Soe Maung အလုပ်=ကံ Soe Maung

19/08/2026

ဘိုးဘွားရိပ်သာတွေမှာထုံးစံတစ်ခုရှိတယ်။

ထမင်းမစားခင် အလှူရှင်ကိုဆုတောင်းမေတ္တာပို့ပေးတဲ့ ဆုတောင်းရှည်ကြီးကို
အဘိုးကြီးအဖွားကြီးတွေက လက်အုပ်ကလေးတွေချီပြီး
ဗိုက်ဆာနေတဲ့ကြားက ခွန်အားမရှိတော့တဲ့အသံတိုးတိုးလေးတွေကို အားစိုက်ပြီး မောနေအောင်ဆုတောင်းပေးကြရရှာတယ်။

ဒါကိုထမင်းလှူတဲ့လူက ပြုံးပြုံးကြီးနားထောင်နေတယ်။
ငါတို့ထမင်းကျွေးတာ ဒီလောက်တော့ပြန်လုပ်ပေးရမှာပေါ့လို့ ယူဆနေကြရော့သလား?
ခံယူချက်အမျိုးမျိုးရှိကြမှာပေါ့လေ။

အလှူရှင်တွေကဒီလိုလုပ်ပေးမှကျေနပ်ကြသတဲ့။

ဒီကိစ္စကိုသတိထားမိတဲ့နောက်ပိုင်း ဘယ်တော့မှဆုမတောင်းခိုင်းတော့ဘူး။
ရိပ်သာအုပ်ချုပ်ရေးမှုးကိုပြောထားတယ်။
ကျွန်တော်လှူရင်ဆုမတောင်းစေနဲ့။
တစ်ခါထဲတန်းဝင် ။
တစ်ခါထဲထိုင်စားပဲ။

ကုသိုလ်ရချင်လို့လာလှူတာလဲမဟုတ်ဘူး။
လူသားတစ်ယောက်အနေနဲ့ လောကဝန်ကိုနိုင်တဲ့နေရာက
ကြုံသလိုစိတ်ကူးပေါက်သလိုဝင်ထမ်းတဲ့သဘောပဲ။
လိုနေတယ်ထင်တဲ့နေရာကို တခါတလေဝင်ဖြည့်တဲ့သဘောပဲ။

မိမိကိုယ်သာအားကိုးရာပဲ။
သူတစ်ပါးဆုတောင်းပေးစရာမလိုဘူး။
ဗုဒ္စနုတ်ထွက်စကားလို့ယူဆရတာကိုပဲတိုက်ရိုက်နာယူတယ်။
အပိုဆာဒါးတွေ စိတ်မဝင်စားဘူး။
ကိုယ့်ကြောင့်သူတစ်ပါးကိုဝန်ပိုစေတာမျိုးမကြိုက်ဘူး။

ဘယ့်နှယ်ဗျာ။
လှူတာကထမင်းလေးတစ်ဆုပ်နှစ်ဆုပ်။အသက်၈၀၊၉၀တွေက တံတွေးတမျိုမျိုနဲ့မစားရသေးဘူး။ မောနေအောင်အရင်ဆု တောင်းပေးနေရတယ်။
ပေးတာနဲ့တန်အောင်ပြန်ယူမယ်ဆိုတဲ့
မြန်မာ့စိတ်ရင်းမြန်မာ့ရှုခင်းကတော့ လက်ဖျားခါလောက်တယ်။

( post ~ stolen) from bro waiPhyoAg..

"ယောက်ျားက ဘယ်လောက်ပဲ ကောင်းနေပါစေ... အမျိုးသမီးရဲ့ 'အလိုမပြည့်နိုင်ခြင်း' ကြောင့် ပျက်စီးသွားရတဲ့ အိမ်ထောင်ရေးတွေလည်း ရ...
19/08/2026

"ယောက်ျားက ဘယ်လောက်ပဲ ကောင်းနေပါစေ... အမျိုးသမီးရဲ့ 'အလိုမပြည့်နိုင်ခြင်း' ကြောင့် ပျက်စီးသွားရတဲ့ အိမ်ထောင်ရေးတွေလည်း ရှိတာပါပဲ"

အိမ်ထောင်ရေးတစ်ခု မသာယာဘူးဆိုတာနဲ့ ပတ်ဝန်းကျင်က အမျိုးသားတွေကိုပဲ လက်ညှိုးထိုး အပြစ်တင်တတ်ကြတာ ခုခေတ် အထာလို ဖြစ်နေပြီ။

ဒါပေမဲ့ လက်တွေ့လောကမှာ... အမျိုးသားဘက်က စီးပွားရေးလည်း ကြိုးစားတယ်၊ အိမ်ထောင်အပေါ်မှာလည်း သစ္စာရှိတယ်၊ ဇနီးဖြစ်သူကိုလည်း အလိုလိုက်ပါလျက်နဲ့... အမျိုးသမီးတချို့ရဲ့ စရိုက်နဲ့ အယူအဆအလွဲတွေကြောင့် တိတ်တဆိတ် ကျိုးကြေနေရတဲ့ အိမ်ထောင်ရေးတွေ အများကြီး ရှိပါတယ်။

၁။ အလိုမပြည့်နိုင်တဲ့ နှိုင်းယှဉ်ခြင်းအဆိပ်:
ယောက်ျားက အပြင်မှာ ဘယ်လောက်ပဲ ပင်ပန်းခံရှာဖွေပေးနေပါစေ... အကောင်းမမြင်တတ်ဘဲ "ဟိုအိမ်ကယောက်ျားက ဘာဝယ်ပေးတာ၊ ဒီလူကတော့ ဘယ်လိုချမ်းသာတာ" ဆိုပြီး လိုက်နှိုင်းယှဉ်တတ်တဲ့အကျင့်ဟာ ယောက်ျားတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကို ရိုက်ချိုးလိုက်တာပါပဲ။

