Kawao Newsgroup Committed to social justice, peace and democracy in Burma. The media will expose the truth and those who are there to expose the errors.

Our aim is to provide an in-depth analysis that will help to promote lasting change and peace
မြန်မာနိုင်ငံတွင် လူမှုတရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးတို့ကို အထူးလိုအပ်နေသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ရေရှည်တည်တံ့သော အပြောင်းအလဲနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေမည့် သုတေသန၊ မှတ်တမ်းပြုစုခြင်းနှင့် ခွဲခြမ်းစိတ်ဖြာနိုင်ရန် အချက်အလက်များကို ပံ့ပိုးပေးရန် ဖြစ်သည်။


____________________________

Editorial

The role of the media has become important in today’s internet-connected age. Media platforms, whether traditional or digital, focus on awareness; Focusing on expert opinion and not playing an important role in protecting democratic principles. The Journal of Fine Journalism focuses on everything from corruption to holding government groups and individuals accountable to parliaments and to bringing change to light on social injustices. In today’s hyper-reported world, media literacy is critical in combating disinformation without a bias. Media should strive for comprehensive and truthful reporting. Trusted civic journalism standards oversight and validation are also important for news media organizations. The media can influence corporate; trips and guides, including idealism and distrust. In conclusion, as media practitioners, we develop media literacy, and media organizations are held accountable for their standards of conduct, with a more informed and cognizant recognition of the power and responsibility of the media


Regards,

Editor

KAOWAO NEWS GROUP

Tel: + 66 8617 561 67 (Thailand),

Email: [email protected]

http://www.kaowao.asia Burmese Version

www.mon.kaowao.asia Mon Version

www.en.kaowao.asia English Version

http://www.burmalibrary.org/show.php?cat=1215&lo=d&sl=0

Online Burma Library — http://www.burmalibrary.org

ABOUT US

Kaowao Newsgroup is committed to social justice, peace, and democracy in Burma. We hope to be able to provide an in-depth analysis that will help to promote lasting change and peace within Burma. Editors, reporters, writers, and overseas volunteers are dedicated members of the Mon activist community based in Thailand. Our motto is “working together for change and lasting peace.”
_________________________________

ကောင်းဝါ အယ်ဒီတာ့အာဘော်

အင်တာနက်ကွန်ရက်ဆက်ကြောင်းများဖြင့် ချိတ်ဆက်နေသော ယနေ့ခေတ် ကမ္ဘာကြီးတွင် မီဒီယာများ၏ အခန်းကဏ္ဍသည် ပို၍အရေးပါလာပါသည်။ သမားရိုးကျဖြစ်စေ ဒစ်ဂျစ်တယ်ဖြစ်စေ မီဒီယာပလက်ဖောင်းများသည် အသိအမြင်ကို မြှင့်တင်ရန်၊ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်နှင့် ဒီမိုကရေစီအခြေခံမူများကို အကာအကွယ်ပေးရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။

ထို့ပြင် မီဒီယာသည် အမှန်တရားကို ဖော်ထုတ်ရန်နှင့် အမှားအယွင်းများကို ဖော်ထုတ်ရန် စောင့်ကြည့်နေသူများလည်း ဖြစ်သည်။ စုံစမ်းစစ်ဆေးရေး ဂျာနယ်လစ်ဇင်မှတဆင့် မီဒီယာများသည် အဂတိလိုက်စားမှုများမှအစ အစိုးရများ၊ အဖွဲ့အစည်းများနှင့် လူတစ်ဦးချင်းစီ၏ လုပ်ဆောင်ချက်များအတွက် တာဝန်ယူမှုကို ချုပ်ကိုင်ရာတွင်လည်းကောင်း လူမှုရေးမမျှတမှုများကို အလင်းပေးခြင်းဖြင့် အပြောင်းအလဲအတွက် အထောက်အကူဖြစ်စေသည်။

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ၊ ကျင့်ဝတ်ဆိုင်ရာဂျာနယ်လစ်ဇင်စံနှုန်းများ၊ အချက်အလက်စစ်ဆေးခြင်းနှင့် အတည်ပြုခြင်းလုပ်ငန်းစဉ်များသည်လည်း မီဒီယာအဖွဲ့အစည်းများအတွက် အရေးကြီးပါသည်။

သို့သော်လည်း မီဒီယာများသည် ကော်ပိုရိတ်သြဇာလွှမ်းမိုးမှု၊ စိတ်ကူးယဉ်ဆန်မှုနှင့် ယုံကြည်မှု ပျက်ပြားမှုတို့အပါအဝင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ နိဂုံးချုပ်အနေဖြင့် မီဒီယာသမားများ ကျွန်ုပ်တို့သည် မီဒီယာတတ်မြောက်မှုကို ပြုစုပျိုးထောင်ပြီး မီဒီယာအဖွဲ့အစည်းများသည် ၎င်းတို့၏ကျင့်ဝတ်စံနှုန်းများအတွက် တာဝန်ခံမှုရှိရမည်ဖြစ်သည်။ မီဒီယာ၏ ပါဝါနှင့် တာဝန်ကို အသိအမှတ်ပြုခြင်းဖြင့် ပိုမိုအသိဥာဏ်ရှိသော၊ တရားမျှတပြီး ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းကိုဖန်တီးရန်နှင့် ကောင်းမွန်သောအနာဂတ်ကို ကျွနုပ်တို့တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
_________________________________

ဂလာန်ညးဒါန်လိက်ကဴဝဴ

ဂကူမန်တံဝွံ ဗီုကောန်ဍုင်အရင် ဂကူတၞဟ်ဟ်တံကီု သွက်သ္ဂောံဒက်ပတန်တွဵုရးမဍိုက်ပေင်ကဵုအဝဵုပရေင်အုပ်ဓုပ် မပ္တံကဵုကံကုသဵုဇကု ဇကုဖန်ဖက်ကေတ်မာန်တံဂှ် သၞာံကာလဗွဲမလံလ နကဵုပေါဲဗတိုက်နာနာ ဂိုတ်ဂစာန်လွဳပရာကၠုင်မံင်ဟဂှ်ရ။

အဓိကတန်ရန်တၟံဂကူမန်တံမတွံမ္ဂး တွဵုရးမန်မဍိုက်ပေင်ကဵုအဝဵုပရေင်အုပ်ဓုပ်၊ အဝဵုမခၞံဗ္ဒျ်သၞောဝ်ကေုာံ အဝဵုစဳရေင်ပြုပြင်ကုတ်ဒဏ်သၞောဝ်တံဟေင် သွက်ဂွံမင်မွဲထိင်ဒဝ်အာ အာဲကၟာဲယေန်သၞာင်ဇုဇဗဴလတံရောင် စှ်ေလဝ်စိုတ်ရ။

သာ်ဏံသၟးဟွံက ဂကူမန်ဝွံ မၞုံဍိုက်ပေင်ကဵု မပိုင်ပြဳကၠုင်တိဍာ်ကၟိန်ဍုင် သီုကဵုစရာဲရာဇဝင် ကေုာံ အာဲကၟာဲလိက်ပတ်ယေန်သၞာင်ကွတ်ပညာနာနာတံဟီုမ္ဂး သၞာံဗွဝ်ကၠံဗွဲမဂၠိုင် ပြာကတ်တန်တဴကၠုင်လဝ် အလုံတိုက်အာယှမွဲဏံ ညံင်ဂွံဆက်တန်တဴပြာကတ်တိုန်ကၠုင်ပၠန်ဂှ် အရာကိစ္စဇၞော်သွက်ဂကူပိုဲရောင်။

ဟိုတ်ဂှ်ရ နကဵုလက်ျှန်ဝိသေသတၟေင် ဂကူဇၞော်မွဲမွဲ အကြာဂကူကောန်ဍုင်အရင်ဂမၠိုင် အကြောဂကူ ညးမွဲကုညးမွဲ သွက်သ္ဂောံသ္ပအဲပရဲစၟတ်သမ္တီ နကဵုသကေႅတ သၞောတ်ပရေင်ဍုင်ကွာန်ချိုတ်ပၠိုတ်မွဲမွဲဂှ် ညးဍုင်ကွာန်မန်တံသီုဖအိုတ် နွံမံင်ပၟိက်ဆန္ဒပေင်င်ရောင်။

“ဍုင်မန်ပံင်ကောံဟာ-ဍုင်မန်တၞဟ်ခြာဟာ” အကြာဂကူမန်တံ လညာတ်ဒုင်ဂိုင်ကေတ် တၞဟ်ခြာညးသ္ကံဒှ်မာန်ကီုလေဝ် ဆန္ဒဍာံဍာံဒးဟီုမ္ဂး နွံမံင်ပၟိက်ကု ပရေင်အုပ်ဓုပ်ဇကုဇေတ်တ် ပရေင်အုပ်ဓုပ်ဇကုဍိုက်က်ပေင်ပေင်ဟေင်မဒှ်တုဲ သွက်ဂွံထိင်ဒဝ်မင်မွဲသၠုင်ပတိုန်အာ အာဲကၟာဲယေန်သၞာင်ပြဝေဏဳအခိုက်ကၞာမန် ဒၞာဲတိဍာ်ဇုဇမန်တံ ဗွဲလအိတ်ရောင်။

ကၞေတ်တဲဂကူမွဲကဵုမွဲ ဒုင်သဇိုင်ကဵုအခေါင်တုပ်သၟဟ်၊ ပရေင်သ္ပစၟတ်သမ္တီကေုာံ ကံပရေင်ဇကု ဇကုဖန်က်ကေတ်မာန် ညံင်ဂွံဒက်ပတန်အာမာန်ဂှ် ဆန္ဒညးဍုင်ကွာန်မန်ဍာံဍာံဇေတ်တ်ရောင် ကဴဝဴကလေင်ဆဝ်ဗ္ရုဟ်ဏာ ကောန်ဂကူမန်အလုံဂၠးကဝ်တံရအဴ။

“နောင်းအွန်” အမှုကို အထူးမှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ ပူးပေါင်းစုံစမ်း ရင်ခွဲစစ်ဆေးမှုအရ သေဆုံးစေသည့် ပြင်ပဒဏ်ရာ မတွေ့ရှိသ...
04/06/2026

