Witchy Candy Do the universe a favor, and don’t hide your magic
(379)

ကျမမေမေက သားသမီးကို ဘာလိုချင်တယ် ဘာစားချင်တယ်ပြောလေ့မရှိဘူး။ ဒါပေမဲ့ အရင်ရက်က ငပိထောင်းလေး စားချင်တယ်လို့ပြောလို့၊ မနက်က...
07/12/2025

ကျမမေမေက သားသမီးကို ဘာလိုချင်တယ် ဘာစားချင်တယ်ပြောလေ့မရှိဘူး။ ဒါပေမဲ့ အရင်ရက်က ငပိထောင်းလေး စားချင်တယ်လို့ပြောလို့၊ မနက်က စောစောစီးစီး ကိုယ်တိုင်ထောင်းပြီး၊ ယူသွားပေးဖြစ်တယ်။ တန်ဖိုးများတဲ့အရာမဟုတ်ပေမဲ့လည်း၊ သားသမီးရဲ့ မေတ္တာအပြည့်နဲ့ပေါ့။ အိမ်မှာထောင်းတော့ အချိုမှုန့်မပါဘဲ၊ ပါဝင်ပစ္စည်းတစ်ခုချင်းစီကို ဗိုက်မနာအောင် မီးကင်ပြီး၊ သန့်သန့်ရှင်းရှင်း သေချာထောင်းထားပေးတာ 🤍✨

ကိုကိုဗီးဆီ လည်လည်ရောက် 🥰
07/12/2025

ကိုကိုဗီးဆီ လည်လည်ရောက် 🥰

ဒီနေ့ကစပြီး Willow Cafe လေးမှာ ကျပ်တစ်သောင်းဖိုးနဲ့အထက် သုံးဆောင်သူတွေအတွက်၊ ကျမရဲ့ Healing Salt Tube လေးတွေ လက်ဆောင်ရယူ...
07/12/2025

ဒီနေ့ကစပြီး Willow Cafe လေးမှာ ကျပ်တစ်သောင်းဖိုးနဲ့အထက် သုံးဆောင်သူတွေအတွက်၊ ကျမရဲ့ Healing Salt Tube လေးတွေ လက်ဆောင်ရယူနိုင်ပါပြီရှင်။ လူဦးရေ (၃၀)အထိ စီစဉ်ပေးထားတာမို့၊ Willow မှာ အရသာရှိလှတဲ့ Spell Cake လေးတွေ၊ Healing Flower Tea လေးတွေ၊ Magic Elixir လေးတွေနဲ့ တခြားသော အရသာရှိလှတဲ့ စားစရာလေးတွေကို သုံးဆောင်ရင်း၊ ကိုယ့်ရဲ့ energy ကို လင်းလက်ကြည်လင်စေမယ့် နှစ်ကူးလက်ဆောင်လေးတွေ ယူနိုင်ကြပါပြီရှင် 🤍✨🧜🏻‍♀️

ဆိုင်လိပ်စာလေးကတော့ -
📍Myanmar Book Centre

No. 55, Baho Road, Corner of Baho Road & Ahlone Road, Ahlone Township
Yangon, Yangon
Myanmar