တောင်းဆိုမှုတွေ၊ အလိုမပြည့်မှုတွေ များလာတဲ့အခါ အိမ်ဟာ နားခိုရာမဟုတ်ဘဲ ပူလောင်ရာဖြစ်လာပါတယ်။

၂။ အလိုလိုက်တာကို အခွင့်အရေးယူပြီး အတ္တကြီးခြင်း: ကိုယ့်ကို ချစ်လို့၊ တန်ဖိုးထားလို့ အမြဲအလျှော့ပေး၊ သည်းခံပေးတာကို အခွင့်အရေးယူပြီး... အိမ်တွင်းမှာ နိုင်ထက်စီးနင်းလုပ်တာ၊ အနိုင်လိုချင်လွန်းလို့ စကားလုံးကြမ်းတွေနဲ့ စော်ကားတာမျိုးဟာ ယောက်ျားတစ်ယောက်ကို စိတ်ကုန်သွားစေတဲ့ အဓိကအချက်ပါ။

သည်းခံခြင်းမှာ ကန့်သတ်ချက်ရှိတာမို့လို့ စိတ်ပျက်သွားတဲ့နေ့ကျရင်တော့ ပြန်ဆွဲလို့မရတော့ပါဘူး။

၃။ စာနာမှုကင်းမဲ့ပြီး အပြစ်ပဲရှာနေခြင်း:
အပြင်မှာ စီးပွားရေး လောကဓံဒဏ်တွေကြောင့် ပင်ပန်းနွမ်းနယ်ပြီး အိမ်ပြန်လာတဲ့အခါ... နွေးထွေးတဲ့ အားပေးစကား၊ အဆင်ပြေရဲ့လားဆိုတဲ့ စာနာမှုမျိုး မပေးဘဲ အိမ်ရောက်တာနဲ့ အပြစ်တွေချည်း လိုက်ရှာ၊ ပြဿနာရှာ စာရင်းရှင်းနေမယ်ဆိုရင် ဘယ်ယောက်ျားမှ အိမ်ကို မပြန်ချင်တော့ပါဘူး။

"အိမ်ထောင်ရေးဆိုတာ နှစ်ဦးသဘောတူ တည်ဆောက်ရတဲ့ စက်ဝိုင်းတစ်ခုပါ။

၄။ အလိုမပြည့်နိုင်တဲ့ "အတ္တနဲ့ မောဟ"
ယောကျ်ားဖြစ်သူက ရသလောက် ဝင်ငွေနဲ့ မိသားစုကို အကောင်းဆုံး ထောက်ပံ့ပေးထားတာကို အသိအမှတ်မပြုဘဲ... သူများယောကျ်ား တွေနဲ့ လိုက်နှိုင်းယှဉ်ပြီး အမြဲတမ်း အလိုလောဘ ပြည့်သည်မရှိ အပြစ်ရှာ ညည်းတွားတတ်ကြတယ်။

ကိုယ့်ယောကျ်ားရဲ့ ရုန်းကန်မှုကို တန်ဖိုးမထားဘဲ အလိုမပြည့်နိုင်တာဟာ ယောကျ်ားတစ်ယောက်ကို စိတ်အပျက်စေဆုံးပါပဲ။

ယောက်ျားတစ်ယောက်က ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ခေါင်းဆောင်ဖြစ်ပါစေ... ဘေးက ပံ့ပိုးပေးရမယ့် အမျိုးသမီးက အမြဲတမ်း ပူလောင် အဆိပ်အတောက် ဖြစ်နေမယ်ဆိုရင်တော့ အဲ့ဒီအိမ်ထောင်ရေးဟာ ဘယ်လိုမှ ရေရှည်မသာယာနိုင်ပါဘူး။"

၅။ "အတင်းအဖျင်းနဲ့ နားယောင်ခြင်း"
အိမ်တွင်းရေးကိစ္စတွေကို ပတ်ဝန်းကျင်က လူတကာထံ လျှောက်ပြောတာ၊ သူများကောက်ချက်ချတဲ့ စကားတွေနောက်ကို လိုက်ပြီး ကိုယ့်ယောက်ျားကိုယ် ပြန်သံသယဝင် တိုက်ခိုက်တာမျိုးပါ။

အပြင်လူစကားကို ကိုယ့်ယောကျ်ားထက် ပိုယုံကြည်နေသရွေ့ အဲ့ဒီအိမ်မှာ ဘယ်တော့မှ အေးချမ်းမှု မရှိနိုင်ပါဘူး။

၆။ ကိုယ့်ကို ချစ်တဲ့အပေါ် "အခွင့်အရေးယူပြီး အနိုင်ကျင့်ခြင်း"

သူက ကိုယ့်ကို ချစ်လွန်းလို့၊ အိမ်ထောင်ရေး အဆင်ပြေစေချင်လို့ အမြဲဦးညွှတ် အလျှော့ပေးနေတာကို အခွင့်ကောင်းယူပြီး... စကားလုံးရိုင်းစိုင်းတာ၊ သိက္ခာချတာ၊ ရန်တွေ့ရင် ကက်ကက်လန်အောင် နိုင်ထက်စီးနင်း လုပ်တာမျိုးပါ။

"လောကမှာ သည်းခံခြင်းဆိုတာ အတိုင်းအတာ ရှိပါတယ်။ ဘယ်လောက်ပဲ ကောင်းတဲ့ ယောကျ်ားဖြစ်ပါစေ... သူ့ရဲ့ စေတနာတွေ နင်းခြေခံရပြီး စိတ်ကုန်သွားတဲ့နေ့မှာတော့... ဘယ်လိုမှ ဆွဲထားလို့မရအောင် အပြီးတိုင် ကျောခိုင်းထွက်သွားတတ်ကြတာ လူ့သဘာဝပါပဲ...။"

အိမ်ထောင်ရေးဆိုတာ အမိုးနဲ့ အကာလိုပါပဲ။ အမျိုးသားက အမိုးအဖြစ် မုန်တိုင်းဒဏ် ခံပေးထားရင်...
အမျိုးသမီးကလည်း နွေးထွေးတဲ့ အကာအရံအဖြစ် အလိုက်သိတတ်မှု၊ နားလည်မှုတွေနဲ့ တည်ဆောက်မှသာ အေးချမ်းတဲ့ "အိမ်" စစ်စစ် ဖြစ်လာမှာပါ.....