“နောင်းအွန်” အမှုကို အထူးမှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ ပူးပေါင်းစုံစမ်း
ရင်ခွဲစစ်ဆေးမှုအရ သေဆုံးစေသည့် ပြင်ပဒဏ်ရာ မတွေ့ရှိသေး
THAIRATH NEWS-ဇွန် (၄)

ကန်ချနဘူရီခရိုင်တွင် အသက် ၇ နှစ်အရွယ် “နောင်းအွန်” သေဆုံးမှုအမှုနှင့်ပတ်သက်၍ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) လက်အောက်ရှိ အထူးမှုခင်းနှိမ်နင်းရေးတပ်ဖွဲ့မှ စုံထောက်များကို စေလွှတ်ကာ အမှုအား ပူးပေါင်းဖော်ထုတ်လျက်ရှိသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ “နောင်းအွန်” ၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရာတွင် ခန္ဓာကိုယ်အပြင်ပိုင်း၌ သေဆုံးစေမည့် ဒဏ်ရာများ မတွေ့ရှိရသေးကြောင်း သိရသည်။

သို့သော် အတွင်းအင်္ဂါပိုင်းဆိုင်ရာ စစ်ဆေးချက်များ ထပ်မံထွက်ပေါ်လာရန် စောင့်ဆိုင်းရဦးမည်ဖြစ်ပြီး သေဆုံးမှုမှာ ခန္ဓာကိုယ်အတွင်းပိုင်း ချို့ယွင်းမှုတစ်ခုခုကြောင့် ဖြစ်မဖြစ်ကို ဆက်လက်စစ်ဆေးနေသည်။

တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အမှတ် ၇ ၏ ဒုတိယတပ်မှူးကလည်း စုံစမ်းစစ်ဆေးမှုတွင် တိုးတက်မှုအချို့ ရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်တွင် အသေးစိတ်ကို ထုတ်ဖော်ပြောကြား၍ မရသေးကြောင်း ဆိုသည်။

စုံစမ်းရေး၏ အဓိကဦးတည်ချက်မှာ “နောင်းအွန်” သေဆုံးရသည့် အကြောင်းရင်းအမှန်ကို ဖော်ထုတ်ရန်၊ ရုပ်အလောင်းတွေ့ရှိသည့်နေရာ၌ပင် သေဆုံးခဲ့ခြင်း ဟုတ်မဟုတ်နှင့် အခြားတစ်ဦးဦးက ရုပ်အလောင်းကို ထိုနေရာသို့ သယ်ဆောင်လာထားခြင်း ရှိမရှိ စစ်ဆေးနေခြင်းဖြစ်သည်။

နောက်ဆုံး စုံစမ်းစစ်ဆေးမှုအရ “နောင်းအွန်” ပျောက်ဆုံးသွားသည့် အချိန်ဇယားကို စုံစမ်းရေးအဖွဲ့က အတော်အတန် တိတိကျကျ ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီဖြစ်သည်။

သက်ဆိုင်သူများနှင့် မျက်မြင်သက်သေများကို မေးမြန်းစစ်ဆေးရာမှ သံသယရှိသူအုပ်စုကို ပိုမိုကျဉ်းမြောင်းစွာ သတ်မှတ်နိုင်လာကြောင်း သိရသည်။

ထို့အပြင် “နောင်းအွန်” ပျောက်ဆုံးသည့် အချိန်ကာလအတွင်း မိုဘိုင်းဖုန်းဆက်သွယ်ရေး အချက်အလက်များကိုလည်း စစ်ဆေးနေပြီး စုံစမ်းရေးအတွက် လမ်းကြောင်းသစ်များ ရရှိလာကြောင်း သိရသည်။

ထို့ပြင် ထီးခလုံးဘုန်းကြီးကျောင်းမှ သုံးဘီးဆိုင်ကယ်အား လက်ဗွေရာစစ်ဆေးရန် သိမ်းဆည်းထားပြီး သံသယရှိသူ ၅ ဦးထံမှ DNA နမူနာများလည်း ရယူစစ်ဆေးလျက်ရှိသည်။

ဇွန်လ ၁ ရက်နေ့က ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ် ပရန်ဖလယ်ကျေးရွာအုပ်စု အမှတ် (၄) ကျေးရွာရှိ ရော်ဘာခြံအတွင်း ဝါးရုံအောက်တွင် “နောင်းအွန်” ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

ကလေးမလေးမှာ နေအိမ်မှ ပျောက်ဆုံးသွားပြီး ၂ ရက်ကျော်အကြာတွင် သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်ကာ သေဆုံးရသည့်အကြောင်းရင်းကို အာဏာပိုင်များက အလျင်အမြန် စုံစမ်းစစ်ဆေးနေကြသည်။

ယနေ့ဇွန်လ ၄ ရက်နေ့တွင် တာဝန်ရှိ ရဲအရာရှိကြီးများနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များသည် “နောင်းအွန်” နေထိုင်ခဲ့သည့် ထီးခလုံးကျေးရွာသို့ သွားရောက်ကာ အမှုနှင့်ဆက်စပ်သည့် သက်သေခံပစ္စည်းများ၊ အချက်အလက်များကို ထပ်မံစုဆောင်းခဲ့ကြသည်။

စုံစမ်းရေးအဖွဲ့သည် ထီးခလုံးဘုန်းတော်ကြီးကျောင်းပိုင် သုံးဘီးယာဉ်ကို လက်ဗွေရာများ ရှာဖွေစစ်ဆေးရန် ယူဆောင်သွားခဲ့ပြီး သံသယရှိသူ ၅ ဦးကိုလည်း စစ်ဆေးမေးမြန်းကာ DNA နမူနာများ ရယူခဲ့သည်။ ကန်ချနဘူရီ မှုခင်းသက်သေအထောက်အထား စစ်ဆေးရေးဌာနမှ တာဝန်ရှိသူများကလည်း အသေးစိတ် မှတ်တမ်းတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ယနေ့တွင် ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) လက်အောက်ရှိ အထူးမှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ (Crime Suppression Division) မှ ရဲတပ်ဖွဲ့ဝင်များလည်း အမှုအား အမြန်ဆုံး ဖော်ထုတ်နိုင်ရေးနှင့် တရားခံကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် စံခလဘူရီမြို့နယ်ရဲစခန်း၊ ကန်ချနဘူရီခရိုင်ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့ အမှတ် ၇၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် အထူးမှုခင်းနှိမ်နင်းရေးတပ်ဖွဲ့တို့မှ အင်အားအများအပြားကို စုစည်းကာ အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်တစ်ဝိုက်တွင် ဆက်လက်ရှာဖွေစစ်ဆေးနေကြသည်။

ထို့အပြင် ထီးခလုံးကျေးရွာရှိ အမျိုးသားအချို့ကိုလည်း ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းခဲ့ပြီး DNA နမူနာများ ရယူကာ အခင်းဖြစ်နေရာမှ တွေ့ရှိထားသော သက်သေအထောက်အထားများနှင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

"နောင်အငွန်" အမှု - တရားခံမိဖို့ ရဲအဖွဲ့ ၅ ဖွဲ့ခွဲပြီး အရှိန်မြှင့်စုံစမ်းနေ၊ သံသယရှိသူ ၁၈ ဦးရဲ့ DNA ကို ထပ်မံစစ်ဆေးစံခလ...
04/06/2026

"နောင်အငွန်" အမှု - တရားခံမိဖို့ ရဲအဖွဲ့ ၅ ဖွဲ့ခွဲပြီး အရှိန်မြှင့်စုံစမ်းနေ၊
သံသယရှိသူ ၁၈ ဦးရဲ့ DNA ကို ထပ်မံစစ်ဆေး
စံခလပူရီ - ဇွန် (၄)

နယ်မြေ (၇) ရဲတပ်ဖွဲ့၊ ကန်ချနဘူရီ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) တို့ ပူးပေါင်းပြီး စံခလပူရီမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ နှစ်အရွယ် "နောင်အငွန်" အသတ်ခံရမှုကို အမြန်ဆုံးဖော်ထုတ်နိုင်ဖို့ ဝိုင်းဝန်းဖြေရှင်းနေကြပါတယ်။ နောက်ဆုံးသတင်းအရ သံသယရှိသူ ၁၈ ဦးရဲ့ DNA ကို ထပ်မံရယူပြီး မှုခင်းဆေးပညာဌာနဆီ ပို့ထားတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၄ ရက်နေ့မှာ နယ်မြေ (၇) ဒုတိယရဲတပ်ဖွဲ့မှူး ချွန်ချဝင် ပုရထာနာနွန် (Chomchawin Purathananon) ဟာ ကန်ချနဘူရီခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ မှုခင်းရဲတပ်ဖွဲ့တွေကို အရေးပေါ်ခေါ်ယူအစည်းအဝေးလုပ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ အလုပ်အဖွဲ့ ၅ ဖွဲ့ခွဲလိုက်ပြီး နယ်မြေထဲမှာ အသေးစိတ် အချက်အလက်တွေ လိုက်လံစုဆောင်းခိုင်းထားသလို၊ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ကလည်း အင်အားဖြည့်ကူညီပေးနေတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ ပိုပြီးမြန်ဆန်လာမှာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းချက်အရ တရားခံဟာ အဝေးကလူမဟုတ်ဘဲ နယ်မြေခံတွေပဲ ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။ အခုနောက်ဆုံးမှာတော့ အခင်းဖြစ်တဲ့နေ့က ရွာထဲမှာ ရုပ်ရှင်လာကြည့်တဲ့သူတွေထဲက သံသယဖြစ်ဖွယ်ရှိသူ ၁၈ ဦးကို ထပ်မံခေါ်ယူမေးမြန်းပြီး DNA နမူနာတွေ ယူထားတာပါ။ အရင်က ယူထားတဲ့ ၁၇ ဦးနဲ့ဆိုရင် အခုဆိုရင် DNA စစ်ဆေးထားသူ အားလုံး ၃၅ ဦး ရှိသွားပါပြီ။