095092680
09422288965
09457103065

9 AM- 5 PM ပါနော်

ကော်ဖီဆိုင်လေးက စာအုပ်ဆိုင်လေးထဲမှာပါရှင် 🥰

Witchy Candy 🍭

အကြည်ဓာတ်နဲ့ထိုက်တန်ခြင်း 🤍
07/12/2025

အကြည်ဓာတ်နဲ့ထိုက်တန်ခြင်း 🤍

အကြည်ဓာတ်နဲ့ အခြေခံ လူ့ကျင့်ဝတ်တွေဟာ တည့်တည့်ကြီးထိစပ်နေပါတယ်။ လူတွေဟာ တည်ဆောက်တတ်ကြပေမယ့် မထိန်းသိမ်းတတ်ကြရင်၊ အဲ့ဒီ့အရာဟာ ဘယ်လောက်မှမခံဘဲ ပျက်စီးသွားတတ်ကြပါတယ်။ ခက်နေတာက တည်ဆောက်ဖို့ မဟုတ်ပါဘူး ထိန်းသိမ်းနိုင်ဖို့ပါ။ ကျမ သူငယ်ချင်းတစ်ယောက် သိပ်သဘောကောင်းသလို၊ ငွေလည်း ချမ်းသာတယ်။ သူက သူ့ခြံထဲမှာ အလုပ်သမားတွေအတွက် အိမ်တန်းလျားလေးနဲ့ အိမ်သာရေချိုးခန်းပါတာလေးပါ ဆောက်ပေးတယ်။ ရေပန်းလေးတွေ ဘိုထိုင်လေးတွေ စနစ်တကျပါပဲ။ ကျမကို ပြတော့ ဟယ် လှလိုက်တာ နေချင့်စဖွယ်လေးပဲပေါ့။ ပြဿနာက ဘယ်လောက်မှ မကြာဘဲ ပျက်စီးသွားတာပါ။ ဘိုထိုင်အဖုံးကွဲတယ်။ သူက မသိဘူး။ ရေပန်းပျက်တယ် သူမသိဘူး။ အဆိုးဆုံးက အိမ်သာရေဆင်းပိုက် ပျက်တာပဲ။ အနံ့အသက်ထွက်လာမှ သူမေးတော့ မဖုံးနိုင်တော့လို့ ပေါ်သွားတယ်။ သူ ဝင်စစ်တော့၊ အမျိုးသမီးလစဉ်သုံးတွေကို အိမ်သာထဲပစ်ချတဲ့ကိစ္စပါပဲ ပိုက်ပိတ်တယ်။ ပြီးခါကျ ရေချိုးခန်းထဲ သံရိုက်ပြီး အဝတ်လှမ်းထားတာ။ အပြင်မှာ အဝတ်တန်းတွေရှိပါလျက် ထုတ်မလှမ်းဘူး။ ဘိုထိုင်ကို ဆောင့်ကြောင့်ထိုင်တော့ .. အဖုံးကွဲတာမဆန်းပါဘူး။ ရေပန်းကို မချိုးတတ်လို့ သူတို့ဘာသာ မမေးမမြန်းဖြုတ်ပြီး ပြန်မတပ်တတ်တော့ ရေတွေက စိမ့်ထွက်နေတာပေါ့။ ဒီလို ဖရိုဖရဲတွေ သုံးပြီးသား ဆပ်ပြာအကျန်တွေက အညှိတက်ခဲနေတာ ဂျွတ်တက်နေတာတွေ before and after ဟာ အရမ်းကို ကွာခြားသွားပြီ။ သူက စိတ်မကောင်းဖြစ် ဒေါသဖြစ်ပြီး၊ သူ့ကိုယ်သူလည်း အပြစ်တင်တယ်။ ငါ မှာထားတယ် ဘယ်လိုသုံးရတယ်ဆိုတာ ငါ စာရွက်လေးတောင်ထုတ်ပြီး အိမ်သာတွေ ရေချိုးခန်းတွေမှာ ကပ်ထားပေးသေးတာတဲ့။ ဒီတော့ ကျမက သူ့အကြည်ဓာတ်လေး မပျောက်မပျက်ဖို့ သတိပေးရတယ်။

