Media River news and media

🚨 ရန်ကုန်အနီး ၄ ရက်အတွင်း ငလျင် ၂ ကြိမ်လှုပ်၊ မြို့ခံများ စိုးရိမ်ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်မှာ ငလျင်တွေ ဆက်တိုက်လှုပ်...
14/06/2026

🚨 ရန်ကုန်အနီး ၄ ရက်အတွင်း ငလျင် ၂ ကြိမ်လှုပ်၊ မြို့ခံများ စိုးရိမ်
ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်မှာ ငလျင်တွေ ဆက်တိုက်လှုပ်ခတ်နေလို့ ဒေသခံတွေကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။

📍 ယနေ့ငလျင်အခြေအနေ (ဇွန် ၁၄)
အချိန်: ညနေ ၅ နာရီ ၉ မိနစ်ခန့်
ပမာဏ: ရစ်ခ်တာစကေး ၄.၁ အဆင့်
ဗဟိုချက်: သန်လျင်မြို့နယ်၊ ပဲခူးမြစ်အနီးရှိ ရွာသစ်ကုန်းကျေးရွာ (မြေအောက်အနက် ၁၀ ကီလိုမီတာ)
ခံစားရမှု: လမ်းမတော်မြို့နယ် အပါအဝင် ရန်ကုန်မြို့ခံအချို့ ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရပါတယ်။

🕒 ၄ ရက်အတွင်း ဒုတိယအကြိမ်မြောက်
ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်ကလည်း တွံတေးမြို့အနီးကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၀ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသေးတယ်။ မေလနဲ့ ဇွန်လအတွင်း ရန်ကုန်မှာ ငလျင်တွေ မကြာခဏ လှုပ်ရှားနေတာ ဖြစ်ပါတယ်။

⚠️ ပညာရှင်များ၏ သတိပေးချက်
ရန်ကုန်မြို့ဟာ ဒေးဒရဲပြတ်ရွေ့၊ ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့များနှင့် ထိုးစိုက်ဇုန်များကြောင့် ငလျင်လှုပ်နိုင်ခြေ ရှိသလို၊ ပဲခူးအနီးက စစ်ကိုင်းပြတ်ရွေ့တောင်ဘက်စွန်း လှုပ်ရှားရင်လည်း ရန်ကုန်မှာ ပြင်းထန်တဲ့ သက်ရောက်မှု ရှိနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

ရန်ကုန်တွင် အမျိုးသမီးတစ်ဦး လမ်းခရီး၌ ပေါ်တာဆွဲခံရပြီး ကလောစစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံရ...(အမျိုးသမီးတွေပါ ပေါ်တာအ...
14/06/2026

ရန်ကုန်တွင် အမျိုးသမီးတစ်ဦး လမ်းခရီး၌ ပေါ်တာဆွဲခံရပြီး ကလောစစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံရ...
(အမျိုးသမီးတွေပါ ပေါ်တာအဆွဲခံနေရပြီ)
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် အလုပ်သွားသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး လမ်းခရီး၌ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ရှမ်းပြည်နယ်၊ ကလောမြို့ရှိ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံထားရကြောင်း သိရသည်။

ဖြစ်စဉ်အကျဉ်း: ဒဂုံမြောက် ၃၈ ရပ်ကွက်တွင် နေထိုင်သည့် မစောယဉ်ထွေးသည် ပြီးခဲ့သည့် မေလ ၂၁ ရက်က အလုပ်သွားစဉ် လမ်းခရီး၌ ဖမ်းဆီးခံခဲ့ရပြီး အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

လက်ရှိအခြေအနေ: မိသားစုက ဖုန်းဖြင့် လိုက်လံစုံစမ်းရာတွင် ကလောမြို့အခြေစိုက် အမှတ် (၈) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မန်ကတ်) တွင် စစ်သင်တန်း အတင်းအကျပ် တက်ရောက်နေရကြောင်း သိရှိရသည်။

