OAsis Creator Learn something new everyday (နေ့တိုင်းအသစ်တွေသင်ယူကြမယ်) ဘဝ၊ခံစားချက်၊အမှန်တရားများ�

ကိုယ်ပိုင် challenge 💪🏻
17/06/2026

ကိုယ်ပိုင် challenge 💪🏻

လူတိုင်းမှာငွေကြေးနဲ့ပတ်သတ်တဲ့ဉာဏ်ရည်ဉာဏ်သွေးရှိဖို့လိုအပ်တယ်။🧠ဘာလို့လဲဆိုတော့—ဘဝမှာ အခက်အခဲ၊အကြပ်အတည်းတွေကိုဘယ်သူမှ မရှ...
20/05/2026

လူတိုင်းမှာ
ငွေကြေးနဲ့ပတ်သတ်တဲ့
ဉာဏ်ရည်ဉာဏ်သွေး
ရှိဖို့လိုအပ်တယ်။🧠

ဘာလို့လဲဆိုတော့—
ဘဝမှာ အခက်အခဲ၊
အကြပ်အတည်းတွေကို
ဘယ်သူမှ မရှောင်နိုင်ကြဘူး။

ဒါပေမယ့်
ငွေကြေးစီမံခန့်ခွဲမှုအကြောင်း နားလည်တဲ့သူတွေကပဲ အဲဒီအခက်အခဲ အကြပ်အတည်းဆိုတဲ့
ပြဿနာတွေကို
ပိုတည်ငြိမ်စွာ ဖြေရှင်းနိုင်ကြတယ်။

ကျောင်းတတ်တုန်းကဆိုရင်လဲ
ဘာသာရပ်တွေ အများကြီး သင်ရတယ်
ဒါပေမယ့်
ငွေကြေးစီမံခန့်ခွဲမှုကိုတော့ မသင်ယူကြရဘူး။
လူအများစုက ပြင်ပလောက
ဘဝထဲရောက်မှ သင်ယူကြရတယ်။

ပေးချင်တဲ့ message လေးကတော့-
ပိုက်ဆံကို ထိန်းနိုင်လာတဲ့အချိန်မှာမှ
ဘဝကိုလည်း
ပိုပြီး ထိန်းချုပ်နိုင်လာလိမ့်မယ်။🧠

တစ်ချိန်တုန်းက“ငွေများများရှာနိုင်ရင် ဘဝအဆင်ပြေသွားမယ်” လို့ပဲ ထင်ခဲ့ဖူးတယ်။ဒါကြောင့်ငွေရှာဖို့ကိုပဲ အာရုံစိုက်ခဲ့တယ်။ဒါ...
18/05/2026

တစ်ချိန်တုန်းက
“ငွေများများရှာနိုင်ရင် ဘဝအဆင်ပြေသွားမယ်” လို့ပဲ ထင်ခဲ့ဖူးတယ်။

ဒါကြောင့်
ငွေရှာဖို့ကိုပဲ အာရုံစိုက်ခဲ့တယ်။

ဒါပေမယ့်—
နောက်ပိုင်းမှာ
အရေးကြီးတဲ့အရာတစ်ခုကို နားလည်လာတယ်။

ငွေဘယ်လောက်ရှာနိုင်လဲဆိုတာထက်
ငွေဘယ်လောက်မြဲသလဲဆိုတာက
ပိုအရေးကြီးတယ်ဆိုတာကို။

ကျွန်တော်ကိုယ်တိုင်လည်း
ဝင်ငွေနဲ့ ထွက်ငွေ မမျှတဲ့အချိန်တွေ ရှိခဲ့တယ်။

လခရတဲ့နေ့မှာ ပျော်တယ်
ဒါပေမယ့်
လမကုန်ခင်မှာပဲ
ပိုက်ဆံမကျန်တော့ဘူး။

ရှာသလောက် ပြန်ကုန်တယ်
တစ်ချို့အသုံးစရိတ်တွေက
တကယ်လိုအပ်တာမဟုတ်ပဲ
စိတ်ခံစားချက်နဲ့ သုံးမိတာတွေ ဖြစ်နေတယ်။

