Tik Tok Myanmar Crazy

Tik Tok Myanmar Crazy ပျော်ရွင်ရယ်မောရတဲ့ဘဝလေးများပိုင်ဆိုင်နိုင်ကြပါစေဗျာ

🇹🇭 သာမေအန်းထုံမ် သိဏ် ဧရိယာပတ်ဝန်းကျင်ကို ထိုင်း အချုပ်အချာအာဏာနယ်မြေအဖြစ် ထိုင်းတပ်မတော်မှ သံဆူး စည်းရိုးခတ်လိုက်ပါပြီ။...
30/07/2025

🇹🇭 သာမေအန်းထုံမ် သိဏ် ဧရိယာပတ်ဝန်းကျင်ကို
ထိုင်း အချုပ်အချာအာဏာနယ်မြေအဖြစ် ထိုင်းတပ်မတော်မှ သံဆူး စည်းရိုးခတ်လိုက်ပါပြီ။
စည်းရိုး ခတ်တယ်ဆိုကတည်းက ပိုင်ရှင်ရှိကြောင်းဆိုတာကို ပြလိုက်တာပါ။Oo Mg

ဇူလိုင်လ ၂၉ ရက်နေ့ ၊ ယနေ့ ညနေ ၁၈း၀၀ အချိန်တွင် ထိုင်းတပ်မတော်က စူရင်းခရိုင် ဖနုမ်ဒုန်ရတ်မြို့နယ်၊ ကမ္ဘောဒီးယားနယ်စပ်ရှိ -
Prasat Ta Muen Thom ရှေးဟောင်းဘုရားကျောင်း
အနီးတဝိုက်တွင် သံဆူးကြိုးခွေများ၊ ခြံစည်းရိုးများ
စိုက်ထူထား၍ ထိုင်းစစ်တပ်မှ လုံးလုံးလျားလျား
သိမ်းပိုက်ပြီးနောက် ကမ္ဘောဒီးယားဘက်ခြမ်းမှ
ဝင်ပေါက်များကို ပိတ်ဆို့ထားကာ -

ထပ်မံကျူးကျော်မှုများကိုတားဆီးနိုင်ရန်
အနီးပတ်ဝန်းကျင်ကိုလည်း လုံခြုံရေးအပြည့်ဖြင့်
ဖြန့်ကျက်ထိန်းချုပ်ထားကြောင်း သိရှိရသည်။🇹🇭🇰🇭

Photo Crd
#ปราสาทตาเมือนธม
Ta Muan #ชายแดน ไทย-กัมพูชา

အလွန်အကျွံစားရင် ကျောက်ကပ်ပျက်စီးစေနိုင်တဲ့ အစားအစာ (၆) မျိုး   ကျောက်ကပ်ဟာ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့အဆိပ်အတောက်တွေ...
20/07/2025

အလွန်အကျွံစားရင် ကျောက်ကပ်ပျက်စီးစေနိုင်တဲ့ အစားအစာ (၆) မျိုး

ကျောက်ကပ်ဟာ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့အဆိပ်အတောက်တွေကို ဆီးအဖြစ်စွန့်ထုတ်ဖို့အတွက် လုပ်ဆောင်နေတဲ့ ကိုယ်တွင်းအင်္ဂါတခုဖြစ်ပါတယ်။ (၁) ထောပတ်သီး ထောပတ်သီးက အာဟာရကြွယ်ဝတဲ့အသီးတစ်မျိုးဖြစ်ပေမယ့် ပိုတက်စီယမ်ပါဝင်မှုပမာဏများလွန်းတာကြောင့် တော်ရုံသင့်ရုံမဟုတ်ဘဲအလွန်အကျွံစားလိုက်ရင် ကျောက်ကပ်ကိုထိခိုက်စေတဲ့အပြင် ကြွက်သားနာကျင်ခြင်း၊ နှလုံးခုန်မြန်ခြင်း စတာတွေကိုပါ ဖြစ်စေပါတယ်။

