Joy Jac Sharing insights on Work-Life Happiness

Thanks for being a top engager and making it on to my weekly engagement list! 🎉 Elsie Phoo, Alinga Gar, Htay Ei Ei Lwin,...
07/10/2025

Thanks for being a top engager and making it on to my weekly engagement list! 🎉 Elsie Phoo, Alinga Gar, Htay Ei Ei Lwin, Jue Jue, Thein Htike Aung

🌧 လုပ်ငန်းခွင် နဲ့ မိုးလေ၀သတစ်မြို့လုံး မိုးသဲပြီး မိုးကြိုး ⚡ တွေပစ်နေတော့ တစ်ခုအတွေးထဲ ရောက်လာတယ်. အလုပ်ခွင်ဟာလည်း မို...
04/10/2025

🌧 လုပ်ငန်းခွင် နဲ့ မိုးလေ၀သ

တစ်မြို့လုံး မိုးသဲပြီး မိုးကြိုး ⚡ တွေပစ်နေတော့ တစ်ခုအတွေးထဲ ရောက်လာတယ်.

အလုပ်ခွင်ဟာလည်း မိုးလေဝသ နဲ့တူတာကိုပါ
☀️ တချို့နေ့တွေမှာ နေရောင်ခြည်လင်းလက်ပြီး အားလုံး စိတ်ဓာတ်တက်ကြွတယ်၊
🌧 တချို့နေ့တွေမှာ တိမ်ထူသလို ဖိအားတွေများပြီး Energy တွေ ကုန်ခန်းရပြန်တယ်
⚡ တစ်ခါတလေတော့ မုန်တိုင်းတိုက်သလို ပြဿနာ၊ ပြောင်းလဲမှု မသေချာမှု တွေဖြစ်တတ်ပြန်ရော

📌ဒါပေမယ့် HR (သို့) ခေါင်းဆောင်တစ်ဦးရဲ့တာဝန်က သဲနေတဲ့ မိုးကို မရွာအောင် တားလိုက်တာ မဟုတ်ပါဘူး။
မိုးသဲနေချိန်မှာ လူတိုင်းအတွက် ထီးတစ်ချောင်းပေးနိုင်ဖို့ပါ။ ☂️

ဒါကဘာကိုပြောတာလဲဆိုတော့
တချို့အခါမှာ ရုတ်တရက် တိတ်ဆိတ်သွားသူကို အလေးထား မေးမြန်းပေးတာ၊
ခက်ခဲတဲ့ဆုံးဖြတ်ချက် တွေရဲ့ အကြောင်းအရင်းကို သေချာနားလည်အောင် ရှင်းပြပေးတာ၊
သို့မဟုတ် ပြသနာတွေ ရှိလာချိန်မှာ အလေးထားပြီး အထောက်အ ပံ့ပေးတာ။
ဒါမျိုးပေါ့

👑ခေါင်းဆောင်မှုဆိုတာက မိုးလေဝသ ကို ထိန်းချုပ်တာ မဟုတ်ပါဘူး။
မတည် ငြိမ် တဲ့ မိုးလေဝသအတွင်းမှာပဲ လုံခြုံမှုကို ဖန်တီးပေးတာပါ။

🫶အဖွဲ့အစည်းတခုရဲ့ Culture ဆိုတာကလည်း အမြဲတမ်း နေသာတဲ့ ရက်တွေချည်းပဲလို့ ဟန်လုပ်ထားတာမဟုတ်ပဲ .မုန်တိုင်းပြီးတဲ့အထိ အားလုံး လုံခြုံနေအောင် တဉီးနဲတဉီး ဖေးမပေးတာပါ 🌈☂️

Joy Jac
Find Joy in the Journey

ဒီ 𝙏𝙞𝙥𝙨 လေးတွေ သိထားရင် 𝙋𝙚𝙧f𝙤𝙧𝙢𝒂𝙣𝙘𝙚 𝙈𝒂𝙣𝒂𝙜𝙚𝙢𝙚𝙣𝙩 က တကယ်အကျိုးရှိလာမယ်။1️⃣ Goal တွေကို အထက်လူကြီးကပဲ သတ်မှတ်တာမဟုတ်ပဲ ၀န်ထမ...
02/10/2025