ကိုယ်လုပ်ပေးတာ ကိုယ့်စေတနာ ကိုယ့်မေတ္တာ။ ဒါတွေဟာ ကိုယ့်စိတ်မှာ အကြည်ဓာတ်လေးရော ကုသိုလ်လေးရော ကိန်းအောင်းပြီးသား။ လောကမှာ ထိုကိတန်တယ်ဆိုတဲ့ စကားရှိတယ်။ ကိုယ်ကထိုက်အောင်နေမှ တန်ဖိုးကရှိတာပါ။ ကိုယ်က တစ်ရာနဲ့တန်အောင်နေရင် တစ်ရာဖိုး တန်ဖိုးရှိသူ၊ တစ်ထောင်၊ တစ်သိန်း စသဖြင့် ကိုယ့်ရဲ့ manner တွေဟာ ကိုယ့်ကို မြှင့်တင်ပေးသွားတာပါပဲ။ ကျမသူငယ်ချင်းက သူ့ငယ်ဘဝဟာ ဆင်းရဲတယ် ကျမ ငယ်ငယ်က အဖွားက မုန့်လေးတွေထည့်ပေးရင် သူ့ဖို့အမြဲပိုထည့်ပေးတယ်။ သူက စားပြီးရင် အခွံလေးတွေကို အမှိုက်ပုံးထဲ အမြဲထည့်တယ်။ ကျမတို့အိမ်လာရင် သူက ငေးမောနေပြီး အဖွားကိုလည်း တအားချစ်တာ။ သူအသက်ကြီးလာရင် အဖွားလိုပဲ ချမ်းသာအောင်နေမှာလို့ အမြဲပြောတတ်တယ်၊ အဖွားကလည်း ငါ့မြေးက အဖွားထက်တောင် ချမ်းသာအုံးမှာလို့ သူ့ကိုပြန်ပြောတတ်တယ်။ သူ ဆယ်တန်းအောင်ပြီးတော့ သူ့အဖေအလုပ်တွေအဆင်ပြေလာလို့ သူလည်းစပြီး ပြည့်စုံလာတယ်။ သူလည်း ကြိုးစားတော့ မိသားစုအဆင်ပြေလာတယ်။ ဒါကြောင့် နိမ့်ပါးသူတွေဆို သူက ကူညီတတ်တယ်။ အဲဒါကြောင့်လည်း သူ့ရဲ့အကြည်ဓာတ်လေးနဲ့ ကောင်းကောင်းမွန်မွန် အလုပ်သမားတွေအတွက် လုပ်ပေးတာ။ ဒီစိတ်စေတနာကောင်းလေးကို စည်းကမ်းမသိသူတွေအတွက် အပျက်မခံတာ အကောင်းဆုံးပါပဲ။ ကျမတို့ ဟာသပြောရရင် နတ်ပြည်တင်ပေးတာ ဖျင်အေးလို့ ခုန်ချတယ်ဆိုတဲ့စကား၊ မွဲချင်တဲ့ခွေး ပြာပုံတိုးဆိုတဲ့ စကားလိုပါပဲ။ အကောင်းနဲ့မထိုက်တန်ရင် အစုတ်နဲ့နေရတာ ကိုယ့်ရွေးချယ်မှုပါပဲ။ ဒါကြောင့် .. ကိုယ်တိုင်ကလည်း ထိုက်တနိမှ နေခွင့်ရတာ။ ပေးတဲ့သူကလည်း စေတနာ မေတ္တာနဲ့ ပေးပြီးသွားရင် မတန်မှန်းသိတဲ့အခါ သူ့ထိုက်သူ့ကံလို့ တွေးနိုင်ခါမှ စိတ်အကြည်ဓာတ်မပျက်မှာပါ။

တကယ်တော့ … စည်းကမ်းမရှိရင် အကြည်ဓာတ်ရှိဖို့က ခက်ပါတယ်။ စည်းကမ်းမရှိရင် သူတစ်ပါးကိုအကြည်ဓာတ် ဖျက်ဖို့ရာ လွယ်ပါတယ်။ အားလုံးပဲ မိမိကိုယ်ကိုရော သူတစ်ပါးကိုရော နှောင့်ယှက်ဖျက်ဆီးခြင်းမှ ကင်းဝေးပြီး၊ အကောင်းနဲ့တန်သူများ ဖြစ်ကြပါစေ ♥️✨🧜🏻‍♀️

Witchy Candy 🍭

ကိုကျော့်အတွက် ဦးထုပ်ဝယ်ပေးချင်လို့ပါ .. Nike နဲ့ Adidas ဘယ်ဟာကောင်းလဲရှင် 🥹 ပုံ- cat, cafe & chaos
06/12/2025

ကိုကျော့်အတွက် ဦးထုပ်ဝယ်ပေးချင်လို့ပါ .. Nike နဲ့ Adidas ဘယ်ဟာကောင်းလဲရှင် 🥹

ပုံ- cat, cafe & chaos

မတူဘူးလား 😂😂😂
06/12/2025

မတူဘူးလား 😂😂😂

ချစ်ရတဲ့သူတွေအားလုံး ရေလိုအေးလို့၊ ပန်းလိုချမ်းမြေ့ပါစေ ♥️✨ပန်းလေးတွေထည့်တဲ့ ရေထဲကို သကြားလေးနည်းနည်းထည့်ပေးရင် ပန်းလေးတ...
06/12/2025

