Wai Yan ✍️သတင်းတွေလေတင်ပေးမယ်✍️🤣ဟာသတွေ‌လေတင်ပေးမယ်🤣
(2)

12/05/2026

နဲနဲတော့ငန်မှပေါ့ကွာ
#နဲတော့ငန်မှပေါ့ကွာ
#ဟာသ

ကုန်တင်သင်္ဘောအင်ဂျင်ခန်း၊ အလုံပိတ်နေရာ (Enclosed Space) ထဲဝင်မိရာမှ မြန်မာသင်္ဘောသား 2ဦး အောက်ဆီဂျင်ပြတ်လပ်၍ 6သ။ဆုံး 12...
12/05/2026

ကုန်တင်သင်္ဘောအင်ဂျင်ခန်း၊ အလုံပိတ်နေရာ (Enclosed Space) ထဲဝင်မိရာမှ မြန်မာသင်္ဘောသား 2ဦး အောက်ဆီဂျင်ပြတ်လပ်၍ 6သ။ဆုံး

12/5/2026

နိုင်ငံခြားကုန်တင်သင်္ဘောကြီးတစ်စင်းဖြစ်သော MV GUO QIANG 8 ကုန်တင်သင်္ဘောတွင် မြန်မာသင်္ဘောသား 2ဦးက အင် ဂျင်ခန်း၊ အလုံပိတ်နေရာ (Enclosed Space) ထဲဝင်မိရာမှ အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးသွားကြောင်း ရန်ကုန်အခြေစိုက် သင်္ဘောသားအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၇ ရက်နေ့ MV GUO QIANG 8 တွင် Fitter ရာထူး တာဝန်ထမ်းဆောင်နေသူ ကိုဝင်းထွဋ်ဝင်း (ခ) ကိုသဲမောင် နှင့် ကိုအုပ်စိုးအောင်တို့ ၂ ဦးသည် သင်္ဘောအင်ဂျင်ခန်း၏ အလုံပိတ်နေရာ (Enclosed Space)တွင် သွားရောက် အလုပ်လုပ်ရင်း အောက်စီဂျင်ပြတ်လပ်၍ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

"ဒီဖြစ်ရပ်ကတော့ ဝမ်းနည်းဖို့ကောင်းတယ်။ သင်္ဘောသား ၂ ဦးလုံးက မတော်တဆမှုပေါ့နော်။ သင်္ဘော အင်ဂျင်ခန်း၊ လေဝင်လေထွက်မကောင်းတဲ့ အလုံပိတ်နေရာ (Enclosed Space) တစ်ခုအတွင်း ဝင်ရောက်လုပ်ကိုင်နေစဉ်မှာပဲ မမြင်နိုင်တဲ့ အန္တရာယ်ဖြစ်တဲ့ အောက်ဆီဂျင်ပြတ်လပ်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်" ဟု ရန်ကုန်အခြေစိုက်သင်္ဘောလိုင်းကုမ္ပဏီကိုယ်စားလှယ်တစ်ဦးက ရှင်းပြသည်။

သေဆုံးသူ 2 ဦးအနက် ကိုဝင်းထွဋ်ဝင်း (အသက် 39 နှစ်) မှာ အိမ်ထောင်သည် 1ဦးဖြစ်ပြီး ဇနီးနှင့်သားသမီး 2ဦး ကျန်ရစ်ခဲ့ကာ အခြားသေဆုံးသူ သင်္ဘောသား ကိုအုပ်စိုးအောင်မှာမူ လူပျိုလူလွတ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ကုန်တင်သင်္ဘောများတွင် သင်္ဘောသားများအတွက် အလုံပိတ်နေရာ (Enclosed Space) များမှာ အန္တရာယ်အရှိဆုံးသော နေရာများဖြစ်ပြီး အင်ဂျင်ခန်းအတွင်းရှိ အခန်းလွတ်များ၊ တိုင်ကီများနှင့် လေလုံနေသည့်နေရာများမှာ အောက်ဆီဂျင်နည်းပါးနေတတ်သလို အဆိပ်ငွေ့များလည်း ရှိနေနိုင်ကြောငး၊ ထို့ကြောင့် စနစ်တကျ လေဝင်လေထွက် (Ventilation) မလုပ်ဘဲ မဝင်ရောက်ရန်၊ ယင်းသို့သော အခန်းအတွင်းသို့ မဝင်ရောက်မီ အောက်ဆီဂျင်ပမာဏကို အသေအချာ တိုင်းတာစစ်ဆေးရန်၊ အလုပ်လုပ်ကိုင်စဉ် အပြင်ဘက်မှ စောင့်ကြည့်သူ (Standby Person) အမြဲရှိနေရန်နှင့် ဆက်သွယ်ရေးစနစ်များ အဆင်သင့်ထားရှိရန် လိုအပ်ကြောင်း ဝါရင့်သင်္ဘောသားတစ်ဦးက ရှင်းပြသည်။
#ကုန်တင်သင်္ဘောအင်ဂျင်ခန်း
#မြန်မာသတင်း
#ထိုင်းသတင်း

