22/06/2025
Miss Grand Nam KhamJK Sophia
ရဲ့ National Costume လေး ပါ
“နန်းရဲ့အကြင်နာလှည်းကလေး”
လွန်ခဲ့သော နှစ်ပေါင်းရာကျော်ထဲက နမ့်ခမ်းမြို့ရဲ့ တမူထူးခြားတဲ့ တွန်းလှည်းလေးနှင့်ရှမ်းခေါက်ဆွဲ၊ တို့ဖူးနွေးရှမ်းအရသာ စစ်စစ်က်ိုရောင်းသည့် ဓလေ့ နှင့် မည်သည့်အလုပ်မဆို မတွက်ကပ်ဘဲ ယောက်ျား၊မိန်းမ မခွဲ တန်းတူညီမျှ မည်မျှပင် ပင်ပန်းနေစေကာမူ ဘုရားသွား၊ကျောင်းတက် ၊ပွဲတက်ချိန်တွင် မိမိတို့၏ရိုးရာဝတ်စုံများကိုထည်ထည်ဝါဝါ ၊ခမ်းခမ်းနားနား ဝတ်ဆင်ပြီး မြတ်နိုးတန်ဖိုးထား ဝတ်ဆင်ကြသည့်ဓလေ့က်ို ဂုဏ်ယူစွာဖော်ပြခြင်း…
📌ရှမ်းပြည်မြောက်ပိုင်း အစွန်ဖျားဆုံးမြို့ဖြစ်တဲ့နမ့်ခမ်းမြို့။မြန်မာအဓိပ္ပါယ်”ရွှေရည်” (ရွှေရဲ့အရည်အသွေး)မြို့လို့ခေါ်ပါတယ်။
မြို့လေးဟာ တောတောင်သဘာဝ ၊ သယံဇာတများနှင့် ထည်ဝါလှပနေသလို သမိုင်းရာဇဝင်တွင် သော စေတီပုထိုး ၊ဘာသာရေးဝတ်ပြုကျောင်းများနှင့်လူမျိုးစုံ၊ဘာသာစုံ၊တိုင်းရင်းသားစုံလင်ပြိီးချစ်ခင်ရင်းနှီးစွာ စုပေါင်းနေထိုင်ရာနယ်စပ်မြို့လေးတစ်မြို့လဲဖြစ်ပါတယ်။
နမ့်ခမ်းမြို့သည်မြန်မာနိုင်ငံရဲ့တတိယအကြီးဆုံးရွှေလီရေအားလျှပ်စစ်ထုတ်လုပ်သည့်မြို့ဖြစ်သည်။နှစ်စဉ်ဆင်းရွှေလီဆန်စပါးထွက်တိုးသောဒေသမြို့ဖြစ်သည်။
နမ့်ခမ်းမြို့၏နှစ်ရာကျော်ရှိသည်
ပြည်သူ့ဆေးရုံကြီးကို
American Dr Gotdon Saegrave,
ကသဘာဝ ကျောက်တုံးကျောက်ခဲများဖြင့်
ထူးထူးခြားခြားတည်ဆောက်ခဲ့သော နာမည်ကျော်ကြားသည့် ဆေးရုံကြီးရှိသည့်အပြင်
အနော်ရထာမင်းလက်ထက်ထဲက ပြည်တော်ပြန်တည်ထားသော သမိုင်းဝင် မန့်ခမ်း(ရွှေရွာ)စေတီတော်မြတ်ကြီးကိုလဲသပ္ပါယ်ကြည်ညိုဖွယ်ရာဖူးမြင်နိုင်ပါသည်။
ဒုတိယ ကမ္ဘာစစ် မတိုင်မီ တည်ထား ဖူးမျော်နိူင်သေးတဲ့
မဟာမြတ်မုနိ မြို့လယ်ဘုရားကြီးလည်းတန်ခိုးကြီးလှပါသည်
📌နမ့်ခမ်းမြို့ရဲ့ဒေသခံ တိုင်းရင်းသားများဟာ မိရိုးဖလာ တောင်ယာလုပ်ငန်းများနှင့် အသက်မွေးဝမ်းကြောင်းပြုကြသည်သာမက ဒေသအစားအစာများ ဒေသလက်မှုပညာများအပြင် ကူးသန်းရောင်းဝယ်ခြင်းတို့ဖြင့်လည်းစားဝတ်နေရေးအတွက် သမာအာဇီဝကျကျ ဝမ်းမူပြုကြပါတယ်။