မိခင်ဖြစ်သူ၏ တင်ပြချက်: မစောယဉ်ထွေးသည် မိဘနှစ်ပါးကို လုပ်ကျွေးနေသည့် တစ်ဦးတည်းသောသမီးဖြစ်ပြီး ၎င်းတို့ရပ်ကွက်တွင် စစ်မှုထမ်းရန် အလှည့် လုံးဝမကျသေးပါ။ ထို့ကြောင့် စစ်မှုထမ်းရမည့်ကိစ္စကို ယာယီရွှေ့ဆိုင်းပေးရန် မိခင်ဖြစ်သူ ဒေါ်လှရင်က နေပြည်တော်ရှိ စစ်ကော်မရှင် ဥက္ကဋ္ဌထံ အသနားခံစာ ပေးပို့ထားသည်။

မြေပြင်စစ်ရေးလေ့လာသူများကမူ ယခုဖြစ်စဉ်သည် အမျိုးသမီးများကို စစ်မှုထမ်းမခေါ်သေးဟူသော ထုတ်ပြန်ချက်နှင့် ဆန့်ကျင်နေပြီး စစ်ကော်မရှင်၏ စစ်အင်အားလိုအပ်ချက် အကျပ်အတည်း မည်မျှကြီးမားနေသည်ကို ပြသနေကြောင်း သုံးသပ်ကြသည်။

မြောက်ဒဂုံက ၁၃ နှစ်အရွယ် ကျောင်းသားလေးရဲ့ မိခင်ကိုယ်တိုင်ရေးတဲ့စာလေး...😭 "မေမေ ဘယ်တော့မှ မခွင့်လွှတ်နိုင်ဘူး သားရယ်..."အ...
14/06/2026