အဲ့ဒီအချိန်မှာပဲ
နားလည်လာတယ်—

Financial problem ဆိုတာ
ဝင်ငွေနည်းတာတစ်ခုတည်းကြောင့် မဟုတ်ဘူး
ငွေကို စီမံခန့်ခွဲမှု မရှိတာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ။

တစ်ချို့လူတွေက
ဝင်ငွေအများကြီးရတယ်
ဒါပေမယ့် မစုမိဘူး
မထိန်းနိုင်ဘူး

တစ်ချို့လူတွေကတော့
ဝင်ငွေမများပေမယ့်
စနစ်တကျ သုံးတတ်လို့
တဖြည်းဖြည်း တည်ငြိမ်လာကြတယ်။

အဲ့ဒါကြောင့်
ငွေရှာနည်းတင် မဟုတ်ဘူး
ငွေထိန်းနည်းကိုလည်း သင်ယူဖို့လိုတယ်။

ဝင်ငွေထွက်ငွေကို မှတ်ထားပါ
မလိုအပ်တဲ့အသုံးစရိတ်တွေ လျှော့ပါ
နည်းနည်းရရင်တောင် စစုပါ

အရေးပေါ်အတွက် savings ထားပါ
ကိုယ့်အနာဂတ်အတွက် investment လုပ်ပါ

ဘာလို့လဲဆိုတော့—
ပိုက်ဆံက
ဘဝကို အဆင်ပြေစေနိုင်တယ်
ဒါပေမယ့်
စနစ်တကျ မထိန်းနိုင်ရင်
ဘယ်လောက်ရှာရှာ
အမြဲမလုံလောက်သလို ခံစားနေရလိမ့်မယ်။

တကယ်တော့—
Financial freedom ဆိုတာ
ငွေများများရတာတစ်ခုတည်း မဟုတ်ဘူး

ကိုယ့်ငွေကို
ကိုယ်တိုင် ထိန်းနိုင်လာတာ
ကိုယ့်ဘဝကို
စိတ်အေးအေးနဲ့ ဖြတ်သန်းနိုင်လာတာလည်း ဖြစ်တယ်။

ဒီနေ့ခေတ်မှာလူတော်တော်များများကငွေရှာဖို့အတွက်ပဲနေ့တိုင်း အချိန်တွေကုန်နေကြတယ်။⏰မနက်နိုးတာနဲ့ အလုပ်ညအိပ်ခါနီးထိ အလုပ်ဘဝတ...
15/05/2026

ဒီနေ့ခေတ်မှာ
လူတော်တော်များများက
ငွေရှာဖို့အတွက်ပဲ
နေ့တိုင်း အချိန်တွေကုန်နေကြတယ်။⏰

မနက်နိုးတာနဲ့ အလုပ်
ညအိပ်ခါနီးထိ အလုပ်

ဘဝတစ်ခုလုံးကို
ပိုက်ဆံနောက်လိုက်ရင်း
ဖြတ်သန်းနေကြတာမျိုး…

ဒါက မမှားပါဘူး။
လက်တွေ့ဘဝမှာ
ငွေကြေးက အရမ်းအရေးကြီးတယ်။💵

မိသားစုအတွက်
ကိုယ့်အနာဂတ်အတွက်
လူတိုင်း ကြိုးစားနေရတာပဲ။💪🏻

ဒါပေမယ့်—

တစ်ခါတလေ
ငါတို့က
အသက်ရှင်နေတာလား
သို့မဟုတ်
ရပ်တည်နိုင်ဖို့ပဲ ရုန်းကန်နေတာလား ဆိုတာ
မေးကြည့်ဖို့လိုတယ်။🤔