ချစ်ရတဲ့သူတွေအားလုံး ရေလိုအေးလို့၊ ပန်းလိုချမ်းမြေ့ပါစေ ♥️✨ပန်းလေးတွေထည့်တဲ့ ရေထဲကို သကြားလေးနည်းနည်းထည့်ပေးရင် ပန်းလေးတွေ မြန်မြန်မနွမ်းပါဘူးရှင် 🥰🧜🏻‍♀️

06/12/2025

ကျမအမျိုးသားကို ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံတတ်ဖို့ ကျမ ပြောပြဖြစ်တယ်။ သူက စာအုပ်ကိုင်ဖတ်တာ နည်းတယ်၊ အများအားဖြင့် ရုပ်ရှင်တွေပဲကြည့်တာမို့ .. အရည်မရအဖတ်မရ ထိုးကြိတ်နေတဲ့ဇာတ်ကားတွေအစား၊ ဒိုင်ယာလော့ခ်ကောင်းတာလေးတွေ၊ inspired ဖြစ်စရာလေးတွေ အတူတူရွေးကြည့်ပေးဖြစ်တယ်။ သူ့ကို စာအုပ်ဖတ်ဖို့အတင်းတိုက်တွန်းရင် ကျမတို့စကားများနိုင်တော့၊ သူဝါသနာပါတဲ့အရာပေါ်ပဲ အခြေခံပြီး ခေါ်ရတာပေါ့။

အိမ်ထောင်ရေးဟာ တကယ်တော့ စွန့်စားခန်းတွေပြည့်နေသလိုပါပဲ။ သူစိမ်းတစ်ယောက် ကိုယ့်လက်ထဲရောက်လာတာ၊ အတင်းကိုယ့်ပုံစံထဲ ဇွတ်သွင်းဖို့ မလုပ်သင့်သလို၊ သူ့ပုံစံထဲလည်း ကိုယ်က ခေါင်းငုံ့တိုးဝင်စရာမလိုဘူးလို့ ကျမကတော့ ယူဆပါတယ်။ အရင်က သူသူငါငါရှိခဲ့တဲ့ တလွဲမာနတွေ၊ အကျင့်ဟောင်းတွေ၊ မိသားစုဆီကပေးလိုက်တဲ့ ပျော့ညံ့ခြင်း/မာကျောခြင်းတွေ၊ အစွဲတွေကို .. အိမ်ထောင်ရယ်လို့ မိသားစုအသစ်ဖြစ်လာရင် အကုန်ခဝါချပြီး ညှိယူကြရတော့တာပါပဲ။ ကျမက RS coach မဟုတ်တဲ့အတွက် ဘဝထဲမှာရှိတဲ့ ဖြစ်တတ်တဲ့သဘောလေးဆွေကို အခြေခံပြီး ပြောပြရုံပါ။ အိမ်ထောင်တွေမှာ ဘာကြောင့် စိတ်ဆင်းရဲကြရလဲဆို တအိုးတအိမ် တမိသားရယ်လို့ ခံယူဖို့မကြိုးစားဘဲ အစွဲဟောင်းတွေနဲ့ တည်ဆောက်ကြလို့ပါပဲ။ ကျမက စိတ်ထဲသိမ်းမထားတတ်သူဖြစ်တာကြောင့် အလွန်ပွင့်လင်းစွာ ပြောတတ်ပေမဲ့၊ သူက မြုံစိစိရယ်ပါ။ စိတ်ထဲမှာ သူတွေးတဲ့အတိုင်းပဲ ဘာမှမပြောမဆို လုပ်တတ်တဲ့အကျင့်ကြောင့်၊ ကျမက ဒီလိုလုပ်တာဟာ မိသားစုမှာ မရှိသင့်ကြောင်း ပြောပြရပါတယ်၊ သူလည်းလက်ခံပါတယ်။