ဒါ့အပြင် ဘန်ထီးခလုံး (Ban Tikhrong) ဘုန်းကြီးကျောင်းက သုံးဘီးဆိုင်ကယ်ကိုလည်း လက်ဗွေရာတွေ ရှိ၊ မရှိ သေချာစစ်ဆေးနေပါတယ်။

သံသယရှိသူတွေ ထွက်မပြေးနိုင်အောင်လည်း ရဲတပ်ဖွဲ့က အနီးကပ် စောင့်ကြည့်နေသလို သိပ္ပံနည်းကျ အထောက်အထားတွေနဲ့ တရားခံကို အတိအကျဖမ်းဆီးနိုင်ဖို့ ကြိုးစားနေတာကြောင့် လူမှားဖမ်းတာမျိုး မဖြစ်အောင်လည်း အထူးသတိထားနေတယ်လို့ ဆိုပါတယ်။

မနက်ဖြန် ဇွန်လ ၅ ရက်နေ့မှာတော့ ဘန်ကောက်က ရဲအရာရှိကြီးတွေဟာ စံခလပူရီရဲစခန်းကို လာရောက်ပြီး အမှုတွဲတွေနဲ့ သက်သေတွေကို သေချာစစ်ဆေးမှာဖြစ်သလို၊ နေ့မအား ညမအား တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကိုလည်း အားပေးစကား ပြောကြားသွားမယ်လို့ သိရပါတယ်။

Crd - ကန်ချနဘူရီ သတင်းအဖွဲ့
#နောင်အငွန် #စံခလပူရီ #ကန်ချနဘူရီ #မှုခင်းသတင်း #တရားမျှတမှု_For_NongAngoon

မိခင်ဖြစ်သူကို လိင်ဆက်ဆံဖို့ တောင်းဆိုခဲ့တဲ့ သားဖြစ်သူ ဖမ်းဆီးခံရဘန်ကောက် - ဇွန် (၄)အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သ...
04/06/2026

မိခင်ဖြစ်သူကို လိင်ဆက်ဆံဖို့ တောင်းဆိုခဲ့တဲ့ သားဖြစ်သူ ဖမ်းဆီးခံရ
ဘန်ကောက် - ဇွန် (၄)

အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့မိခင်ဆီကို လိင်ပိုင်းဆိုင်ရာ တောင်းဆိုတဲ့ စာတွေပို့ခဲ့တာကြောင့် ဖမ်းဆီးခံလိုက်ရပါတယ်။ မိခင်ဖြစ်သူကတော့ သူ့ရဲ့လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် ရဲတပ်ဖွဲ့ရဲ့ အကာအကွယ်ကို တောင်းခံခဲ့တာ ဖြစ်ပါတယ်။

တရားခံကို ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီခွဲမှာ စမွတ်ပရာကန်ခရိုင်၊ ဆမ်ရောင်ထိုင် (Samrong Tai) ရဲစခန်းက အရာရှိတွေနဲ့ Gun Jompalang (ကန်ကျွမ်းဖလန်း) ဖောင်ဒေးရှင်းက စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းပြီး ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးမှုဟာ စွမ်းလောင် (Suan Luang) မြို့နယ်၊ ဖရာခနုန်း (Phra Khanong) မြောင်းအနီးက ရပ်ကွက်တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။

ဆမ်ရောင်ထိုင်ရဲစခန်းမှူးရဲ့ အဆိုအရ အဲဒီအမျိုးသားကို "စိတ်သောကရောက်အောင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ လူတစ်ဦးရဲ့ ပုံမှန်ဘဝကို နှောင့်ယှက်ဖျက်ဆီးမှု" တွေနဲ့ တရားစွဲဆိုထားပါတယ်။

ဒီအမှုဟာ Follower ၁၀ သန်းရှိတဲ့ နာမည်ကြီး တက်ကြွလှုပ်ရှားသူ Guntouch “Gun Jompalang” ရဲ့ Facebook စာမျက်နှာမှာ မိခင်ဖြစ်သူရဲ့ ခံစားချက်တွေကို ဖော်ပြခဲ့ရာကနေ လူသိရှင်ကြား ဖြစ်လာခဲ့တာပါ။

တိုင်ကြားချက်အရ အဲဒီသားဖြစ်သူဟာ သူနဲ့သူ့အမေဟာ လင်မယားတွေဖြစ်တယ်လို့ အိမ်နီးနားချင်းတွေကို လိုက်ပြောနေခဲ့တာပါ။ မိခင်ဖြစ်သူကတော့ သားဖြစ်သူရဲ့ အပြုအမူတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး ထူးဆန်းလာတာကြောင့် သူ့ရဲ့အသက်အန္တရာယ်အတွက် အလွန်စိုးရိမ်ခဲ့ရပါတယ်။

အွန်လိုင်းမှာ ပျံ့နှံ့သွားတဲ့ သားဖြစ်သူက မိခင်ဆီ ပို့ထားတဲ့ စာတွေကိုကြည့်ပြီး လူမှုကွန်ရက် အသုံးပြုသူတွေက အကြီးအကျယ် ဒေါသထွက်နေကြသလို၊ မိခင်ဖြစ်သူအပေါ်မှာလည်း အထူးစာနာနေကြပါတယ်။

မိခင်ဖြစ်သူက ရဲတွေကို ပြောပြရာမှာတော့ သားဖြစ်သူဟာ သူ့ကိုကြည့်တဲ့အမြင်တွေက ပြောင်းလဲနေပြီး သားတစ်ယောက်က မိခင်ကိုကြည့်တဲ့ အကြည့်မျိုး မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သားဖြစ်သူဟာ စိတ်လှည့်စားမှုတွေ ခံစားနေရသလို၊ တစ်ယောက်တည်း စကားတွေပြောနေတတ်ပြီး ခဏခဏလည်း ရမ်းကားတတ်တယ်လို့ ပြောပါတယ်။

ကနဦး စစ်မေးချိန်မှာတော့ တရားခံက LINE ကနေတစ်ဆင့် မိခင်ဖြစ်သူကို လိင်ဆက်ဆံဖို့ တောင်းဆိုတဲ့စာ ပို့ခဲ့တာကို ဝန်ခံပါတယ်။ ရဲတွေကတော့ ဖမ်းဆီးခေါ်ဆောင်လာစဉ်မှာတောင် အဲဒီအမျိုးသားဟာ စိတ်လှည့်စားမှုတွေ ခံစားနေရပြီး စကားတွေကို ကယောင်ကတမ်း ပြောနေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့မနက်ပိုင်းမှာပဲ စိတ်ကြွဆေး (ယာဘ) သုံးစွဲခဲ့တယ်လို့လည်း ဝန်ခံထားပါတယ်။

စုံစမ်းစစ်ဆေးသူတွေရဲ့ အဆိုအရ ဒီပြစ်မှုဟာ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၄၀,၀၀၀ အထိ ချမှတ်ခံရနိုင်ပါတယ်။

လောလောဆယ်မှာတော့ တရားခံကို ရဲစခန်းမှာ ထိန်းသိမ်းထားပြီး မူးယစ်ဆေးအရှိန် ပြယ်သွားမှသာ ထပ်မံစစ်ဆေးပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမှာ ဖြစ်ပါတယ်။

Crd - Bangkok Post

ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးခွံနဲ့လုပ်ထားတဲ့ ခေါင်းလောင်း - စံခလပူရီ ဝပ်စီစုဝန်ကျောင်းက ထူးခြားချက် စံခလပူရီ - ဇွန် (၄)လွန်...
04/06/2026

ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးခွံနဲ့လုပ်ထားတဲ့ ခေါင်းလောင်း -
စံခလပူရီ ဝပ်စီစုဝန်ကျောင်းက ထူးခြားချက်
စံခလပူရီ - ဇွန် (၄)

လွန်ခဲ့တဲ့ တစ်လလောက်က စံခလပူရီမြို့ထဲမှာရှိတဲ့ ဝပ်စီစုဝန် (Wat Si Suwan) ကျောင်းကို ကျွန်တော် ရောက်ခဲ့ပါတယ်။ ဒီကျောင်းဟာ တကယ်တော့ ကျောင်းဟောင်းကြီးပါ။ ဒါပေမဲ့ ဝဇီရာလောင်ကွန်းဆည် ဆောက်တဲ့အခါမှာ ရေမြုပ်မှာစိုးလို့ အခုလက်ရှိ ကုန်းမြင့်နေရာကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းကို ရောက်တုန်း လှည့်ပတ်ကြည့်ရင်း အပြန်မှာ ခေါင်းလောင်းစင်ပေါ်က ခေါင်းလောင်းကို လှမ်းကြည့်မိတော့ ပုံစံက ဗုံးသီးတစ်လုံးနဲ့ အတော်လေး တူနေတာကို သတိထားမိပါတယ်။ ကျွန်တော်က ဒုတိယကမ္ဘာစစ်တုန်းက သေမင်းတမန် ရထားလမ်းကို ဖျက်ဆီးဖို့ အမေရိကန်နဲ့ ဗြိတိသျှတို့ ကြဲခဲ့တဲ့ ဗုံးသီးပုံစံတွေကို အကောင်းရော၊ ခေါင်းလောင်းလုပ်ဖို့ ဖြတ်ထားတာတွေကိုရော အများကြီး မြင်ဖူးထားတော့ ဒါဟာ ဗုံးသီးဖြစ်နိုင်တယ်လို့ ချက်ချင်းတွေးမိတာပါ။

ဒါနဲ့ ကျောင်းထိုင်ဆရာတော်ဆီ ခွင့်တောင်းပြီး ခေါင်းလောင်းစင်ပေါ် တက်ကြည့်လိုက်တော့ တကယ့် ဗုံးသီးစစ်စစ် ဖြစ်နေပါတယ်။ ကျွန်တော် လေ့လာကြည့်သလောက်တော့ ဒါဟာ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်တပ်တွေ အသုံးများခဲ့တဲ့ AN-M65 အမျိုးအစား ပေါင် ၁၀၀၀ ဗုံးသီး ဖြစ်ပါတယ်။ ဒီဗုံးသီးတွေကို သေမင်းတမန် ရထားလမ်းတစ်လျှောက်မှာရှိတဲ့ ခိုင်ခံ့တဲ့ တံတားကြီးတွေကို ဖျက်ဆီးဖို့အတွက် အဓိက အသုံးပြုခဲ့ကြတာပါ။

