Soe Htay entertainment

Soe Htay entertainment သတင်းအချက်အလက် မျှဝေပီး ကူညီချင်ရုံ သက်သက်ပါ

စစ်ကောင်စီလေကြောင်းကို မိုဘိုင်းဖုန်းမှတစ်ဆင့် အလိုအလျောက်အချက်ပေးသံမြည်စေမည့် "ဝေဟင် ကင်းထောက်"စနစ်ကို စတင်အသုံးပြုနိုင...
17/02/2026

စစ်ကောင်စီလေကြောင်းကို မိုဘိုင်းဖုန်းမှတစ်ဆင့် အလိုအလျောက်အချက်ပေးသံမြည်စေမည့် "ဝေဟင် ကင်းထောက်"စနစ်ကို စတင်အသုံးပြုနိုင်
----------------------------------------------------------
YAW Media (Yaw Assiduity Waves)
ဖေဖော်ဝါရီ၊ ၁၇၊ ၂၀၂၆

စစ်ကောင်စီလေကြောင်းကို မိုဘိုင်းဖုန်းမှတစ်ဆင့် အလိုအလျောက်အချက်ပေးသံမြည်စေမည့် "ဝေဟင် ကင်းထောက်"စနစ်ကို စတင်အသုံးပြုနိုင်ပြီဟု ဝေဟင်ကင်းထောက် အဖွဲ့က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းအန္တရာယ်များပြားလာနေသည့်အတွက် မိမိရှိရာ မြို့နယ်အနီးသို့ လေယာဉ်များ ချဉ်းကပ်လာပါက ဖုန်းမှတစ်ဆင့် အလိုအလျောက် အချက်ပေးအသံမြည်မည့် “ဝေဟင် ကင်းထောက် Warning System” သစ်တစ်ခုဖြစ်သည်ဟု သိရသည်။

အဆိုပါစနစ်သည် မိမိနေထိုင်ရာ မြို့နယ်၏ ပတ်လည် ၈၀ ကီလိုမီတာမှ ၁၀၀ ကီလိုမီတာအတွင်း လေယာဉ်ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဖုန်းမှတစ်ဆင့် Alarm မြည်ကာ အသိပေးမည်ဖြစ်သောကြောင့် လေယာဉ်မရောက်ရှိမီ မိနစ်အနည်းငယ်ခန့် ကြိုတင်ပြင်ဆင်ချိန်ရရှိကာ ဘေးလွတ်ရာသို့ အချိန်မီ ရှောင်တိမ်းနိုင်မည်ဖြစ်သည့် စနစ်ဖြစ်သည်။

လက်ရှိရရှိထားသည့် သတင်းအချက်အလက် Data များအရ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ချင်းနှင့် ကချင်ဒေသများတွင် အကျိုးပြုမှု အားကောင်းမည်ဖြစ်သော်လည်း သတင်းပေးပို့မှု အားနည်းသေးသည့် ရခိုင်၊ ကရင်၊ ဧရာဝတီ၊ ရှမ်း၊ ပဲခူး၊ ကရင်နီနှင့် တောင်ပိုင်းဒေသများတွင်မူ ထိရောက်မှု အားနည်းနိုင်သေးကြောင်း သိရသည်။

ယင်းစနစ်သည် ပြည်သူအချင်းချင်း ပေးပို့သည့် သတင်းအချက်အလက်များအပေါ် အခြေခံတွက်ချက်ခြင်းဖြစ်၍ လေယာဉ်ဖြတ်သန်းမှု သတင်းများကို ဝေဟင် ကင်းထောက်၏ Telegram Bot မှတစ်ဆင့် ပြန်လည်မျှဝေပေးခြင်းဖြင့်လည်း အပြန်အလှန် ကူညီစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီ နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၁၇၀ ကျော်အထိ သေဆုံးခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ပြီး
ထိုကဲ့သို့ အသက်အန္တရာယ် ထိခိုက်မှုများကို လျှော့ချနိုင်ရန်အတွက် ယခုကဲ့သို့ နည်းပညာအခြေခံ ကြိုတင်သတိပေးစနစ်များကို ဖော်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

လေကြောင်းအန္တရာယ် Warning System အသုံးပြုနည်းလမ်းညွှန်များအား ပူးတွဲဖော်ပြထားသည်။

၁။ ဖုန်းထဲတွင် Firefox Browser ကို အသုံးပြု၍ www.waihinscout.com သို့ ဝင်ရောက်ပါ။

၂။ Website Menu ရှိ Alert Settings ကို နှိပ်ပြီး မိမိလက်ရှိနေထိုင်သည့် တိုင်းဒေသကြီးနှင့် မြို့နယ် ကို ရွေးချယ်ပါ။

၃။ Alert Distance တွင် မိမိအချက်ပေးစေလိုသည့် အကွာအဝေး (ဥပမာ - 80 km သို့မဟုတ် 100 km) ကို သတ်မှတ်ပါ။

၄။ "SOS Alarm" နှင့် "Browser Notification" တို့ကို အမှန်ခြစ် (On) ပေးထားပြီး Browser မှ Audio Permission တောင်းခံပါက Allow (ခွင့်ပြုသည်) ကို နှိပ်ပါ။