ပစ္စည်းတစ်ခုကို တစ်ခုနဲ့လဲရင်း နောက်ဆုံး အိမ်တစ်လုံးရခဲ့သူ၂၀၀၅ ခုနှစ်မှာ ကနေဒါနိုင်ငံသား ဘလော့ဂါ Kyle MacDonald ဟာ ပိုက်...
17/08/2026

ပစ္စည်းတစ်ခုကို တစ်ခုနဲ့လဲရင်း နောက်ဆုံး အိမ်တစ်လုံးရခဲ့သူ

၂၀၀၅ ခုနှစ်မှာ ကနေဒါနိုင်ငံသား ဘလော့ဂါ Kyle MacDonald ဟာ ပိုက်ဆံမသုံးဘဲ ပစ္စည်းတစ်ခုကို တခြားပစ္စည်းတစ်ခုနဲ့ အဆင့်ဆင့် လဲလှယ်သွားရင်း နောက်ဆုံးမှာ ဘယ်လောက်အထိ တန်ဖိုးကြီးတဲ့အရာတစ်ခု ရနိုင်မလဲဆိုတာ စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီအစီအစဉ်ကို စတင်ဖို့အတွက် သူ့မှာရှိတာကတော့ အရမ်းရိုးရှင်းတဲ့ အနီရောင် စာရွက်ညှပ်ကလစ်တစ်ခု ပဲ ဖြစ်ပါတယ်။

အဲဒီစာရွက်ညှပ်လေးကို ပထမဆုံး လဲလှယ်လိုက်တဲ့အခါ ငါးပုံစံ ဘောပင်တစ်ချောင်း ရရှိခဲ့ပါတယ်။ အဲဒီဘောပင်ကို ထပ်မံလဲလှယ်ပြီး လက်နဲ့ထုလုပ်ထားတဲ့ တံခါးလက်ကိုင် တစ်ခု ရခဲ့ပါတယ်။

တံခါးလက်ကိုင်ကနေတော့ စခန်းချရာမှာ အသုံးပြုနိုင်တဲ့ မီးဖို တစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် မီးဖိုကို ထပ်လဲလှယ်ပြီး လျှပ်စစ်မီးစက် (generator) တစ်လုံး ရရှိခဲ့ပါတယ်။

ဒီလိုနဲ့ ပစ္စည်းတစ်ခုရဲ့ တန်ဖိုးကို တဖြည်းဖြည်း မြှင့်တင်သွားခဲ့တာပါ။
Generator ကို လဲလှယ်ပြီးနောက် “Instant Party” လို့ ခေါ်တဲ့ ပါတီပွဲတစ်ခု ချက်ချင်းကျင်းပနိုင်အောင် ပြင်ဆင်ပေးထားတဲ့ ပစ္စည်းအစုအဝေးတစ်ခု ရရှိခဲ့ပါတယ်။

အဲဒီကနေ နောက်တစ်ဆင့်မှာတော့ နှင်းပေါ်မှာ စီးနိုင်တဲ့ Snowmobile တစ်စီးအထိ ရောက်လာခဲ့ပါတယ်။

ဒီအချိန်မှာတော့ Kyle ရဲ့ စမ်းသပ်မှုဟာ သူ့ရဲ့ ဘလော့ဂ်ကို ဖတ်တဲ့လူတွေရဲ့ စိတ်ဝင်စားမှုကို စတင်ရရှိလာခဲ့ပါတယ်။ သူက အလဲအလှယ်တစ်ကြိမ်လုပ်တိုင်း ဘာပစ္စည်းကနေ ဘာပစ္စည်းကို ပြောင်းလဲသွားတယ်ဆိုတာကို အွန်လိုင်းပေါ်မှာ မှတ်တမ်းတင်ခဲ့ပါတယ်။

ဒါကြောင့် သူ့ရဲ့ စာရွက်ညှပ်လေးက ဘယ်လိုနည်းနဲ့ အဆင့်ဆင့် တန်ဖိုးမြင့်လာသလဲဆိုတာကို လူတွေက အစကနေ လိုက်ကြည့်နိုင်ခဲ့ကြပါတယ်။

Snowmobile နောက်ပိုင်းမှာလည်း အလဲအလှယ်တွေ ဆက်လက်ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာ Box Truck တစ်စီးအထိ ရောက်ရှိလာခဲ့ပါတယ်။

အဲဒီနောက် အလဲအလှယ်က ပိုပြီး ထူးခြားလာပါတယ်။ Box Truck ကနေ အသံသွင်းစာချုပ် (recording contract) တစ်ခု ရရှိခဲ့ပြီး အဲဒီနောက်မှာတော့ Phoenix မြို့မှာ တစ်နှစ်စာ နေထိုင်ခွင့် ရရှိခဲ့ပါတယ်။

ဒါပေမယ့် Kyle ရဲ့ ရည်မှန်းချက်က အဲဒီမှာ မရပ်သေးပါဘူး။
နောက်ထပ် အလဲအလှယ်တွေကနေ အဆိုတော် Alice Cooper နဲ့ တစ်နေ့တာအချိန်ဖြတ်သန်းခွင့် တစ်ခု၊ KISS အဖွဲ့ပုံစံ အလှဖန်လုံး တစ်ခုနဲ့ နောက်ဆုံးမှာတော့ ရုပ်ရှင်တစ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခွင့် တစ်ခုအထိ ရရှိလာခဲ့ပါတယ်။