📌 ဒေသအစားအစာမိရိုးဖလာအရသာလဲဖြစ်၊မြန်မာပြည်တလွှားသာမက ကမ္ဘာထိကျော်ကြား၍လူကြိုက်များသည့်ရှမ်းအစားအစာ တစ်ခုဖြစ်သည့်ရှမ်းခေါက်ဆွဲနှင့် တို့ဖူးနွေးတို့ကို ရင်းနှီးကျွမ်းဝင်ကြမည်ထင်ပါတယ်။
“အကြင်နာလှည်းလေးတွန်းလို့ရယ် သူလာတယ်။
ရင်မှာနွေးထွေးသွားမယ့် အချစ်ရနံ့တွေ သယ်လာတယ်။
နန်းကလေးရဲ့ချစ်မေတ္တာ ရှမ်းခေါက်ဆွဲ ၊တို့ဖူးနွေးတစ်ခွက် …
အို… စားလှည့်ပါကွဲ့”
မိုးသောက်လင်းစချိန် ရှမ်းပြည်မြောက်ပိုင်း ၊နမ့်ခမ်းမြို့ရဲ့ လမ်းမထက်မှာ စီးချက်ညီညီ ပေါ်ထွက်လာတဲ့အသံလေးက နန်းကလေးရဲ့ ရှမ်းခေါက်ဆွဲ ၊တို့ဖူးနွေး တွန်းလှည်း သံလေးဘဲ ဖြစ်ပါတယ်။
📌ယဉ်ကျေးသိမ်မွေ့ပြီး ချစ်စရာကောင်းအောင် သွက်လက် လှပသော ရှမ်းအမျိုးသမီးချောချောလေးတွေပေါများတဲ့နမ့်ခမ်းမြို့က စွဲလမ်းဖွယ်အရသာလေးတွေနှင့်ရိုးရာအစားအစာဖြစ်သည့်ရှမ်းခေါက်ဆွဲကိုလဲဂုဏ်ပြုထုတ်ဖော်ဖို့အတွက်ဒေသမှာတွန်းလှည်းနဲ့ရောင်းလေ့ရှိတဲ့
(ရှမ်းခေါက်ဆွဲ တို့ဖူးနွေး)သည်
နမ့််ခမ်းသူလေးကိုယ်စားပြုဟန်ပြသရုပ်ဖော်ခြင်းဖြစ်ပါတယ်။
📌ပြီးနောက် နမ့်ခမ်းမြို့သူမြို့သားများဟာ ဘိုးဘွားမိဘစဉ်ဆက် ဘာသာရေးက်ိုရိုသေကိုင်းရှိုင်းကြပြီး ရိုးရာဓလေ့ကိုလဲ အလွန်အလေးထားကြသူများဖြစ်ကြပါတယ်။
မည်မျှပင် အလုပ်ပင်ပင်ပန်းပန်းရှာဖွေစားသောက်နေစေကာမူ
အခါကြီးရက်ကြီး ပွဲလမ်းသဘင်
ရက်ကြီးများတွင်မိမိတို့ယုံကြည်ကိုးကွယ်ကြသည့်မည်သည့်
ဘာသာရေးပွဲတော်မဆို
ထည်ထည်ဝါဝါခန်းခန်းနားနားဖြင့်ဝတ်စားဆင်ယင်ပြီး ဘုရားသွားကျောင်းတက် ပွဲတက် ပွဲလမ်းသဘင်တက်ရောက်ခြင်းဓလေ့တို့ကိုဂဏ်ယူစွာဖြင့်ဖန်တီးသရုပ်ဖော်တင်ပြခြင်းဖြစ်ပါတယ်။
💄…Calvin Wai Yan Make up Artist
📷…. Min Htin
👗….Nang Kham Om
Designer..NAN DEVI - Boutique
မှဖန်တီးပုံဖေါ် ချုပ်လုပ်ပေးထားပါသည်
Credit - NAN DEVI - Boutique