မြောက်ဒဂုံက ၁၃ နှစ်အရွယ် ကျောင်းသားလေးရဲ့ မိခင်ကိုယ်တိုင်ရေးတဲ့စာလေး...
😭 "မေမေ ဘယ်တော့မှ မခွင့်လွှတ်နိုင်ဘူး သားရယ်..."
အပေါင်းအသင်းတွေကို အရမ်းချစ်တတ်တဲ့ သားလေး...
ကိုယ်စားမယ့် အစားအသောက်တောင် သူငယ်ချင်းတွေကို မျှဝေကျွေးမွေးတတ်တဲ့ သားလေး...
ဒါပေမယ့် သားရေကန်ထဲ နစ်နေချိန်မှာတော့ သားကို ကယ်တင်ဖို့ ဘယ်သူမှ မကြိုးစားခဲ့ကြဘူး။ အနီးအနားမှာ ရေကန်နဲ့နီးတဲ့ အိမ်တွေ အများကြီးရှိနေတာတောင် အကူအညီမတောင်းခဲ့ကြဘူး။ အဲဒီအပြင် အေးအေးဆေးဆေး အိမ်ပြန်သွားပြီး သားကို လာမေးတဲ့ အဒေါ်ကိုတောင် "မသိဘူး၊ မတွေ့ဘူး" ဆိုပြီး လိမ်ညာပြောဆိုခဲ့ကြတယ်။
အဲဒီလိုလုပ်ခဲ့တဲ့ သားသူငယ်ချင်းတွေကို သားခွင့်လွှတ်နိုင်ရဲ့လား... မေမေတော့ မခွင့်လွှတ်နိုင်ဘူး သားရယ်... 😭😭😭
ပိုပြီး ရင်နာရတာက စခန်းမှူးအစ ဆရာဝန်အဆုံး သားအတွက် "ရေနစ်tayဆုံးရတယ်" ဆိုတာအပြင် မေမေတို့ ပိုပြီး မသိမြင်ခဲ့ရဘူး သားရယ်။ မိခင်တစ်ယောက်အနေနဲ့ ရင်တွေ နာလွန်းလို့ မခံနိုင်တော့ဘူး။ 😭😭😭
မေမေ ပြည်ပထွက်လာတုန်းက သားလေးက ငယ်ငယ်လေးပဲ ရှိသေးတာ။ အဲဒါကြောင့် သားအရပ်ရှည်လာတာ၊ လူကောင်ထွားလာတာကို အရမ်းမြင်ချင်ခဲ့တာ။ Video Call ပြောတိုင်း "သား အရပ်ရှည်လာပြီလား" လို့ အမြဲမေးဖြစ်တယ်။ သားအသံလေး လူကြီးသံပြောင်းလာတာကို ကြားရတိုင်း "ငါ့သား လူပျိုကြီးဖြစ်တော့မှာပဲ" ဆိုပြီး မေမေ ပျော်ရွှင်ခဲ့ရတယ်။
ဒါပေမယ့် အဲဒီမျှော်လင့်ချက်တွေ အားလုံးကို ရက်ရက်စက်စက် ရို_က်ချို_းပစ်လိုက်ကြတယ်။ သားကို ဥပက္ခာပြုပြီး tayဆုံးသွားအောင် ထားခဲ့ကြတယ်လို့ မေမေ ခံစားရတယ်။ အမှန်တရားကိုလည်း လိ_မ်ညာဖုံးကွယ်ခဲ့ကြတယ်။ 😭😭😭
အခုတော့ မေမေ့သားလေးရဲ့ ကိုယ်ငွေ့သင်းသင်းလေးတောင် မရှူရှို_က်လိုက်ရဘူး။ သားရဲ့ အရပ်အမောင်းကို ခေါင်းမော့ပြီး မကြည့်လိုက်ရဘူး။ သားကို အားရပါးရ ပွေ့ဖက်ခွင့်တောင် မရလိုက်ဘူး။ မေမေ့ကို ထားသွားရက်တယ်နော် သားရယ်... 😭😭😭
မေမေ အခုထိ မဖြေနိုင်သေးဘူး။ မေမေ အားရအောင် ငိုပါရစေ သားရယ်... 😭😭😭
အမေ့သားရေ...
အမေ့သား ကြီးပြင်းလာတာကိုလည်း မမြင်လိုက်ရတော့ဘူး။ အမေ့သားရဲ့ လူကြီးအသံကြီးကိုလည်း နားထောင်ခွင့် မရှိတော့ဘူး။ 😭😭😭
"တူးတူး" လို့ခေါ်ပြီး အမေပြန်လာရင် ပြေးဖက်တတ်တဲ့ သားလေး မရှိတော့ဘူး။ အမေ့ရင်ထဲမှာတော့ ဒီနာကျင်မှုက ဘယ်တော့မှ မပျောက်နိုင်တော့ဘူး ထင်ပါတယ်။
💔 (မောင်မင်းခန့်ကျော်ရဲ့ မိခင်အရင်းကိုယ်တိုင် ရေးသားထားတဲ့ စာလေးကို ဖတ်ရတာ ရင်ထဲတကယ် စို့နင့်တုန်လှုပ်မိရပါတယ်...)

🛑 ဆရာမကို TikTok ပေါ် အရှက်ခွဲသည့် ကျောင်းသားများနှင့် ဖုံးကွယ်ပေးထားသည့် ကျောင်းအုပ်ကြီး...ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်...
14/06/2026

🛑 ဆရာမကို TikTok ပေါ် အရှက်ခွဲသည့် ကျောင်းသားများနှင့် ဖုံးကွယ်ပေးထားသည့် ကျောင်းအုပ်ကြီး...
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ကျေးရွာ အထက်တန်းကျောင်းမှာ လူမှုရေးအရ စက်ဆုပ်ရွံရှာဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်အကျဉ်း
ကျောင်းသားများ၏ လုပ်ရပ်: အဆိုပါကျောင်းက အလယ်တန်းပြ ဆရာမလေးတစ်ဦးရဲ့ ဓာတ်ပုံကို ကျောင်းသား (၃) ဦးက ညစ်ညမ်းစာသားများ၊ မဖွယ်မရာ စကားလုံးများ သုံးနှုန်းပြီး TikTok ပေါ်တင်ကာ အရှက်ခွဲခဲ့ကြပါတယ်။

