27/07/2026
သရက်သီး ကြိုက်တဲ့သူတွေရှိလား? 🥭
သရက်သီးကို ထိုင်းလိုက มะม่วง လို့ခေါ်တယ်ပေါ့နော်
အခုပြောပြပေးမှာကတော့ အရှေ့တစ်ပတ်ကတင်ထားတဲ့ "รอคอยมะม่วงสีทอง" ဆိုတဲ့ပုံပြင်လေးပါ
💁♀️รอคอย စောင့်မျှော်သည်
🥭มะมว่ง သရက်သီး
🔸 สีทอง ရွှေရောင်
ဒီစကားလုံး ၃ လုံးကိုပေါင်းလိုက်ရင် "ရွှေရောင်သရက်သီးကိုစောင့်မျှော်ခြင်း "ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်
ဒီပုံပြင်ထဲမှာကတော့ အဘွားတစ်ယောက်နဲ့ သူ့မြေးလေး က သရက်မှည့်လာမဲ့နေ့ကို စောင့်မျှော်ရင်း ဘယ်လိုကြုံတွေ့ရလဲဆိုတာ ပြောပြထားတာပဲဖြစ်ပါတယ်
ပုံပြင်အစအဆုံးကိုအောက်က link ထဲမှာ ဝင်နားထောင်လို့ရပါတယ်
https://youtu.be/YB44h7Svnpw?si=gc-CemdgvCUHfHDs
ထပ်ဆောင်းအနေနဲ့
သရက်သီး အမှည့်ကို มะม่วงสุก လို့ခေါ်ပြီးတော့
သရက်သီးအစိမ်း ကိုတော့ มะม่วงดิบ လို့ခေါ်ပါတယ်
ကျွန်မအနေနဲ့ကတော့ သရက်သီးဆိုရင်အစိမ်းပဲကြိုက်ပါတယ် အမှည့်လုံးဝမကြိုက်ပါဘူး 🥹
ဒီစာကိုဖတ်နေတဲ့သူတွေရော
คุณชอบมะม่วงสุกหรือมะม่วงดิบไหมคะ ?
သင်က သရက်သီးအမှည့်ကိုကြိုက်တာလား သရက်သီး အစိမ်းကိုကြိုက်တာလား
Comment မှာ ဖြေသွားခဲ့အုံးနော် 📥
ဒါနဲ့ အောက်ကပုံထဲက ထိုင်းစကားလုံးတွေ
ဘယ်နှလုံးသိလဲဆိုတာလေးပါ ဖြေပေးခဲ့ကြအုံးနော် 💁♀️