၅။ အချက်ပေးစနစ် အမြဲတမ်း အလုပ်လုပ်နေစေရန် Browser Tab ကို ပိတ်မပစ်ဘဲ နောက်ကွယ် (Background) တွင် ဖွင့်ထားပေးရန် လိုအပ်ပါသည်။

ပုံစာ - ဖေဖော်ဝါရီ ၅ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသည့် မိအယ်ကျေးရွာ မြင်ကွင်း ဖြစ်သည်။ #

Wai Hin Scout - အချိန်နှင့်တပြေးညီ ဝေဟင်သတင်းအချက်အလက်များ

မြန်မာနိုင်ငံမြောက်ပိုင်း ကိုထိန်းချုပ်ရေးနှင့် စစ်ကိုင်းတိုင်းမှာ KIO ၏ တံခါးပေါက် ဆိုသော ဒုဗိုလ်ချုပ်ကြီး ဂွန်မော်၏မိန...
17/02/2026

မြန်မာနိုင်ငံမြောက်ပိုင်း ကိုထိန်းချုပ်ရေးနှင့် စစ်ကိုင်းတိုင်းမှာ KIO ၏ တံခါးပေါက် ဆိုသော ဒုဗိုလ်ချုပ်ကြီး ဂွန်မော်၏မိန့်ခွန်းကြောင့် မင်းအောင်လှိုင် စစ်ကိုင်းတိုင်းနှင့်နာဂဒေသခရီးစဉ် ချက်ချင်းစီစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

KIO အနေဖြင့် စစ်ကိုင်းတိုင်းကို အိမ်ခြံဝင်း တံခါးပေါက်အဖြစ် ရန်သူကို စောင့်မည်ဖြစ်ပြီး မြောက်ပိုင်းတစ်ခုလုံးကို ထိန်းချုပ်ရေး စစ်ရေးအရ ရည်မှန်းထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ မိန့်ခွန်းထွက်ပေါ် လာပြီးနောက် ရက်ပိုင်း အတွင်း မင်းအောင်လှိုင်က စစ်ကိုင်းတိုင်းနှင့်နာဂခရီးစဉ်ကို ချက်ချင်းစီစဉ် ထွက်ခွာသွားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ ၆၅ နှစ်မြောက် ကချင့်တော်လှန်ရေး အထိမ်းအမှတ် ပြောဆိုခဲ့သော KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ မိန့်ခွန်းတွင် စစ်ကိုင်းတိုင်းမှာ KIO ၏ အိမ်ခြံဝင်း တံခါးပေါက်ဖြစ်ပြီး ရန်သူကို စောင့်မည်ဖြစ်ကြောင်း၊ ကချင်ယူနစ်၊ နာဂယူနစ်၊ ချင်းယူနစ်နှင့်ကသုံးလုံး ဒေသဖြစ်သော ကသာ၊ ကန့်ဘလူ၊ကောလင်း ထိန်းချုပ်ကာ မြောက်ပိုင်းတစ်ခုလုံးထိန်းချုပ်ရေး စစ်ရေး ရည်မှန်းချက်ထားရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ မိန့်ခွန်း ထွက်ပေါ်လာပြီး ရက်ပိုင်းအကြာ ဖေဖော် ဝါရီလ ၁၅ ရက်နေ့မှစတင်ပြီး အကြမ်းဖက် မင်းအောင် လှိုင်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းဒေသကိုလည်း ကောင်း၊ ဖေဖော်ဝါ ရီလ ၁၆ ရက်နေ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော လဟယ်နှင့်လေရှီးမြို့များသို့ သွားရောက်ကာ တွေ့ဆုံပွဲများ၊ တပ်နယ်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

"သူ့ ရဲ့ စစ်ကိုင်း ခရီးစဉ်က KIO ခေါင်းဆောင်ရဲ့ စစ်ရေးရည်မှန်းချက် ထုတ် ဖော်ပြောဆိုချက်တွေနဲ့ တိုက်ရိုက်ပတ်သက် ဆက်နွယ်နေပါတယ်။ စစ်ကိုင်းခရီးစဉ်ကို စီစဉ်တာ KIO ဘက်က ပြောဆိုချက်တွေ ထွက်လာပြီးမှ ချက်ချင်းစီစဉ်တာလို့ သိရတယ်" ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကိုင်းခရီးစဉ်တွင် အကြမ်းဖက် မင်းအောင်လှိုင်က ဆူပူသောင်း ကျန်းမှုများ ပေါများနေခြင်းမှာ စစ်ကိုင်းဒေသမှ ပြည်သူများတွင် အသိပညာနှင့် အတတ် ပညာအားနည်းခြင်းကြောင့်ဖြစ်ကြောင်း၊ စစ်ကော်မရှင်အနေဖြင့် စစ်တပ်နှင့်ရဲများကို စွမ်းအားမြှင့်တင်မည်ဖြစ်ပြီး စစ်ရေယာဉ်၊စစ် လေယာဉ်များကို အဆင့်မြှင့်တင်ခြင်းနှင့် ထပ်မံဖြည့်တင်းဆောင်ရွက်ခြင်းနှင့် ယာဉ်ယန္တရားများ၊ လက် နက်အသုံးအဆောင်ပစ္စည်းများ၊ ခေတ်နှင့်လျော်ညီသည့် စစ်ဘက်နည်းပညာများအား အဆင့်မြှင့်တင်ဖြည့်ဆည်းခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က စစ်ကိုင်းတိုင်းနှင့်ပတ် သက်၍ "အထူးသဖြင့် ကျနော်တို့ရဲ့ အိမ်ခြံဝင်း တံခါးပေါက်ဖြစ်တဲ့ စစ် ကိုင်းတိုင်းမှာ ရန်သူကို စောင့်ရမယ်။ စစ်ကိုင်းတိုင်း မှာရှိတဲ့ အင်အားစုနဲ့ ကျနော်တို့ ကချင်အင်အားစုတွေက တံခါးပေါက်လုံခြုံရေးအတွက် သေချာပေါက်လုပ်ရမယ်လို့ ကျနော်တို့က ပြောတယ်။ ကျနော်တို့မှာ ကချင်ယူနစ်၊ နာဂယူနစ်၊ ချင်းယူနစ်နဲ့ NUG စစ်ကိုင်းတိုင်း အထက်ပိုင်း ကသုံးလုံးက Stable ဖြစ်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ဖြစ်လည်းဖြစ်နိုင်တယ်လို့ ယုံကြည်တယ်။ ဒီအထက်ပိုင်း မြောက်ပိုင်း တစ်ခုလုံး Stable ဖြစ်သွားလို့ရှိရင် အောက်ပိုင်းကို အလွယ်တကူ ကျနော်တို့က ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ ဒါက စစ်ရေး ရည်မှန်းချက် ဖြစ်ပါတယ်" ဟုထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- Reuters နှင့် AP ။

