Phoenix - Special Warfare Force

Phoenix - Special Warfare Force Phoenix Forceသည် တောတွင်းတိုက်ခိုက်ရေးနှင့် ရန်ကုန်မြို့ပြUGများပြန်လည်ဖွဲ့စည်းထားသောအဖွဲ့ဖြစ်သည်။

အလိုက်အသင့် စီးဆင်းရအောင်ငါတို့က အပျော်စီးလှေတွေ မဟုတ်ဘူးရဲဘော်တို့.....ဆန်သင့်ရင် ဆန်တက်ရမယ်မြဲမြဲသာ ကိုင်ထား။    ။   ်...
05/11/2025

အလိုက်အသင့် စီးဆင်းရအောင်
ငါတို့က အပျော်စီးလှေတွေ မဟုတ်ဘူး
ရဲဘော်တို့.....
ဆန်သင့်ရင် ဆန်တက်ရမယ်
မြဲမြဲသာ ကိုင်ထား။ ။


်းနှင့်ပြန်ကြားရေးဌာန

03/11/2025

" တိုင်းပြည်သစ်အတွက်
လက်နက်ကိုင်ဖို့
သူပုန်လုပ်ဖို့
မီဘ အိမ်က
အလျှိုလျှို ထွက်ခဲ့ကြပီ ”


်းနှင့်ပြန်ကြားရေးဌာန

02/11/2025

ကွယ်လွန်သူမိခင် ဒေါ်အေးအေးသန်း (၇)နှစ်ပြည့် ရည်စူးအလှူအဖြစ် ကျန်ရစ်သူမိသားစုမှ Phoenix - Special Warfare Force ရဲဘော်များအတွက် အသားဟင်းနှင့်ထမင်းတစ်ရက်စာ အာဟာရဒါနကုသိုလ်ကို လှူဒါန်းပေးခဲ့ပါတယ်။


်းနှင့်ပြန်ကြားရေးဌာန

Phoenix - Special Warfare Force ထံသို့ October လ အတွက် တော်လှန်ပြည်သူများထံမှ လက်ခံရရှိသော အလှူငွေစာရင်း -အလှူငွေများကို...
01/11/2025

Phoenix - Special Warfare Force ထံသို့ October လ အတွက် တော်လှန်ပြည်သူများထံမှ လက်ခံရရှိသော အလှူငွေစာရင်း -

အလှူငွေများကို ကျွန်တော်တို့ Phoenix - Special Warfare Force အဖွဲ့မှ လိုအပ်သော စစ်အသုံးအဆောင်ပစ္စည်းများနှင့် အခြေခံရိက္ခာများအတွက် ခွဲဝေသုံးစွဲပါသည်။

အသေးစိတ် သိရှိလိုပါက page chat box မှ လာရောက်မေးမြန်းနိုင်ပါသည်။

ယခုလိုတော်လှန်ရေးကိုရှေးရှုပြီး ကူညီထောက်ပံ့ပေးသောပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်တို့ Phoenix - Special Warfare Force မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

်းနှင့်ပြန်ကြားရေးဌာန

31/10/2025

ယုံကြည်မှုတစ်ခုနဲ့ ရွေးချယ်ခဲ့တဲ့လမ်းမို့
နောက်ပြန်လှည့်မကြည့်ဘဲ ထိပ်ဆုံးအထိ တက်လှမ်းမယ်။
ပိတ်ပင်နေတဲ့ အတားအဆီး အကိုင်းအခက်တွေကိုလည်း ရဲရဲတောက် ခုတ်ထွင်ရှင်းလင်းမယ်။
ငါတို့လိုချင်တဲ့ တရားမျှတမှုပင်စည်အတွက်
အဆုံးထိ ဆက်လျှောက်ကြမယ်။
ငါတို့ပင်ပန်းသမျှ အာဏာရှင် ပျက်သုန်းပါစေ။
ငါတို့ကြိုးစားသမျှ တိုင်းရင်းသားအခွင့်အရေး တန်းတူရပါစေ။
လွတ်လပ်ခြင်း၊ ညီမျှခြင်းဖြင့် ပြည့်စုံတဲ့ နိုင်ငံတော်ကို
ငါတို့ကိုယ်တိုင် ပုံဖော်ထုဆစ်မယ်... ✊🏻