ဒီအချိန်မှာ စတင်ခဲ့တုန်းက အနီရောင်စာရွက်ညှပ်လေး ဟာ အလဲအလှယ်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်လာရင်း တန်ဖိုးအရမ်းမြင့်တဲ့ အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

၂၀၀၆ ခုနှစ် ဇူလိုင်လမှာ Kyle MacDonald ရဲ့ စမ်းသပ်မှုဟာ အဆုံးသတ်အဆင့်ကို ရောက်လာပါတယ်။

သူရရှိထားတဲ့ ရုပ်ရှင်သရုပ်ဆောင်ခွင့် ကို အလဲအလှယ်လုပ်ပြီး ကနေဒါနိုင်ငံ Saskatchewan ပြည်နယ်၊ Kipling မြို့ရဲ့ အဓိကလမ်းမကြီးပေါ်က နှစ်ထပ်အိမ်တစ်လုံး ကို ရရှိခဲ့ပါတယ်။

အဲဒီအိမ်ဟာ ပုံမှန်အိမ်တစ်လုံးကို ဝယ်ယူလိုက်တာ မဟုတ်ပါဘူး။ Kipling မြို့က အဲဒီအိမ်ကို မြို့အကြောင်း လူတွေပိုသိလာစေဖို့နဲ့ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆွဲဆောင်ဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ရယူထားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ Kyle MacDonald ရဲ့ စမ်းသပ်မှုဟာ အနီရောင်စာရွက်ညှပ်တစ်ခုကနေ နှစ်ထပ်အိမ်တစ်လုံးအထိ ရောက်ရှိသွားခဲ့ပါတယ်။

အဲဒီခရီးစဉ်တစ်လျှောက်မှာ စုစုပေါင်း အလဲအလှယ် ၁၄ ကြိမ် ပြုလုပ်ခဲ့ပြီး အချိန်အားဖြင့်လည်း တစ်နှစ်ခန့်သာ ကြာခဲ့ပါတယ်။

အစမှာတော့ လူအများအတွက် တန်ဖိုးမရှိသလောက်ဖြစ်တဲ့ စာရွက်ညှပ်လေးတစ်ခုပါ။ ဒါပေမယ့် Kyle က အဲဒီစာရွက်ညှပ်ကို တစ်ခါတည်း အိမ်နဲ့ လဲဖို့ မကြိုးစားခဲ့ပါဘူး။

သူက အနည်းငယ်ပိုတန်ဖိုးရှိတဲ့အရာတစ်ခုနဲ့ အရင်လဲလှယ်ပြီး၊ ရလာတဲ့အရာကို နောက်ထပ်ပိုတန်ဖိုးရှိတဲ့အရာနဲ့ ထပ်လဲလှယ် သွားခဲ့တာဖြစ်ပါတယ်။
ဒီလိုနည်းနဲ့စာရွက်ညှပ်ကလစ်ကနေနှစ်ထပ်အိမ်တလုံးအထိ တစ်ဆင့်ချင်း တန်ဖိုးမြင့်လာခဲ့တာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ နောက်ပိုင်းမှာ နိုင်ငံတကာအထိ လူသိများလာခဲ့ပြီး “ပစ္စည်းသေးသေးလေးတစ်ခုကနေ စပြီး အဆင့်ဆင့် အလဲအလှယ်လုပ်သွားရင် ဘယ်လောက်အထိ ရောက်နိုင်မလဲ” ဆိုတဲ့ စိတ်ကူးကို လူအများ စိတ်ဝင်စားလာစေခဲ့ပါတယ်။

Kyle MacDonald ရဲ့ ဖြစ်ရပ်မှာ ထူးခြားတာက စာရွက်ညှပ်တစ်ခုဟာ သူ့ဘာသာသူ တန်ဖိုးမြင့်လာတာမဟုတ်ဘဲ၊ လူတစ်ယောက်နဲ့တစ်ယောက် အလဲအလှယ်လုပ်လိုစိတ်၊ စိတ်ဝင်စားမှုနဲ့ အခွင့်အရေးတွေကို အသုံးချပြီး တစ်ဆင့်ချင်း ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ၂၀၀၅ ခုနှစ်က စတင်ခဲ့တဲ့ အနီရောင်စာရွက်ညှပ်ကလစ်လေးတစ်ခုရဲ့ စမ်းသပ်မှုဟာ တစ်နှစ်ခန့်အကြာမှာ အိမ်တစ်လုံးနဲ့ အဆုံးသတ်ခဲ့ပြီး လူတွေကြားမှာ မယုံနိုင်လောက်အောင် ထူးခြားတဲ့ အလဲအလှယ်ဇာတ်လမ်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။


14/08/2026

လမ်းမလျှောက်နိုင်လို့ ဘေးကကူတွဲပြီး
ကားပေါ်ထိ တင်ပေးရတဲ့ ပုံတွေက
ဘာဖြစ်ကြတာလဲဟင် 🙄

14/08/2026

ခုတလော ပညာကသိပ်ရှာစရာမလိုဘူး
ပညာပြတဲ့သူကအရမ်းများနေလို့။
😁😁😁

အမြင်ဆိုတာ အမှန်တရား မဟုတ်ဘူး"မြက်ပင်တွေရဲ့ အမြင်မှာတော့ မြင်းကျားဟာ ဆိုးသွမ်းသတ္တဝါတစ်ကောင် ဖြစ်ပြီး၊ ခြင်္သေ့ကတော့ စော...
14/08/2026

အမြင်ဆိုတာ အမှန်တရား မဟုတ်ဘူး

"မြက်ပင်တွေရဲ့ အမြင်မှာတော့ မြင်းကျားဟာ ဆိုးသွမ်းသတ္တဝါတစ်ကောင် ဖြစ်ပြီး၊ ခြင်္သေ့ကတော့ စောင့်ရှောက်သူ ဖြစ်တယ်" ဆိုတဲ့ အာဖရိက စကားပုံလေးတစ်ခုရှိတယ်။