ဒါဟာ ဗုံးသီးမှန်း ဘယ်လိုသိသလဲဆိုရင် ဗုံးသီးကို လေယာဉ်ပေါ်မှာ ချိတ်ဖို့သုံးတဲ့ ဗုံးချိတ်ကွင်း (suspension lugs) တစ်ခု ကျန်နေသေးလို့ပါ။ ပုံမှန်အားဖြင့် ဒီလိုဗုံးသီးတွေမှာ ချိတ်ကွင်း အစုံလိုက်ပါတတ်ပေမဲ့ အခုကတော့ ဗုံးသီးကို ဖြတ်ထားတာဖြစ်လို့ တစ်ခုပဲ ကျန်ပါတော့တယ်။ ဒီကွင်းတွေက ဗုံးသီးကို လေယာဉ်ပေါ်က ချိတ်နဲ့ တွဲထားပေးသလို ဘေးကင်းရေး ဝါယာကြိုး (safety wires) တွေကိုလည်း ဒီကနေပဲ သွယ်တန်းထားတာ ဖြစ်ပါတယ်။

ဒီဗုံးသီးတွေမှာ စနက်တံ (fuse) က ခေါင်းပိုင်းမှာ တစ်ခု၊ အမြီးပိုင်းမှာ တစ်ခု နှစ်ခု ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စနက်တံ တစ်ခုခုက ချို့ယွင်းပြီး မပေါက်ကွဲခဲ့ရင် နောက်တစ်ခုက အလုပ်လုပ်အောင်လို့ပါ။ ဒါပေမဲ့လည်း စနက်တံ နှစ်ခုလုံး အလုပ်မလုပ်ဘဲ မြေကြီးထဲ စိုက်ဝင်သွားပြီး မပေါက်ကွဲတဲ့ ဗုံးသီးတွေ အများကြီး ရှိခဲ့ပါတယ်။ အထူးသဖြင့် ဂျပန်စစ်စခန်းတွေ၊ ဘူတာရုံတွေနဲ့ တံတားတွေနားမှာ အဲဒီလို ဗုံးသီးတွေ အများကြီး ကျန်ခဲ့တာပါ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာက ဒေသခံတွေဟာ ဒီလို မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေကို ရှာဖွေတွေ့ရှိပြီး အခုလိုမျိုး ခေါင်းလောင်းအဖြစ် ပြုလုပ်ဖို့ ဗုံးခွံကို ဖြတ်ယူခဲ့ကြပါတယ်။ ဒါဟာ အလွန်အန္တရာယ်များတဲ့ အလုပ်ဖြစ်ပေမဲ့ ထိုင်းလူမျိုးတွေကတော့ တော်တော်လေး သတ္တိကောင်းပြီး ကျွမ်းကျင်ကြတယ်လို့ ပြောရမှာပါ။ ကန်ချနဘူရီခရိုင်ထဲက ဝပ်သာကိလင်ကျောင်းနဲ့ ဟင်းဒတ်ရေပူစမ်းက ဘုရားကျောင်းတွေမှာလည်း အခုလို ဗုံးခွံခေါင်းလောင်းတွေကို တွေ့နိုင်ပါသေးတယ်။

စံခလပူရီ ဝပ်စီစုဝန်ကျောင်းက ခေါင်းလောင်းကတော့ ဗုံးသီးရဲ့ အမြီးပိုင်းကို ဖြတ်ယူထားတာပါ။ အမြီးပိုင်းမှာက ဗုံးအတောင်ပံ (fin) တွေကို တပ်ဖို့အတွက် ဝက်အူရစ်လေးတွေတောင် ကျန်နေပါသေးတယ်။ ခေါင်းလောင်းကို အနည်းငယ် စောင်းပြီး ဖြတ်ထားတာကို တွေ့ရပါတယ်။ ဗုံးသီးရဲ့ ခေါင်းပိုင်းကိုလည်း ခေါင်းလောင်းလုပ်ထားလောက်ပေမဲ့ အခုတော့ ဘယ်နားရောက်နေလဲ မသိရတော့ပါဘူး။

ကျောင်းထိုင်ဆရာတော်ကြီးလည်း ပျံလွန်တော်မူသွားပြီဖြစ်သလို အရင်က ဘုန်းကြီးဟောင်းတွေလည်း မရှိတော့တာကြောင့် ဒီဗုံးသီးကို ဘယ်နေရာကနေ ဘယ်လိုရလာပြီး ဘယ်သူက ဖြတ်ပေးခဲ့တာလဲဆိုတဲ့ သမိုင်းကြောင်းကိုတော့ ဘယ်သူမှ မသိကြတော့ပါဘူး။ ဒါပေမဲ့ ဒီဒေသက နိထေ (Nithe) ဒါမှမဟုတ် စံခလယ်လီယား (Songkhalia) ဒေသတွေဟာ စစ်တုန်းက ဗုံးအပြင်းအထန် ကြဲခံခဲ့ရတဲ့ နေရာတွေဖြစ်လို့ ဒီနားကနေပဲ ရလာတာဖြစ်ဖို့ များပါတယ်။

ဒါဟာ ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းနိုင်ငံရဲ့ သမိုင်းဝင် အမှတ်အသားတစ်ခုပါပဲ။ ဝပ်စီစုဝန်ကျောင်းနားမှာ နေထိုင်ကြတဲ့သူတွေဆိုရင်တော့ ဒီဗုံးခွံခေါင်းလောင်းသံကို မကြာခဏ ကြားဖူးကြမှာ ဖြစ်ပါတယ်။

Crd- Thai Burma railway (Original Page)
#ဝပ်စီစုဝန်ကျောင်း #စံခလပူရီ #ကန်ချနဘူရီ #ဒုတိယကမ္ဘာစစ် #ဗုံးခွံခေါင်းလောင်း #သမိုင်းဝင်နေရာ

ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးတွေ ထိုင်းနိုင်ငံ EEC နဲ့ ကျွမ်းကျင်လုပ်သားတွေဆီ ခြေဦးလှည့်လာAkarin Vibultangman (The Nation...
04/06/2026

ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးတွေ ထိုင်းနိုင်ငံ EEC နဲ့ ကျွမ်းကျင်လုပ်သားတွေဆီ ခြေဦးလှည့်လာ
Akarin Vibultangman (The Nation) - ဇွန် (၄)

ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးတွေဟာ အရင်လို မြို့ကြီးတစ်မြို့တည်းမှာပဲ ရုံးချုပ်တွေ၊ စက်ရုံတွေ ဒါမှမဟုတ် နည်းပညာစင်တာတွေ အခြေစိုက်တဲ့စနစ်ကို စွန့်ခွာလာကြပါပြီ။

ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေး အကျပ်အတည်းတွေနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အန္တရာယ်တွေကြောင့် လုပ်ငန်းတွေကို နေရာတစ်ခုတည်းမှာ ပုံအောမထားတော့ဘဲ နည်းဗျူဟာအသစ်နဲ့ စဉ်းစားလာကြလို့ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ "Portfolio of Locations" လို့ခေါ်တဲ့ မြို့အများအပြားမှာ လုပ်ငန်းခွဲပြီး လုပ်ကိုင်တဲ့ ပုံစံသစ်ဟာ ခေတ်စားလာပါတယ်။ မြို့ကြီးတစ်မြို့တည်းကိုပဲ အားကိုးမနေတော့ဘဲ မြို့အသီးသီးမှာ လုပ်ငန်းတွေ ခွဲထားခြင်းအားဖြင့် အန္တရာယ်ကို လျှော့ချလာကြတာပါ။

Oliver Wyman Forum ရဲ့ အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းက မြို့ပေါင်း ၁,၅၀၀ ကျော်ကို လေ့လာကြည့်တဲ့အခါမှာ လုပ်ငန်းတွေ အခြေစိုက်နိုင်တဲ့ မြို့အရေအတွက်ဟာ သိသိသာသာ တိုးလာတာကို တွေ့ရပါတယ်။ ဒီမြို့တွေဟာ ကမ္ဘာ့ GDP ရဲ့ ၇၅ ရာခိုင်နှုန်းလောက်အထိ ရှိပြီး ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေရဲ့ ၉၂ ရာခိုင်နှုန်းလောက်ဟာ ဒီမြို့တွေမှာ အခြေစိုက်နေကြပါတယ်။

“မြို့လတ်တန်းစားတွေရဲ့ အခန်းကဏ္ဍ”
အရင်က နယူးယောက်၊ လန်ဒန်နဲ့ တိုကျိုတို့လို မြို့ကြီးတွေကပဲ အဓိက ဖြစ်ခဲ့ပေမဲ့ အခုအခါမှာတော့ ဂျာမနီက ဟမ်းဘတ် (Hamburg) နဲ့ ဗြိတိန်က မန်ချက်စတာ (Manchester) လို မြို့လတ်တန်းစားတွေက ပြိုင်ဘက်ကောင်းတွေ ဖြစ်လာပါတယ်။ ဒီမြို့တွေဟာ သယ်ယူပို့ဆောင်ရေး စနစ်ကောင်းမွန်တာ၊ နေထိုင်စရိတ် သက်သာတာနဲ့ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားတဲ့ အခြေခံအဆောက်အအုံတွေ ရှိတာကြောင့် နည်းပညာကျွမ်းကျင် လုပ်သားတွေကို ပိုပြီး ဆွဲဆောင်နိုင်လာပါတယ်။