ဒီ 𝙏𝙞𝙥𝙨 လေးတွေ သိထားရင် 𝙋𝙚𝙧f𝙤𝙧𝙢𝒂𝙣𝙘𝙚 𝙈𝒂𝙣𝒂𝙜𝙚𝙢𝙚𝙣𝙩 က တကယ်အကျိုးရှိလာမယ်။

1️⃣ Goal တွေကို အထက်လူကြီးကပဲ သတ်မှတ်တာမဟုတ်ပဲ ၀န်ထမ်းနဲ့အတူတူ ဆွေးနွေးပြီး သတ်မှတ်ပါ။
2️⃣ တစ်နှစ်တစ်ကြိမ် Annual appraisal သာမကပဲ စဉ်ဆက်မပြတ် Monitor လုပ်ပြီး Feedback အမြဲပေးပါ။
3️⃣ Results ကိုသာမဟုတ်ပဲ အားထုတ်မှု Effort ကိုပါ အသိအမှတ်ပြုပေးပါ။
4️⃣ Data နဲ့ Judgment ကို ညီမျှစွာ အသုံးချပြီး ဘက်လိုက်မှု Bias မဖြစ်အောင် သတိပြုပါ။
5️⃣ Performance ကို ၀န်ထမ်းတွေရဲ့ အနာဂတ် တိုးတက်မှု Growth နဲ့ ချိတ်ဆက်ပေးပါ။

Joy Jac
Find Joy in the Journey

အများစု ကုမ္ပဏီတွေမှာ Appraisal ဆိုရင် အဓိက ၃ ပိုင်းခွဲကြပါတယ်1️⃣ Results / Job Performance – Target, KPI, project2️⃣ Co...
01/10/2025

အများစု ကုမ္ပဏီတွေမှာ Appraisal ဆိုရင် အဓိက ၃ ပိုင်းခွဲကြပါတယ်

1️⃣ Results / Job Performance – Target, KPI, project
2️⃣ Competencies / Behaviors – teamwork, leadership, communication
3️⃣ Potential – leadership capability, readiness

📊 Result အပိုင်းကတော့ အချက်အလက်နဲ့ တိုင်းတာလို့ ရတဲ့အတွက် နည်းနည်း ပိုရိုးရှင်းပါတယ်။
ဒါပေမယ့် Behavior နဲ့ Potential ကတော့ အများအားဖြင့် appraiser ရဲ့ အမြင်/အယူအဆ ပေါ် မူတည်တဲ့အတွက် ဘက်လိုက်မှု အမှားတွေ ဝင်လာနိုင်ပါတယ်။
⚠️ တွေ့ရများတဲ့ Appraiser Error တွေကတော့

🌟 Halo Effect – အားသာချက် တစ်ခုတည်းကြောင့် အရာရာတိုင်း တော်မယ်ထင်မြင်ခြင်း။
🚫 Horn Effect – အားနည်းချက် တစ်ခုကြောင့် အားလုံး အဆင်မပြေဘူး ထင်မြင်ခြင်း
🕒 Recency Bias – မကြာသေးခင်က အဖြစ်အပျက်ပေါ်မှာပဲ မူတည်ပြီး စဉ်းစားခြင်း။
➖ Central Tendency – အားလုံးကို အလယ်အလတ် average အမှတ်ပဲ ပေးခြင်း
🎁 Leniency / Strictness – အမြဲ အမှတ်များများ ပေးခြင်း၊ အမြဲ အမှတ်နည်းနည်းသာ ပေးခြင်း၊
👥 Stereotyping – အသက်၊ ကျားမ၊ အဆင့်အတန်း စသည်ဖြင့် stereotype လုပ်ဆုံးဖြတ်ခြင်း ။
🔍 Similar-to-me Error – ကိုယ်နဲ့ လုပ်ကိုင်ပုံ တူတဲ့သူကို ပိုကြိုက် ပို အမှတ်များများ ပေးခြင်း

ဒါကြောင့် HR အနေနဲ့ ဒီလိုမျိုး တွေမဖြစ်အောင်
✔️ Manager တွေကို bias ဖြစ်နိုင်တဲ့ အချက်တွေကို သတိထားနိုင်အောင် ရှင်းပြပေးထားပါ
✔️ Calibration session တွေ နဲ့ ညီမျှမှု ရှိအောင် ထိန်းပေးပါ
✔️ Rating ပေးရုံ ပဲ မဟုတ် - ကိုယ့် Team ရဲ့ Trust နဲ့ motivation ကို တည်ဆောက်တာလည်း ပါမယ် ဆိုတာကို အမြဲ ရှင်းပြပေးရပါမယ်