မြက်ပင်လေးတွေဘက်က ကြည့်ရင်တော့ သူတို့ကို လာလာဝါးစားနေတဲ့ မြင်းကျားဟာ အရက်စက်ဆုံး သရဲဘက်ကြီးပါပဲ။ အဲဒီ မြင်းကျားကိုမှ ပြန်ဖမ်းစားပေးတဲ့ ခြင်္သေ့ကတော့ မြက်ပင်တွေအတွက် စောင့်ရှောက်သူ နတ်ဒေဝါကြီး ပေါ့။

ဒါပေမဲ့ မြင်းကျားဘက်က ကြည့်ရင်ရော…

စောစောက စောင့်ရှောက်သူဆိုတဲ့ ခြင်္သေ့ဟာ သူ့အသက်ကို ရန်ရှာနေတဲ့ အဆိုးရွားဆုံး ရန်သူကြီး မဟုတ်ဘူးလား။

ဒီတော့ တကယ်တမ်း "ဘယ်သူက အမှန်၊ ဘယ်သူက အမှားလဲ" လို့ မေးစရာ ရှိလာပါတယ်။

အမှန်တကယ်တော့ ခြင်္သေ့ကလည်း စောင့်ရှောက်သူ မဟုတ်သလို၊ မြင်းကျားကလည်း ဘီလူးသရဲ မဟုတ်ပါဘူး။ သူတို့တွေဟာ သဘာဝတရားအတိုင်းပဲ ရှင်သန်နေကြတာပါ။

ဒါပေမဲ့ အဆိုး၊ အကောင်း၊ အမှန်၊ အမှား ဆိုတာတွေက ကြည့်တဲ့သူရဲ့ ကိုယ်ကျိုးစီးပွား နဲ့ ရပ်တည်တဲ့ ရှုထောင့် ပေါ် မူတည်ပြီး ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

ဒါဟာ တို့တွေရဲ့ လူ့အဖွဲ့အစည်းမှာလည်း ဒီအတိုင်းပါပဲ။ ငါတို့ ကြုံနေရတဲ့ ပြဿနာ အများစုဟာ အမှန်နဲ့ အမှား တိုက်ပွဲဝင်နေတာထက်၊ "ငါ့အမြင်နဲ့ နင် အကဲဖြတ်တာ" တိုက်ပွဲဝင်နေကြတာ ပိုများပါတယ်။

ကိုယ့်အတွက် အဆင်ပြေရင် မကောင်းတဲ့သူကိုတောင် မိတ်ဆွေလို့ သတ်မှတ်မိတတ်ကြပြီး၊ ကိုယ့်အကျိုးစီးပွားကို ထိခိုက်လာရင် အမှန်တရားကိုတောင် ရန်သူလို့ ထင်တတ်ကြတာ လူ့သဘာဝပါ။

ဒါကြောင့် အဖြစ်အပျက်တစ်ခုခု၊ ဒါမှမဟုတ် လူတစ်ယောက်အကြောင်း ကြုံလာရင် ကိုယ့်ရဲ့ မြက်ပင်အမြင်တစ်ခုတည်းနဲ့ တရားသူကြီး မလုပ်လိုက်ပါနဲ့ဦး။

တစ်ဖက်သားရဲ့ ရပ်တည်ချက်နဲ့ ခံစားချက်ကိုပါ ထည့်စဉ်းစားပေးနိုင်မှ ပိုပြီး စာနာနားလည်နိုင်စွမ်း ရှိလာမှာပါ။

အရာရာကို ကိုယ်မြင်ချင်တဲ့ ရှုထောင့်တစ်ခုတည်းကနေ မကြည့်ဘဲ၊ တစ်ဖက်သားရဲ့ ဘဝနဲ့ ရပ်တည်ချက်ကိုပါ ခဏလောက် ဝင်ကြည့်ပေးတတ်ရင် ကမ္ဘာကြီးဟာ ပိုပြီး ငြိမ်းချမ်းသွားပါလိမ့်မယ်။

Credit မူရင်း

13/08/2026

ကာလဝမ်းရောဂါအတွက် အဓိက ကုသမှုက ဓာတ်ဆားပါ။
ဝမ်းသွားပြီဆိုတာနဲ့ အငန်ဓာတ်ဆားစသောက်ပါ​။

ဝမ်းသွားတဲ့ပမာဏများပြီး အကြိမ်ရေစိပ်လာတာနဲ့ နီးစပ်ရာ မှန်ကန်တဲ့ဆေးခန်းကို လူနာကိုတန်းပို့ပါ။

ဝမ်းပိတ်ဆေး Loperamide လုံးဝ (လုံးဝ)မသောက်ရပါ။

ပိုးသတ်ဆေးသောက်ဖို့အခြေအနေရယ် ပုလင်းကြီးချိတ်ရမယ့်အခြေအနေရယ်ကို ဆရာဝန်က ဆုံးဖြတ်ပေးရမယ့် ရောဂါပါ။
ပိုးသတ်ဆေးအမျိုးအစားရယ် ၊ ပုလင်းကြီးအမျိုးအစားရယ်ကိုလည်း ဆရာဝန်ကပဲ ရွေးချယ်ပေးရမှာပါ။

ဆရာဝန်မရှိတဲ့နေရာတွေမှာ ကျွမ်းကျင်မှန်ကန်တဲ့ကျန်းမာရေးဝန်ထမ်းတွေဆီက အကူအညီယူပါ။

ဘာကြောင့်ဖြစ်တာလည်းဆိုရင် မသန့်ရှင်းသောရေ မသန့်ရှင်းသောအစားအစာတွေကို စားမိရာကနေဖြစ်ပါတယ်။
လူတစ်ဦးမှ တစ်ဦးဆီကို ကူးပါတယ်။
ကူးစက်မြန်ပါတယ်။