ဒါ့အပြင် "Urban Clusters" လို့ခေါ်တဲ့ မြို့အများအပြား စုပေါင်းပြီး စီးပွားရေးကွန်ရက်တစ်ခုအနေနဲ့ ချိတ်ဆက်ထားတဲ့ ပုံစံတွေကလည်း အရေးပါလာပါတယ်။ ဥပမာ- ဟောင်ကောင်၊ ရှန်းကျန့်နဲ့ ကွမ်ကျိုး မြို့ကြီးတွေကို အမြန်ရထားနဲ့ တစ်နာရီအတွင်း သွားနိုင်အောင် ချိတ်ဆက်ထားတဲ့ Cluster မျိုးဟာ စီးပွားရေးအရ တိုကျိုမြို့ထက်တောင် ပိုပြီး အင်အားကြီးမားလာပါတယ်။

“ကျွမ်းကျင်လုပ်သားနဲ့ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိမှု”
လုပ်ငန်းတွေ နေရာရွေးချယ်တဲ့အခါမှာ လူငယ်ကျွမ်းကျင်လုပ်သားတွေ ရနိုင်မယ့်နေရာ ဖြစ်ဖို့ကလည်း အရေးကြီးလာပါတယ်။

၂၀၃၀ ပြည့်နှစ်မှာ AI နည်းပညာကြောင့် အလုပ်အကိုင် သန်း ၉၀ ကျော် ပျောက်ကွယ်သွားနိုင်ပေမဲ့ အလုပ်အကိုင်သစ် သန်း ၁၇၀ ကျော် ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် AI နဲ့ ဒစ်ဂျစ်တယ် နည်းပညာရှင်တွေကို ဆွဲဆောင်နိုင်တဲ့ မြို့တွေက ပိုပြီး အသာစီးရလာမှာပါ။

တစ်ဖက်မှာလည်း ရာသီဥတုဒဏ် ခံနိုင်ရည်ရှိမှုက အဓိကအချက် ဖြစ်လာပါတယ်။ ဆွစ်ဇာလန်၊ ပါရီနဲ့ စင်ကာပူတို့လို မြို့တွေဟာ ရေကြီးတာ၊ မိုးခေါင်တာတွေကို ခံနိုင်ရည်ရှိမယ့် စိမ်းလန်းတဲ့ အခြေခံအဆောက်အအုံတွေမှာ အင်တိုက်အားတိုက် ရင်းနှီးမြှုပ်နှံနေကြပါတယ်။ ဒါတွေကို မပြင်ဆင်ထားတဲ့ မြို့တွေကတော့ လုပ်ငန်းတွေနဲ့ ကျွမ်းကျင်လုပ်သားတွေ စွန့်ခွာသွားတာကို ကြုံရနိုင်ပါတယ်။

“ထိုင်းနိုင်ငံရဲ့ အခွင့်အရေး”
ထိုင်းနိုင်ငံအတွက်ကတော့ ဒီအခြေအနေဟာ အရှေ့တောင်အာရှရဲ့ အဓိက ထောက်ပံ့ရေးကွင်းဆက် (Supply Chain) ဗဟိုချက် ဖြစ်လာဖို့ အခွင့်အရေးကောင်းပါပဲ။ အထူးသဖြင့် လျှပ်စစ်ကား (EV) ထုတ်လုပ်မှု၊ စမတ်အီလက်ထရွန်နစ်နဲ့ ဒစ်ဂျစ်တယ် လုပ်ငန်းတွေမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက ထိုင်းကို အထူးစိတ်ဝင်စားနေကြပါတယ်။

ထိုင်းနိုင်ငံရဲ့ အရှေ့ဖျားစီးပွားရေးစင်္ကြံ (EEC) ဟာ ချာချိုင်ဆောင်၊ ချွန်ဘူရီနဲ့ ရယောင်းမြို့တွေကို စက်မှုဇုန်တွေ၊ လေဆိပ်တွေ၊ အမြန်ရထားလမ်းတွေနဲ့ ရေနက်ဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်ထားတာမို့ အခုခေတ်မှာ ကမ္ဘာက စိတ်ဝင်စားနေတဲ့ Urban Cluster (မြို့ပြအစုအဖွဲ့) ပုံစံနဲ့ အံဝင်ခွင်ကျ ဖြစ်နေပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရက ထုတ်ပေးတဲ့ Long-Term Resident (LTR) ဗီဇာဟာလည်း ကမ္ဘာ့အဆင့်မီ ပညာရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အခွန်သက်သာခွင့်နဲ့ ရေရှည်နေထိုင်ခွင့်တွေ ပေးထားတာကြောင့် ကျွမ်းကျင်လုပ်သားတွေကို ဆွဲဆောင်ရာမှာ အထောက်အကူ ဖြစ်စေပါတယ်။

ခြုံငုံပြောရရင် အနာဂတ် စီးပွားရေး ကြီးထွားဖို့ဆိုတာ မြို့တစ်မြို့တည်းကိုပဲ အားကိုးလို့ မရတော့ပါဘူး။ ကမ္ဘာတစ်ဝန်းက မြို့အသီးသီးရဲ့ အားသာချက်တွေကို ပေါင်းစပ်ပြီး ကျွမ်းကျင်လုပ်သား၊ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိမှုနဲ့ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျမှုတွေအပေါ် မူတည်ပြီး နည်းဗျူဟာကျကျ ချဲ့ထွင်လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းတွေကသာ အောင်မြင်မှာ ဖြစ်ပါတယ်။

Crd- Bangkokbiznews

လေယာဉ်စီးခရီးသည်များအတွက် Power Bank ယူဆောင်မှုဆိုင်ရာ စည်းမျဉ်းသစ်များကို ထိုင်းလေကြောင်းအာဏာပိုင် ပိုမိုတင်းကျပ်လိုက်ပ...
04/06/2026

လေယာဉ်စီးခရီးသည်များအတွက် Power Bank ယူဆောင်မှုဆိုင်ရာ စည်းမျဉ်းသစ်များကို ထိုင်းလေကြောင်းအာဏာပိုင် ပိုမိုတင်းကျပ်လိုက်ပြီ
ဘန်ကောက် - ဇွန် (၄)

ထိုင်းနိုင်ငံ အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့ (CAAT) သည် လေယာဉ်ပေါ်တွင် လီသီယမ်ဘက်ထရီများ (Power Bank) ယူဆောင်ခြင်းဆိုင်ရာ စံနှုန်း၊ လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းသတ်မှတ်ချက်များပါဝင်သည့် "စည်းမျဉ်းအမှတ် (၁၂၂)" ကို ယနေ့ ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်ပါသည်။

ဤထုတ်ပြန်ချက်သည် လေကြောင်းသယ်ယူပို့ဆောင်ရေးတွင် ဘေးကင်းလုံခြုံမှု မြှင့်တင်ရန်နှင့် နိုင်ငံတကာ အရပ်ဘက်လေကြောင်းအဖွဲ့ချုပ် (ICAO) ၏ အန္တရာယ်ရှိပစ္စည်းများ ဘေးကင်းစွာသယ်ယူပို့ဆောင်ရေးဆိုင်ရာ နည်းပညာလမ်းညွှန်ချက်များနှင့် ကိုက်ညီစေရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။

ယခုစည်းမျဉ်းသစ်၏ အဓိကအချက်မှာ ခရီးသည်များအနေဖြင့် ဖုန်း၊ တက်ဘလက်နှင့် တခြားအီလက်ထရွန်နစ်ပစ္စည်းများအတွက် အပိုပါဝါအရင်းအမြစ်အဖြစ် အသုံးပြုသည့် Power Bank များကို လေယာဉ်ပေါ်သို့ ဘေးကင်းစွာ ယူဆောင်နိုင်စေရန် လမ်းညွှန်ချက်များ ချမှတ်ပေးထားခြင်း ဖြစ်ပါသည်။

လက်ရှိတွင် လီသီယမ်ဘက်ထရီများကို လေကြောင်းသယ်ယူပို့ဆောင်ရေးတွင် ဘေးကင်းမှုကို ထိခိုက်စေနိုင်သည့် ပစ္စည်းများအဖြစ် သတ်မှတ်ထားပါသည်။

အကယ်၍ ဘက်ထရီများ ပျက်စီးနေခြင်း၊ စနစ်တကျ မသိမ်းဆည်းခြင်း သို့မဟုတ် မှားယွင်းစွာ အသုံးပြုခြင်းများရှိပါက အပူလွန်ကဲခြင်း၊ မီးခိုးထွက်ခြင်း သို့မဟုတ် မီးလောင်ခြင်းများ ဖြစ်ပွားနိုင်သောကြောင့် ဖြစ်ပါသည်။

ယခင်က ကမ္ဘာတစ်ဝန်းရှိ လေကြောင်းလိုင်းများတွင် Power Bank နှင့် လီသီယမ်ဘက်ထရီများကြောင့် မီးလောင်မှုများ ဖြစ်ပွားခဲ့ဖူးပါသည်။

၂၀၂၅ ခုနှစ်အစောပိုင်းတွင် တောင်ကိုရီးယားနိုင်ငံမှ Air Busan လေယာဉ်ပေါ်၌ ဟောင်ကောင်သို့ ထွက်ခွာရန် ပြင်ဆင်နေစဉ် လေယာဉ်အတွင်းခန်း၌ မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ စုံစမ်းစစ်ဆေးမှုများအရ ခေါင်းပေါ်ရှိ အိတ်ထည့်သည့်နေရာ (Overhead compartment) တွင် ထားရှိသည့် Power Bank ကြောင့် ဖြစ်နိုင်သည်ဟု သိရပါသည်။ ဤဖြစ်စဉ်ကြောင့် လူအချို့ ဒဏ်ရာရခဲ့ပြီး ခရီးသည်များနှင့် အမှုထမ်းများအားလုံး အရေးပေါ် ထွက်ခွာခဲ့ရသည့်အပြင် လေယာဉ်လည်း အကြီးအကျယ် ပျက်စီးခဲ့ပါသည်။

ထို့အတူ အိန္ဒိယနိုင်ငံမှ IndiGo လေယာဉ်ပေါ်တွင်လည်း Power Bank မီးလောင်မှုကြောင့် အရေးပေါ် ထွက်ခွာခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ပါသည်။