ကျောင်းအုပ်ကြီး၏ တုံ့ပြန်မှု: ကာယကံရှင် ဆရာမလေးက သိရှိပြီး ကျောင်းအုပ်ကြီးထံ တိုင်ကြားခဲ့သော်လည်း၊ ကျောင်းအုပ်ကြီးသည် ကျောင်းသားမိဘများနှင့် မကင်းရာမကင်းကြောင်း ရှိသဖြင့် ဘာအရေးယူမှုမှ မလုပ်ဘဲ ကိစ္စကို ဖုံးကွယ်ရန် ကြိုးစားခဲ့ပါတယ်။

နောက်ဆုံးအခြေအနေ: ဆရာမလေးသည် ဂုဏ်သိက္ခာ ထိခိုက်နစ်နာမှုကို မခံမရပ်နိုင်ဖြစ်ပြီး ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားလိုက်ပြီဖြစ်ကြောင်း သိရသည်။

အများပြည်သူ သဘောထားနှင့် တောင်းဆိုချက်:
"ဆရာသမားဆိုတာ အမိအဖသဖွယ် ရိုသေရမယ့်သူတွေပါ။" ကိုယ့်ကို ပညာသင်ပေးတဲ့ ဆရာမကို နည်းပညာသုံးပြီး ယုတ်ညံ့စွာ အရှက်ခွဲခဲ့တဲ့ ကျောင်းသားတွေကိုရော၊ တရားမျှတမှုကို မျက်ကွယ်ပြုပြီး အမှားကို ဖုံးကွယ်ပေးခဲ့တဲ့ ကျောင်းအုပ်ကြီးကိုပါ ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးဖို့ လူထုက တောင်းဆိုနေကြပြီး ဆရာမလေးအတွက် တရားမျှတမှု အမြန်ဆုံး ရရှိပါစေကြောင်း ဆန္ဒပြုနေကြပါတယ်။

#မြန်မာ့ပညာရေး #တရားမျှတမှု #ဟိုင်းကြီးကျွန်း

" သားသမီး ငွေ ဘယ်လောက်ရှိရှိ 🌿အလိုက်သိမှ မိဘ စားရတာပါ "___________________________သားသမီး မကြွယ်ဝလည်းသိတတ်ရင် မိဘ စိတ်ချ...
13/06/2026

" သားသမီး ငွေ ဘယ်လောက်ရှိရှိ 🌿
အလိုက်သိမှ မိဘ စားရတာပါ "
___________________________

သားသမီး မကြွယ်ဝလည်း
သိတတ်ရင် မိဘ စိတ်ချမ်းသာရတတ်ပါတယ်

သားသမီး ပညာဘယ်လောက်တတ်တတ်
ရိုသေတတ်မှ မိဘအပေါ် ဂါရဝရှိတာပါ

သားသမီး ပညာမတတ်လည်း
ဂါရဝရှိရင် ရိုသေရမှန်း သိပါတယ်

အများအမြင်မှာ
သားသမီး ကောင်းစားနေတာမြင်ရင်
သူ့မိဘ အဆင်ပြေတယ် မထင်သင့်သလို
အဆင်မပြေတဲ့ သားသမီးမြင်တိုင်း
သူ့တို့မိဘတွေ ဒုက္ခရောက်မယ် မထင်ပါနဲ့

အဓိကက
ဂါရဝရှိ အလိုက်သိရင်
မပြည့်စုံရင်နေပါ
ဘယ်မိဘမှ စိတ်ဆင်းရဲရမည် မဟုတ်ပါ …။

( လွတ်လပ်စွာ ရှယ် သွားလို့ရပါတယ် )
#စာပေ #ဗဟုသုတ

ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခံရမှု ဖြစ်ပွား...(ဘယ်လိုတွေတောင်လဲကွယ်)​ဘန်ကောက်မြို့၊ ရ...
12/06/2026

ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခံရမှု ဖြစ်ပွား...(ဘယ်လိုတွေတောင်လဲကွယ်)
​ဘန်ကောက်မြို့၊ ရာချ်ထေ့ဝီ (Ratchathewi) မြို့နယ်တွင် မြန်မာအမျိုးသမီးတစ်ဦး အပိုင်းပိုင်းခုတ်ထစ်ခံရပြီး ဦးခေါင်းပျောက်ဆုံးနေသည့် စိတ်မကောင်းဖွယ် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
​📌 ဖြစ်စဉ်အကျဉ်း
​သေဆုံးသူအချက်အလက်: မအေးအေးနွယ် (Aye Aye Nwe)၊ အသက် (၃၄) နှစ်။
​တွေ့ရှိပုံစံ: ခန္ဓာကိုယ်အစိတ်အပိုင်းများကို အပိုင်းပိုင်းခုတ်ထစ်ကာ ပလပ်စတစ်ပုံးတစ်ခုအတွင်း သိပ်ထည့်ထားပြီး ဦးခေါင်းပိုင်းကိုမူ ရှာမတွေ့သေးပေ။
​ရဲတပ်ဖွဲ့ စုံစမ်းချက်: ဇွန်လ ၁၂ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် ဖရာထိုင် (Phaya Thai) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာသို့ ရောက်ရှိစစ်ဆေးခဲ့သည်။
​🔍 သံသယရှိသူ နောက်ဆက်တွဲအခြေအနေ
​ပတ်ဝန်းကျင်၏ ပြောပြချက်အရ သေဆုံးသူ မအေးအေးနွယ်နှင့် အတူနေထိုင်သည့် မြန်မာအမျိုးသားတစ်ဦးရှိပြီး ၎င်းမှာ စားသောက်ဆိုင်တစ်ခုတွင် စားဖိုမှူးအဖြစ် လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါအမျိုးသားမှာ ပျောက်ဆုံးတိမ်းရှောင်နေသဖြင့် ရဲတပ်ဖွဲ့က အနီးကပ် လိုက်လံစုံစမ်းလျက်ရှိသည်။

ဒီနေ့မှာ ကျောင်းစတက်တဲ့ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ သုတေသန ဗုဒ္ဓဝင်ဖြေဆိုမှုဗဟိုပွဲမှာ ပထမဆုရှင်ဖြစ်တဲ့ "မအိမ့်ချစ်သူ" က...
12/06/2026

ဒီနေ့မှာ ကျောင်းစတက်တဲ့ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ သုတေသန ဗုဒ္ဓဝင်ဖြေဆိုမှုဗဟိုပွဲမှာ ပထမဆုရှင်ဖြစ်တဲ့ "မအိမ့်ချစ်သူ" ကို (အထက-၁၀၊ တောင်ကြီး) ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ/ဆရာမတွေ တကျောင်းလုံး ထွက်ပြီး သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ 😍❤️
​တန်ဖိုးရှိတဲ့အရာကို တန်ဖိုးထားတတ်၊ ဂုဏ်ပြုတတ်ကြတာ တောင်ကြီးမြို့ရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုတစ်ခုပါပဲ။ တခြားမြို့တွေမှာသာ ဒီလိုဆုမျိုး ရခဲ့ရင် တောင်ကြီးမြို့လောက် သိုက်သိုက်ဝန်းဝန်းနဲ့ ခမ်းခမ်းနားနား ဂုဏ်ပြုဖြစ်ပါ့မလားလို့တောင် တွေးမိတယ်။
​ကိုယ့်ကျောင်း၊ ကိုယ့်မြို့တင်မကဘဲ တစ်နိုင်ငံလုံးကပါ လေးစားအတုယူရမယ့် စံပြပုံရိပ်လေးမို့ တကယ်ကို ကြည်နူးပီတိဖြစ်ရပါတယ်။ မအိမ့်ချစ်သူလည်း ဒီထက်မက အောင်မြင်မှုတွေ ဆက်လက်ဆွတ်ခူးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🌟👏
​ #မအိမ့်ချစ်သူ #ပထမဆုရှင် #အထက၁၀တောင်ကြီး #တောင်ကြီးမြို့ရဲ့ဂုဏ်ဆောင် #ကြည်နူးစရာမြင်ကွင်း