👉 ယူတို့ ကုမ္ပဏီမှာရော appraisal လုပ်ရာမှာ ဘက်လိုက်မှု မရှိအောင်၊ ဘယ်လို Manager လုပ်ကြပါသလဲ? အတွေ့အကြုံကို မျှဝေ ပေးပါဉီးနော်

Joy Jac
Find Joy in the Journey

နိုင်ငံအသီးသီးမှာ လုပ်ငန်းအသီးသီးမှာ အလုပ်လုပ်ပုံတွေ အလေ့အထတွေသာ မတူကြရင်ရှိမယ်.. စွမ်းဆောင်ရည် Performance နဲ့ ပတ်သတ်လိ...
30/09/2025

နိုင်ငံအသီးသီးမှာ လုပ်ငန်းအသီးသီးမှာ အလုပ်လုပ်ပုံတွေ အလေ့အထတွေသာ မတူကြရင်ရှိမယ်.. စွမ်းဆောင်ရည် Performance နဲ့ ပတ်သတ်လို့ အားလုံး မျှော်လင့်တာကတော့ တစ်ခုတည်းပါပဲ။

👉 Performance ကို တိုင်းတာနေရုံတင်မကပဲ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်တဲ့ စနစ်ကျ၊ မျှတပြီးတော့ ဝန်ထမ်းတွေကို Motivate ဖြစ်စေမယ့် စွမ်းဆောင်ရည်စီမံမှုစနစ် တစ်ခု ပါ
ဒီမှာ Performance Management System က အရေးပါပါတယ်

𝑷𝒍𝒂𝒏𝒏𝒊𝒏𝒈 → 𝑴𝒐𝒏𝒊𝒕𝒐𝒓𝒊𝒏𝒈 → 𝑹𝒆𝒗𝒊𝒆𝒘𝒊𝒏𝒈 → 𝑹𝒆𝒘𝒂𝒓𝒅𝒊𝒏𝒈
အစီအစဉ်ရေးဆွဲခြင်း → အကဲဖြတ်ခြင်း → ပြန်လည်သုံးသပ်ခြင်း → ချီးမြှင့်ခြင်း

🎯𝑷𝒍𝒂𝒏𝒏𝒊𝒏𝒈 - အဖွဲ့အစည်း၊ Team၊ ၀န်ထမ်းတစ်ဦးချင်း ရဲ့ Goals တွေကို သတ်မှတ်ခြင်း
📝 𝑴𝒐𝒏𝒊𝒕𝒐𝒓𝒊𝒏𝒈 - KPI တွေ ပြည့်မှီမှု တိုးတက်မှု တွေကို ပုံမှန် အကဲဖြတ်မှုခြင်း ၊ လိုအပ်တဲ့ လမ်းညွှန်မှု အထောက်အပံ့များကိုပေးခြင်း
👍𝑹𝒆𝒗𝒊𝒆𝒘𝒊𝒏𝒈 - အချက်အလက်အပေါ် မူတည်ပြီး တိကျစွာ သုံးသပ်ခြင်း၊ အမှတ်ပေးခြင်း
🏅𝑹𝒆𝒘𝒂𝒓𝒅𝒊𝒏𝒈- အောင်မြင်မှုကို ချီးမြှင့်ပေးခြင်း
• ငွေကြေးဖြင့် – လစာတိုးခြင်း၊ ဘောနပ်စ်
• ငွေကြေးမဟုတ်သော – လူအများရှေ့မှ ချီးကျူးခြင်း၊ တိုးတက်ဖွံ့ဖြိုးဖို့အခွင့်အလမ်းများ ‌ပေးခြင်း

ဒီစနစ်ကို ဆက်တိုက် 𝗖𝗼𝗻𝘀𝗶𝘀𝘁𝗲𝗻𝘁 ရှိရှိသာ လုပ်ဆောင်မယ်ဆို လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှု 𝗧𝗿𝗮𝗻𝘀𝗽𝗮𝗿𝗲𝗻𝗰𝘆 ရှိလာမှာဖြစ်ပါတယ်။

