Mudra သတင်းနှင့်ဖျော်ဖြေရေး

Mudra သတင်းနှင့်ဖျော်ဖြေရေး Welcome to my Page

ရယ်စရာဟာသ များမျှဝေသည်

ကြည့်ရှု့အားပေးသူတိုင်းကိုကျေးဇူးအထူးတင်ရှိပါသည်

04/06/2026

ခုမှကျောင်းစဖွင့်တာ ကလေးတွေကတော့ လုပ်ပီ 😂

03/06/2026

ရွှေမန်းသူလေး😒❤️ #ဆရာမလေး #ချစ်ပေးကြအုန်းနော်😍😘😘 #ချစ်စရာကောင်းတာတစ်ခုပြမယ်🥺🎀

03/06/2026

လစ်လျူရှူသင့်တဲ့လူမျိုးဆိုတာ #သစ္စာရွှေစည်ဆရာတော်အရှင်ဥတ္တမ၏အဆုံးအမ #တရားတော်များ

03/06/2026

မြောက်ဒဂုံ လမ်းဆုံမှာ အက်ဆီး ဒန့်ဖြစ်ပြီးမြောင်းထဲ ထိုးကျ။

ရက် ၁၀၀ စီမံ ကိန်းကြောင့် နေရာ အနှံ့ မြောင်းဖော် လမ်းခင်းလုပ်နေကြတယ်နော်။

(ရန်ကုန်)ဆေးရုံကြီးရှေ့က နာမည်ကြီးနေတဲ့ ''Ambulance'' မုန့်ဟင်းခါး  🥴 #ရန်ကုန်  #ဆေးရုံ
03/06/2026

(ရန်ကုန်)ဆေးရုံကြီးရှေ့က နာမည်ကြီးနေတဲ့ ''Ambulance'' မုန့်ဟင်းခါး 🥴

#ရန်ကုန် #ဆေးရုံ

03/06/2026

ကျောင်းကုန်းနဲ့ပန်းတနော်ကြားမှာဖြစ်သွားတာတဲ့

03/06/2026

ကျောင်းဆင်းချိန်လေး🤪🫶🏻✨မေမေရိုက်ပေးထားတာလေးနဲ့ပေါ့🤭💕🫶🏻✨💐 #ချစ်စရာလေးမလား🙈

သူတို့ရဲ့ရည်ရွယ်ချက်က လူတွေ စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မယ်။ ငွေပေးပြီး မြန်မြန်မောင်းထုတ်အောင်ပေါ့။ ကံဆိုးသူကားသမား ဝ...
03/06/2026

သူတို့ရဲ့ရည်ရွယ်ချက်က လူတွေ စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မယ်။ ငွေပေးပြီး မြန်မြန်မောင်းထုတ်အောင်ပေါ့။

ကံဆိုးသူကားသမား ဝင်တိုက်မိရင် လျော်ပေါ့။ အရင်းအနှီးလည်းမလိုဘူး။

အဲ့လိုလူမျိုးတွေကို ခနခန မြင်ရတယ်။
ဘုရားရိုက်လိမ့်မယ်ဆိုပြီးပြောကျတယ်။
သူတို့ ပိုကြီးပွါးလာတာဘဲမြင်တယ်။
ဖုံးတောင် တော်တော်အကောင်းဘဲ။
တိုက်တွေ အိမ်တွေပါ ပိုင်ကျတယ်။

တခြားတဘက်ကို လှည့်ကြည့်လိုက်ရင်တော့...
အရှက်သိက္ခာကို တန်ဖိုးထား၊ ပညာတွေသင်ပြီး ရိုးရိုးသားသား ချွေးနည်းစာနဲ့ ရှာဖွေစားသောက်နေတဲ့သူတွေကျတော့ ကြီးပွါးတိုးတက်ဖို့ အရမ်းရုန်းကန်ရတယ်။