်းနှင့်ပြန်ကြားရေးဌာန

ဖြစ်ချင်တာတွေ ဖြစ်ချင်တိုင်း မဖြစ်ရတာကိုက တော်လှန်ရေးဘဲ ။မဖြစ်သင့် မဖြစ်ထိုက်တာတွေ မဖြစ်အောင် ကာကွယ်ရတာလည်း တော်လှန်ရေးဘ...
29/10/2025

ဖြစ်ချင်တာတွေ ဖြစ်ချင်တိုင်း မဖြစ်ရတာကိုက တော်လှန်ရေးဘဲ ။

မဖြစ်သင့် မဖြစ်ထိုက်တာတွေ မဖြစ်အောင်
ကာကွယ်ရတာလည်း တော်လှန်ရေးဘဲ ။


်းနှင့်ပြန်ကြားရေးဌာန

28/10/2025

စစ်ရေးအခြေအနေအရ အတိအကျ ဖော်ပြလို့မရပေမယ့် ကျွန်ုပ်တို့ Phoenix - Special Warfare Force မှ ရဲဘော်များသည် ကျရာနေရာတွင် စစ်ဆင်ရေးတာဝန်များကို စဉ်ဆက်မပြတ် ကျေပွန်စွာထမ်းဆောင်လျှက်ရှိပြီး ကျွန်ုပ်တို့နှင့်အတူ လက်တွဲတိုက်ပွဲဝင်လိုသော ရဲဘော်သစ်များကိုလည်း ကြိုဆိုဖိတ်‌ခေါ်လျှက်ရှိသည်။


်းနှင့်ပြန်ကြားရေးဌာန

25/10/2025

ခေါင်းဆောင်ဆိုတာ ရဲဘော်တွေရဲ့ ကျွန်ပဲ။ ရဲဘော်တွေကို အာဏာနဲ့ခိုင်းဖို့၊ နိုင်ထက်စီးနင်း ဖိနှိပ်ဖို့မဟုတ်ဘူး။ တဖက်မှာလည်း ရဲဘော်တွေအနေနဲ့ အမိန့်နဲ့ အာဏာကို ခွဲခြားတတ်ဖို့လိုမယ်။ တချို့လူတွေ တလရ လုပ်ဖို့ဆိုပြီးရောက်လာကြတယ်။ မခိုင်မာတဲ့ခံယူချက်တွေ၊ မပြတ်သားတဲ့ စိတ်ဓာတ်တွေနဲ့ တလရ ခရီးကခက်ခဲကြမ်းတမ်းတယ်ဆိုတာလောက်တွေးပြီး တကယ်မလုပ်နိုင်ကြပဲ မင်းတို့ရဲ့အပေါ်ယံပါဝင်မှု့တွေကြောင့်ပဲ နောက်ဆုံး မသာယာတော့တဲ့အခြေအနေ၊မပျော်တော့တဲ့အခြေအနေကနေ ရုန်းထွက်သွားကြတယ်။ ဘယ်လိုပဲရုန်းထွက်ထွက် တော်လှန်ဖျက်တွေတော့မလုပ်ကြပါနဲ့။ ပြည်သူက မျက်ရည်ပေါက်ကြီးငယ်ကျပြီး ကျွေးနေတဲ့ ထမင်းလုပ်တွေပါ။ လေးနှစ်ကျော် ငါးနှစ်လုံးလုံး အသွေးသားထဲမှာပြည်သူရဲ့ မေတ္တာနဲ့ မျှော်လင့်ချက်မျက်ရည်တွေ စီးဆင်းနေကြတယ်ဆိုတာ ဘယ်တော့မှ မမေ့နဲ့။

နောက်ပြီး ခေါင်းဆောင်တွေရဲ့ အခက်ခဲတွေ၊ ဒုက္ခတွေနဲ့ ကတိကဝတ်တွေ၊ စိတ်ဓာတ်ခွန်အားတွေ၊ ဆုံးရှူံးမှု့တွေ၊ မျှော်လင့်ချက်တွေနဲ့ ကြိုးစားမှု့တွေဟာလည်း မင်းတို့ ပျော်အောင်ထားဖို့မဟုတ်သလို ငါတို့ပျော်အောင်နေဖို့လည်းမဟုတ်ဘူး။ ပြည်သူလိုချင်တဲ့ပန်းတိုင်၊ ငါတို့ရောက်အောင်သွားမယ့် ပန်းတိုင်အတွက် ရှိသမျှအကုန်ပုံအောထားတာဖြစ်တယ်။ ဒါ့ကြောင့် တလရကို အပေါ်ယံမဟုတ်ပဲ အမှန်တကယ် ထဲထဲဝင်ဝင် ပါဝင်ချင်တယ်ဆိုရင် Phoenix - Special Warfare Force ရဲ့ page messenger ကိုသာ တိုက်ရိုက်ဆက်သွယ်လိုက်ပါ။ အချိန်မရွေး ကြိုဆိုနေပါတယ်။(Part-4)