📌 𝗥𝗲𝗰𝗼𝗴𝗻𝗶𝘁𝗶𝗼𝗻 ကို တိတိကျကျ အချိန်မှန်နဲ့၊ တကယ့် Performance အပေါ်မူတည်ပြီး ပေးတဲ့အခါ
👉 ၀န်ထမ်းတွေရဲ့ ယုံကြည်မှု 𝗧𝗿𝘂𝘀𝘁 တိုးတက်လာပါတယ်။
📌 ကိုယ့်အထက်လူကြီးနဲ့ လုပ်ငန်းမှာ အသုံးပြုနေတဲ့ စနစ်ကိုဝန်ထမ်းတွေ ယုံကြည် 𝗧𝗿𝘂𝘀𝘁 ဖြစ်လာ တဲ့အခါ စွမ်းဆောင်ရည် 𝗣𝗲𝗿𝗳𝗼𝗿𝗺𝗮𝗻𝗰𝗲 ပိုမိုတိုးတက်လာပါတယ်။
𝗣𝗲𝗿𝗳𝗼𝗿𝗺𝗮𝗻𝗰𝗲 တက်လာတာနဲ့အမျှ 𝗥𝗲𝗰𝗼𝗴𝗻𝗶𝘁𝗶𝗼𝗻 ဟာ ဆက်တိုက်ဖြစ်လာပြီး
𝗥𝗲𝗰𝗼𝗴𝗻𝗶𝘁𝗶𝗼𝗻 → 𝗧𝗿𝘂𝘀𝘁 → 𝗣𝗲𝗿𝗳𝗼𝗿𝗺𝗮𝗻𝗰𝗲 ဆိုတဲ့ Positive loop တစ်ခု ဖြစ်ပေါ်လာမှာပါ

ဒါ Performance Management စနစ်ကို HR တွေ ပဲ လုပ်ဆောင်ရမယ့် အရာမဟုတ်ပါဘူး မန်နေဂျာတိုင်း Leader တိုင်း အတွက် ယုံကြည်မှု တည်ဆောက်ဖို့၊ အကျိုးသက်ရောက်မှုကို မြှင့်တင် ဖို့နဲ့ မိမိ Team တွေကို တိုးတက်အောင်လုပ်ဖို့ အသုံးချရမယ့် စနစ်တစ်ခုပါ။

Joy Jac
Find Joy in the Journey

22/09/2025

🌻 Start your Monday light, bright and full of joy - the rest of the week will thank you ☺️

𝗞𝗣𝗜 တွေကို ဘယ်လို 𝗦𝗲𝘁 လုပ်ကြလဲ !!!များသောအားဖြင့် မြင်ရတာက နေ့စဉ်လုပ်ရတဲ့ အလုပ်တွေကို list လုပ် Number တွေနဲ့ တိုင်းတာကြ...
20/09/2025

𝗞𝗣𝗜 တွေကို ဘယ်လို 𝗦𝗲𝘁 လုပ်ကြလဲ !!!

များသောအားဖြင့် မြင်ရတာက နေ့စဉ်လုပ်ရတဲ့ အလုပ်တွေကို list လုပ် Number တွေနဲ့ တိုင်းတာကြတာ‌မျိုးပေါ့

ဉပမာ. 20 Candidates Contacted ‌a month
12 Trainings a year
Visit 20 Clients a month စသဖြင့်

စဉ်းစားကြည့်ရအောင်. ဒီလို KPI တွေက နေ့စဉ် Routine အလုပ်တွေကို သေချာလုပ်နေနေလာ: ဆိုတာ တိုင်းတာ စစ်ဆေးနေတာလား.
တကယ် ၀န်ထမ်းရဲ့ စွမ်းဆောင်ရည် နဲ့ Business ကိုရောတိုးတက်စေရဲ့လား ???

တကယ့် High-performing, Growth Culture ကို တည်ဆောက်ချင်ရင် KPI တွေက လုပ်ငန်းရဲ့ Function ရဲ့ ပြသနာ Pain Point ကိုဖြေရှင်းပြီး တိုးတက်မှုဖြစ်လာဖို့ တွန်းအားပေးတာမျိုးဖြစ်ရပါမယ်.
ဉပမာဆို

𝗛𝗥
❌ Old Way : 20 Candidates Contacted ‌a month
✅ Better : Average Time to fill reduce 30% ( 60 days to 40 days )
👉 Pain point solved: long vacancies time hurting operations

𝗦𝗮𝗹𝗲𝘀
❌ Old way : Visit 20 clients per week
✅ Better KPI: Increase client conversion rate from 10% → 15%.
👉 Pain point solved: Activity without results.