တစ်ခြားသူတွေရဲ့ dream ကို
နေ့တိုင်း တည်ဆောက်ပေးနေရင်း

ကိုယ့်ရဲ့ dream ကိုတော့
မစတင်ရသေးတဲ့ လူတွေလည်း အများကြီးရှိတယ်။😥

အချို့လူတွေက
တစ်သက်လုံး အလုပ်လုပ်သွားကြတယ်
ဒါပေမယ့်
“ငါတကယ်ဘာဖြစ်ချင်ခဲ့တာလဲ”
“ငါတကယ်ဘာလုပ်ချင်ခဲ့တာလဲ”ဆိုတာကို
မေးဖို့တောင် မေ့သွားကြတယ်။

ပြောချင်တာက—
အလုပ်မလုပ်နဲ့ဆိုတာ မဟုတ်ဘူး။

ဒါပေမယ့်
ကိုယ့်ဘဝရဲ့ direction ကိုတော့
ကိုယ်တိုင်သိထားဖို့လိုတယ်။

ကိုယ့်ကံကြမ္မာကို
တခြားသူလက်ထဲ အကုန်မအပ်ထားပါနဲ့။

တစ်နေ့မှာ
ကိုယ်ကြိုးစားနေတဲ့အရာက
ကိုယ့်အိပ်မက်အတွက်လား
တစ်ခြားသူအိပ်မက်အတွက်လား ဆိုတာ
ပြန်စဉ်းစားကြည့်ပါ။

ဘာလို့လဲဆိုတော့—
ဘဝဆိုတာ
အသက်ရှင်ရုံတင် မဟုတ်ဘူး
ကိုယ်ဖြစ်ချင်တဲ့ဘဝကို
ကိုယ်တိုင် ဖန်တီးရတာက ဘဝ ဖြစ်တယ်။

“ကိုယ့်ရဲ့ goal ကို ဘယ်လိုသတ်မှတ်မလဲ?”📖ကျွန်တော်ကတော့goal ဆိုတာ“ဖြစ်ချင်တာ” တစ်ခုတည်း မဟုတ်ဘူးလို့ ထင်တယ်။Goal ဆိုတာတိတိ...
13/05/2026

“ကိုယ့်ရဲ့ goal ကို ဘယ်လိုသတ်မှတ်မလဲ?”📖

ကျွန်တော်ကတော့
goal ဆိုတာ
“ဖြစ်ချင်တာ” တစ်ခုတည်း မဟုတ်ဘူးလို့ ထင်တယ်။

Goal ဆိုတာ
တိတိကျကျ ရှိရမယ်။

ဥပမာ—
“အောင်မြင်ချင်တယ်” ဆိုတာထက်
“ဘယ်လိုအောင်မြင်မှုမျိုးလဲ?” ဆိုတာ ပိုအရေးကြီးတယ်။

“ပိုက်ဆံရှာချင်တယ်” ဆိုတာထက်
“ဘယ်အချိန်မှာ ဘယ်အတိုင်းအတာထိ ရောက်ချင်တာလဲ?” ဆိုတာကို သိထားရမယ်။

Goal တစ်ခုမှာ—
ဘယ်အရာကို လိုချင်တာလဲ
ဘယ်အချိန်အတွင်း လုပ်မလဲ
ဘယ်အဆင့်ထိ ရောက်ချင်လဲ

ဆိုတာတွေ တိတိကျကျ ရှိသင့်တယ်။

ဘာလို့လဲဆိုတော့—
ဦးတည်ချက်မရှိတဲ့ ကြိုးစားမှုက
ဘယ်လောက်ပင်ပန်းပင်ပန်း
ဘယ်ကိုသွားနေလဲဆိုတာ မသိနိုင်ဘူး။

Goal က
ကိုယ့်ဘဝရဲ့ direction တစ်ခုလိုပဲ။

Direction ရှင်းနေမှ
လမ်းပျောက်သွားတဲ့အချိန်မှာတောင်
ပြန်တည့်မတ်နိုင်မှာ။

ဒါကြောင့်
အိပ်မက်တင်မက်နေတာထက်
တိကျတဲ့ goal တစ်ခု သတ်မှတ်ဖို့က ပိုအရေးကြီးတယ်လို့ ထင်တယ်။