စကားပြန်ဆက်ရရင် အာဟာရပြည့်ဝအောင် စားတာ၊ နေတာ၊ အိပ်တာဟာ ဒီခန္ဓာကိုယ်ကို ရင်းနှီးမြှုပ်နှံတာပါပဲ။ ကျမက အရမ်းကြိုးစားသူဖြစ်တာကို သူမြင်ပါတယ်။ ကျမ သူနဲ့စတွေ့တော့ ကျန်းမာရေးအလွန်ညံ့ပါတယ်။ ဒါပေမဲ့ ကျမ သူ့ကိုရော ကိုယ့်ကိုယ်ကိုရော ကျန်းမာလာစေရမယ်လို့ ကတိပေးထားပြီး၊ ရအောင် ရုန်းပါတယ်။ Gym bag ထဲ လိုတာတွေအပြည့်ထည့်ပြီး သွားနေတဲ့ကျမက လှပဖို့ထက်၊ ကျန်းမာဖို့ လုပ်နေတာပါ။ အချို၊ အငန်၊ အဆီ အကုန်လုံး ကျမ လိုတာထက် ပိုမစားပါဘူး။ အလှအပပစ္စည်းတွေချည်းမှာ ရင်းနှီးမြှုပ်နှံတာထက်၊ ဦးနှောက်နဲ့ နှလုံးသားကို ဖွံ့ဖြိုးစေတဲ့ စာဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ အပင်စိုက်တာ၊ အလှူဒါနတိတ်တိတ်လေး လုပ်တာ၊ တိလေးတွေကို ကြင်နာတာ၊ အလုပ်ကို အာရုံစိုက်တာ ဒါတွေဟာ ဒီဘဝအတွက် ကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံခြင်းတွေပါပဲ။ သူ့ကိုလည်း အမြဲပြောပြဖြစ်တာက ကျမအခုလိုနေတာဟာ ကိုယ့်ကိုယ်ကိုလည်း ချစ်တာဖြစ်သလို၊ သူ့ကိုချစ်လို့ သူနဲ့ကြာရှည် စိတ်အေးချမ်းစွာပေါင်းဖက်နိုင်ဖို့ ကြိုးစားနေတာပါ ဆိုတာပါပဲ။

အိမ်ထောင်ရေးဟန်ချက်မှာ ကိုယ့်ဘက်ကအရင်ညီရင် သူ့ဘက်ကို ညှိရတာ သိသာထင်ရှားပါတယ်။ အတွေးမှန် အလုပ်မှန်နေတဲ့လူတစ်ယောက်အနားမှာ တကယ်ချစ်တဲ့သူတွေဟာ သူတို့ဟန်ချက်ကိုလည်း ညီအောင် သူ့အလိုလို လိုက်ညှိကြစမြဲပါ။ ကိုယ်က ဟန်ချက်ညီစေပါလျှက် သေးသေးလေးတောင်မှ လိုက်မညှိနိုင်ခဲ့ရင်၊ ဒါဟာ ကိုယ့်ကိစ္စမဟုတ်တော့ပါဘူး။ အတူရှိပြီး တစ်ယောက်တည်းပင်ပန်းနေရတဲ့နေ့ရက်တွေကို မလိုချင်ရင် ကိုယ့်ကိုယ်ကို အကောင်းဆုံးရင်းနှီးမြှုပိနှံရင်း နမူနာပြရတာပါပဲ။ အိမ်ထောင်ရေးဟာ တစ်ကိုယ်တည်းဘဝက အကျင့်တွေနဲ့ အလုပ်မဖြစ်တာများပါတယ်။ ကိုယ်စီကိုယ်ငှ အသစ်ဖြစ်လာတဲ့မိသားစုဘဝမှာ မိမိကိုယ်ကိုထိန်းသိမ်းရင်း၊ တပါးသူကို အေးချမ်းစေကြသော အေးချမ်းကြည်လင်တဲ့ အိမ်ထောင်ဖက်များ ဖြစ်ကြပါစေ 🤍✨🧜🏻‍♀️

