All Keep Here —AKH

All Keep Here —AKH Hello

30/08/2026

ပြီးခဲ့တဲ့အပတ်က ကျွန်ုပ်ရဲ့ ပို့စ်တွေမှာ တုံ့ပြန်မှု ၂၅၀ ခုကျော် ရရှိခဲ့ပါတယ်။ အားလုံးရဲ့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ပါတယ်။ 🎉

🏆🔵 ကမ္ဘာ့ချန်ပီယံ ချဲလ်ဆီးအတွက်တော့ ချန်ပီယံလိဂ်လမ်းကြောင်းက လွယ်မယ့်ပုံ မပေါ်ပါဘူး::::ချန်ပီယံလိဂ် League Phase မှာ ချဲ...
28/08/2026

🏆🔵 ကမ္ဘာ့ချန်ပီယံ ချဲလ်ဆီးအတွက်တော့ ချန်ပီယံလိဂ်လမ်းကြောင်းက လွယ်မယ့်ပုံ မပေါ်ပါဘူး::::

ချန်ပီယံလိဂ် League Phase မှာ ချဲလ်ဆီးဟာ နာမည်ကြီးအသင်းတွေနဲ့ တစ်သင်းပြီးတစ်သင်း ရင်ဆိုင်သွားရမှာပါ။ 😮‍💨🔥

🇵🇹 ရော်နယ်ဒိုရဲ့ အသင်း
🇦🇷 မက်ဆီရဲ့ အသင်း
🇧🇷 နေမာရဲ့ Santos FC
🇨🇱 ဗိုဇင်ညာရဲ့ Colo-Colo
🇲🇲 မြန်မာဘောလုံးပရိသတ်တွေနဲ့ ရင်းနှီးတဲ့ ရတနာပုံ FC
🇲🇲 ဇေယျာရွှေမြေ FC
⚪ Tottenham နဲ့ London Derby

အထူးသဖြင့် တစ်ခေတ်တစ်ခါက မြန်မာဘောလုံးလောကမှာ နာမည်ကြီးခဲ့တဲ့ အသင်းတွေနဲ့ပါ ပြန်လည်တွေ့ဆုံရမှာဆိုတော့ ဒီခရီးစဉ်က ပိုပြီး စိတ်ဝင်စားစရာကောင်းနေပါတယ်။ 👀🔥

ဒီပွဲစဉ်တွေထဲမှာ ဘယ်ပွဲက အကြိတ်အနယ်အရှိဆုံး ဖြစ်မယ်လို့ ထင်လဲ?

👇 Comment မှာ ကိုယ့်ရဲ့ အကြိုက်ဆုံးပွဲစဥ်ကို ပြောခဲ့ကြပါဦးဗျာ::

26/08/2026

🚨 တရုတ်-နီပေါနယ်စပ် မြေပြိုမှုကြီး 😱 ရုပ်သံ

သဘာဝဘေးတွေက တစ်ဖြေးဖြေးနဲ့ ကြောက်စရာ ကောင်းလာပါပြီဗျာ
#သတင်း #မြေပြိုမှု #သဘာဝဘေးများ
#တရုတ်နီပေါနယ်စပ်

26/08/2026
26/08/2026

🚨 တရုတ်-နီပေါနယ်စပ် မြေပြိုမှုကြီး 😱 ရုပ်သံ ပါ

တရုတ်-နီပေါနယ်စပ်ရှိ Gyirong Port နယ်စပ်စစ်ဆေးရေးဂိတ်တွင် ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက မြေပြိုကျမှုကြီး ဖြစ်ပွားခဲ့ပြီး လူအများအပြား ထိခိုက်သေဆုံးနိုင်ကာ ပျောက်ဆုံးသူများလည်း ရှိနေကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက ဖော်ပြသည်။ သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက် အတိအကျကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး

မြေပြိုမှုသည် နီပေါဘက်ခြမ်းမှ စတင်ခဲ့ပြီး တိဘက်ဒေသရှိ Gyirong ခရိုင်အထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ လူများ ထွက်ပြေးနေချိန်တွင် ရွှံ့မြေများနှင့် အပျက်အစီးများက နယ်စပ်စစ်ဆေးရေးဂိတ်ကို စက္ကန့်ပိုင်းအတွင်း ဖုံးလွှမ်းသွားခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းများတွင် တွေ့ရသည်။

နီပေါဘက်တွင်လည်း ခရီးသွားများအပါအဝင် လူ ၃၈၄ ဦး ပျောက်ဆုံးနေပြီး ၂၉၁ ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း နီပေါခရီးသွားလုပ်ငန်းဘုတ်အဖွဲ့၏ ပဏာမစာရင်းအရ သိရပါတယ်

တရုတ်သမ္မတ ရှီကျင့်ဖျင်က ပျောက်ဆုံးသူများကို အစွမ်းကုန် ရှာဖွေကယ်ဆယ်ရန်၊ ဒေသခံများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန်နှင့် ဒဏ်ရာရသူများကို အမြန်ဆုံး ကုသပေးရန် အာဏာပိုင်များကို ညွှန်ကြားထားသည်။ လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပါတယ်

