30/07/2026
မနေ့က ကိုကျော်က ကျမကို ကားမောင်းဖို့ပြောတော့ … သဲက လမ်းတွေမမှတ်ချင်လို့၊ မမောင်းဘူးလို့ပြောလိုက်တယ်။ ဦးနှောက်က မမှတ်ထားရင် အိုကေတယ်၊ မှတ်လိုက်ရင် ဘယ်လိုမှ မေ့မရလို့ အရေးမကြီးဘူးထင်ရင် မှတ်ကိုမမှတ်ချင်တော့တာ။ ငယ်ငယ်က လျှာရှည်ပြီး တအားသဘောကျဖူးတဲ့ အစ်ကိုကြီးရဲ့ ဖုန်းနံပါတ်ကို မှတ်ထားမိတာ အခုထိ သတိရနေတုန်း။ ဖုန်းနံပါတ်ပိုင်ရှင်ကိုတော့ အခုချိန် လမ်းမှာဝင်တိုက်မိရင်တောင် မမှတ်မိလောက်တော့ဘူး လို့။ မိမိရဲ့ ဉာဏ်ကွက်ကျားကောင်းနေမှု 🥹