သမ္မတနှင့်လွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ်ရေး၊  ပြည်နယ်/တိုင်းဝန်ကြီးချုပ်များ ခန့်အပ်ရေးနှင့် ဝန်ကြီးများ တာဝန်ပေးရေး အပါအ...
17/02/2026

သမ္မတနှင့်လွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ်ရေး၊ ပြည်နယ်/တိုင်းဝန်ကြီးချုပ်များ ခန့်အပ်ရေးနှင့် ဝန်ကြီးများ တာဝန်ပေးရေး အပါအဝင် အစိုးရသစ်ဖွဲ့စည်းရေး ကိစ္စရပ်များအားလုံးကို မင်းအောင်လှိုင် တစ်ဦးတည်းကသာ တိုက်ရိုက်စီမံနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

အကြမ်းဖက်စစ်တပ် လက်အောက်ခံ ကြံ့ဖွတ်ပါတီက လာမည့် မတ်လအတွင်း စတင်မည့် ပြည်ထောင်စု လွှတ်တော်တွင် အစိုးရသစ်ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များအားလုံးကို အကြမ်းဖက် စစ်ခေါင်းဆောင်ကသာ တိုက်ရိုက်ကိုင်တွယ်နေပြီး ကြံ့ဖွတ်ပါတီအတွင်း မည်သည့် ဆွေးနွေးမှုမှ မရှိကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ် တော် အမတ်နေရာ ၃၃၉ နေရာ အနိုင်ရရှိပြီးနောက် သမ္မတနှင့် အစိုးရအဖွဲ့ဖွဲ့စည်းရန် လုံလောက်သော အမတ်အရေအတွက် ရရှိထားကြောင်း၊ သို့ရာတွင် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပါတီ ဗဟိုကော်မတီအတွင်း အစိုးရသစ်ဖွဲ့စည်းရေးအတွက် မည်သည့် ဆွေးဆွေးမှုမှ မရှိကြောင်း၊ သမ္မတ ရွေး ချယ်ရေး၊ လွှတ်တော်ဥက္ကဋ္ဌများ ခန့်ထားရေး၊ ဝန်ကြီးများနှင့် ပြည်နယ်/တိုင်းဝန်ကြီးချုပ်များ ရွေးချယ်ရေး အစရှိသည့် အစိုးရသစ်ပေါ်ထွန်းရေးကိစ္စများအားလုံးကို အကြမ်း ဖက် စစ်ခါင်းဆောင် မင်းအောင်လှိုင်က တစ်ဦးတည်းကသာ တိုက်ရိုက် ကိုင်တွယ်စီမံနေကြောင်း သိရှိရသည်။

"ပါတီဘက်မှာ အစိုးရသစ်ဖွဲ့စည်းရေး ဘာမှ စည်းဝေးတိုင်ပင်တာမရှိဘူး။ ဗဟိုအလုပ်အမှုဆောင် အစည်း အဝေး ခေါ်တာလည်းမရှိဘူး။ ဗဟိုကော်မတီ အစည်းအဝေး ခေါ်တာလည်းမရှိဘူး။ ဘာဆိုဘာမှ မရှိပါဘူး။ တပ်ချုပ်ကြီးကပဲ အားလုံးစီမံမယ်လို့ ယူဆရပါတယ်။ ပါတီအတွင်းမှာ အစိုးရ သစ်ဖွဲ့စည်းရေး တိုင်ပင်ဆွေးနွေးတာ အခုထက်ထိ လုံး၀(လုံး၀) မရှိပါဘူး။" ဟု ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရှင်းပြသည်။

ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီနှင့် မင်းအောင်လှိုင်အကြား အစိုးရသစ်ဖွဲ့စည်းရေး ဆွေး နွေးတွေ့ဆုံမှုများရှိသည်ဆိုသော သတင်းများမှာလည်း အပြည့်အ၀ မှန်ကန်ခြင်းမရှိဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းလိုချင်သည့် ကြံ့ဖွတ်ပါတီမှ အမတ်များ၏ အချက်အလက်များ၊ ကိုယ်ရေးအကျဉ်းများကိုသာ တောင်းယူခြင်းသာဖြစ်ပြီး မည်သည့်ဆွေးနွေးမှုမှ မရှိကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

"ဥက္ကဋ္ဌ ဦးခင်ရီတောင် သူ ဘာလုပ်ရမလဲ၊ ဘာရာထူးရမလဲဆိုတာ သိသေးပုံမရဘူး။ ဘယ်သူ ဘာလုပ်ရမယ်ဆိုတာ ဦးမင်းအောင်လှိုင်ကလွဲရင် ဘယ်သူမှ သိခွင့်မရသေးတာပဲ။ ဦးခင်ရီနဲ့ တပ်ချုပ်က ဆွေး နွေးတယ်ဆိုတာ မဟုတ်ဘူး။ ဆွေးနွေးတဲ့အဆင့်မဟုတ်ဘူး။ ဟိုက လိုအပ်တာ လှမ်းတောင်းတာ။ ဆွေးနွေးတယ်ဆိုတာ မဟုတ်ဘူး" ဟု ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က လာမည့် မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ အစိုးရသစ်ဖွဲ့စည်းအာဏာလွှဲပြောင်းမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

DKBA ထိန်းချုပ်ထားသော ကျားဖြန့်အွန်လိုင်းလိမ်လည်ဝင်းများတွင်  လူမဆန်သော ရက်စက်နှိပ်စက် ညှဉ်းပန်းမှုများဖြင့် အတင်းအကျပ် ...
17/02/2026

DKBA ထိန်းချုပ်ထားသော ကျားဖြန့်အွန်လိုင်းလိမ်လည်ဝင်းများတွင် လူမဆန်သော ရက်စက်နှိပ်စက် ညှဉ်းပန်းမှုများဖြင့် အတင်းအကျပ် ငွေလိမ်ခိုင်းမှုများကို ပြန်လွတ်လာသူများက ဖွင့်ဟ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မြန်မာနိုင်ငံရှိ လိမ်လည်မှုစခန်းများသို့ လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံခဲ့ရသည့် အီသီယိုးပီးယားနိုင်ငံသားများသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်၌ မိမိတို့အား သတ်မှတ်ထားသည့် လုပ်ငန်းရည်မှန်းချက် မပြည့်မီသဖြင့် ရိုက်နှက်ညှဉ်းပန်းခံခဲ့ရသည့် ဒဏ်ရာများကို ပြသခဲ့ကြသည်။

အသက် ၂၇ နှစ်အရွယ် အီသီယိုးပီးယားနိုင်ငံသူ မက်ဆရက် မူလူက မြန်မာနိုင်ငံရှိ ကျားဖြန့်ငွေလိမ်စခန်းတစ်ခုတွင် ၁ နှစ်ကြာ ဖမ်းဆီးခံရစဉ်အတွင်း ကိုယ်နှင့်စိတ် ဒဏ်ရာများကို ယနေ့ထိ ခံစားနေရဆဲဖြစ်ကြောင်း ပြောသည်။ ၎င်း၏ ပြောကြားချက်အရ မကြာခဏ ရိုက်နှက်ခံရခြင်း၊ အဝတ်အစားချွတ်ခိုင်း၍ နေပူအောက်တွင် နာရီများစွာ ရပ်ခိုင်းခံရခြင်းများ ကြုံတွေ့ခဲ့ရသည်။

မက်ဆရက်ကဲ့သို့သော အာဖရိကနှင့် အာရှနိုင်ငံများမှ လူငယ် ထောင်ပေါင်းများစွာသည် အရှေ့တောင်အာရှဒေသရှိ “ကျားဖြန့် လိမ်လည်စခန်းများ” သို့ လူကုန်ကူးခံထားရကြသည်။ ထိုစခန်းများသည် လုံခြုံရေးထိန်းချုပ်ထားသည့် အဆောက်အဦးများဖြစ်ပြီး လူကုန်ကူးမှုကွန်ယက်များမှ လိမ်လည် ခေါ်ယူထားသော ရွှေ့ပြောင်းလာသူများကို ဖမ်းဆီးထိန်းသိမ်းကာ အတင်းအကျပ် အလုပ်ခိုင်းစေနေသည်။ ကျားဖြန့် စခန်းအတွင်းတွင် လူကုန်ကူးခံထားရသူများကို လူမှုကွန်ရက်ပလက်ဖောင်းများပေါ်မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ၊ အထူးသဖြင့် cryptocurrency နှင့် အချစ်ရေးလိမ်လည်မှုများ ပြုလုပ်ခိုင်းကြသည်။

အလုပ်သမားများကို ထိန်းချုပ်ထားနိုင်ရန် ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် လျှပ်စစ်ဖြင့် ညှဉ်းပန်းခြင်းများကို ပုံမှန်အသုံးပြုကြသည်။