2လလောက် ဘာအလုပ်မှမလုပ်တဲ့အပြင် အလုပ်လည်းထွက်မရှာတဲ့အမျိုးသားကိုသီးမခံနိုင်တော့သဖြင့် ဓ_ါးနဲ့ခုတ်။လိုက်တဲ့အမျိုးသမီးဇနီးဖ...
11/05/2026

2လလောက် ဘာအလုပ်မှမလုပ်တဲ့အပြင် အလုပ်လည်းထွက်မရှာတဲ့အမျိုးသားကိုသီးမခံနိုင်တော့သဖြင့် ဓ_ါးနဲ့ခုတ်။လိုက်တဲ့အမျိုးသမီး

ဇနီးဖြစ်သူအလုပ်ကနေပင်ပင်ပန်းပန်းပြန်လာတာကို ထမင်းဟင်းမချက်ထားသည့်အပြင် ရှုပ်ပွနေတဲ့အခန်းထဲ ပန်ကာလေးဖွင့်ပြီး ဇိမ်ခံနေသည့်အမျိုးသားကိုအလုပ်ထွက်ရှာဖို့ စကားများရာကနေ ဒေါသထွက်ကာသီးမခံနိုင်တော့လို့ ဓ_ါးနဲ့ခု။တ်လိုက်တာပါ။
အခန်းခ၊ရေဖိုး၊မီးဖိုး စားသောက်ဖို့နေ့တိုင်း ကျမပဲရှာနေရတာ အလုပ်ကဘယ်လောက်ပင်ပန်းလည်း တခါမှမေးဖော်မရဘူး ကျမတယောက်တည်းနေတုန်းကအလုပ်ပိတ်ရက်ဆိုရင်မီးခချွေတာချင်လို့ အပူခံပြီးပန်ကာလေးတောင်မဖွင့်ရက်ဘူး ခုသူကအလုပ်လည်းမရှိ ထွက်လည်းမရှာ ကျမလုပ်စာပဲထိုင်စားတဲ့အပြင် အိမ်အလုပ်လည်းမလုပ်ကူပဲအဲ့ဖုန်းတလုံးနဲ့အလုပ်ရှုပ်နေလို့ ဒေါသထွက်ပြီးလုပ်မိတာပါလို့ရဲကိုဖွင့်ပြောခဲ့ပါတယ်
#ထိုင်းသတင်း
#သတင်း

မန္တလေး၊ စစ်ကိုင်းနှင့်ရှမ်းမြောက်တို့တွင် မူးယစ်ဆေးဝါး အစုလိုက်လိုက်အပြုံလိုက် ဖမ်းဆီးရရှိမှုများ  ပြည်သူ့စစ်(ခေါ်) ပျူ...
11/05/2026

မန္တလေး၊ စစ်ကိုင်းနှင့်ရှမ်းမြောက်တို့တွင် မူးယစ်ဆေးဝါး အစုလိုက်လိုက်အပြုံလိုက် ဖမ်းဆီးရရှိမှုများ ပြည်သူ့စစ်(ခေါ်) ပျူစောထီးနှင့်ဆက်နွယ်သူများဖြစ်နေ

မေလ ၁၁

စစ်တပ်က ဧပြီလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်ရှိ တည်းခို ခန်းတွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချနေသူများ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ မဖြူစင်တင်လှ(ခ)ဖြူစင်နှင့် မဇွန်ဇင်ဦး(ခ)မိုင်လီတို ၂ ဦးအား စိတ်ကြွဆေးပြား ၁၁၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ယင်းနေ့ ညနေ ၆ နာရီအချိန် ပုသိမ်ကြီးမြို့နယ်၊ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာနေ မမာ လာအား စိတ်ကြွဆေးပြား ၁၆၀ ပြားနှင့်အတူဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
#ထိုင်းသတင်း
#သတင်း

11/5/2026လရောင်ခရိုင်ရှိ မြန်မာနိုင်ငံသားတစ်ဦး တရုတ်6ဦးဝိုင်ရိုက်ခံရတဲ့အမှူမှန်ပေါ်ပေါက်ရန်အတွက်  PLUAKDENG POLICE STATI...
11/05/2026

11/5/2026
လရောင်ခရိုင်ရှိ မြန်မာနိုင်ငံသားတစ်ဦး
တရုတ်6ဦးဝိုင်ရိုက်ခံရတဲ့အမှူမှန်ပေါ်ပေါက်ရန်အတွက် PLUAKDENG
POLICE STATION ရဲစခန်းသို့ရောက်ရှိနေပါတယ်
လက်ရှိမှာတော့ မိန်းခလေး တစ်ဦး ယောက်ကျားလေးတစ်ဦးအားလုံး6ဦး