ခေတ်ကိုက ခြသ်ေ့နားရွက်နား ကပ်နားခွင့်ရရုံနဲ့ကိုယ့်ကိုကိုယ် တောဘုရင် ထင်နေတဲ့ယင်ကောင်တွေ တအားများတဲ့ခေတ်...
12/06/2026

ခေတ်ကိုက
ခြသ်ေ့နားရွက်နား ကပ်နားခွင့်ရရုံနဲ့
ကိုယ့်ကိုကိုယ် တောဘုရင် ထင်နေတဲ့
ယင်ကောင်တွေ တအားများတဲ့ခေတ်...

မြောက်ဒဂုံက ၁၃ နှစ်အရွယ် ကျောင်းသားလေး ဖြစ်စဉ်ရဲ့ နောက်ဆုံးအခြေနေ...နောက်ဆုံးပိုစ့်  ခုပဲရေကန်နားမှာ တရားနာပရိတ်ရွတ်ပြီး...
12/06/2026

မြောက်ဒဂုံက ၁၃ နှစ်အရွယ် ကျောင်းသားလေး ဖြစ်စဉ်ရဲ့ နောက်ဆုံးအခြေနေ...
နောက်ဆုံးပိုစ့်
ခုပဲရေကန်နားမှာ တရားနာပရိတ်ရွတ်ပြီးပြန်ခဲ့တာပါ ရေကန်နားသွားစုံစမ်းဖို့သွားခဲ့တာ ရပ်ကွက်စုပေါင်းတရားနာနေတာနဲ့ဆုံခဲ့ပါတယ် ရေကန်ကိုသေချာကြည့်ခဲ့တာ ရေကန်ပတ်လည်အိမ်​တွေကပ်နေပါတယ်
ကလေးတွေကိုမျက်မြင်ရှိတဲ့အကိုတယောက်နဲ့တွေ့ခဲ့ပါတယ်သူပြောတာတွေအသံဖမ်းခဲ့ပါတယ်ရှင့်
ညနေ ၅နာရီကျော်လောက်မှာကလေး၃ယောက် ကန်ထဲတက်လိုက်ဆင်းလိုက်ရေကစားနေခဲ့တယ်တဲ့သူကသူ့အိမ်ထဲကနေ ရေနွေးကြမ်းသောက်ပြီးအိမ်ရှေ့မှာထိုင်ပြီးကြည့်နေခဲ့တာတဲ့ ရုတ်တရက်မိုးအရမ်းရွာချလာလို့သူလည်းအိမ်ထဲဝင်သွားခဲ့တာတဲ့ မိုးတိတ်ချိန်မှာပြန်ထွက်လာတော့
ကလေးနှယောက်ကကန်ထဲကတက်လာတယ်
တုန်နေတာတဲ့
အဲ့လူကအပြင်ထွက်ပြီးသူတို့နားသွားပြီးနင်တို့ဘာဖြစ်နေတာလဲတုန်နေတာပဲမေးတော့ အရမ်းချမ်းလို့တုန်နေတာလို့ဖြေတယ်တဲ့ဟိုတယောက်ကရောမေးတော့ ချမ်းလို့ပြန်သွားနင့်ပြီလို့လိမ်ဖြေခဲ့တယ်ရှင်သူကနင်တို့တော့သေတော့မှာမိုးတွေနဲ့လို့ပြောပြီးတချက်ဆီရိုက်လိုက်တယ်တဲ့အဲကလေးနှယောက်ကို