“ကိုယ့်ရဲ့ passion ကို ဘယ်လိုရှာရမလဲ?”🧠ဒီမေးခွန်းကိုကျွန်တော်လည်း ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် မေးဖူးတယ်။🤔“ငါဘာလုပ်ချင်လဲ?...
11/05/2026

“ကိုယ့်ရဲ့ passion ကို ဘယ်လိုရှာရမလဲ?”🧠

ဒီမေးခွန်းကို
ကျွန်တော်လည်း ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် မေးဖူးတယ်။🤔

“ငါဘာလုပ်ချင်လဲ?”
“ငါဘာဖြစ်ချင်လဲ?”
“ငါတကယ်လုပ်ချင်တဲ့အရာက ဘာလဲ?”
“ငါအဖြစ်ချင်ဆုံးလူက ဘယ်လိုလူလဲ?”

အမြဲတမ်း မေးဖြစ်တယ်။

တစ်ခါတလေ
passion ဆိုတာ
တခြားလူတွေပြောပေးလို့ ရှာတွေ့တာမဟုတ်ဘူးလို့ ထင်တယ်။

ကိုယ့်ရဲ့အတွင်းစိတ်
ကိုယ့်ရဲ့နှလုံးသား
ကိုယ့်ရဲ့ရင်ထဲက ဆန္ဒတွေနားထောင်မိတဲ့အချိန်မှာ
တဖြည်းဖြည်း သိလာတာမျိုးပါ။🫁

လူတိုင်းမှာ
တကယ်လုပ်ချင်တဲ့အရာတစ်ခုတော့ ရှိတယ်လို့ ယုံကြည်တယ်။✌🏻

တစ်ချို့လူတွေက
စောစောရှာတွေ့တယ်
တစ်ချို့လူတွေက
အချိန်ယူရတယ်

ဒါပေမယ့်—
ကိုယ့်ကိုယ်ကို မေးနေသရွေ့
ကိုယ့်ရင်ထဲကအသံကို နားထောင်နေသရွေ့

တစ်နေ့တော့
ကိုယ့်ရဲ့ passion ကို
ရှာတွေ့လာမှာပါ။💪🏻

အားလုံးပဲမင်္ဂလာပါ😊ကျွန်တော်ကအောင်မြင်နေတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ဘဝကို perfect ဖြစ်အောင် ဖြတ်သန်းနေတဲ့သူလည်း မဟုတ်ဘူး။ကျ...
09/05/2026

အားလုံးပဲမင်္ဂလာပါ😊

ကျွန်တော်က
အောင်မြင်နေတဲ့သူတစ်ယောက် မဟုတ်ပါဘူး။

ဘဝကို perfect ဖြစ်အောင် ဖြတ်သန်းနေတဲ့သူလည်း မဟုတ်ဘူး။

ကျွန်တော်လည်း
ကိုယ့်ဘဝနဲ့ကိုယ်
အထိုက်အလျောက် ကြိုးစားနေတဲ့
လူငယ်တစ်ယောက်ပါပဲ။

တစ်ခါတလေ
အခုလိုစာတွေ ရေးတင်ရင်
“ကြီးကျယ်နေမလား…” ဆိုပြီး
ကိုယ့်ကိုယ်ကို တွေးမိတယ်။

ဒါပေမယ့်—

ဒီစာတွေက
လူတွေကို သင်ပေးချင်လို့ ရေးတာမဟုတ်ဘူး။

ကိုယ်ခံစားရတာတွေ
ကိုယ်သင်ယူနေရတာတွေ
ကိုယ်ဖြတ်သန်းနေရတာတွေကို
မျှဝေနေတာပါ။

တစ်ခါတလေ
ကိုယ်ရေးလိုက်တဲ့စာတစ်ကြောင်းက
တစ်ခြားတစ်ယောက်အတွက်
အားဖြစ်သွားနိုင်တယ် မဟုတ်လား။