ဝမ်းအရောင်ဟာ ဆန်ဆေးရေအရောင်ရှိပါတယ်။
တလဟော ခဏခဏ သွားပါတယ်။

အချိန်မီ ရေဓာတ်ခမ်းခြောက်ခြင်းကို မကုသနိုင်ရင် အရမ်းအသက်အန္တရာယ်များပါတယ်။

ဝမ်းသွားတာ အကြိမ်ရေရယ် အရေအတွက်ရယ်များလာရင်၊
ခဏခဏအန်ရင်၊
အရမ်းနုန်းလာရင်၊
ဖျော့တော့လာရင်၊
မှိန်းကျသွားရင် တော်တော့်ကို အန္တရာယ်ရှိနေပါပြီ။
အဲဒီအဆင့်ထိကို အချိန်တိုလေးအတွင်း ချက်ချင်းရောက်သွားနိုင်ချေလည်းရှိပါတယ်။

ORS အငန်ဓာတ်ဆားက ပထမနဲ့အမှန်ဆုံး ဦးစားပေးပါ။
ဓာတ်ဆားဖျော်တဲ့အခါ အခြားအချိုရည်များနှင့်ဖြစ်စေ၊ သီးစုံဓာတ်ဆားများနှင့်ဖြစ်စေ ရောထွေးမဖျော်ရပါ။
ရောထွေးဖျော်ရင် ရေဓာတ်ခန်းခြောက်မှု ပိုဆိုးတတ်ပြီး ကျောက်ကပ် ပိုထိခိုက်လွယ်ပါတယ်။
အငန်ဓာတ်ဆားတစ်ထုပ်ကို ရေတစ်လီတာအတိနဲ့ ဖျော်ရပါမယ်။
ရေကိုတိုးလည်းမဖျော်ရ လျော့လည်းမဖျော်ရပါ။

မပေါ့ဆသင့်ပါ။
အစစအရာရာမှာ သန့်ရှင်းကြပါ။
ဂရုစိုက်ကြပါခင်ဗျာ။

13/08/2026

အနိုင်ကျင့်တယ်ဆိုတာ လက်ပါမှလို့ ထင်နေကြတယ်။ No

အနိုင်ကျင့်နည်း အမျိုး ၂၀ လောက်ဥပမာပေးရမယ်ဆိုရင်

ဆိတ်ဆိတ်နေ၍ ပစ်ပယ်ခြင်း (Silent Treatment)

စကားမပြောဘဲ ဝိုင်းပယ်ထားခြင်း။

အတင်းအဖျင်းနှင့် သတင်းမှားလွှင့်ခြင်း

ကာယကံရှင် မရှိခိုက် အခြေအမြစ်မရှိဘဲ ၄င်းကို သံသယဝင်လာအောင် ပုံဖျက်ပြောဆိုခြင်း။

အဖွဲ့အစည်းမှ ဝိုင်းပယ်ခြင်း

ပွဲများ၊ အစည်းအဝေးများနှင့် ဆွေးနွေးပွဲများတွင် တမင်ချန်လှပ်ထားခြင်း။

လှောင်ပြုံးနှင့် အမူအရာပြခြင်း

မျက်နှာပျက်အောင် မသိမသာ အမူအရာဖြင့် စော်ကားခြင်း။

လူထုကြားတွင် ပုံရိပ်ကျဆင်းအောင် တမင်လုပ်ဆောင်ခြင်း။

တခြားသူ လုပ်ထားသည့် အောင်မြင်မှုကို မိမိလုပ်ဆောင်ချက်ပုံဖမ်းပြီး အသွင်ပြောင်းလိုက်ခြင်း။

မဖြစ်နိုင်သော အချိန်သတ်မှတ်ချက် ပေးခြင်း ဆိုလိုတာက တမင် ကျရှုံးစေရန် မတန်တဆ ဖိအားပေး ခိုင်းစေခြင်း။

အရေးမပါသော အလုပ်များသာ ပေးခြင်း၊ တကယ့် အရေးကြီး အောင်မြင်မှုကိစ္စတွေမှာ ၄င်း၏ တကယ့် အရည်အချင်းကို အသိအမှတ်မပြုဘဲ နှိမ့်ချထားခြင်း။

သတင်းအချက်အလက် ပုန်းကွယ်ထားခြင်း၊ ဆိုလိုတာက အလုပ်မပြီးမြောက်စေရန် အရေးကြီးအချက်အလက်များကို ချန်လှပ်ထားပေးခြင်း။

တမင် အမှားရှာကြံခြင်း- အသေးအဖွဲကိစ္စမှစ၍ အမြဲမပြတ် အပြစ်ရှာ ဝေဖန်ခြင်း။

မိသားစုထဲမှာဆိုရင်လည်း သုံးစွဲခွင့်များကို အကန့်အသတ်ပြုလုပ်၍ မှီခိုအောင် ပြုလုပ်ခြင်း။

အပြစ်ရှိစိတ်ဝင်အောင် ပြုလုပ်ခြင်း - မိမိအလိုကျဖြစ်စေရန် အမြဲတမ်း စိတ်ဆင်းရဲအောင် အပြစ်ဖို့ခြင်း။

ချစ်ခြင်းကို ဓားစာခံလုပ်ခြင်း - "မင်း ငါ့ကို ချစ်ရင် ဒါလုပ်ပေးရမယ်" ဆိုသည့် ခြိမ်းခြောက်မှု။

အခြားသူများနှင့် နှိုင်းယှဉ် နှိမ့်ချခြင်း-အမြဲတမ်း သူတပါးနှင့် နှိုင်းယှဉ်၍ သိမ်ငယ်စေခြင်း။

ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုထိပါးခြင်း ဆိုလိုတာက (Privacy) ကို ကျူးကျော်ခြင်း- ဖုန်း၊ ဒိုင်ယာရီနှင့် ကိုယ်ပိုင်ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ စစ်ဆေးခြင်း။

အွန်လိုင်းမှ အနိုင်ကျင့်ခြင်း - Social Media တွင် အရှက်ရစေရန် မကောင်းရေးသားခြင်း၊ မမှန်သတင်းလွှင့်​ခြင်း