အဲအကိုယူကျုံးမရဖြစ်နေပါတယ်မိုးအရမ်းရွာချိန်မှာနစ်သွားခဲ့တာထင်တယ်တဲ့ သူကအိမ်ထဲဝင်သွားတော့မမြင်လိုက်ဖူးတဲ့ သူအိမ်ထဲသာမဝင်ခဲ့ရင်သူသိခဲ့မှာတဲ့သူထွက်လာတော့လည်းရေကငြိမ်နေတော့ လူမြှုပ်နေတာမသိခဲ့ဘူးတဲ့လေ ရင်နာဖို့ကောင်းလိုက်တာ ငါ့တူလေးရယ်
ကျွန်မရင်တွေအရမ်းကွဲနေပါပြီ လုပ်ရက်လိုက်ကြတာ
မျက်မြင်အရဆို ကျွန်မတူလေးကရေကူးရင်းနစ်တာတော့သေချာခဲ့ပါပြီ ဒါပေတိ သူ့သယ်ရင်းတွေအနားကိုကယ်နိုင်သူလူကြီးရောက်လာရဲ့နဲ့ မပြောပြခဲ့ကြတာသိခဲ့ရတော့
ကျွန်မရင်တွေကွဲနေပါပြီရှင် 😭😭😭😭
အမျိုးသမီးရေးရာကအမတယောက်နဲ့လည်းတွေ့ခဲ့ပါတယ်သူကပြောပါတယ်ကိုယ်တွေမြန်မာနိုင်ငံမှာအသက်မပြည့်သေးတဲ့ကလေးတွေကိုထောင်ချလို့မရဘူးတရားဆွဲလို့မရဘူးပုပ်မလည်းချမှတ်မထားဘူးလို့ပြောပြခဲ့ပါတယ်ရှင်
ကျွန်မရင်တွေကွဲရပါပြီ"လူယုံသတ်လို့သေ "စကားပုံတိုင်းပဲ ကျွန်မတူလေးကနောက်ကျောဓားနဲ့အထိုးခံရတာပါ
သူချစ်တဲ့သူငယ်ချင်းတွေကသူ့ကိုမကယ်ပဲ ပြစ်ထားရက်ခဲ့ကြတယ်
သူတို့ကတော့ ဒီလောက်ဖြစ်ခဲ့တာတောင် ခလေးနဲ့ခလေး
မိဘတွေလာရောက်တောင်းပန်ခြင်းမရှိခဲ့ပါပဲကျောင်းတောင်အေးဆေးတက်နေနိုင်ကြတယ်နော် ကျွန်မဘယ်လိုဖြေရမလဲရှင် 😭😭😭
ကျွန်မတို့အဖြစ်လိုကျွန်မခလေးလို အဖြစ်မျိုးမဖြစ်ရအောင်လေ ကလေးရှိတဲ့မိဘများကိုယ့်ကလေးတွေ
သေချာလေးဂရုစိုက်ကြပါရှင်ကလေးတွေကိုအပြင်ကိုမိဘကိုမပြောပဲထွက်သွားမျိုးတွေခွင့်မပြုကြပါနဲ့ရှင်
ခရက်ဒစ်

🚨 မြေငလျင်လှုပ်နေချိန်မှာ တံတားအောက်ကို ပြေးဝင်ခိုလှုံခြင်းဟာ အလွန်အန္တရာယ်များနိုင်ပါသည်။အကြောင်းရင်းက Infrastructure တ...
11/06/2026

🚨 မြေငလျင်လှုပ်နေချိန်မှာ တံတားအောက်ကို ပြေးဝင်ခိုလှုံခြင်းဟာ အလွန်အန္တရာယ်များနိုင်ပါသည်။