Witchy Candy 🍭

စိတ်သ-တ်သမားရှိတဲ့အိမ်က မိသားစုဝင်တွေဟာ မျက်နှာလေးတွေ မှိုင်ပြီး၊ စိတ်လေးတွေလည်း ေ သတတ်ကြတယ်။ ရုန်းထွက်လွတ်မြောက်နိုင်ကြ...
06/12/2025

စိတ်သ-တ်သမားရှိတဲ့အိမ်က မိသားစုဝင်တွေဟာ မျက်နှာလေးတွေ မှိုင်ပြီး၊ စိတ်လေးတွေလည်း ေ သတတ်ကြတယ်။ ရုန်းထွက်လွတ်မြောက်နိုင်ကြပါစေ 🤍✨

စိတ်သ-တ်သမားရှိတဲ့အိမ်ဟာ ကြောက်စရာအကောင်းဆုံးပါ။ မိသားစုတစ်စုမှာ သားသမီးရဲ့စိတ်ကို မသေသေအောင် ညှင်းဆဲတဲ့မိဘရှိရင်၊ သားသမီးဟာ ခန္ဓာကပဲ ရှင်သန်ပြီး၊ စိတ်က အညွန့်တက်ဖို့မလွယ်တော့ဘူး။ မိဘကို စိတ်သေအောင် ညှင်းဆဲတတ်တဲ့ သားသမီးရှိရင် မိဘဟာ သက်တမ်းစေ့နေရရင်တောင် ဘဝကိုစိတ်နှလုံးအေးချမ်းစွာ ကူးပြောင်းခွင့်မရကြပါဘူး။

စိတ်သ-တ်သမားတွေရဲ့ လက္ခဏာက အမြဲတစေ အလိုမကျ၊ တခြားအရာတွေနဲ့ပဲ နှိုင်းယှဉ်တွေးတတ်တယ်။ ကိုယ့်သားသမီးကို bully လုပ်တဲ့မိဘမျိုး တကယ်ရှိပါတယ်။ နင့်အဖေဘက်က အမျိုးတွေနဲ့ ရုပ်တူလို့ မချစ်ဘူးတို့၊ ဘယ်သူ့သမီးလောက်တောင် နင့်ရုပ်က မလှဘူးတို့၊ ဘယ်သူ့ကလေးက ဖြူဖြူချောချောလေး ငါ့ကလေးနဲ့များကွာပါ့တို့၊ စသဖြင့် ရုပ်ရည် အရည်အချင်း ဖြစ်တည်မှုတွေကို bully လုပ်တာ။ တချို့ကျ မသိချင်ယောင်ဆောင်တာ၊ တော်ရဲ့သားနဲ့ ချီးမွမ်းရင် ကန်းတက်မယ်ဆိုပြီး နာအောင်ပြောတာ၊ တမင်နှိမ်ထားမှ တော်ကာကျမယ်လို့တွေးတာ။ သားသမီးကို ဖက်လှဲတကင်းမနေဘဲ၊ အားတိုင်း စိတ်ဆင်းရဲစေမယ့် စကားလုံးတွေ ရွေးပြောတာ။ သားသမီးတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ၊ တခြားမိဘတွေနဲ့ နှိုင်းပြီး ကိုယ့်မိဘကို အမြဲရန်လိုပြောဆိုတာ၊ မိဘကို ဒါလေးတောင်နားမလည်ရကောင်းလားဆိုတာမျိုး၊ ဥပမာ ကျမ အဖေဆို ဧဓား-ပြတိုက်တာ အမေကို။ မေမေ သားက ဘာဖြစ်လို့ ညာဖြစ်လို့နဲ့ စိတ်မချမ်းသာအောင်အမျိုးမျိုး လှည့်ပတ်တောင်း၊ မရရင် ကြိမ်းမောင်းသေးတာ။ အမေဆီက မသေမချင်းကို သဲ့ယူတာ အမေအိုကြီးခမျာ လည်ပင်းက ရွှေဆွဲကြိုး နားကစိန်နားကပ်မကျန် တောင်းပြီး၊ ဒီနေ့ရ နောက်နေ့ အငယ်အနှောင်းဆီ တန်းဆင်တော့တာတွေ။ အဖွားအတွက်တော့ အဖေဟာ စိတ်သ-တ်သမား သားသမီး၊ ကျမတို့အတွက်တော့ အဖေဟာ စိတ်သ-တ်သမား ဖခင်တစ်ဦး။

