28/08/2026
အိတ်ထဲက ကျွဲကောသီးက လမ်းပေါ်ထွက်လာပြီး ဆိုင်ကယ်စီးလာသူအတွက် မမျှော်လင့်ထားတဲ့ အန္တရာယ်ဖြစ်သွားခဲ့ပါတယ် 🍈
ဖြစ်စဉ်ကတော့ ရွာသားတစ်ယောက်ဟာ ကျွဲကောသီး ၄ လုံး ဝယ်ယူပြီး ဆိုင်ကယ်နဲ့ အိမ်ပြန်လာခဲ့ပါတယ်။ လမ်းမှာတင် သယ်လာတဲ့အိတ် ပေါက်ထွက်သွားပြီး ကျွဲကောသီးတွေ လမ်းပေါ် ပြုတ်ကျ လွင့်ထွက်သွားခဲ့တာပါ။ အဲဒီအချိန်မှာတင် ဆိုင်ကယ် စီးလာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာကို ပြုတ်ကျလာတဲ့ ကျွဲကောသီးက အရှိန်နဲ့ သွားမှန်ခဲ့ပါတယ်။ ဒီလို ရုတ်တရက် မှန်သွားတာကြောင့် အမျိုးသမီးရဲ့ ဆိုင်ကယ် လဲကျထိန်းမရဘဲ လမ်းဘေးမှာ ရပ်ထားတဲ့ ပစ်ကပ်ကားကို သွားတိုက်မိကာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ဈေးဝယ်ပြီး ဆိုင်ကယ်နဲ့ ပစ္စည်းသယ်တဲ့အခါ အိတ်တစ်လုံးတည်းကို ရိုးရိုးစွပ်တာထက် သေချာချည်နှောင်တာ သို့မဟုတ် ခိုင်ခံ့တဲ့ အိတ်တွေနဲ့ သယ်သင့်တယ်ဆိုတာ ဒီအဖြစ်အပျက်က ပြသနေပါတယ်။မိမိရဲ့ သယ်ယူပို့ဆောင်မှု ပေါ့ဆမှုတစ်ခုဟာ လမ်းပေါ်က အခြားသူတွေအတွက် ကြီးမားတဲ့ ထိခိုက်မှု ဖြစ်သွားစေနိုင်ပါတယ်။
Source -Thairath - ไทยรัฐออนไลน์
#ထိုင်းရောက်မြန်မာများ #ထိုင်းသတင်း