အကြောင်းရင်းက Infrastructure တံတားရဲ့ ကွန်ကရစ်အပိုင်းတွေ၊ သံတန်းတွေ ပြုတ်ကျလာနိုင်ပြိီး မြေငလျင်အင်အားပြင်းထန်ပါက သံကူကွန်ကရစ်တံတားရဲ့ အစိတ်အပိုင်းကြီးများ ကြေမွကျိုးပဲ့ပြီး အောက်ကိုပြုတ်ကျနိုင်သည်။ ပြီးနောက် မြေငလျင်လှုပ်ရှားမှုကြောင့် ယာဉ်များဟာအရှိန်ထိန်းမနိုင်ဘဲ တံတားပေါ်ကနေ အောက်ပြုတ်ကျလာနိုင်တာလည်း ထည့်တွက်ထားရပါမည်။ မြေငလျင်ကြောင့် ကားတွေဟာ ထိန်းချုပ်ရခက်ခဲတက်ပြီး မတော်တဆမှုဖြစ်နိုင်တာကို အမြဲသတိရပါ။ Aftershock (နောက်ဆက်တွဲငလျင်) တွေ ဆက်ဖြစ်လာနိုင်လို့ ပထမ မြေငလျင်လှုပ်ခတ်ပြီးသွားသည့်တိုင် နောက်ထပ်ဖြစ်လာမည့် လှုပ်ခတ်မှုတွေကြောင့် တံတားပျက်စီးမှုကပိုဆိုးလာနိုင်သည်။

အဓိကလုပ်ဆောင်ရမည့်အရာ:-
#အပြင်မှာရှိနေချိန် _ အဆောက်အဦ၊ တံတား၊ လျှပ်စစ်မီးတိုင်၊ သစ်ပင်ကြီးတွေအနီနားကနေဝေးရာ ပွင့်လင်းကွင်းပြင်နေရာမျိုးကို ရွှေ့ပြီးနေပါ။ မြေပြင်ပေါ်မှာထိုင်ချပြီး ဦးခေါင်းကို ကာကွယ်ထားပါ။

#ကားမောင်းနေချိန်_ တံတား၊ မိုးပျံတံတား၊ Flyover၊ ဥမင်လိုဏ်ခေါင်း၊ လျှပ်စစ်ဓာတ်အားလိုင်းအောက်တွေကနေ ဝေးရာနေရာမှာ ကားကိုရပ်ထားပါ။ ကားအတွင်းမှာပဲ နေပြီး မြေငလျင်လှုပ်ခတ်မှုရပ်ဆိုင်းသွားသည်အထိ စောင့်ဆိုင်းပါ။

#အိမ်ထဲမှာရှိနေချိန် _ ပထမဆုံး "Drop, Cover, Hold On" ကို လိုက်နာပါ။ ခိုင်မာခိုင်ခံ့တဲ့ စားပွဲခုံအောက်ဝင်ပြီး ခေါင်းနဲ့ လည်ပင်းကို အထူးကာကွယ်ထားပါ။ လှုပ်ခတ်မှုခေတ္တငြိမ်သက်ချိန် အပြင်သိုတည်ငြိမ်လျင်မြန်စွာထွက်ခွာလိုက်ပါ။

🚨 အထူးအရေးကြီးသည့်အချက်က မိမိတည်ရှိရာ နေရာပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး အသက်ဘေးကင်းနိုင်ရန် လိုအပ်သလိုဉာဏ်ပညာနှင့် ချက်ချင်းတုန့်ပြန်ဆောင်ရွက်ရပါမည်။

🚨 အကျဉ်းချုပ်ဆိုရပါက မြေငလျင်လှုပ်နေချိန် ကြီးမားတဲ့တံတားအောက်မှာ ခိုလှုံခြင်းထက် တံတားနဲ့ ဝေးရာ ပွင့်လင်းရာနေရာကားလမ်းမ၊ ကွင်းပြင်‌အရပ်ကိုအမြန်ဆုံးရွှေ့နေတာက သင့်အတွက်လုံခြုံမှုရှိစေပါသည်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Media Riverผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Media River:

ทางลัด

แชร์

ประเภท