𝗟&𝗗
❌ Old way: Conduct 12 training courses per year
✅ Better KPI: Increase post-training application rate to 70%
👉 Pain point solved: Training without real impact.

💡 KPI တွေ Set လုပ်တဲ့အချိန်မှာ ကိုယ်ကိုယ်တိုင်ကို မေးကြည့်ပါ .

ဒီ KPI တွေက တကယ် လုပ်ငန်းရဲ့ Pain Point ကို ဖြေရှင်းနေရဲ့လား
လုပ်ငန်းကို Growth ဖြစ်စေလား . နေ့စဉ် Duty / Activity တစ်ခု ပဲလား ဆို တာကိုပေါ့ ‘
ကိုယ့် Team ထဲ မှာ KPI ကို ဘယ်လို Set လုပ်ကြလဲ . Sharing လုပ်ပေးခဲ့ပါဉီး

Joy Jac
Find Joy in the Journey
19 September 2025

𝐓𝐮𝐫𝐧𝐨𝐯𝐞𝐫 𝐑𝐚𝐭𝐞 တွေ တအားတက်တယ် 😭 နေ့တိုင်း 𝐑𝐞𝐬𝐢𝐠𝐧 𝐜𝐚𝐬𝐞 တွေချည်းပဲ 🥹  HR တွေ ကြားမှာ အမြဲ 🔥 ဖြစ်နေတဲ့ ခေါင်းကိုက်ရတဲ့ Topic...
19/09/2025

𝐓𝐮𝐫𝐧𝐨𝐯𝐞𝐫 𝐑𝐚𝐭𝐞 တွေ တအားတက်တယ် 😭 နေ့တိုင်း 𝐑𝐞𝐬𝐢𝐠𝐧 𝐜𝐚𝐬𝐞 တွေချည်းပဲ 🥹 HR တွေ ကြားမှာ အမြဲ 🔥 ဖြစ်နေတဲ့ ခေါင်းကိုက်ရတဲ့ Topic တစ်ခုပါပဲ 😅

တချို့ကတော့ “လစာသာ များများပေးလိုက် ဘယ်သူမှ မထွက်တော့ဘူးပေါ့ " လို့ ပြောကြတယ် 🤑 ဒါပေမယ့်လည်း Counteroffer ပေးထားပြီး ၂-၃ လနေတော့ အလုပ်ထွက်ပြန်ရော ဆိုတာမျိုးလည်း ကြားဖူးကြမှာပါ .🥹 ဒါဆို လစာများများပေးလိုက် ဆိုတဲ့ concept ကြီးက မှန်တယ် ဆိုနိုင်ပါဦးမလားနော်. ???

ဟုတ်ပါတယ်. လစာ တို့ အကျိုးခံစားခွင့်တို့ဆိုတာ ကိုယ့် JD နဲ့ Fair ဖြစ်ဖို့ Market Competitive ဖြစ်ဖို့ အရေးကြီးပါတယ် ဒါပေမယ့် . ၀န်ထမ်းအလုပ်မထွက်အောင် လုပ်နိုင်တဲ့ တခုတည်းသော Magic တော့ မဟုတ်ပါဘူး

📊 Gallup data အရ – Highly Engaged business တွေမှာ Turnover ကို ၅၁% လျော့ချပေးနိုင်တယ် ဆိုပါတယ်။ 𝐄𝐦𝐩𝐥𝐨𝐲𝐞𝐞 𝐄𝐧𝐠𝐚𝐠𝐞𝐦𝐞𝐧𝐭 ဆိုတာကတော့ ဝန်ထမ်းတွေ အလုပ်နဲ့ ရုံးပတ်ဝန်းကျင်ထဲမှာ ပူးပေါင်းပါဝင်မှု နဲ့ စိတ်ပါ၀င်စားမှု ရှိတာကို ဆိုလိုပါတယ်။ အလွယ်ပြောရရင်တော့ “သူတို့အလုပ်ကို ချစ်တယ်” ၊ “တာဝန်ယူမှုရှိတယ်” “ရလဒ်တွေကောင်းတယ်” ပေါ့.. ဒီလို ဝန်ထမ်းတွေက အလုပ်မှာ လုပ်သက်နှစ်ရှည်ပြီး လုပ်ငန်းအကျိုးအတွက် စိတ်ရောကိုယ်ပါ ကြိုးစားလုပ်ဆောင်ကြပါတယ်.