(၂) အနီရောင်အသားများ အနီရောင်အသားမှာပါဝင်တဲ့ ပရိုတင်းဓာတ်က ချေဖျက်ဖို့ခက်တာကြောင့် အများအပြားစားလိုက်မယ်ဆိုရင် ကျောက်ကပ်မှာ ကျောက်တည်စေနိုင်ပါတယ်။
(၃) အိမ်သုံးဆား ဆားပါဝင်မှုများတဲ့ သရေစာတွေ၊ အသင့်စားအစားအစာတွေက ကျောက်ကပ်မှာကျောက်တည်စေပါတယ်။ အေးခဲထားတဲ့ပီဇာ၊ အရသာမှုန့်နဲ့ အသင့်စားအာလူးကြော် စတဲ့ အစားအစာတွေကို အထူးရှောင်သင့်ပါတယ်။
(၄) ငှက်ပျောသီး ငှက်ပျောသီးမှာ ပိုတက်စီယမ်ပါဝင်မှုမြင့်မားတာကြောင့် တနေ့ကို နှစ်လုံးထက်ပိုမစားသင့်ပါဘူး။ တနေ့ကို ငှက်ပျောသီးနှစ်လုံးထက် ပိုစားလိုက်ရင် ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။

(၅) ဒညင်းသီး ဒညင်းသီးကတော့ လူတိုင်းသိပြီူကြမယ် ထင်ပါတယ်။ ဒညင်းသီးမှာပါတဲ့ ဒြပ်ပေါင်းဟာ ကျောက်ကပ်ကို အပြစ်ပြုပြီး ဆီးမသွားနိုင်ဖြစ်ကာ ကျောက်ကပ်ကို ပျက်စီးစေပါတယ်။

(၆)အသင့်စားစားစရာများ :ဟုတ်ကဲ့ ဟင်းချိုမှုန့်ဖြတ်ကြည့်မဖြတ်နိုင်ရင်လျှော့ပါ နောက်ပြီး မာလာအထုံအစပ်ဆိုတာတွေ ဆီကြော်တွေ တာရှည်ခံတွေရှောင်နိုင်သမျှရှောင်ပါ #တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်

 #ထိုင်းနိုင်ငံ နှစ်သစ်ကူးခရီးသွားအမြင့်ဆုံးဖြစ်ခဲ့သည့်လာအိုနယ်စပ်တွင်တည်ထားကိုးကွယ်​ေသာ  #ငါးမျက်နှာဘုရား  လူ့ပင်လယ်ကြီ...
31/12/2024

#ထိုင်းနိုင်ငံ နှစ်သစ်ကူးခရီးသွားအမြင့်ဆုံး
ဖြစ်ခဲ့သည့်လာအိုနယ်စပ်တွင်တည်ထားကိုးကွယ်​ေသာ #ငါးမျက်နှာဘုရား လူ့ပင်လယ်ကြီးနှင့်ခရီးသွားများ
သူငယ်ချင်းတို့ရောရောက်ဖူးကြပီလား

 #လူတွေဟာ နီးလွန်းရင် မမြင်နိုင်ကြတော့ဘူး။အထူးသဖြင့် ကိုယ့်ဘေးနားကလူရဲ့ တန်ဖိုးကိုပေါ့ ကိုယ့်အပေါ် အမြဲကောင်းတဲ့သူကို ကြ...
27/12/2024

#လူတွေဟာ နီးလွန်းရင်
မမြင်နိုင်ကြတော့ဘူး။
အထူးသဖြင့် ကိုယ့်ဘေးနားကလူရဲ့ တန်ဖိုးကိုပေါ့ ကိုယ့်အပေါ် အမြဲကောင်းတဲ့သူကို ကြာလာတော့ သာမာန်ဖြစ်စဉ်တစ်ခုလို အရေးမကြီးသလို သဘောထားမိကြတယ်။ဒါဟာ သူ့စေတနာကို စော်ကားခြင်း တစ်မျိုးပဲ။ တန်ဖိုးကို နားမလည်ဘူး။ ကိုယ်ရင်ဖွင့်တိုင်း နားထောင်ပေးတဲ့သူရဲ့တန်ဖိုး ကိုယ်ခက်ခဲတိုင်း ကူညီတတ်တဲ့သူရဲ့တန်ဖိုးကို လျစ်လျုရှုမိတယ်။ဒါဟာ နီးကပ်လွန်းလို့မမြင်တာ။လွယ်လွယ်ရနေလို့ ပေါ့သွားတာလို့ပဲ ထင်ပါတယ်။ ကိုယ်စာပို့တိုင်း reply တန်းပြန်ပေးတာ သူ့အတွက် အရေးကြီးလို့မဟုတ်ဘူး။ကိုယ့်အပေါ်အလေးထားတဲ့စိတ်ရှိလို့။ တန်ဖိုးထားလို့ပဲ ကိုယ်ချိန်းတိုင်းလာတွေ့ပေးတာဟာ သူအမြဲအားနေလို့မဟုတ်ဘူး။သူ့ရဲ့ လုပ်စရာတစ်ချို့ကို ဖျက်ထားခဲ့ရတာလဲဖြစ်မှာပဲ။ ကိုယ်လိုအပ်တိုင်း သူကူညီပေးနေတာက သူသိပ်အဆင်ပြေနေလို့မဟုတ်ဘူး။ ကိုယ့်ကိုအဆင်ပြေစေချင်လို့ ဆုံးရှုံးသွားမှ တန်ဖိုးနားလည်မယ့်သူ မဖြစ်စေနဲ့။ကိုယ် သိရှိနားလည်ချိန်ဆို သူတို့ဟာ သင့်ဘေးနားမှာ ရှိနေတော့မှာ မဟုတ်ဘူး။ကိုယ့်အပေါ်ကောင်းပေးသူ နွေးထွေးသူတွေကို တန်ဖိုးထား ဆက်ဆံပါ #စာပေ