Ref : SCMP
#သတင်းများ
#တရုတ် #နီပေါ #နယ်စပ်

24/08/2026

ဖြူစင်လှပလွန်းတဲ့ အလှတရားလေးနဲ့
ကောင်မလေး

#မြန်မာမလေး #ထက်ထက်လင်းလက်

သရုပ်ဆောင် စိုင်းသီဟရဲ့ အမျိုးသမီးကတော့ အူမကြီး ကင်ဆာကြောင့် လူလောကကြီးကနေ အစောကြီး ထွက်သွားပြီ ကျန်ခဲ့တဲ့ သူတွေကတော့ အရ...
24/08/2026

သရုပ်ဆောင် စိုင်းသီဟရဲ့ အမျိုးသမီးကတော့ အူမကြီး ကင်ဆာကြောင့် လူလောကကြီးကနေ အစောကြီး ထွက်သွားပြီ ကျန်ခဲ့တဲ့ သူတွေကတော့ အရမ်းခံစားရတယ်.. စိုင်းသီဟကတော့ အခုလို မြန်မြန် ထွက်သွားလိမ့်မယ် မထင်ထားကြောင့် မျက်ရည်တွေနဲ့ ရင်ဖွင့်လာတာ

‘မိန်းမက အစာအိမ်ကြောင့် Operation လုပ်ပြီး အူမကြီးကင်ဆာ ထပ်ဖြစ်တာပါ။ အခုလို မြန်မြန် ထွက်သွားမယ်လို့ မထင်ထားဘူး’
#သတင်း

24/08/2026

ဘယ်အသင်းနဲ့ ဘယ်အသင်း ကန်နေတာလဲ ?
သိတဲ့သူ ဆရာကြီးပဲ

ရည်းစားနဲ့ စကားများကြပီး ရည်းစားကို စိတ်တိုကာ လူငယ်၁ဦး ATM ပိုက်ဆံပုံးကြီးကို မီးရှို့လိုက်ပါတယ်။ သူက မီးရှို့ပီး ထွက်မပ...
24/08/2026

ရည်းစားနဲ့ စကားများကြပီး ရည်းစားကို စိတ်တိုကာ လူငယ်၁ဦး ATM ပိုက်ဆံပုံးကြီးကို မီးရှို့လိုက်ပါတယ်။

သူက မီးရှို့ပီး ထွက်မပြေးပဲ ATM ပုံးနားမှာ အဖမ်းခံဖို့ အိပ်စောင့်နေပါတယ်ရှင့်။

ရဲတွေရောမေးတော့ နင်ဘယ်ကလဲ ဘာလို့ ATM ပုံးကို မီးရှို့ရတာလဲ ဘယ်လောက် အပစ်ကြီးလေးလဲဆိုတာ နင်သိလား မေးတော့ လူငယ်ထွက်ဆိုချက် ပေးတာက၊

ဒီလူငယ်က ချာချန်းဆောင်မြို့မှာ နေတာ ၊အသက် 27နှစ်ရှိပီး ဘန်ကောက်က ဘုန်းကြီးကျောင်း၁ကျောင်းဆီကို သွားမလို့ ၊မသွားခင် ရည်းစားဆီ ဖုန်းဆက် စကားပြောကြတယ်။

အဲနောက် ရည်းစားက ငါ ဘိုက်ကြီးနေတယ် ပြောရာမှ တဆင့် စကားများကြပီး ရည်းစားက နင် ထောင်ကျသွားရင် ကောင်းမယ် အခုပဲ ထောင်ကျလိုက်ဆိုပီး ရ-န်ဖြစ်ကြတယ်တဲ့ရှင့်။

အဲနောက် လူငယ်က သူ့ ရည်းစား ပြောတဲ့အတိုင်း ထောင်ကျတဲ့ နည်းလမ်းကို ရွေးချယ်ခဲ့တယ်။

ပထမ ကုန်တိုက်တခုက ရွှေဆိုင်ကို ဓါးပြသွားတိုက်တော့ ရွှေဆိုင်က ပိတ်ထားလို့ ဓါးပြ တိုက်လို့ မရခဲ့ဘူး။

နောက်တော့ ATM ပုံးကြီးကို မီးရှို့မယ်ကွာ ဆိုပီး ပါလာတဲ့ မီးခြစ်နဲ့ မီးရှို့ခဲ့ပီး အဖမ်းခံဖို့ အိပ်စောင့်နေခဲ့တယ်ဆိုပီး ထွက်ဆိုချက် ပေးခဲ့ပါတယ်

အဲနောက် ရဲတွေက လူငယ် ဆေးသုံး မသုံး စစ်ကြည့်တော့ ဘာဆေးမှ မသုံးထားဘူးဆိုတာ တွေ့ရှိရပီး ပြသာနာ အရင်းခံက ရည်းစား စကား နားထောင်ပီး လုပ်တာလို့ သိရတယ်။

Min Naung " Entertainment
#ထိုင်းနိုင်ငံ #သတင်း

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ All Keep Here —AKHผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์