ထိုင်းနိုင်ငံတွင်လည်း Bangkok Airways ၏ ဆာမူအီ-ဟောင်ကောင် ခရီးစဉ်တွင် ခရီးသည်တစ်ဦး၏ Power Bank အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ဘန်ကောက်သို့ အရေးပေါ် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရဖူးပါသည်။

Thai AirAsia ၏ ဒွန်မောင်း-နခွန်စီသမ္မရတ် ခရီးစဉ်တွင်လည်း အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့သော်လည်း လေယာဉ်အမှုထမ်းများက အချိန်မီ ထိန်းချုပ်နိုင်ခဲ့ပါသည်။

Power Bank ယူဆောင်မှုဆိုင်ရာ စည်းမျဉ်းသစ်များ
ထို့ကြောင့် CAAT အနေဖြင့် အောက်ပါအတိုင်း စည်းမျဉ်းများကို ပိုမိုတင်းကျပ်လိုက်ပါသည်။

၁။ လက်ဆွဲအိတ်ဖြင့်သာ ယူဆောင်ရမည် - Power Bank များကို လက်ဆွဲအိတ် (Carry-on) ထဲတွင်သာ ထည့်ယူရမည်ဖြစ်ပြီး၊ လေယာဉ်ဝမ်းဗိုက်ထဲသို့ ထည့်သွင်းရမည့် ဝန်စည်စလယ် (Checked baggage) ထဲတွင် ထည့်သွင်းခြင်းကို လုံးဝတားမြစ်ပါသည်။

၂။ ပါဝါပမာဏ ကန့်သတ်ချက် - Power Bank များသည် ၁၀၀ Wh (သို့မဟုတ် ၂၀,၀၀၀ mAh) အောက်သာ ဖြစ်ရပါမည်။ အကယ်၍ ၁၀၀ Wh ထက်ကျော်ပြီး ၁၆၀ Wh ထက် မပိုပါက ခရီးမထွက်မီ လေကြောင်းလိုင်း၏ ခွင့်ပြုချက်ကို ရယူရပါမည်။

၃။ အရေအတွက် ကန့်သတ်ချက် - ခရီးသည်တစ်ဦးလျှင် အများဆုံး ၂ လုံးသာ ယူဆောင်ခွင့် ရှိပါသည်။

၄။ အသုံးပြုမှု ကန့်သတ်ချက် - လေယာဉ်ပေါ်ရှိ လျှပ်စစ်ပလပ်ပေါက်များတွင် Power Bank အားသွင်းခြင်းကို တားမြစ်သလို၊ လေယာဉ်စီးနေစဉ်အတွင်း Power Bank ကိုအသုံးပြု၍ ဖုန်းနှင့် တခြားပစ္စည်းများ အားသွင်းခြင်းကိုလည်း မပြုလုပ်ရပါ။

၅။ သိမ်းဆည်းပုံ - ခေါင်းပေါ်ရှိ အိတ်ထည့်သည့်နေရာ (Overhead compartment) တွင် မသိမ်းရပါ။ အပူလွန်ကဲခြင်း သို့မဟုတ် မီးခိုးထွက်ခြင်းကဲ့သို့ ပုံမှန်မဟုတ်သော ကိစ္စများဖြစ်ပေါ်ပါက ချက်ချင်းကိုင်တွယ်နိုင်ရန် ထိုင်ခုံအိတ်ကပ်ထဲတွင် သို့မဟုတ် ကိုယ်နှင့်မကွာ သိမ်းဆည်းထားရပါမည်။

၆။ အချက်အလက် ပြည့်စုံရမည် - ပါဝါပမာဏ (Wh သို့မဟုတ် mAh) ရေးသားထားခြင်းမရှိသော သို့မဟုတ် အချက်အလက် စစ်ဆေး၍မရသော Power Bank များကို လေယာဉ်ပေါ်သို့ ယူဆောင်ခွင့် မပြုပါ။

CAAT ညွှန်ကြားရေးမှူးချုပ် မနတ် ချာဝနာပရာယွန်း (Manat Chavanaprayoon) က "လီသီယမ်ဘက်ထရီနဲ့ Power Bank တွေဟာ အခုခေတ် ခရီးသည်တွေ အသုံးများတဲ့ ပစ္စည်းတွေပါ။ ဒါပေမဲ့ ဒါတွေက ပျက်စီးနေရင် ဒါမှမဟုတ် အသုံးပြုပုံမှားယွင်းရင် လေယာဉ်ဘေးကင်းရေးကို တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။ အခုစည်းမျဉ်းက ခရီးသည်တွေကို အခက်အခဲဖြစ်စေဖို့ မဟုတ်ဘဲ နိုင်ငံတကာ စံနှုန်းအတိုင်း အမြင့်ဆုံး ဘေးကင်းမှုရှိစေဖို့ လုပ်ဆောင်တာပါ" ဟု ပြောကြားခဲ့ပါသည်။

ခရီးသည်များအနေဖြင့် ခရီးမထွက်မီ မိမိတို့၏ Power Bank များသည် သတ်မှတ်ချက်နှင့် ညီမညီ သေချာစွာ စစ်ဆေးကြရန်နှင့် လေကြောင်းလိုင်းများ၏ ဘေးကင်းရေး လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာကြရန် CAAT က တိုက်တွန်းထားပါသည်။

Crd - The Nation

စံခလပူရီမှာ ၇ နှစ်အရွယ် မိန်းကလေးငယ်ကို သတ်သွားတဲ့ တရားခံအား ရဲတပ်ဖွဲ့ အပူတပြင်း လိုက်လံရှာဖွေနေကန်ချနဘူရီ - ဇွန် (၄)ကန်...
04/06/2026

စံခလပူရီမှာ ၇ နှစ်အရွယ် မိန်းကလေးငယ်ကို သတ်သွားတဲ့ တရားခံအား ရဲတပ်ဖွဲ့ အပူတပြင်း လိုက်လံရှာဖွေနေ
ကန်ချနဘူရီ - ဇွန် (၄)

ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်က ရော်ဘာခြံတစ်ခုအတွင်းမှာ သေဆုံးခဲ့တဲ့ "နောင်အငွန်" လို့ခေါ်တဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်ရဲ့ လူသတ်သမားကို ဖမ်းဆီးရမိဖို့အတွက် ရဲတပ်ဖွဲ့က အရှိန်မြှင့် ကြိုးပမ်းနေပါတယ်။

အဆင့်မြင့် ရဲအရာရှိကြီးတွေဟာ စုံစမ်းစစ်ဆေးမှုတွေကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ဖို့အတွက် ကန်ချနဘူရီကို ရောက်ရှိနေကြတာပါ။

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ သန ချူးဝန် (Thana Choowong) ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့ပြီး သက်သေအထောက်အထားတွေကို အသေအချာ စုဆောင်းဖို့အတွက် စုံစမ်းစစ်ဆေးရေးအရာရှိတွေနဲ့ မှုခင်းရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။

ပရန်ဖလယ် (Prang Phle) ကျေးရွာအုပ်စု ဘန်းထီးခလုံးရွာကနေ ပျောက်ဆုံးသွားခဲ့တဲ့ ကလေးမလေးရဲ့ ရုပ်အလောင်းကို ၂ ရက်အကြာ ဇွန်လ ၁ ရက် (တနင်္လာနေ့) မှာ ရော်ဘာခြံထဲက ဝါးရုံတောအတွင်းမှာ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကနဦး စစ်ဆေးချက်တွေအရ ကလေးမလေးဟာ ကိုယ်ထိလက်ရောက် ကျူးလွန်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရတာကြောင့် ဒီအမှုဟာ လူထုကြားမှာ အတော်လေး စိတ်ဝင်စားမှု ခံနေရပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်း အမှန်ကို သိနိုင်ဖို့အတွက် မှုခင်းဆေးစုံစမ်းချက် (Autopsy) ရလဒ်တွေကို အာဏာပိုင်တွေက စောင့်ဆိုင်းနေပါတယ်။

စုံစမ်းစစ်ဆေးရေးအရာရှိတွေဟာ ရွာသားတွေ၊ ဘန်ထီးခလုံး (Ban Tikhrong) တရားရိပ်သာက ဘုန်းကြီးတွေနဲ့ တခြားသံသယရှိသူတွေဆီကနေ DNA နမူနာတွေကို စုဆောင်းထားပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ဟာ တရားရိပ်သာနဲ့ ဆက်စပ်နေတဲ့ ပစ်ကပ်ကားတစ်စီးကိုလည်း စစ်ဆေးထားသလို အခင်းဖြစ်နေရာက ရရှိတဲ့ သက်သေတွေကိုလည်း ခွဲခြမ်းစိတ်ဖြာနေပါတယ်။

အစောပိုင်းက စစ်မေးခံခဲ့ရတဲ့ အမျိုးသားတစ်ဦးကတော့ သူနဲ့မပတ်သက်ကြောင်း ငြင်းဆိုထားပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့က တခြားအမျိုးသားအတော်များများကိုလည်း ခေါ်ယူမေးမြန်းနေပြီး DNA စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Crd- Bangkok Post

#နောင်အငွန် #စံခလပူရီ #ကန်ချနဘူရီ #မှုခင်းသတင်း #တရားမျှတမှု_For_NongAngoon

ဘတ် ၁၂ သန်းကျော် ပြန်ပေးငွေတောင်းခံရသည့် တရုတ်ကျောင်းသူလေးကို ထိုင်းရဲတပ်ဖွဲ့ ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ ဘန်ကောက် - ဇွန် ...
03/06/2026

ဘတ် ၁၂ သန်းကျော် ပြန်ပေးငွေတောင်းခံရသည့် တရုတ်ကျောင်းသူလေးကို ထိုင်းရဲတပ်ဖွဲ့ ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့
ဘန်ကောက် - ဇွန် (၃)

ထိုင်းနိုင်ငံအတွင်းမှာ "Virtual Kidnapping" လို့ခေါ်တဲ့ (လူကိုယ်တိုင် ဖမ်းဆီးခြင်းမပြုဘဲ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ပြီး လူပြန်ပေးဆွဲဟန်ဆောင်ခိုင်းသည့်) နည်းလမ်းသစ်နဲ့ ငွေညှစ်ခံနေရတဲ့ အသက် ၂၁ နှစ်အရွယ် တရုတ်ကျောင်းသူလေး Wang ကို ထိုင်းရဲတပ်ဖွဲ့က ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပါတယ်။