🌟 Employee Engagement ကို တိုးတက်စေမယ့် နည်းလမ်းတွေထဲက ကို လွယ်လွယ်ကူကူ လည်း လုပ်ဆောင်နိုင်ပြီး ငွေအအများကြီး ကုန်ကျစရာမလိုတဲ့ Tips လေးတွေကို Sharing လေး လုပ်ပေးချင်ပါတယ် အတိုကောက် 𝑪𝑨𝑴𝑷𝑺 လို့မှတ်ထားနိုင်ပါတယ်.

🔒𝐂𝐞𝐫𝐭𝐚𝐢𝐧𝐭𝐲 - ဘာမှန်းမသေချာတဲ့ အရာကို စမ်းတ၀ါး၀ါး လုပ်ဆောင်ရတာမျိုးကို လူတွေက သဘောမကျတတ်ကြပါဘူး. ဒါကြောင့် မန်နေဂျာတွေ အနေနဲ့ ကိုယ့် Team ကိုယ့်၀န်ထမ်းတွေ သေချာခိုင်မာတဲ့ ကောင်းမွန် တဲ့ လမ်းညွှန်မှုတွေ အချက်အလက်တွေပေးသင့်ပါတယ်.

👐 𝐀𝐮𝐭𝐨𝐧𝐨𝐦𝐲 - micromanage လုပ်တာမျိုး မလုပ်ပဲ. ကိုယ့် Team ကို အတိုင်းအတာတစ်ခုထိ ယုံကြည်မှု ပေးတာမျိုး သူ့ရဲ့ Level မှာ သင့်လျော်တဲ့ အလုပ်ကို စီမံခွင့် ဆုံးဖြတ်ခွင့် ကို ပေးတာမျိုး တွေလုပ်တာမျိုးနဲ့ ၀န်ထမ်းရဲ့ Confidence ပိုတက်လာစေပြီး ပို Engage ဖြစ်လာစေပါတယ် .

🌍 𝐌𝐞𝐚𝐧𝐢𝐧𝐠 - အလုပ်တာ၀န်တစ်ခုပဲ ဆိုတာထက် ပို ကျယ်ပြန့်တဲ့ Business တခုလုံးအတွက် ဘယ်လို အရေးပါတယ် ဆိုတဲ့ bigger purpose နဲ့ ချိတ်ဆက်ပေးပါ။ ဒီနည်းနဲ့လည်း ၀န်ထမ်းဟာ ကိုယ်ပိုင်ဆိုင်တဲ့ လုပ်ငန်းလိုမျိုး ခံစားရလာစေမှာဖြစ်ပါတယ်.

📈 𝐏𝐫𝐨𝐠𝐫𝐞𝐬𝐬 - တိုးတက်မှုမရှိတဲ့ ပတ်၀န်းကျင်မှာ ဘယ်သူမှ ကြာကြာမနေချင်ပါဘူး. ဒါကြောင့် အသိပညာ တိုးတက်ဖို့ ၊ career တိုးတက်ဖို့ အခွင့်အလမ်း တွေကို ၀န်ထမ်းတွေအတွက် ဖော်‌ဆောင်ပေးပါ။

🤗 𝐒𝐨𝐜𝐢𝐚𝐥 𝐢𝐧𝐜𝐥𝐮𝐬𝐢𝐨𝐧 - Team ရဲ့ တစိတ်တပိုင်းမှာ ပါ၀င်နေတယ် ဆိုတဲ့ ခံစားမှုကို ၀န်ထမ်းကို ပေးခြင်းနဲ့လည်း ၀န်ထမ်းဟာအလုပ်ပတ်၀န်းကျင်မှာ ပိုမို ပျော်ရွှင်ပြီး စိတ်၀င်စားစွာ ပါ၀င်လာမှာ ဖြစ်ပါတယ်.