ပြီးတော့…
ဒီစာတွေက
တစ်ခြားသူတွေအတွက်သာ မဟုတ်ဘူး

ပင်ပန်းနေတဲ့
ကျွန်တော်ကိုယ်တိုင်အတွက်လည်း
motivation ပြန်ဖြစ်စေချင်လို့ပါ။

အောင်မြင်မှ
စကားပြောခွင့်ရှိတာ မဟုတ်ဘူးလို့ ထင်တယ်။
လူတိုင်းက အောင်မြင်ပြီးမှ စကားပြောရမယ်ဆိုရင်
တကယ့် ရိုးသားတဲ့အသံတွေ ပျောက်သွားလိမ့်မယ်။
ကြိုးစားတဲ့ လူငယ်တစ်ယောက်အတွက် ရိုးသားတဲ့
ခံစားချက်တွေကလည်း အဓိပ္ပါယ်ရှိပါတယ်✌🏻✌🏻။
ကျေးဇူးတင်ပါတယ်😍

အားလုံးပဲ မင်္ဂလာပါ😊ဒီနေ့ပြောပြချင်တဲ့အကြောင်းရာလေးကတော့…။ သင်ယူစရာ သင်ခန်းစာတွေ အများကြီးရှိတယ်…ဒါပေမယ့်အမှားဆိုတာလည်းသ...
07/05/2026

အားလုံးပဲ မင်္ဂလာပါ😊
ဒီနေ့ပြောပြချင်တဲ့အကြောင်းရာလေးကတော့…။

သင်ယူစရာ သင်ခန်းစာတွေ အများကြီးရှိတယ်…

ဒါပေမယ့်
အမှားဆိုတာလည်း
သင်ယူစရာ သင်ခန်းစာတစ်ခုပဲ မဟုတ်လား?

တစ်ခါတလေ
အမှားလုပ်မိတာကို ကြောက်တတ်ကြတယ်
ကျရှုံးတာကို ရှောင်ချင်ကြတယ်

ဒါပေမယ့် တကယ်တော့—

“Mistakes help us a learn.”

အမှားတွေက
ကျွန်တော်တို့ကို ပိုတိုးတက်လာအောင်
လမ်းမှန်ကို ရှာတွေ့အောင်
ကိုယ့်ကိုယ်ကို နားလည်လာအောင် ကူညီပေးတယ်

မမှားဘူးဆိုတာက
ဘာမှ မကြိုးစားဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်တယ်

အမှားလုပ်မိတာ မကောင်းတာ မဟုတ်ဘူး
အမှားကနေ မသင်ယူတာက မကောင်းတာပါ

ဒီနေ့ သင်မှားမိတယ်ဆိုရင်—
အိုကေပါပဲ

မနက်ဖြန်
ပိုကောင်းတဲ့သူ တစ်ယောက် ဖြစ်လာဖို့
အဲဒီအမှားကနေ သင်ယူလိုက်ပါ

အားလုံးပဲ…မင်္ဂလာပါ😊     တစ်ချို့အရာတွေက…ကိုယ်ထင်ထားသလို မဖြစ်လာဘူး     တစ်ချို့အရာတွေကတော့…ကိုယ် မထင်ထားတာတွေဖြစ်လာတယ် ...
05/05/2026

အားလုံးပဲ…မင်္ဂလာပါ😊

တစ်ချို့အရာတွေက…
ကိုယ်ထင်ထားသလို မဖြစ်လာဘူး

တစ်ချို့အရာတွေကတော့…
ကိုယ် မထင်ထားတာတွေဖြစ်လာတယ်

ဘဝဆိုတာ…

အစီအစဉ်အတိုင်း မသွားဘူး
တစ်ခါတလေ မမျှော်လင့်ထားတဲ့ လမ်းတွေထဲ ဆွဲသွားတယ်

အဲ့ဒါကြောင့်…
“ဘဝကခက်ခဲလိုက်တာ” လို့ပြောပြီး
ထွက်မပြေးလိုက်ပါနဲ့

မရှောင်လွှဲလိုက်ပါနဲ့

ပင်ပန်းလာရင်… အနားယူပါ
စိတ်ပင်ပန်းလာရင်… ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