“သွေးထွက်သံယိုဖြစ်နေတဲ့ လူတွေ ငိုပြီး ရိုက်နှက်မှုရပ်ပေးဖို့ တောင်းပန်နေတာကို မြင်ရတာ အရမ်းနာကျင်စရာပါ။ အဲဒီမြင်ကွင်းတွေကို အိပ်မက်ထဲမှာတောင် ပြန်မြင်နေတယ်” ဟု မက်ဆရက်က ပြောသည်။

ထိုင်းနိုင်ငံတွင် လစာမြင့်မားသော အလုပ်ရမည်ဆိုသော မက်လုံးများဖြင့် လူများကို ဆွဲဆောင်ပြီးနောက် နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံများသို့ ပို့ဆောင်၍ ကွန်ပျူတာများ တန်းစီချထားသည့် ကျားဖြန့် အလုပ်ရုံများတွင် အလုပ်လုပ်ခိုင်းကြသည်။ ထိုစခန်းများကို တရုတ်ရာဇဝတ်ဂိုဏ်းများက ထိန်းချုပ်ထားကြသည်။

လက်ရှိတွင် ထိုလိမ်လည်မှုကွန်ယက်များသည် ဘီလီယံများစွာတန်ဖိုးရှိသော စီးပွားရေးလုပ်ငန်းဖြစ်လာပြီး မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများတွင် စခန်းရာနှင့်ချီရှိနေသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ်အထိ မြန်မာနိုင်ငံရှိ လိမ်လည်မှုစခန်းများသို့ လူ ၁၂၀,၀၀၀ ခန့် လူကုန်ကူးခံခဲ့ရသည်။ အမေရိကန်အစိုးရ၏ အချက်အလက်များအရ အမေရိကန်နိုင်ငံသားများသည် အရှေ့တောင်အာရှ လိမ်လည်မှုကွန်ယက်များကြောင့် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြသည်။

ယင်းကျားဖြန့် စခန်းများကြောင့် အာဖရိကနိုင်ငံများစွာမှ လူများလည်း ထိခိုက်ခံစားနေရသည်။ တောင်အာဖရိကအစိုးရက မကြာသေးမီက လိမ်လည်မှုစခန်းများမှ လွတ်မြောက်လာသူ တောင်အာဖရိကနိုင်ငံသား ၁၄ ဦး ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံနေရကြောင်း အတည်ပြုခဲ့သည်။ ထိုထဲမှ တစ်ဦးက တစ်နေ့လျှင် ၁၃ နာရီအလုပ်လုပ်ခိုင်းခံရပြီး မရပ်ပါက ရိုက်နှက်မည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်။

မက်ဆရက်၏ အဆိုအရ ၎င်းတို့ကို ထိန်းချုပ်ထားသည့် ဂိုဏ်းသည် မြန်မာစစ်တပ်နှင့် မိတ်ဖက်ဖြစ်သော DKBA (Democratic Karen Benevolent Army) တပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေခဲ့သည်။ DKBA သည် ကျားဖြန့် လိမ်လည်မှုစခန်းများကို ဆက်ကြေးယူ ကာကွယ်စောင့်ရှောက် ကူညီပံ့ပိုးနေသည့် လက်နက်ကိုင် အဖွဲ့ တစ်ခုဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ပြည်တွင်းစစ်စတင်ပြီးနောက် မြန်မာနိုင်ငံ၏ အရှုပ်အထွေးအခြေအနေကို အကျိုးပြုကာ ထိုကျားဖြန့် စခန်းများကို ထိုင်းနယ်စပ်အနီးတွင် တည်ဆောက်ကြပြီး လုံခြုံရေးအတွက် စစ်တပ်နှင့် မိတ်ဖက် လက်နက်ကိုင်တပ်ဖွဲ့များကို အသုံးပြုကြသည်။

အီသီယိုးပီးယားနိုင်ငံတွင် ကျားဖြန့်စခန်းမှ လွတ်မြောက်လာသူများက “M Family” ဟုခေါ်သော အထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းထားပြီး ဒဏ်ရာများနှင့် စိတ်ဒဏ်ရာများကို ကုသရာတွင် အကူအညီပေးခြင်း၊ တရုတ်ရာဇဝတ်ဂိုဏ်းများကို တရားစွဲဆိုရန် အကြံဉာဏ်ပေးခြင်းများ ပြုလုပ်နေကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် အမေရိကန်အစိုးရက DKBA နှင့် ကျားဖြန့် စခန်းများအတွက် အသွင်ယူ အသုံးပြုသည့် ကုမ္ပဏီအဖြစ် သုံးစွဲခဲ့သော ထိုင်းနိုင်ငံမှ တရုတ်ကုမ္ပဏီများကို အရေးယူဒဏ်ခတ်ခဲ့သည်။ DKBA ကမူ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုစခန်းများမှ အမြတ်ရယူခြင်း သို့မဟုတ် ပံ့ပိုးခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

သို့ရာတွင် ဂြိုဟ်တုဓာတ်ပုံများအရ ကရင်ပြည်နယ် မြဝတီမြို့နယ်အနီးရှိ DKBA ထိန်းချုပ်ဒေသအတွင်း Deko Park စခန်းကို တွေ့ရှိနိုင်ကြောင်း ဖော်ပြထားသည်။