မျက်လုံးချင်းဆုံမကြည့်ရဲ့ရင်ဒီအချက်(၇)နှစ်ရက်ကိုသိထားပါ
27/12/2024

မျက်လုံးချင်းဆုံမကြည့်ရဲ့ရင်
ဒီအချက်(၇)နှစ်ရက်ကိုသိထားပါ

 #ရုတ်တရက်  #လေဖြတ်ခံရသောလူနာကို  #အမြန်ကယ်ဆယ်  #ကုသနည်း --- (၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ...
27/12/2024

#ရုတ်တရက် #လေဖြတ်ခံရသောလူနာကို #အမြန်ကယ်ဆယ် #ကုသနည်း --- (၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။ ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသောလှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုး စေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။ (၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။ လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည် သတိရလာပါလိမ့်မည်။ (၃) လူနာပါးစပ် ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့် ပွတ်သပ်ပေးပါ။ နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့် နေရာ) ကို ပိုးသတ် ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက် လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့် သွားပါလိမ့်မည်။ (၄) ထိုအခြေအနေ ရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။ ထိုအခြေအနေရောက်အောင် စောင့်ပြီးမှ ဆေးကုသခံစေပါက (၁) အကြောသေခြင်း (၂) ကိုယ်တစ်ခြမ်းသေခြင်း (၃) ခြေလက်လှုပ်မရခြင်း (၄) စကားမပီသခြင်း စသည်တို့ လုံး၀မဖြစ်နိုင်တော့ပါ။ လက်တွေ့ ပျောက်ကင်း သက်သာ စေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာမှ ကင်းဝေးစေရန် အတွက် ကုသိုလ်ပြု လိုက်ပါသည်။ တရုတ်ပြည်မှ ပေးပို့သော တရုတ်ရိုးရာ ဆေးကျမ်းမှ တိုက်ရိုက် ဘာသာပြန်ဆိုထားပါသည်။ credit : Myawaddy News #ဟာနုမာန်တိုင်းရင်းဆေးမိသားစုမှမျှဝေသည်

မြန်မာက ပရိသlတ်တွေကိုပါ ဆွဲဆောင်နိုင်သွားတဲ့ Miss တစ်ပါးပေါ့။ သူ့ ရည်ရွယ်ချက်ကလေးကလည်း တစ်ခုတည်း။ ဘာပဲ ဖြစ်ဖြစ် ပျော်ပျေ...
27/10/2024

မြန်မာက ပရိသlတ်တွေကိုပါ ဆွဲဆောင်နိုင်သွားတဲ့ Miss တစ်ပါးပေါ့။ သူ့ ရည်ရွယ်ချက်ကလေးကလည်း တစ်ခုတည်း။ ဘာပဲ ဖြစ်ဖြစ် ပျော်ပျော် နေဖို့။အစ အလယ် အဆုံး ever happy ပဲ။ အတင်းလုပ်ယူပြီး ပြုံးတာမျိုးလည်း မရှိဘူး။ မျက်လုံးတွေက အစ အသက်ပါလွန်းတယ်။ ပြိုင်ဖက် မို့လို့ ချေမိုးနေတာလည်း မရှိဘူး။ အကုန်လုံးကို မိတ်ဆွေ သူငယ်ချင်းလိုပဲ ဆက်ဆံသွားတယ်။ လေးစားမိပါတယ်
cd

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tik Tok Myanmar Crazyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Tik Tok Myanmar Crazy:

แชร์