အရှက်တကွက်ဖြုတ်ထားပြီး အေးဆေးပြီး နေလို့ကောင်းနေတဲ့သူတွေကို ပတ်ဝန်းကျင်မှာ အများကြီးမြင်ရတယ်။

ဘယ်ဟာအမှန် ဘယ်ဟာအမှားဆိုတာ ခွဲတောင် မခွဲတတ်တော့ဘူး။

Credit:

အားလုံးပဲမင်္ဂလာပါခင်ဗျာ. ဆီအခက်အခဲနှင့်စုံ/မ ကိစ္စများပေါ်ပေါက်လာချိန်မှ လိုင်စင်ကားပိုင်ရှင်များ ကြုံတွေ့ရတဲ့အပွါးကားဖ...
02/06/2026

အားလုံးပဲမင်္ဂလာပါခင်ဗျာ. ဆီအခက်အခဲနှင့်စုံ/မ ကိစ္စများပေါ်ပေါက်လာချိန်မှ လိုင်စင်ကားပိုင်ရှင်များ ကြုံတွေ့ရတဲ့အပွါးကားဖြေရှင်းမှုပြသနာများကို ကိုယ့်တွေ့ အတွေ့အကြုံတစ်ခုကိုမျှဝေချင်ပါတယ်၊ ကျွန်တော့ကားက ygn-19 4L-7530 Honda fit GP1ပါ နိုင်ငံတော်မှ ဆီဆိုင်များတွင် စုံရက် မရက် ဆီဖြည့်ရန်နှင့် ကျွန်တော့်တို့ကားအမျိုးအစားများမှ တစ်ပတ်လျှင်၃၅လီတာခွဲတမ်းဖြင့်ဆီဖြည့်ရန်ညွှန်ကြားပြီးချိန်မှစ၍ ဆီဆိုင်များတွင် ဆီဖြည့်ရာ အပွါးကား(အမျိုးသမီးမောင်း)မှ ၁၄-၂-၂၀၂၆ ရပ်နေ့မှစ၍ အပတ်စဉ် ဆီဖြည့်ပြီး မောင်းနှင်နေသည့်အတွက် ၅၁ လမ်းရုံး(တာဝန်မှူးရုံးခန်း)နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ(မြောက်ဉက္ကာလာ/တောင်ညွန့်/ဗိုလ်တထောင်/စမ်းချောင်း/ဗဟန်း/ဒဂုံ)မြို့နယ်များ)မှ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးများသို့ တိုင်ကြားခဲ့ရာ သတင်းစုံစမ်းခဲ့ပြီး ဆီဆိုင်များမှ ဆီဖြည့်မှတ်တမ်းများရယူခဲ့ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂-၆-၂၀၂၆ ရက်နေ့တွင် အဆိုပါ အပွါးကားအား ဒဂုံတပ်ဖွဲ့စုမှူး ဒုရဲမှူး ပြည်စိုး ကွပ်ကဲမှုအောက်ရှိမြို့မကျောင်းလမ်းတွင် ဖမ်းဆီရမိခဲ့ပါသည်။ ပြည်သူများအနေဖြင့် မိမိကားအပွါးခံရပါက လိုင်းပေါ်တွင်အရင်မတင်ပဲ သက်ဆိုင်ရာတာဝန်ရှိသူများသို့ အဆင့်ဆင့်တိုင်ကြားပြီး အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်မှသာ လိုင်စင်အပွါးကားများ အရေးယူခံပြီး မူလပိုင်ရှင်များနစ်နာမှုမရှိမှာဖြစ်ပါသည်။ မြန်မာနိုင်ငံ၊ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့်လည်း တိုင်ကြားလာပါက အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေး နေ့/ညမလပ် ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိသည့်အတွက် ပြည်သူများမှ ယုံကြည်အားကိုးစွာ တိုင်ကြားသင့်ကြောင်း ကျွန်တော့အတွေ့အကြုံအရ တင်ပြပေးလိုက်ပါတယ်ခင်ဗျာ…..
အထူးကျေးဇူးတင်ရှိသူများ—-
မြောက်ဉက္ကလာမှ ဒုရဲမှူး လှိုင်ဝင်းအောင်
စမ်းချောင်းမှ ဒုရဲမှူး အောင်ဖြိုးသိန်း
မင်္ဂလာတောင်ညွန့်မှ ဒုရဲမှူး ဇော်အောင်ထွန်း
ဗိုလ်တထောင်မှ ဒုရဲမှူး ဆန်းညွန့်ဦး
ဒဂုံမှ ဒုရဲမှူး ပြည်စိုး နှင့်တကွ
တာဝန်မှူးတာဝန်ကျသော ကမာရွတ် တပ်ဖွဲ့စုမှူးနှင့် လှည်းကူးတပ်ဖွဲ့စုမှူးတို့အား အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ…
(၅၁)လမ်း ယာဉ်ထိန်းရုံးဖုန်း တိုင်ကြားရန်-၀၁၂၉၁၂၈၅ —

