘုရားသခင်က ဆုံဖို့ လုပ်ပေးတာလို့ပြောတာဖြစ်နိုင်ပါတယ်။ အမှတ်မထင်တွေ့ပြီးကတည်းက အရမ်းခင်သွားတာဆိုတာ နောက်ပိုင်း KC ကိုယ်တိုင်ထိုင်၀မ်ကို လိုက်သွားပြီး Ray ရဲ့ High School Graduation တွေကို သွား surprise လုပ်ခဲ့ပါတယ်။

အဲ့ဒီနောက်မပြီးသေးပဲ US မှာ လာနေဖို့အထိပါ ကူညီပေးခဲ့ပြီး အခုဆိုရင်တော့ “AMP G League” content house မှာနေပြီး Twitch မှာ Follower 2M ကျော်နဲ့ average viewer 15,000- 20,000 ရှိတဲ့ one of the biggest streamer တစ်ယောက်ဖြစ်နေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Adidas Sponsorship လည်း ရရှိခဲ့ပါသေးတယ် (အခုတော့ မျက်ခွက်ပြောင်နေလို့ sponsor မရှိတော့ဘူးပြောပါတယ်😂)

Total net worth အနေနဲ့ကတော့ nearly 1mil ရှိတယ်လို့ google မှာပြထားပါတယ်။

စဥ်းစားကြည့်ရင် ဂျပန်မှာရှိမယ့်ရက်လည်းတူရမယ် ဂျပန်နိုင်ငံရဲ့ 7Eleven တွေအများကြီးကိုမှာ အဲ့ဒီဆိုင်ရှေ့မှာ တွေ့ပြီး တစ်ယောက်နဲ့တစ်ယောက် ဆိုင်‌ရှေ့ရောက်မယ့် အချိန်လည်းတူရပါအုန်းမယ်။ Ray အတွက်ကတော့ သာမန်ကျောင်းသားလေးဘ၀ကနေ ပြောင်းလဲဖို့အတွက် လူမှန်နေရာမှန်မှာ ရှိနေ‌အောင် လောကကြီးကပို့ပေးလိုက်တယ်လို့ ပြောရမလားပါပဲ 😇

X ပေါ်မှာ အပြန်အလှန်ပို့စ်တွေတင်နေမယ့်အစား နောက်ဆုံးတော့by one best of 3 (no scope) ဆွဲဖို့ ဆုံးဖြတ်လိုက်ကြတယ် ပြောပါတယ်
06/06/2025

X ပေါ်မှာ အပြန်အလှန်ပို့စ်တွေတင်နေမယ့်အစား နောက်ဆုံးတော့
by one best of 3 (no scope) ဆွဲဖို့ ဆုံးဖြတ်လိုက်ကြတယ် ပြောပါတယ်

ที่อยู่

Bangkok
10270

เบอร์โทรศัพท์

+959798430902

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Play For Funผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Play For Fun:

แชร์