ငွေလိမ်ဂိုဏ်းဟာ သူမရဲ့ မိသားစုဆီကနေ ဘတ် ၁၂.၅ သန်း (ဟောင်ကောင်ဒေါ်လာ ၃ သန်း) ပြန်ပေးငွေ တောင်းခံခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ Thatchai Pitanilabut နဲ့ လူကုန်ကူးမှုနှိမ်နင်းရေးဌာန (ပအိုကွန်း) က တာဝန်ရှိသူတွေဟာ ဒီအမှုကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဖြစ်စဉ်အသေးစိတ်မှာ ဟောင်ကောင်ရဲတပ်ဖွဲ့ (HKPF) ကနေတစ်ဆင့် ထိုင်းရဲတပ်ဖွဲ့ဆီကို အကူအညီတောင်းခံချက် ရောက်လာခဲ့ပါတယ်။

တရုတ်ကျောင်းသူလေး Wang ဟာ ထိုင်းနိုင်ငံကို ရောက်ရှိသွားပြီးနောက် ပျောက်ဆုံးသွားခဲ့ပြီး၊ သူမရဲ့ အဖေဖြစ်သူဆီကို WeChat ကနေတစ်ဆင့် သူမကို ဖမ်းဆီးထားကြောင်းနဲ့ ဟောင်ကောင်ဒေါ်လာ ၃ သန်း (ဘတ် ၁၂.၅ သန်းခန့်) ပေးဖို့ ခြိမ်းခြောက်စာ ရောက်လာခဲ့လို့ ဖြစ်ပါတယ်။ အဲဒီစာနဲ့အတူ သူမကို ကြိုးနဲ့တုပ်ထားပြီး နှိပ်စက်ခံထားရတဲ့ ပုံစံမျိုး ဓာတ်ပုံတွေကိုပါ ပို့ခဲ့တာကြောင့် မိသားစုက အလွန်စိုးရိမ်ခဲ့ကြပါတယ်။

စုံစမ်းချက်အရ ဒီငွေလိမ်ဂိုဏ်းဟာ ကျောင်းသူလေးကို အစောပိုင်းကတည်းက "နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့ ငွေကြေးအထောက်အထားပြရမယ်" ဆိုပြီး လိမ်ညာကာ သူမရဲ့ အဖေဆီကနေ ဟောင်ကောင်ဒေါ်လာ ၁.၄ သန်း (ဘတ် ၅.၈ သန်းခန့်) ကို သူမရဲ့ ဘဏ်အကောင့်ထဲ အရင်ပို့ခိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာ အဲဒီငွေတွေကို ငွေလိမ်ဂိုဏ်းရဲ့ အကောင့်တွေထဲကို ပြန်လည်လွှဲပြောင်းယူခဲ့ကြပါတယ်။

မေလ ၃၁ ရက်နေ့မှာတော့ ကျောင်းသူလေး Wang ဟာ ဟောင်ကောင်ကနေ ထိုင်းနိုင်ငံကို တစ်ယောက်တည်း ထွက်ခွာလာခဲ့ပြီး ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းမှာ ဘန်ကောက်မြို့၊ လတ်ကရာဘန်း (Lat Krabang) နယ်မြေရှိ ဟိုတယ်တစ်ခုမှာ တည်းခိုခဲ့ပါတယ်။

လူကုန်ကူးမှုနှိမ်နင်းရေးရဲတပ်ဖွဲ့က ဟိုတယ်က CCTV တွေကို စစ်ဆေးတဲ့အခါမှာ ထူးဆန်းတဲ့ အချက်တွေကို တွေ့ခဲ့ရပါတယ်။ ကျောင်းသူလေးဟာ ဟိုတယ်ကို တစ်ယောက်တည်း လာခဲ့တာဖြစ်ပြီး၊ သူမရဲ့ အခန်းထဲကိုလည်း ဘယ်သူမှ ဝင်ထွက်သွားတာမျိုး မရှိပါဘူး။

ဆက်လက်စုံစမ်းရာမှာ သူမဟာ အပြင်ကို တစ်ယောက်တည်းထွက်ပြီး ကြိုးတွေ၊ ဓားတစ်လက်၊ ကိုယ်ပေါ်မှာ သုတ်ရမယ့်ဆေးတွေနဲ့ နှုတ်ခမ်းနီတွေကို ကိုယ်တိုင်ဝယ်ယူခဲ့တာကို တွေ့ရှိခဲ့ပါတယ်။

သူမဟာ အဲဒီပစ္စည်းတွေကို သုံးပြီး သူမကိုယ်သူမ အနှိပ်စက်ခံထားရသလို၊ ဖမ်းဆီးခံထားရသလို ပုံစံမျိုး ဟန်ဆောင်ပြီး ဗီဒီယိုရိုက်ကာ ငွေလိမ်ဂိုဏ်းဆီ ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ စမွတ်ပရာကန်ခရိုင်၊ ဘန်ဖလီ (Bang Phli) နယ်မြေရှိ တခြားဟိုတယ်တစ်ခုကို ပြောင်းရွှေ့တည်းခိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့က သူမရှိရာ ဟိုတယ်ကို ရှာဖွေတွေ့ရှိပြီး ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပါတယ်။ စစ်ဆေးမေးမြန်းချက်အရ သူမဟာ ငွေလိမ်ဂိုဏ်းရဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုကို ခံထားရတာလို့ သိရပါတယ်။

ငွေလိမ်ဂိုဏ်းဟာ "အစိုးရအရာရှိတွေ၊ ရဲတွေ" လို့ ဟန်ဆောင်ပြီး သူမမှာ အမှုတစ်ခုရှိနေတယ်၊ ဖမ်းဆီးခံရလိမ့်မယ်လို့ ခြိမ်းခြောက်ကာ မိသားစုနဲ့ အဆက်အသွယ်ဖြတ်ခိုင်းပြီး အခုလို လူပြန်ပေးဆွဲဟန်ဆောင်ဖို့ ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။

Thatchai က "ဒါဟာ နည်းပညာကိုသုံးပြီး စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ငွေညှစ်တဲ့ နည်းလမ်းသစ်ဖြစ်ပါတယ်။ လူကို တကယ်ဖမ်းစရာမလိုဘဲ မိသားစုဆီက ငွေအမြောက်အမြား ညှစ်ယူတာပါ။ တချို့အမှုတွေမှာဆိုရင် လူနာကို အိမ်နီးချင်းနိုင်ငံတွေအထိ သွားခိုင်းတတ်ပြီး တကယ်တမ်း လူကုန်ကူးခံရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်" လို့ သတိပေးစကား ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ထိုင်းရဲတပ်ဖွဲ့ဟာ ဟောင်ကောင်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဒီငွေလိမ်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။

Crd - ထိုင်းအမျိုးသားရဲတပ်ဖွဲ့
#ငွေလိမ်ဂိုဏ်း #ဘန်ကောက်သတင်း

နီကီးဘူတာဟောင်းက တွေ့ရှိချက် - ၈၁ နှစ်ကြာမှ ပြန်ပေါ်လာသည့် ဗြိတိသျှကျည်ခွံနှင့် သမိုင်းကွင်းဆက်စံခလပူရီ - ဇွန် (၃)ပြီးခဲ...
03/06/2026

နီကီးဘူတာဟောင်းက တွေ့ရှိချက် - ၈၁ နှစ်ကြာမှ ပြန်ပေါ်လာသည့် ဗြိတိသျှကျည်ခွံနှင့် သမိုင်းကွင်းဆက်
စံခလပူရီ - ဇွန် (၃)

ပြီးခဲ့တဲ့ မေလအတွင်းက စံခလပူရီမြို့နယ်၊ နီကီး (Ni-the) ဘူတာဟောင်းနေရာကို မိသားစုနဲ့အတူ အလည်သွားတဲ့ ကလေးတစ်ယောက်ဟာ မြေကြီးထဲက ကျည်ခွံတစ်ခုကို မတော်တဆ ကောက်ရခဲ့ပါတယ်။

အစပိုင်းမှာတော့ ဒါဟာ ဂျပန်တပ်တွေရဲ့ လေယာဉ်ပစ်အမြောက်ကျည်ခွံလို့ ထင်ခဲ့ကြပေမဲ့ သေချာလေ့လာကြည့်တဲ့အခါမှာတော့ ဒါဟာ "Hispano-Suiza 20mm" အမျိုးအစား ဗြိတိသျှကျည်ခွံ ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီကျည်ခွံရဲ့ ဖင်ပိုင်းမှာ "R H / 44 / 20 MM" ဆိုတဲ့ သင်္ကေတတွေ ရေးထားပါတယ်။ "R H" ဆိုတာကတော့ ဗြိတိသျှတို့ရဲ့ နာမည်ကျော် "Raleigh" စက်ဘီးစက်ရုံ (Raleigh Cycle Co Ltd) ရဲ့ သင်္ကေတပါ။

စက်ဘီးစက်ရုံက ဘာလို့ ကျည်ဆန်ထုတ်ရသလဲဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှအစိုးရက သံမဏိနဲ့ သတ္တုပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ အရပ်ဘက်စက်ရုံကြီးတွေကို စစ်လက်နက်ပစ္စည်းတွေ အမြန်ထုတ်လုပ်ပေးဖို့ အကူအညီတောင်းခဲ့လို့ ဖြစ်ပါတယ်။

"44" ဆိုတာကတော့ ၁၉၄၄ ခုနှစ် (စစ်အတွင်း) မှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး "20 MM" ဆိုတာကတော့ ကျည်ဆန်ရဲ့ အရွယ်အစား ဖြစ်ပါတယ်။