လွတ်မြောက်လာသူများထဲမှ အချို့သည် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားထိန်းသိမ်းရေးစခန်းများတွင် ဆက်လက်ထိန်းသိမ်းခံနေရပြီး မိမိတို့နိုင်ငံသို့ ပြန်ရန် လေယာဉ်လက်မှတ်ကုန်ကျစရိတ် စုဆောင်းနေရကြောင်း သိရသည်။

အာဖရိကနိုင်ငံများမှ လွတ်မြောက်လာသူရာနှင့်ချီသည် ထိုင်းနိုင်ငံတွင် ပိတ်မိနေကြပြီး ၎င်းတို့၏ မိခင်နိုင်ငံများမှ ပြန်လည်ပို့ဆောင်ရေးကုန်ကျစရိတ် မထောက်ပံ့နိုင်ခြင်းနှင့် မိသားစုများ မတတ်နိုင်ခြင်းတို့ကြောင့် အခက်အခဲများ ကြုံတွေ့နေကြသည်။

Ethiopian Airlines သည် ဘန်ကောက်မှ အာဖရိကနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ရာတွင် တစ်နေ့လျှင် လူသုံးဦးသာ လက်ခံမည်ဟု ကန့်သတ်ထားကြောင်းလည်း ဖော်ပြထားသည်။

မြန်မာစစ်တပ်ကမူ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုများအပေါ် လုံး၀ သည်းမခံသော မူဝါဒရှိသည်ဟုထုတ်ပြန်ထားသော် လည်း ဆက်သွယ်မေးမြန်းသောအခါ တုံ့ပြန်ချက် မရရှိပေ။

( The Globe and Mail ၏ Africans are being confined and beaten in scam camps in Myanmar ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်။)

တောင်သာတွင် စစ်တပ်က ပဲခင်းကျော်ရွာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ...
17/02/2026

တောင်သာတွင် စစ်တပ်က ပဲခင်းကျော်ရွာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ ဦးကိုလည်းဖမ်းဆီးထား၊ စစ်တပ်က မြုပ်နှံထားသော စစ်သား အလောင်း ၁ ခုကိုလည်း ရှာတွေ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပဲခင်းကျော်ရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် ၅၀ ကျော်ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ ဦးကိုလည်းဖမ်းဆီးထားကာ စစ်တပ်က မြုပ်နှံထားသော စစ်သား အလောင်း ၁ ခုလည်း ရှာတွေ့ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစတင်ပြီး ပဲခင်းကျော်ကျေးရွာ၌ ရောက်ရှိတပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ မူလတန်းကျောင်း၊ ဘုန်းကြီးကျောင်း အပါအဝင် ပြည်သူပိုင် နေအိမ် ၅၀ ကျော်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများ၏ ကောက်ပဲသီးနှံများကိုလည်း ၁၂ ဘီးကားများဖြင့် သယ်ဆောင်သွားပြီး ၎င်းတို့ သယ်ဆောင်သွားခြင်းမရှိသော မြေပဲနှင့် ပဲစင်းငုံ အိတ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ ကျေးရွာအတွင်းရှိ ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း ရေကန်အတွင်း ပစ်ချထားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြုပ်နှံထားသော စစ်သား အလောင်း ၁ ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ထိုစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များလည်း ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စက်တပ်လေထီးများဖြင့်လည်း ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်သွားကြောင်း သိရသည်။

"စစ်ခွေး စစ်ကြောင်းက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တည်းကစပြီး ရုံးစည်ကြီးရွာ ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတာ အဲစစ်ကြောင်းက ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တာတွေလည်း လုပ်ဆောင်သွားတယ်။ ၁၃ ရက်နေ့မှာ စစ်ခွေးတွေက ပဲခင်းကျော်ကို မီးရှို့ဖျက်ဆီးတာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျသွားတယ်။ နောက်ပြီး စစ်ခွေးတွေ မြေမြုပ်သွားတဲ့ နေရာကိုလည်း ရှာကြည့်တာ စစ်ခွေးအလောင်း ၁ ခုကိုတွေ့ခဲ့တယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မင်းတည်းရွာဘက်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နကူး-အုန်းပင်တောရွာ အကြားမှ အောင်သာရွာ အနောက်တောင်ဘက်သို့ရောက်ရှိလာပြီး တောင်ယာလုပ်နေသော ပြည်သူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်လာပြီး အောင်သာရွာသို့ရောက်ရှိနေကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်သဲကျင်ရွာ၊ မင်းတည်းကျေးရွာ၊ မင်းတည်းရွာ၊ နကူးရွာ၊ ကျောက်ချောရွာ၊ အောင်သာရွာ၊ ကျောက်ပုံရွာ၊ ဒါန်းတိုင်ရွာ၊ အလယ်ချိုင်းမြောက်ရွာနှင့် ပဲခင်းကျော်ရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တီမောသံတမန်ကို  နှင်ထုတ်သည့် မြန်မာစစ်တပ်၏ လုပ်ရပ်ကို NUGက ပြင်းထန်စွာရှုတ်ချရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ အာဆီယံအဖွဲ့ဝင်နိုင်င...
17/02/2026