ဒါပေမယ့်—
မရပ်လိုက်ပါနဲ့

အနားယူပြီးရင်…
ပြန်ထပါ
ပြန်လျှောက်ပါ
ပြန်ကြိုးစားပါ

အောင်မြင်မှုဆိုတာ
မကျရှုံးရဘူးလို့ မဟုတ်ဘူး
ကျရှုံးပြီး ပြန်ထနိုင်တာမှ
အောင်မြင်မှုပါ
ဒီနေ့သင်ပင်ပန်တယ်ဆိုရင်…အိုခေ…နားလိုက်ပါ။
မနက်ဖြန်တော့ ပြန်ကြိုးစား။

03/05/2026

အားလုံးပဲ မင်္ဂလာပါ😊

ငယ်ငယ်ကတည်းက မိဘတွေက အမြဲတမ်း ပြောကြပါတယ်—
“စာကြိုးစားပြီး အမှတ်ကောင်းကောင်းရရင် နောင်မှာ အလုပ်ကောင်းကောင်းရမယ်” လို့။

ကျွန်တော်တို့ကလည်း အဲ့ဒီစကားကို ယုံယုံကြည်ကြည်နဲ့
မေးခွန်းမထုတ်ဘဲ အဲဒီလမ်းကြောင်းကို လိုက်လာခဲ့ကြပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာတော့ အရာအားလုံးဟာ ဒီလောက်မလွယ်ကူနေပါဘူး။

ဆယ်တန်းပြီးတဲ့နောက်မှာ ကျောင်းသားတော်တော်များများက လမ်းပျောက်သလို ခံစားရပါတယ်။
ဘယ်တက္ကသိုလ်တက်ရမလဲ၊ ဘာကို လေ့လာချင်တယ်ဆိုတာ မသိကြပါဘူး။

တက္ကသိုလ်ပြီးတဲ့နောက်မှာတောင်
ဘယ်အလုပ်ကို လုပ်သင့်လဲဆိုတာ မသိသေးတဲ့သူတွေလည်း ရှိနေပါတယ်။
အဲ့ဒီအချိန်မှာလည်း ထပ်ပြီး လမ်းပျောက်သလို ဖြစ်တတ်ပါတယ်။

ဒါကြောင့် စဉ်းစားမိပါတယ်—
ကျောင်းတွေက ကျောင်းသားတွေကို လက်တွေ့ဘဝအတွက် တကယ်ပဲ ပြင်ဆင်ပေးနေပါသလား။

ဘာသာရပ်တွေ အများကြီး သင်ကြားပေးပေမယ့်
ဘဝလမ်းကြောင်းရွေးချယ်နည်း၊
လက်တွေ့ပြဿနာတွေကို ဖြေရှင်းနည်း၊
ကိုယ့်ကိုယ်ကို နားလည်နိုင်တဲ့နည်းတွေကိုတော့ မသင်ကြားပေးပါဘူး။

ပညာရေးဆိုတာ စာမေးပွဲအောင်ဖို့တင် မဟုတ်သင့်ပါဘူး။
လူတစ်ယောက်ဆီတိုင်း လျှောက်မယ့်လမ်းကို ရှာတွေ့နိုင်အောင် လမ်းညွှန်ပေးသင့်ပါတယ်။

မဟုတ်ရင်တော့
နှစ်ပေါင်းများစွာ စာသင်လာပြီးတောင်
လူငယ်တွေ လမ်းပျောက်နေကြတဲ့ အခြေအနေတွေ ဆက်ရှိနေဦးမှာပါ။

#ကျေးဇူးတင်ပါတယ်😊

ที่อยู่

Bang Len District-Nara Phirom
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ OAsis Creatorผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์