Myo Myint Khant

မန္တလေးတွင် မီနီအိုးဝေက ဆွမ်းခံကိုယ်တော်ဘုန်းကြီးကို တိုက်မိသော်လည်း မောင်းပြေးသွားJun 2, 12:02 PMမန္တလေးမြို့တွင် ယနေ့ဇ...
02/06/2026

မန္တလေးတွင် မီနီအိုးဝေက ဆွမ်းခံကိုယ်တော်ဘုန်းကြီးကို တိုက်မိသော်လည်း မောင်းပြေးသွား

Jun 2, 12:02 PM

မန္တလေးမြို့တွင် ယနေ့ဇွန်၂ရက် နံနက်ပိုင်း သံဃာတော်များ ဆွမ်းခံကြွချိန်တွင် မီနီအိုးဝေ သုံးဘီးယာဉ်က ဆွမ်းခံကိုယ်‌တော် ဘုန်းကြီးတပါးကို တိုက်မိ၍ ထွက်ပြေးမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၂လမ်း၊ လမ်း၄၀နှင့် ၄၁ လမ်းကြားတွင် ယနေ့နံနက်ပိုင်းက ဆွမ်းခံကြွတော်မူသည့် ဘုန်းကြီးတပါးကို မီနီအိုးဝေသုံးဘီးယာဉ်က တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီနီအိုးဝေယာဥ်‌မောင်းသမားသည် ခဏအကြာတွင် မောင်း၍ ထွက်ပြေးသွားကြောင်း ဘေးနားရှိ ပြည်သူများပြောပြချက်အရ သိရှိရပြီး ဒဏ်ရာရရှိသော ဆွမ်းခံကိုယ်တော် ဘုန်းကြီးကို မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင် ကူညီပေးခဲ့ကြောင်း “မဏီစလ”လူမှုကူညီရေးအသင်း (မန္တလေး) မှ မှတ်တမ်းထုတ်ပြန်ထားသည်။

မန္တလေးမြို့တွင်း မောင်းနှင်လျက်ရှိသည့် မီနီအိုးဝေသုံးဘီးယာဉ်မောင်းသူ အများစုသည် ယာဉ်စည်းကမ်းလမ်းစည်ကမ်းကို လိုက်နာမှုအားနည်းခြင်း၊ ယာဉ်အချင်းချင်း အပြိုင်မောင်းနှင်ခြင်းတို့ကြောင့် မြို့နေလူထု၏ ဝေဖန်ပြစ်တင်မှုများကို ခံရသလို ယခုနောက်ပိုင်း ဖြစ်ပွားသည့် ယာဉ်တိုက်မှုများတွင်လည်း သုံးဘီးယာဉ်များ ပါဝင်ပတ်သက်နေသည်။

#မန္တလေးသတင်းကွန်ရက် #မီနီအိုးဝေ #မန္တလေး
photo credit : မဏီစလ(သတင်းပြန်ကြား)

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mudra သတင်းနှင့်ဖျော်ဖြေရေးผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท