19/08/2026
ဘိုးဘွားရိပ်သာတွေမှာထုံးစံတစ်ခုရှိတယ်။
ထမင်းမစားခင် အလှူရှင်ကိုဆုတောင်းမေတ္တာပို့ပေးတဲ့ ဆုတောင်းရှည်ကြီးကို
အဘိုးကြီးအဖွားကြီးတွေက လက်အုပ်ကလေးတွေချီပြီး
ဗိုက်ဆာနေတဲ့ကြားက ခွန်အားမရှိတော့တဲ့အသံတိုးတိုးလေးတွေကို အားစိုက်ပြီး မောနေအောင်ဆုတောင်းပေးကြရရှာတယ်။
ဒါကိုထမင်းလှူတဲ့လူက ပြုံးပြုံးကြီးနားထောင်နေတယ်။
ငါတို့ထမင်းကျွေးတာ ဒီလောက်တော့ပြန်လုပ်ပေးရမှာပေါ့လို့ ယူဆနေကြရော့သလား?
ခံယူချက်အမျိုးမျိုးရှိကြမှာပေါ့လေ။
အလှူရှင်တွေကဒီလိုလုပ်ပေးမှကျေနပ်ကြသတဲ့။
ဒီကိစ္စကိုသတိထားမိတဲ့နောက်ပိုင်း ဘယ်တော့မှဆုမတောင်းခိုင်းတော့ဘူး။
ရိပ်သာအုပ်ချုပ်ရေးမှုးကိုပြောထားတယ်။
ကျွန်တော်လှူရင်ဆုမတောင်းစေနဲ့။
တစ်ခါထဲတန်းဝင် ။
တစ်ခါထဲထိုင်စားပဲ။
ကုသိုလ်ရချင်လို့လာလှူတာလဲမဟုတ်ဘူး။
လူသားတစ်ယောက်အနေနဲ့ လောကဝန်ကိုနိုင်တဲ့နေရာက
ကြုံသလိုစိတ်ကူးပေါက်သလိုဝင်ထမ်းတဲ့သဘောပဲ။
လိုနေတယ်ထင်တဲ့နေရာကို တခါတလေဝင်ဖြည့်တဲ့သဘောပဲ။
မိမိကိုယ်သာအားကိုးရာပဲ။
သူတစ်ပါးဆုတောင်းပေးစရာမလိုဘူး။
ဗုဒ္စနုတ်ထွက်စကားလို့ယူဆရတာကိုပဲတိုက်ရိုက်နာယူတယ်။
အပိုဆာဒါးတွေ စိတ်မဝင်စားဘူး။
ကိုယ့်ကြောင့်သူတစ်ပါးကိုဝန်ပိုစေတာမျိုးမကြိုက်ဘူး။
ဘယ့်နှယ်ဗျာ။
လှူတာကထမင်းလေးတစ်ဆုပ်နှစ်ဆုပ်။အသက်၈၀၊၉၀တွေက တံတွေးတမျိုမျိုနဲ့မစားရသေးဘူး။ မောနေအောင်အရင်ဆု တောင်းပေးနေရတယ်။
ပေးတာနဲ့တန်အောင်ပြန်ယူမယ်ဆိုတဲ့
မြန်မာ့စိတ်ရင်းမြန်မာ့ရှုခင်းကတော့ လက်ဖျားခါလောက်တယ်။
( post ~ stolen) from bro waiPhyoAg..