နှစ်ဦးတော့ ဥပဒေအရ အပြစ်ပေးခြင်းခံယူနေပြီး ကျန်4ဦးမှာတော့စစ်ဆေးဆဲပါ

အားလုံးမြန်အမှူဆွဲနိုင်ရန် အတွက် မြန်မာသံရုံးနှင့်မြန်မာ့အလင်းအလုပ်သမာကူညီစောက်ရှောက်ရေးအဖွဲ့ ထိုင်းအဖွဲ့စည်းများပူပေါင်ဆောင်ရွတ်နေပါသည်
🇲🇲 အာလုံးလေးစာပါတယ်ဗျာ
#ထိုင်းသတင်း
#သတင်း

လူတွေ ဘယ်ရောက်ကုန်ပီလာ ဘန်ဘောဈေးမှ  #ဘန်‌ဘောဈေး #သတင်း
11/05/2026

လူတွေ ဘယ်ရောက်ကုန်ပီလာ ဘန်ဘောဈေးမှ
#ဘန်‌ဘောဈေး
#သတင်း

မြန်မာအလုပ်သမားတစ်ဦး ဖွင့်လှစ်ထားသော အရွက်ပြုတ်ရည်ဆိုင်တစ်ဆိုင်ကို ထိုင်းအာဏာပိုင်များဝင်ရောက်စစ်ဆေးဖမ်းဆီးခံရတာ်လို့ သိ...
11/05/2026

မြန်မာအလုပ်သမားတစ်ဦး ဖွင့်လှစ်ထားသော အရွက်ပြုတ်ရည်ဆိုင်တစ်ဆိုင်ကို ထိုင်းအာဏာပိုင်များ
ဝင်ရောက်စစ်ဆေးဖမ်းဆီးခံရတာ်လို့ သိရပါတယ်

ထိုင်းနိင်ငံစမွတ်စာခွန်ခရိုင် မြန်မာအလုပ်သမား များဖွင့်လှစ်ထားသော အရွက်ပြုတ်ရည်ဆိုင်တစ်ဆိုင်ကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စ-စ်ဆေးဖ-မ်းဆီးခံရတယ်လို့သိရပါတယ်

အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့စည်းများပူးပေါင်းဆောင်ရွက်မှုဖြင့် ကီလို 12ဆွိုင်ခလွန်မဒူယာ 17 ရက်ကွက်တွင်တည်ရှိသော kratom အရွက်ပြုတ်ရည်ရောင်းချသည့် မြန်မာနိုင်ငံသားတစ်ဦး ဖွင့်လှစ်ထားသော ဆိုင်တစ်ဆိုင်ကို ထိုင်းအာဏာပိုင်များမှ စစ်ဆေးခဲ့သည်။
၎င်းတို့သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်ပြီး kratom အပြုတ်ရည်ရောင်းချသည့်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်လုပ်ကိုင်ခဲ့ပြီး လူစုလူဝေးရာနေရာတစ်ခုဖြစ်ကြောင်း ဒေသခံများကတိုင်ကြားခဲ့ကြောင်း
သိရသည်။
#ထိုင်းသတင်း
#သတင်း

10/05/2026

ရထားလာလို့ဆိုပီ ‌ထွက်ပြေးလိုက်ရတာ
စိတ်ညစ်နေတဲ့သူတွေတွက်
#ရထားလာလို့ဆိုပီထွက်ပြေးလိုက်ရတာ
#ဟာသ

10/05/2026

ဂျော့ရှုဝါဗန်က ကံကောင်းလို့
ချန်ပီယံခါးပတ်ရခဲ့တယ်လို့ပြောတဲ့ကောင်တွေ ကြည့်ထာ
#ဂျော့ရှုဝါဗန်ချန်ပီယံခါးပတ်ရ
#သတင်း

မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် ဂျပန်ဖိုက်တာကို အလဲထိုးပြီး  ချန်ပီယံခါးပတ် ကာကွယ်UFC Flyweight Champion ဂျော့ရှုဝါဗန်ဟာ ဒီက...
10/05/2026

မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် ဂျပန်ဖိုက်တာကို အလဲထိုးပြီး ချန်ပီယံခါးပတ် ကာကွယ်
UFC Flyweight Champion ဂျော့ရှုဝါဗန်ဟာ ဒီကနေ့ကျင်းပတဲ့ သူရဲ့ ပထမဆုံး Champion ခါးပတ်ကာကွယ်ပွဲစဥ်မှာ ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကို အနိုင်ယူပြီး သူ့ရဲ့ ချန်ယီယံဂုဏ်ကို ကာကွယ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
#ထိုင်းသတင်း
#သတင်း

ရွှေဘိုနှင့် ကနီမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းများဖြင့် လေကြောင်းတိုက...
09/05/2026

ရွှေဘိုနှင့် ကနီမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းများဖြင့် လေကြောင်းတိုက်ခိုက်၊ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

9/5/2026

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ကနီမြို့နယ်တို့ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းများဖြင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ဒေသပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကပြောပါတယ်
#ထိုင်းသတင်း
#သတင်း

ที่อยู่

Bangkok
Bangkok
10260

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Wai Yanผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์