ဒီကျည်ခွံက နီကီးဘူတာကို ဘယ်လိုရောက်လာတာလဲ?
ဒီ ၂၀ မမ ကျည်ဆန်ကို ဗြိတိသျှတိုက်လေယာဉ်တွေမှာ တပ်ဆင်တဲ့ Hispano အမြောက်သေနတ်တွေမှာ သုံးပါတယ်။ ဂျပန်တို့ရဲ့ မှတ်တမ်းအရ သေမင်းတမန်ရထားလမ်းကို တိုက်ခိုက်ဖို့ မဟာမိတ်တွေဘက်က B-24 ဗုံးကြဲလေယာဉ်တွေနဲ့ Bristol Beaufighter (ဘရစ်စတော ဘိုးဖိုက်တာ) တိုက်လေယာဉ်တွေကို လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

B-24 လေယာဉ်တွေကတော့ ဗုံးကြဲဖို့ အဓိကလာတာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံဖို့အတွက် .50 လက်မ စက်သေနတ်တွေကိုပဲ သုံးပါတယ်။

ဒါပေမဲ့ Beaufighter တိုက်လေယာဉ်တွေကတော့ ရထားလမ်းတစ်လျှောက် ဝဲပျံပြီး ဂျပန်စစ်ဖက်ဆိုင်ရာ ပစ်မှတ်မှန်သမျှကို လိုက်လံပစ်ခတ်တာပါ။ ဒီလေယာဉ်မှာ Hispano Mk. II အမြောက် ၄ လက် ပါဝင်ပြီး အဲဒီအမြောက်တွေက ဒီ ၂၀ မမ ကျည်ဆန်တွေကို သုံးတာ ဖြစ်ပါတယ်။

ဒါကြောင့် အခုတွေ့ရှိတဲ့ ကျည်ခွံဟာ ၁၉၄၅ ခုနှစ်လောက်မှာ နီကီးဘူတာက ဂျပန်တပ်တွေကို လာရောက်တိုက်ခိုက်တဲ့ ဗြိတိသျှ Beaufighter တိုက်လေယာဉ်က ပစ်ထုတ်လိုက်တဲ့ ကျည်ခွံဖြစ်ဖို့ ရာနှုန်းပြည့် သေချာနေပါတယ်။ လေယာဉ်ပေါ်က ပစ်လိုက်တဲ့ ကျည်ခွံတွေဟာ အောက်ကို လွင့်စင်ကျလာပြီး ၈၁ နှစ်အကြာ ၂၀၂၆ ခုနှစ် မေလမှာမှ ပြန်လည်တွေ့ရှိခဲ့တာပါ။

ဒီတွေ့ရှိချက်က သမိုင်းပညာရှင်တွေအတွက် အရေးကြီးတဲ့ "ပျောက်ဆုံးနေတဲ့ အပိုင်းအစ" (Jigsaw) တစ်ခု ဖြစ်ပါတယ်။

အရင်က မှတ်တမ်းတွေမှာ Beaufighter လေယာဉ်တွေဟာ မြန်မာနိုင်ငံဘက်ခြမ်းက သေမင်းတမန်ရထားလမ်းကိုပဲ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပေမဲ့ အခုတွေ့ရှိချက်အရ ဒီလေယာဉ်တွေဟာ ထိုင်းနိုင်ငံဘက်ခြမ်း နီကီးဘူတာအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတာ သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

အမျိုးသားဥယျာဉ်ထဲမှာ ဘာလို့ ကားတွေကို စည်းကမ်းမဲ့ မမောင်းခိုင်းတာလဲ?
အခုတလောမှာ ခရီးသွားတချို့က ဗုံးကျင်းဟောင်းတွေထဲအထိ ကားတွေမောင်းဝင်ပြီး အပျော်ဓာတ်ပုံရိုက်နေကြတာကို တွေ့ရပါတယ်။

ဒါဟာ အင်မတန်မှ သိက္ခာမဲ့ပြီး သမိုင်းကို ဖျက်ဆီးရာရောက်တဲ့ လုပ်ရပ်ပါ။
မြေကြီးအောက်မှာ အခုလို ကျည်ခွံတွေတင်မကဘဲ အလွန်နုနယ်ပြီး ပျက်စီးလွယ်တဲ့ သမိုင်းဝင် ပစ္စည်းတွေ အများကြီး ရှိနေနိုင်ပါသေးတယ်။ ကားတွေနဲ့ မဆင်မခြင် နင်းခြေသွားကြမယ်ဆိုရင် အနာဂတ်မှာ သမိုင်းလေ့လာဖို့အတွက် အထောက်အထားတွေ အကုန်ပျက်စီးသွားနိုင်ပါတယ်။

"ဆိုင်းဘုတ်မရှိလို့ မသိလို့ မောင်းဝင်တာပါ" ဆိုတဲ့ ဆင်ခြေတွေဟာလည်း လက်ခံနိုင်စရာ မရှိပါဘူး။

အမျိုးသားဥယျာဉ်ထဲမှာ သတ်မှတ်ထားတဲ့ လမ်းကြောင်းကလွဲလို့ ကျန်တဲ့နေရာတွေကို ကားမောင်းမဝင်ရဘူးဆိုတာ လူတိုင်းသိသင့်တဲ့ စည်းကမ်းပါ။
အပျော်အပါးကိုပဲ ရှေ့တန်းတင်ပြီး သမိုင်းဝင်နေရာတွေကို တန်ဖိုးမထားဘဲ ဖျက်ဆီးနေကြတာဟာ တကယ့်ကို ရွံရှာစရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

အမှားကို အမှားမှန်းသိပြီး ဝန်ခံတောင်းပန်ကာ နောက်နောင် အခုလိုမျိုး မလုပ်ကြဖို့ကသာ တကယ့် အသိတရားရှိတဲ့သူတွေရဲ့ လုပ်ရပ် ဖြစ်ပါလိမ့်မယ်။

Crd- Thai Burma railway (Original Page)

#သေမင်းတမန်ရထားလမ်း #စံခလပူရီ #ကန်ချနဘူရီ #နီကီးဘူတာ #သမိုင်းဝင်နေရာ #ဒုတိယကမ္ဘာစစ်မှတ်တမ်း

ဝန်ကြီးချုပ်ဟောင်း သပ်ဆင် ရှင်နာဝပ် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိပြီဘန်ကောက် - ဇွန် (၃)ထိုင်းနိုင်ငံ တရားရေးဝန်ကြီး...
03/06/2026

ဝန်ကြီးချုပ်ဟောင်း သပ်ဆင် ရှင်နာဝပ် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိပြီ
ဘန်ကောက် - ဇွန် (၃)

ထိုင်းနိုင်ငံ တရားရေးဝန်ကြီးက ဝန်ကြီးချုပ်ဟောင်း သပ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ဟာ မိဖုရားကြီး သုသီတာ (Queen Suthida) ရဲ့ ၄၈ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ပြန်တဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူတွေထဲမှာ ပါဝင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒါကြောင့် သူဟာ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကနေ ချက်ချင်း လွတ်မြောက်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

ဇွန်လ ၃ ရက်နေ့ မနက် ၆ နာရီခွဲလောက်မှာ စနမ်းလောင် (Sanam Luang) မှာ သတင်းထောက်တွေကို ပြောကြားရာမှာ တရားရေးဝန်ကြီး ရတ်သဖုန်း နဝရတ် (Rutthapol Navarat) က တော်ဝင်လွတ်ငြိမ်းခွင့်ရသူတွေစာရင်းထဲမှာ သပ်ဆင်ရဲ့ နာမည် ပါဝင်နေတာ အမှန်ပဲလို့ အတည်ပြုခဲ့ပါတယ်။

သပ်ဆင်ရဲ့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်ကာလ (အချို့သတင်းတွေအရ ၁ လနဲ့ ၁၀ ရက်ခန့်) နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဝန်ကြီးက သူဟာ ဥပဒေအရ ပြစ်ဒဏ်အားလုံးကို ကျခံပြီးသား ဖြစ်သွားပြီလို့ ဖြေကြားခဲ့ပါတယ်။

"ဥပဒေအရဆိုရင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်က တစ်နှစ်အောက်ဖြစ်နေတာမို့ ပုဒ်မ ၈ အရ သူဟာ ချက်ချင်း လွတ်မြောက်ခွင့် ရှိပါတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။

ခြေချင်းဝတ်မှာ တပ်ထားရတဲ့ အီလက်ထရောနစ် စောင့်ကြည့်ကိရိယာ (EM bracelet) ကိုလည်း ချက်ချင်း ဖြုတ်ပစ်နိုင်ပြီလို့ သူက ဖြည့်စွက်ပြောပါတယ်။

ရှေ့ဆက်လုပ်ရမယ့် ရုံးလုပ်ငန်းစဉ်တွေကိုတော့ တော်ဝင်လွတ်ငြိမ်းခွင့် လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရတဲ့ သက်ဆိုင်ရာ ကော်မတီတွေက ဆက်လက်ဆောင်ရွက်သွားမှာပါ။

ခရိုင်တစ်ခုချင်းစီမှာရှိတဲ့ ကော်မတီတွေက နောက်ထပ် အဆင့်တွေကို လုပ်ဆောင်သွားမှာဖြစ်ပေမယ့် အသေးစိတ် အစည်းအဝေးမှတ်တမ်း ဒါမှမဟုတ် အချိန်ဇယားတွေကိုတော့ အခုလောလောဆယ် မသိရသေးပါဘူး။

ဒါပေမဲ့ သပ်ဆင်ဟာ တော်ဝင်လွတ်ငြိမ်းခွင့်ရတဲ့သူတွေထဲမှာ သေချာပေါက် ပါဝင်နေတယ်လို့ ဝန်ကြီးက ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

အခုလောလောဆယ်မှာတော့ လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်မယ့် အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံထွက်ပေါ်လာတာမျိုး မရှိသေးပါဘူး။

Crd- Khaosod English
#သပ်ဆင်ရှင်နာဝပ် #ထိုင်းနိုင်ငံရေး #တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်

ที่อยู่

Soi Ramkhamhaeng 140
Bangkok
10240

เบอร์โทรศัพท์

+66861756167

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kawao Newsgroupผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Kawao Newsgroup:

แชร์