တီမောသံတမန်ကို နှင်ထုတ်သည့် မြန်မာစစ်တပ်၏ လုပ်ရပ်ကို NUGက ပြင်းထန်စွာရှုတ်ချ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော တီမောလက်စတေးနိုင်ငံ၏ သံတမန်ကို မြန်မာနိုင်ငံမှ နှင်ထုတ်သည့် မြန်မာစစ်တပ်၏ လုပ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ပြင်းထန်စွာရှုတ်ချကြောင်း ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ တီမောလက်စတေးနိုင်ငံ (Timor-Leste) ၏ သံတမန်ကိုယ်စားလှယ်အား ၇ ရက်အတွင်း ထွက်ခွာရန် စစ်တပ်က ဖိအားပေးခဲ့သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) တွင် ပြင်းပြင်းထန်ထန် ရှုတ်ကြောင်း၊ ယင်းလုပ်ရပ်မှာ နိုင်ငံတကာ သံတမန်ရေးရာ စံနှုန်းများကို ဗြောင်ကျကျ ချိုးဖောက်ခြင်းဖြစ်ကြောင်း NUG က ထောက်ပြထားသည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်တပ်၏ ခြိမ်းခြောက်ဖိအားပေးမှုများမှာ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (Vienna Convention on Diplomatic Relations) ပါ မူဘောင်များကို ထိခိုက်စေကြောင်း၊ သံတမန်တစ်ဦးကို 'လက်မခံနိုင်သောပုဂ္ဂိုလ်' (Persona non grata) အဖြစ် ကြေညာပိုင်ခွင့်ရှိသော်လည်း ယင်းသို့လုပ်ဆောင်ရာတွင် နိုင်ငံတကာဥပဒေ လုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ခြိမ်းခြောက်သည့်နည်းလမ်းကို အသုံးပြုခြင်းမှာ ငြိမ်းချမ်းသည့် သံတမန်ဆက်ဆံရေးမူဝါဒများနှင့် ဆန့်ကျင်နေကြောင်း ဖော်ပြထားသည်။

မြန်မာစစ်တပ်အနေဖြင့် တီမောလက်စတေးနိုင်ငံကိုသာ သီးသန့်ခွဲထုတ်ပြီး ပစ်မှတ်ထားဆောင်ရွက်ခြင်းမှာ နိုင်ငံတကာ သံတမန်ကျင့်ထုံးများကို လေးစားလိုက်နာမှုမရှိကြောင်းကို ပြသခြင်းဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တီမောလက်စတေး အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် ပုံမှန်ဆက်သွယ်မှုများ အမြဲရှိနေကြောင်း NUG က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် တရားမျှတမှုဖော်ဆောင်နိုင်ရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်များကို အဆုံးသတ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးနေသည့် တီမောလက်စတေးအပါအဝင် နိုင်ငံအားလုံးကို NUG က ကျေးဇူး တင်ရှိကြောင်း၊ ယခုကဲ့သို့ အရေးကြီးသည့် ကာလတွင် မြန်မာပြည်သူများအပေါ် ကူညီမှုများကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ပေးရန် နိုင်ငံတကာအသိုက်အဝန်းသို့ NUG က တိုက်တွန်းထားသည်။

ဓာတ်ပုံ- တီမောသမ္မတနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တွေ့ဆုံခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။ )

17/02/2026
တရားဥပဒေစိုးမိုးမှု နှင့် အုပ်ချုပ်ရေး ကဏ္ဍ အားနည်းနေပြီလား ယောနယ်-----------------------------------------ဒီခေါင်းစဥ်ကိ...
28/10/2025

တရားဥပဒေစိုးမိုးမှု နှင့် အုပ်ချုပ်ရေး ကဏ္ဍ အားနည်းနေပြီလား ယောနယ်
-----------------------------------------

ဒီခေါင်းစဥ်ကို မပေးချင်ပဲပေးရပါသည်။ ကျွန်တော်တို့ ယောသူယောသားများသည် ရိုးသားခြင်း၊သဘောကောင်းခြင်းတို့ဖြင့် အခြားနယ်သူနယ်သားများအကြား ဂုဏ်တင့်ခဲ့ရသည်။ ကောင်းမွန်သည့် ကျော်ကြားမှုကိုသာ လိုချင်ကြပေမည်။ အစစ ပျက်စီးနေသည့် နာမည်ဆိုးကိုကား အလိုရှိကြမည်မဟုတ်ပါ။

တော်လှန်ရေးကာလ ကြာရှည်လာသည်နှင့်အမျှ တော်လှန်ရေး၏ ဘေးထွက်ဆိုးကျိုးများကို ယောသူယောသားများ ခံစားနေကြရပြီဟု ဆိုချင်ပါသည်။ ပသုံးလုံးနှင့်တော်လှန်ရေးတပ်ဖွဲ့များအကြား ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်မှု၊ စည်းလုံးညီညွတ်မှု အားနည်းရသည့် အကျိုးအပြစ်များဖြစ်သည်ဟု မြင်ပါသည်။

ယခင်က မကြားဖူးသည့် သက်ငယ်မုဒိန်းမှုကျူးလွန်ကာ လူသတ် အလောင်းဖျောက်သည့် ဖြစ်စဥ် ဆောမြို့ပေါ်တွင် ဖြစ်ပွားခဲ့ရသည်။ ဒီလောက်ရက်စက်သည့် လုပ်ရပ်မျိုးကို အဘယ်ကြောင့် ကျူးလွန်ရပါသနည်း။ တရားခံသည် မူးယစ်ဆေးဝါး သုံးစွဲထားသည်လား။ သို့မဟုတ် လျော့ရဲနေသည့် တရားဥပဒေကို မထီမဲ့မြင်ပြုသည်လား။ စဥ်းစားရပေမည်။ ​

