15/05/2026
ဧရာဝတီအမျိုးသမီးအသင်းကိုအတုယူသင့်တဲ့မြန်မာနေရှင်နယ်လိဂ်ကလပ်များ
====================================
လက်ရှိ မြန်မာအမျိုးသမီးလိဂ်ချန်ပီယံအသင်းဖြစ်တဲ့ ဧရာဝတီအမျိုးသမီးအသင်းဟာ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ နာမည်ကြီးကစားသမား Ritu Porna Chakma ကို ခေါ်ယူနိုင်ခဲ့ပါတယ် ဒီခေါ်ယူမှုဟာ သာမန်နိုင်ငံခြားကစားသမားခေါ်ယူမှုတစ်ခုထက် ပိုပြီး အဓိပ္ပါယ်ရှိပါတယ် ဘာကြောင့်လဲဆိုတော့ Ritu ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကျော်ကြားဆုံး အမျိုးသမီးဘောလုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး သူမရဲ့ပရိတ်သတ်အင်အားလည်း အလွန်ကြီးမားပါတယ်။
ဒါကြောင့် သူမ မြန်မာလိဂ်မှာလာကစားတဲ့အခါ ဘင်္ဂလားဒေ့ရှ်ဘောလုံးပရိတ်သတ်တွေဟာ ဧရာဝတီအသင်းကို စတင်စောင့်ကြည့်လာမယ်…
မြန်မာအမျိုးသမီးလိဂ်ပွဲစဉ်တွေကိုလည်း စိတ်ဝင်စားလာမယ်…
Social Media မှာလည်း မြန်မာလိဂ်အကြောင်း ပိုပြီးပြောဆိုလာကြမှာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးဟာ မြန်မာဘောလုံးအတွက် အရမ်းကောင်းတဲ့အရာပါ ဘာလို့လဲဆိုတော့ လိဂ်တစ်ခုတိုးတက်ဖို့ဆိုတာ ကစားပုံကောင်းရုံနဲ့မလုံလောက်ပါဘူး ပရိတ်သတ်စိတ်ဝင်စားမှု၊ ပြည်ပအာရုံစိုက်မှု၊ Marketing value၊ Social Media မှာကျော်ကြားမှု ဒီအရာတွေအားလုံးလည်း အရေးကြီးပါတယ်။
ဥပမာပြောရရင်…မြန်မာအမျိုးသမီးကစားသမားတွေဖြစ်တဲ့ စန်းသော်သော်နဲ့ ဖြူဖွေးတို့ ဖီလစ်ပိုင်က Stellarion အသင်းမှာ သွားရောက်ကစားတုန်းက မြန်မာပရိတ်သတ်တွေက စတယ်လီယွန်အသင်းပွဲတွေကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။
ပုံမှန်ဆို မသိတဲ့ အသင်းတစ်သင်းကို မြန်မာပရိတ်သတ်တွေ ဘာကြောင့် စောင့်ကြည့်ခဲ့တာလဲ?
အကြောင်းရင်းက ရိုးရှင်းပါတယ်။
“ကိုယ့်နိုင်ငံက နာမည်ကြီးကစားသမားတွေ ပါနေလို့” ပါပဲ။
အခုလည်း အဲ့လိုပဲ…
Ritu Porna Chakma ကြောင့် ဘင်္ဂလားဒေ့ရှ်ပရိတ်သတ်တွေက မြန်မာလိဂ်ကို စတင်စိတ်ဝင်စားလာနိုင်မှာဖြစ်ပါတယ် ဒါဟာမြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတွေ သင်ယူသင့်တဲ့အချက်တစ်ခုပဲဖြစ်ပါတယ်
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဖီလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်တို့က နာမည်ကြီးလက်ရွေးစင်ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားသင့်တယ်ဆိုတာပါပဲ တချို့အသင်းတွေက နိုင်ငံခြားကစားသမားခေါ်ရင် အာဖရိကကစားသမားတွေ၊ တောင်အမေရိကကစားသမားတွေ ဥရောပကစားသမားတွေကိုပဲ ဦးစားပေးတတ်ကြပါတယ် ဒီလိုခေါ်ယူရာမှာလည်း အရည်အသွေးရှိတဲ့ကစားသမားတွေကိုသာ ခေါ်ယူသင့်ပါတယ်
ဒါပေမဲ့ Marketing နဲ့ ပရိတ်သတ်အာရုံစိုက်မှုဘက်က ကြည့်မယ်ဆိုရင် အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံက နာမည်ကြီးကစားသမားတွေကို ခေါ်ယူတာက ပိုပြီး အကျိုးရှိနိုင်ပါတယ် ဘာလို့လဲဆိုတော့ သူတို့နဲ့အတူ သူတို့နိုင်ငံက ပရိတ်သတ်တွေပါ ပါလာတာဖြစ်လို့ပါပဲ။
ဒီလိုလုပ်ခြင်းအားဖြင့် မြန်မာလိဂ်ဟာ ဒေသတွင်းမှာ ပိုပြီးလူသိများလာနိုင်မယ် Online ကကြည့်ရှု့သူ တွေတိုးလာနိုင်တယ်…
Sponsor တွေလည်း ပိုစိတ်ဝင်စားလာနိုင်တယ်…
နောက်ပြီး ကစားသမားအပြောင်းအရွှေ့ဈေးကွက်လည်း ပိုအသက်ဝင်လာနိုင်ပါတယ် ၂၀၂၅-၂၀၂၆ရာသီမှာ ရာမညအသင်းဟာ ဘူတန်လက်ရွေးစင်ကစားသမား Pema Zangpo ကို ခေါ်ယူခဲ့ပါတယ် Pema Zangpo ဟာ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းအတွက် အတော်အသင့်ကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ပါတယ်။
ဒီလိုခေါ်ယူမှုတွေက မြန်မာလိဂ်အတွက် အကျိုးရှိပါတယ်။
အခုခေတ်ဘောလုံးလောကမှာ ကွင်းထဲကအောင်မြင်မှုတင်မဟုတ်တော့ပါဘူး။
ကွင်းပြင်ပ Marketing…
ပရိတ်သပ်စိတ်ဝင်စားမှု
Social Media လွှမ်းမိုးမှု
ဒီအရာတွေကလည်း အရေးပါလာပါတယ်။
ဒါကြောင့် ဧရာဝတီအမျိုးသမီးအသင်းရဲ့ လုပ်ဆောင်ချက်ဟာ မြန်မာကလပ်အသင်းတွေ အတုယူသင့်တဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ် မြန်မာဘောလုံးတိုးတက်ဖို့ဆိုရင် ကစားသမားမွေးထုတ်ရေးတင်မဟုတ်ဘဲ…လိဂ်ကို ဘယ်လိုလူစိတ်ဝင်စားလာအောင်လုပ်မလဲဆိုတဲ့ အတွေးအခေါ်သစ်တွေလည်း လိုအပ်ပါတယ်
မြန်မာဘောလုံးပရိတ်သပ်တွေကရော ဒီအကြောင်းအရာကို ဘယ်လိုမြင်ပါသလဲ
မြန်မာကလပ်အသင်းတွေက အိမ်နီးချင်းနိုင်ငံက နာမည်ကြီးကစားသမားတွေကို ပိုပြီးခေါ်ယူသင့်တယ်လို့ ထင်ပါသလား?
Comment မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးခမျာ
#မြန်မာဘောလုံးသတင်းများ