အခြားသူ၏ အလုပ် သို့မဟုတ် ပစ္စည်းများကို ပျက်စီးအောင်လုပ်ခြင်း ဘာမှမဟုတ်ပါဘူးကွာ ဆိုတဲ့ ပုံစံပေါက်အောင် ဖန်တီးခြင်း

ကိုယ်အမူအရာဖြင့် ခြိမ်းခြောက်ခြင်း-လက်မပါသော်လည်း မျက်နှာ၊ ကိုယ်နုတ် အမူအရာ၊ အရေးအသား အတိမ်းအစောင်း အထေ့အငေါ့ အမူအရာဖြင့် ဖိအားပေးခြင်း။

အများရှေ့တွင် အရှက်ခွဲခြင်း -လူအများရှေ့တွင် တမင် အော်ဟစ်ဆူပူခြင်း သို့မဟုတ် အပြစ်ရှာခြင်း။

ဘေးအန္တရာယ်ရှိနိုင်သော အခြေအနေများသို့ တမင်တွန်းပို့ခြင်း။

ဒါတွေက အချိန်မရွေး နေရာမရွေး ကူးလူးဆက်ဆံပေါင်းသင်းရေးတွေမှာ တစ်ချိန်မဟုတ် တစ်ချိန် ပေါက်ကွဲထွက်ပြီး စိတ်မထိန်းနိုင်တဲ့ တစ်နေ့ ကိုယ်ထိလက်ရောက် အန္တရာယ်ပြုချင် နိုင်လာတဲ့ အနိုင်ကျင့်မှုတွေ ဖြစ်တယ်။

ဒါကြောင့် သည်းမခံနိုင်တော့တဲ့ တစ်နေ့ လက်ပါလာရင် ကိုယ်က ဘယ်ဘက်ကနေနေ အသက်အန္တရာယ်ကို ကျော်လွှားနိုင်ဖို့အတွက်က သိုင်းပညာတစ်မျိုးမျိုးကို သင်ထားရုံနဲ့ မရ၊ ကျင့်ထားမှ၊ ကျင့်ထားရုံနဲ့မရ ထုံနေမှ၊ ထုံနေရုံနဲ့မရ လက်တွေ့မှာ ဟော်မုန်းကြောင်ပြီး ငေါင်မနေဘဲ ပြန်တွယ်တတ်ပါမှ။



ခုမနက်လေးတင်ဖြစ်သွားတာ ..အားလုံးသတိထားကျပါဒီမနက်လေးတင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးမို့ ကျောင်းသားမိဘတွေ အားလ...
13/08/2026

ခုမနက်လေးတင်ဖြစ်သွားတာ ..အားလုံးသတိထားကျပါ

ဒီမနက်လေးတင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးမို့ ကျောင်းသားမိဘတွေ အားလုံး ကြိုတင်သိရှိထားနိုင်အောင် ရေးသားဖော်ပြပေးလိုက်ပါတယ်။ သားသမီးအပူဆိုရင် ဘာနဲ့မှမလဲနိုင်တဲ့ မိဘတွေရဲ့ စိတ်အားငယ်မှုကို အခွင့်ကောင်းယူသွားတဲ့ တကယ့်ကို ကြက်သီးထစရာ လိမ်လည်မှု လုပ်ရပ်တစ်ခုပါ။

ပြဿနာရဲ့ အစ (ရင်ထိတ်ဖွယ် ဖုန်းခေါ်ဆိုမှု)
ရုတ်တရက် ဖုန်းဝင်လာပြီး တစ်ဖက်ကနေ ကလေးအသံတိုးတိုးလေးနဲ့ "မေမေရေ မြန်မြန်လာပါ... သမီး ဗိုက်အရမ်းအောင့်နေလို့ပါ" ဆိုပြီး ငိုသံလေးနဲ့ စပြောပါတယ်။ "ဘယ်သူလဲ" မေးတော့ "သမီးလေ မေမေ... ဆရာမလည်း ပါတယ်" ဆိုပြီး ဖုန်းကို လွှဲပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ဆရာမဆိုသူက ကလေး အူအတက်ပေါက်လို့ အရေးပေါ် ခွဲစိတ်ရမယ်၊ အခု ကက်သလစ်ဆေးရုံ ဟိုဘက်ခြမ်းက 'မေတ္တာဆေးခန်း' မှာ တင်ထားတယ်လို့ အရေးတကြီး လှမ်းပြောပါတယ်။

အရေးပေါ် ငွေကြေး တောင်းခံလာခြင်း
အဲဒီနောက်မှာတော့ အရေးပေါ် ခွဲစိတ်ဖို့အတွက် Kpay အကောင့်နာမည် (SanSanYu) ဆီကို ငွေ (၁၀) သိန်း အခုချက်ချင်း လွှဲပေးဖို့ ဆက်တိုက် ဖိအားပေးလာပါတယ်။ ပိုက်ဆံ မလွှဲသေးဘူးလား ဆိုပြီး ဖုန်းတွေ ဆက်တိုက်ခေါ်လာတဲ့အတွက်၊ အချိန်ဆွဲတဲ့အနေနဲ့ Kpay ဆိုင်သွားနေကြောင်း ပြန်ပြောထားလိုက်ရပါတယ်။