ကျမတို့ငယ်ငယ်က လူရှေ့သိပ်မထွက်ရဲဘူး နင့်အဖေယူတာ ဒါဘယ်နှယောက်မြောက်တုန်းလို့ မေးခံရတာရှက်လို့။ ပြီးခါကျ ငါတို့အဖေက မယားတွေအများကြီးနဲ့ဆိုတဲ့ရှက်စိတ်၊ အဲ့အပြင် အဖေက ကျမကိုဆို သူ့လို အင်ဂျင်နီယာမဖြစ်ခဲ့လို့ အမြဲတမ်းနှိမ်ချိုးပြောဆိုတာ။ ထစ်ကနဲရှိ ကြုံရာလူနဲ့လင်ပေးစားဖို့ အမြဲချောင်းနေပြီး၊ သမီးလေးတွေမွေးထားတာကို တန်ဖိုးထားမခံရတာ၊ ကိုယ့်ဘဝကို ကိုယ်တိုင်ကာကွယ်စောင့်ရှောက်ရင်း ကျန်းမာရေးချို့တဲ့စွာနဲ့ ကြီးပြင်းခဲ့ရတာ။ အရာရာဟာ .. တွေးကြည့်ရင် ကြောက်ရွံ့ထိတ်လန့်ဖို့ကောင်းပြီး၊ အသက်မသေပေမဲ့ စိတ်ဆွေကို သေလုမျောပါး သ-တ်ခံရတာကနေ ပြန်ရှင်သန်ဖို့ ရုန်းကန်ခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။ ဒါကြောငိ့ .. ကျမ ရည်ရွယ်ချက်က ကျမ နောက်ဆုံးအချိန်အထိ လက်တကမ်းစာ မှီသမျှ စိတ်သ-တ်သမားတွေရဲ့ ဒဏ်ကို ခံနေရသူတွေကို လွတ်မြောက်ဖို့ ကျမ ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာ မျှဝေပြီး ဖီးနစ်ငှက်တွေလို မီးပုံထဲကနေ ရှင်သန်တောက်ပဖို့ ကူညီချင်တာပါပဲ။

အကယ်လို့ ကိုယ့်မိသားစုဝင်ထဲမှာ စိတ်သ-တ်သမားတစ်ယောက်ရှိနေရင်၊ အားတင်းထားပါ။ ကံကြမ္မာဆိုတာ တစ်သတ်မှတ်တည်းမသွားသလို၊ ကိုယ်နဲ့သူ လုံးဝမတူတဲ့ energy တွေရှိနေပြီဆို တစ်ချိန်ချိန်မှာ ဝေးကွာသွားရမှာပါပဲ။ အဓိကက အဲဒီ့စိတ်ဒဏ်ရာတွေကို ထွေးပိုက်မထားဖို့ပါ။ လွှတ်ချပါ၊ အကုန်စိတ်ထဲက ရှင်းလင်းပါ။ အဖြစ်အပျက်တွေကို ပြန်ပြောပြဖို့ပဲ မှတ်ထားပါ၊ ဒဏ်ရာရဖို့ မသယ်ဆောင်ထားပါနဲ့။ သေချာဆင်ခြင်တွေးတောတတ်လာရင် ကျမပြောတာကို သဘောပေါက်လာပါလိမ့်မယ်။ စိတ်တံခါးကို အကြည်ဓာတ်တွေပဲ ဝင်ခွင့်ပြုပါ။ လူ့ဘဝက တိုပါတယ်၊ တန်အောင်နေဖို့ တာဝန်က ကိုယ့်လက်ထဲမှာပါ။

အားလုံးပဲ စိတ်အနာတရကင်းစင်သော နေ့ရက်တိုင်းမှာ ပျော်ရွှင်နိုင်ကြပါစေ ♥️✨🧜🏻‍♀️

Witchy Candy 🍭

Photo - Kyaw Zay Ya

ที่อยู่

Bangkok

เบอร์โทรศัพท์

+66951373686

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Witchy Candyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์