ယောဒေသအတွင်း မူးယစ်ဆေးဝါးများ ပြီးခဲ့သည့် နှစ်အတွင်းမှစကာ တကျော့ပြန် ပျံ့နှံ့လာသည်။ တော်လှန်ရေး အစက မူးယစ်ဆေးဝါးရောင်းဝယ်သူ၊ သုံးစွဲသူများကို ပြင်းထန်သည့် ပြစ်ဒဏ်ပေးကာ မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ဆောင်ခဲ့ကြသဖြင့် ကာလအတန်ကြာ ပပျောက်သွားရသည်။ ယခုနှစ်များတွင်ကား မူးယစ်ဆေး တကျော့ပြန် ခေတ်စားလာသည်။ ကွမ်းယာဆိုင်တွင်ပင် အလွယ်တကူ ဝယ်ယူရနိုင်ကြောင်း တချို့ကဆိုသည်။ တော်လှန်ရေးတပ်ဖွဲ့များအကြား နယ်အလိုက် ခွဲဝေထိန်းချုပ်ချင်မှု၊ ပသုံးလုံးပြသနာများက တရားဥပဒေစိုးမိုးမှုအပေါ် အားနည်းကာ မသမာသူတို့ အခွင့်ကောင်းယူလာသည့်အခြေအနေဖြစ်သည်။

မူးယစ်ဆေးဝါးနည်းတူ လောင်းကစားဝိုင်းများလည်း အကြီးအကျယ်ပြုလုပ်လာကြသည်ကို တွေ့မြင်နေရသည်။ အထူးသဖြင့် ဂန့်ဂေါမြို့နယ်တွင် လောင်းကစားဝိုင်းများ ကြေးကြီးကြီးဖြင့် ပြုလုပ်နေကြသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့က ဖဲဝိုင်းမှ ၃ ရက်တိုင် အိမ်မပြန်သည့် အမျိုးသမီးကို အမျိုးသားက ရိုက်နှက်ရာမှ လက်လွန်သေဆုံးခဲ့ရသလို အမျိုးသား ဖြစ်သူလည်း အမျိုးသမီးနာရေးကို လာရောက်ခွင့် မရသဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ခဲ့သည့်ဖြစ်စဥ် ရှိခဲ့သည်။

ဂန့်ဂေါမြောက်ပိုင်းတွင် ၂၀၂၅ ခုနှစ်အတွင်း ဖဲဝိုင်း ၊ ကြက်ဝိုင်း ၊ ခြောက်ကောင်ဂျင် နှင့် လောင်းကစားမျိုးစုံကို တွင်တွင်ကျယ်ကျယ် မြင်တွေ့လာရကြောင်း သိရှိရပြီး ကျေးရွာအတွင်းရှိ ကျေးရွာ တာဝန်ခံများမှ အခကြေးငွေ ကောက်ခံကာ ခွင့်ပြုပေးထားကြောင်း ၊ဂန့်ဂေါမြောက်ပိုင်းရှိ တော်လှန်ရေး လက်နက်ကိုင်အင်အားစုများမှ အကြိမ်ကြိမ် သတိပေးထားသော်လည်း ယနေ့အထိတိုင် ဖမ်းဆီးထိန်းသိမ်း အရေးယူဖျက်ဆီးခြင်း မရှိသေးကြောင်း၊
လောင်းကစား၏ နောက်ဆက်တွဲ ဆိုးကျိုး များကြောင့် ‌ဂန့်ဂေါမြောက်ပိုင်းအတွင်း လူသတ်မှု ၊မူးယစ်ဆေးမှု ၊ မိသားစုအတွင်းငွေကြေးခဝါချမှု ၊ အကြွေးဒဏ် ခံစားနေရသည့် မိသားစုများ၊ လိမ်လည်ခိုးမှုများ ခပ်စိတ်စိတ် ဖြစ်‌ပေါ်လာနေကြောင်း ဒေသတွင်းအခြေစိုက် Gangaw Media က ဖော်ပြထားသည်။

တရားဥပဒေ စိုးမိုးမှု မရှိတော့သည့် အလား ဖြစ်ချင်တိုင်း ဖြစ်နေကြသည့် သဘောသက်ရောက်နေသည်။ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များ၊ ပသုံးလုံးများ ပူးပေါင်းအဖြေရှာ လုပ်ဆောင်ရပေမည်။ မည်သည့် အဖွဲ့အစည်း​မှဖြစ်စေ မိမိတို့ကိုယ်၌သည် ယောသူယောသားများဖြစ်သည်ကို မမေ့သင့်ပါ။ ကိုယ့်ယောဒေသ ကောင်းကျိုးအတွက်၊ ယောနယ် ပျက်စီးခြင်းသို့ မရောက်ရလေအောင် အားလုံး စည်းလုံးကြဖို့လိုပြီ ဖြစ်ပါကြောင်း။

ဂေါင်းဂျီး

30/09/2025

30/09/2025

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Soe Htay entertainmentผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์