်းနှင့်ပြန်ကြားရေးဌာန

အတိတ်ဟာ ပြန်မလာဘူးအနာဂတ်ဟာ တောက်ပနေတယ် အခက်အခဲတွေကို ကျော်နင်းချီတက်ကြပါ ရဲဘော်တို့.....ဓာတ်ပုံ - ရှေ့တန်းစစ်မြေပြင်သို့...
23/10/2025

အတိတ်ဟာ ပြန်မလာဘူး
အနာဂတ်ဟာ တောက်ပနေတယ်
အခက်အခဲတွေကို ကျော်နင်းချီတက်ကြပါ
ရဲဘော်တို့.....

ဓာတ်ပုံ - ရှေ့တန်းစစ်မြေပြင်သို့ မထွက်ခွာမီ ရဲဘော်များအား အမှာစကားနှင့် စိတ်ဓာတ်ခွန်အားပေးစကားများ ပြောကြားနေစဉ် မြင်ကွင်းအချို့


်းနှင့်ပြန်ကြားရေးဌာန

23/10/2025

တော်လှန်ရေးက တချို့အတွက် ငွေတွင်း၊တချို့အတွက်တော့ သေမင်းဖြစ်နေလည်း ငါတို့ဟာ တော်လှန်ရေးသမားကောင်းတွေလို့ ကိုယ့်ကိုယ်ကို မှတ်ယူထားကြတယ်။ တူညီယူနီဖောင်းတွေဝတ်ပြီး လွတ်မြောက်ရေးအတွက် အတူကြိုးစားတိုက်ပွဲဝင်နေကြတယ်။ အဖွဲ့အစည်းဆိုတဲ့ စိတ်ဓာတ်ကောင်းနဲ့ အာဏာရှင်ကိုတော်လှန်နေကြတဲ့ ရဲဘော်ရဲဘက် အချင်းချင်းရိုင်းပင်းကူညီကြတယ်။ ရန်သူ့ဘက်မှာနေရင်တော့ ရန်သူလို့သတ်မှတ်ရမှာပဲ။ ငါတို့ကတော့ ငါတို့လိပ်ပြာလုံတယ်။ တော်လှန်ရေးမှာ ဆီလည်းဝင်မဆမ်း၊ ဆားလည်းဝင်မဖြန်းပါပဲ အပေါ့အလေးမြည်းချင်တဲ့ လျှာတွေကိုလည်း ဂရုစိုက်နေမှာမဟုတ်ဘူး။ ကိုယ်လုပ်စရာရှိတဲ့ တာဝန်တွေကိုပဲ တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်နေမယ်။(Part-3)


်းနှင့်ပြန်ကြားရေးဌာန

21/10/2025

ကျွန်တော်တို့တွေ ငယ်စဉ်က စစ်သားကြီးတွေဖြစ်ချင်ကြတယ်။စစ်သားဖြစ်တဲ့ရည်ရွယ်ချက်က ပြည်ပရန်ကိုကာကွယ်ဖို့။တကယ်တမ်းကျွန်တော်တို့တွေ စစ်သားတွေဖြစ်လာတဲ့အခါ ပြည်ပရန်ကိုကာကွယ်ဖို့နေနေသာသာ ပြည်တွင်းမှာရှိတဲ့ အာဏာရှင်တွေကိုဝောာ်လှန်နေရတယ်။
လူသူ၊လက်နက်အင်အား မမျှတတဲ့ဒီပွဲမှာ လူအင်အားမမျှလို့၊သေနတ်မရှိလို့ စစ်မနိုင်ဘူးဆိုရင် အင်္ဂလိပ်ခေတ်ထဲက ကျွန်ဘဝက လွတ်မှာ မဟုတ်ဘူး။ အဓိက ကစိတ်ဓာတ်ခိုင်မာပြီး အချင်းချင်းစည်းလုံးဖို့ပဲလိုတယ်။
ဝဋ်ကြွေးလို့ထင်ပြီး မတော်လှန်ရင်တော့ မျိုးဆက်သစ်လူငယ်တွေ လူညွန့်တုံး ကုန်လိမ့်မယ်။


်းနှင့်ပြန်ကြားရေးဌာန

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Phoenix - Special Warfare Forceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์