မြေပြင်အခြေအနေနဲ့ တလွဲဖြစ်နေခြင်း
ဒီအချိန်မှာ အမျိုးသားဖြစ်သူက ဆေးခန်းကို အမြန်ပြေးသွားကြည့်တဲ့အခါ အဲဒီမနက်က အရေးပေါ် ခွဲစိတ်လူနာ လုံးဝ ရောက်မလာသေးကြောင်း သိလိုက်ရပါတယ်။ ဒါနဲ့ ဖုန်းထပ်ဆက်လာချိန်မှာ "ကလေး ဘယ်မှာလဲ၊ အခု မေတ္တာဆေးခန်းရှေ့ ရောက်နေပြီ" လို့ ပြန်ပြောလိုက်တဲ့အခါ၊ လိမ်လည်သူက စကားလွှဲပြီး "မေတ္တာဆေးခန်းက မနိုင်လို့ 'ငြိမ်းဆေးခန်း' ကို လွှဲလိုက်ပြီ" လို့ ထပ်လိမ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ဖိအားပေး အကျပ်ကိုင်ခြင်း
ငြိမ်းဆေးခန်းက ဘယ်နားမှာလဲ သေချာမေးတဲ့အခါ လိပ်စာ အတိအကျ မပြောနိုင်ဘဲ၊ "ပိုက်ဆံ ၁၀ သိန်း လွှဲဖို့အရေး ဘာတွေဖြစ်နေတာလဲ၊ မိခင်စိတ် မရှိဘူးလား၊ ကလေး ခွဲကုတင်ပေါ် ရောက်နေတာတောင် ငွေလွှဲဖို့ ဘာဖြစ်နေတာလဲ" ဆိုပြီး ဒေါကြီးမောကြီးနဲ့ ပြန်ပြီး အပြစ်တင် ဖိအားပေးလာပါတယ်။

အမှန်တရား ပေါ်ပေါက်သွားခြင်း
နောက်ဆုံးမှာတော့ ကျောင်းအုပ်ဆရာမကြီးဆီ တိုက်ရိုက် ဖုန်းဆက်ပြီး အကျိုးအကြောင်း မေးမြန်းလိုက်တဲ့ အခါမှာတော့... ကလေးဟာ အတန်းထဲမှာ အေးအေးဆေးဆေး စာသင်နေကြောင်း သိလိုက်ရမှပဲ ရင်ထဲက အပူမီးတွေ ငြိမ်းသွားခဲ့ရပါတယ်။ ကျောင်းကို ကိုယ်တိုင်သွားရောက် ကြည့်ရှုပြီး ကလေး ဘေးကင်းကြောင်း မျက်မြင်တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် ကျောင်းထားတဲ့ မိဘတွေအနေနဲ့ အခုလို သားသမီးကို အကြောင်းပြပြီး အရေးပေါ် ငွေလွှဲခိုင်းတဲ့ ဖုန်းတွေ လာခဲ့ရင် ရုတ်တရက် မယုံကြည်ဘဲ၊ ကျောင်းကိုဖြစ်စေ၊ အတန်းပိုင် ဆရာမဆီကိုဖြစ်စေ အရင်ဆုံး ဆက်သွယ် အတည်ပြုကြဖို့ အထူးသတိထား ဆင်ခြင်နိုင်ကြပါစေ။

အခုခေတ်မှာ  #ကြွားတယ်ဆိုတာအတုံးလိုက်အတစ်လိုက်ကြီး မကြွားကြတော့ဘူး #ပါးပါးလေးပုတ်ပြီးကြွားမှ အဆင့်အတန်းရှိတာကြွားနည်း၂မျိ...
12/08/2026

အခုခေတ်မှာ #ကြွားတယ်ဆိုတာ
အတုံးလိုက်အတစ်လိုက်ကြီး မကြွားကြတော့ဘူး
#ပါးပါးလေးပုတ်ပြီးကြွားမှ အဆင့်အတန်းရှိတာ

ကြွားနည်း၂မျိုးရှိတယ်
ဒဲ့ကြွား နဲ့ ဝိုက်ကြွား
ယူတို့ကို သင်ပေးရဦးမယ်🤣

တသောင်းတန်တွေအထပ်လိုက်ကြီးကိုင်ပြီးရိုက်ပြီးတင်တာကြ
အရမ်းတောဆန်သွားပြီ
ဘယ်သူဌေးအစစ်ကမှ တသောင်းတန် ၅သိန်းလောက်ကို
အရေးတယူပုံတင်မနေဘူး
တင်ချင်ရင် ဆယ်လ်ဖီလေးရိုက်ပြီး
ဘေးနားလေးမှာပိုက်ဆံအထပ်လိုက်ကို မသိမသာလေးထည့်
အေးးး အဲဒါမျိုးမှ အဆင့်အတန်းရှိရှိကြွားတယ်ခေါ်တယ်
စပ်စုချင်တဲ့လူက ပုံကိုဖြဲကြည့်ကြမှာပဲလေ....

အဲလိုပဲ
ကားသော့လေးအမှတ်တမဲ့ပါသွားသလိုမျိုး
လေယာဉ်လက်မှတ်လေး တစွန်းတစပြတာလိုမျိုး
ပါးပါးလေး ပုတ်ပုတ်ပေးရတယ်
ရွှေဘောက်ချာတွေ တင်တာမျိုးက အရမ်းဒိတ်အောက်သွားပြီ

ဘဲရသွားလို့ကြွားချင်ရင်လည်း မသိမသာကြွား
၂ယောက်တွဲ couple ပုံကြီးတင်ချလိုက်တာမျိုးက
အရမ်းကြွားချင်နေမှန်းလူသိတာပေါ့

ကိုယ်တင်တဲ့ပုံထဲမှာ သူ့လက်ကလေးအမှတ်တမဲ့ပါသွားသလိုလို
သူ့ပခုံးစွန်းလေး ပါသွားသလိုလို ဟိုလိုလိုဒီလိုလို အဲ့လိုလုပ်ရတယ်
My Day မှာ ဟိုလိုလို ဒီလိုလိုလေးတွေ ပြရတယ်....

လူတွေဆိုတာ မမြင်ရလေ ပိုသိချင်လေပဲ
ပိုသိချင်လေ ကိုယ့်ကိုပိုစောင့်ကြည့်လေပဲ

ဒါ့ကြောင့် ဒဲ့ကြွားမကြွားနဲ့
ဝိုက်ကြွားလေးပဲကြွားကြပါလား🤣🤣

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Soe Maungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์