Mama Nann Cooking

Mama Nann Cooking Welcome from my digital content creation page. Hope enjoy watching 💛

လွယ်ကူလွန်းတဲ့ ကြက်ဥပူတင်း ပြုလုပ်နည်း ✨✅ကြက်ဥပူတင်း (၂ ခုစာအတွက်)ကြက်ဥပူတင်းကတော့ ကလေး၊ လူကြီးမရွေးကြိုက်ကြတဲ့ အစားအစာတ...
30/07/2024

လွယ်ကူလွန်းတဲ့ ကြက်ဥပူတင်း ပြုလုပ်နည်း ✨

✅ကြက်ဥပူတင်း (၂ ခုစာအတွက်)

ကြက်ဥပူတင်းကတော့ ကလေး၊ လူကြီးမရွေးကြိုက်ကြတဲ့ အစားအစာတခုပါ။ နိုင်ငံအမျိုးမျိုးလုပ်နည်းအမျိုးမျိုးရှိတဲ့ အထဲက ဒါကတော့ မြန်မာပြည်မှာရောင်းတဲ့ ကြက်ဥ ပူတင်းပုံစံလေးပါ။ လုပ်နည်းကတော့ လွယ်တဲ့အပြင် တစ်ခါသိရင်လုပ်တတ်တာမို့လုပ်စား ကြည့်နော်။

ပါဝင်သောပစ္စည်းများ

၁။ကြက်ဥ – ၃ လုံး
၂။ နွားနို့- ၁ ခွက် = ၂၄၀ ml = ထမင်းစားဇွန်း ၁၆ ဇွန်း
၃။ သကြား – ထမင်းစားဇွန်း ၂ ဇွန်း
၄။ နို့မှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
၅။ ထောပတ် – အနည်းငယ်
အချိုရည်အတွက်
၆။ သကြား – ထမင်းစားဇွန်း ၂ ဇွန်း
၇။ ရေ – ထမင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။ကြက်ဥ ၃ လုံးကို ခလောက်ထားပါ။ ပြုလုပ်မည့် ခွက်ကို ထောပတ်သုပ်ထားပါ။

၂။ အိုးတခုထဲတွင် နွားနို့ကို အပူပေးပါ။ နွားနို့ပူလာလျှင် သကြားထမင်းစားဇွန်း ၂ ဇွန်း နှင့် နို့မှုန့် ထမင်းစားဇွန်း ၂ ဇွန်းတို့ကို ထည့်ရျ် ပျော်အောင်ဖျော်ထားပါ။ ပြီးလျှင် အအေးခံထားပါ။

၃။ သကြားရည်ပြုလုပ်ရန်အတွက် အိုးအသေးတခုထဲတွင် သကြားထမင်းစားဇွန်း ၂ ဇွန်းနှင့် ရေထမင်းစားဇွန်း ၁ ဇွန်းကို ထည့်၍ မီးအေးအေးဖြင့် ညိုလာသည်အထိတည်ပါ။ ညိုလာလျှင်
မီးဖိုပေါ်မှချ၍ထောပတ်သုပ်ထားသော ခွက် ၂ ခုထဲကို အညီအမျှထည့်ပါ။ (သကြားရည်လုပ်လျှင် သတိထားပါ။ သကြားရည်အပူလောင်လျှင် အရမ်းဆိုးပါတယ်။
သကြားရည်ကလက်မှကပ်နေပြီးတော်တော်နဲ့ ခွာလို့မရလို့ပါ။)

၄။ အအေးခံထားသော သကြား၊ နို့မှုန့်ပါသော နွားနို့နှင့် ခလောက်ထားသောကြက်ဥတို့ကိုရော၍ သမအောင်လုပ်ပါ။ ပြီးလျှင် အခြား ပန်းကန်အကြီးထဲသို့ပူတင်းအရည်များကို
ဇကာအကျဲခံ၍ လောင်းချပါ။

၅။ ထို့နောက် ပန်းကန်အကြီးထဲမှ ပူတင်းအရည်များကို ဇကာအစိပ်ခံ၍ ပြုလုပ်မည့် ခွက် ၂ ခွက်ထဲသို့အညီအမျှလောင်းထည့်ပါ။ ပြီးလျှင် ခွက်အပေါ်ကို ငွေစက္ကူဖြင့် လုံအောင် အုပ်ပါ။

၆။ ဘန်းတခုထဲကို ဘန်းရဲ့တဝက်ခန့် ရေထည့်ပြီး ထို ဘန်းထဲသို့ပူတင်းဖုတ်မည့်ခွက်များထည့်ပါ။

၇။ ပြီးလျှင် ၃၅၀’F (175’C) မှာ ၁၀ မိနစ်ခန့်အပူပေးထားသော oven ထဲတွင် မိနစ် ၅၀ ခန့်ထည့်ဖုတ်ပါ။ (ပေါင်းမည်ဆိုလျှင် ပေါင်းအိုးထဲတွင် ၁၂ မိနစ် (သို့) ၁၅ မိနစ်ခန့်
ထည့်ပေါင်းပါ။)

၈။ ပြီးလျှင် အအေးခံ၍ အေးသွားလျှင် ပန်းကန်ပြားတခုကို ခံပြီး ပူတင်းပန်းကန်ကို မှောက်ချပြီး သုံးဆောင်နိုင်ပါပြီ။

(crd ပေးပါတယ်ရှင့်)
#ကြက်ဥပူတင်း

21/02/2024

ဖက်ချိဝိုးကြော်

19/02/2024

ဖရဲသီးအချိုပွဲလေး

17/02/2024

စတော်ဘယ်ရီ နို့ဂျယ်လီ ပူတင်း

16/02/2024

ကော်ပြန့်ကြော် ကောင်းကောင်းလေး အိမ်မှာကြော်စားမယ်

15/02/2024

နာနတ်အချိုပွဲလေး

14/02/2024

ကြာဇံကြော် ကြော်စားကြမယ်

13/02/2024

နဂါးမောက်သီး စနိုးပူတင်းလေး

08/02/2024

ဗီဇာရဖို့ ပီဇာလေးလုပ်စားကြမယ်

02/02/2024

ဖရုံညွှန့်ဝက်သားကြော်

31/01/2024

အာလူးဇကာကွက်ကြော်

30/01/2024

ရေညှိထမင်းလိပ်

ที่อยู่

365/2-3 Phrasumen Road Bavornnives
Bangkok
10200

เบอร์โทรศัพท์

+6624339237

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mama Nann Cookingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์