ဆိုတော့ HR တွေ၊ မန်နေဂျာတွေ၊ လုပ်ငန်းရှင်တွေ အနေနဲ့ ရော ကိုယ်ံရဲ့ Team ကိုယ့်ရဲ့ ၀န်ထမ်းတွေ Engagement တက်ဖို့ ဘယ်လိုနည်းလမ်းတွေ သုံးကြလဲ Sharing လုပ်ပေးခဲ့ပါဉီး .

Reference: CAMPS framework Lifelabslearning
gallup.com
Joy Jac
Find Joy in the Journey
18 September 2025

ပျော်ရွှင်ခြင်း ဘောက်ချာ လေးတွေ စုကြမယ်Happy Friday ပါ. ကိုယ်တို့တွေဟာ  နေ့စဥ် ၀င်ငွေ ထွက်ငွေ တွေကို မှတ်ကြ၊ ၀ိတ်ထိန်းဖိ...
21/03/2025

ပျော်ရွှင်ခြင်း ဘောက်ချာ လေးတွေ စုကြမယ်

Happy Friday ပါ.
ကိုယ်တို့တွေဟာ နေ့စဥ် ၀င်ငွေ ထွက်ငွေ တွေကို မှတ်ကြ၊
၀ိတ်ထိန်းဖို့အတွက် ကယ်လိုရီတွေ တွက်ချက်ပြီးစားကြ ၊ ကျန်းမာဖို့ ကိုယ်လက်လှုပ်ရှားဖို့ တနေ့ ခြေလှမ်း ဘယ်နှလှမ်း စသဖြင့် မှတ်ထားကြတယ်ဟုတ်.

ဒါပေမယ့် တစ်နေ့ တာမှာ ကိုယ့်ဆီမှာ ပျော်ရွှင်စရာ တွေဘယ်လောက်ကြုံရတယ်.ဆိုတာကိုရော မှတ်သားထားမိကြပါရဲ့လား

ဒီနေရာမှာ ပျော်ရွှင်မှုဆိုတာ ပျော်ပွဲရွှင်ပွဲတွေ သွားမှ . အောင်မြင်မှု ကြီးကြီးမားမားတွေ ရမှ ပျော်ရွှင်ရတာမဟုတ်ဖူးနော်. စဉ်းစားကြည့်ပါ. တခါတရံမှာ မတွေ့တာ ကြာတဲ့ ငယ်သူငယ်ချင်းကို ရုတ်တရက် ပြန်တွေ့တာ . ကိုယ်ကြိုက်တဲ့ အ၀တ်အထည်လေး ၀ယ်လိုက်တာ. ကိုယ်နှစ်သက်တဲ့ သီချင်းလေး ညည်းယင်း အေးဆေး တနေ့တာ ဖြတ်သန်းရတာ. ဒါလေးတွေကလည်း ကိုယ့် ရဲ့ ပျော်ရွှင်မှုလေးတွေပါပဲ.. ဒါပေမယ်.. တနေ့တာ ကိစ္စ ပေါင်း များစွာနဲ့ ဒီ ပျော်ရွှင်မှုလေးတွေကို မေ့လျော့ သွားတတ်ကြပါတယ်... ၀မ်းနည်းစိတ်ညစ်စရာတွေကိုသာ သတိရနေပြီး ကိုယ့်မှာ ရှိနေတဲ့ ပျော်စရာ အရာတွေကို မေ့လျော့နေကြတာ လူ့သဘာ၀ပါပဲ. :D
ဒါဆိုရင် ဒီ ပျော်ရွှင်မှုလေးတွေ အမှတ်တရလေးတွေကို မေ့လျော့မသွားအောင် ဘယ်လိုလုပ်ကြမလဲ.

အခု ဒီမှာ ကိုယ်လဲ ကျင့်သုံးနေတဲ့ ပျော်ရွင်မှု ဘောက်ချာ စုတဲ့ အကျင့်လေးကို မျှ‌ ‌‌‌ေ၀ ချင်ပါတယ်.. ရိုးရိုးလေးပါပဲ

📌 နံပါတ် ၁ ၊ ကိုယ် ဒီပျော်ရွှင်မှုလေးတွေကို ကိုယ် ဘယ်လိုသိမ်းထားချင်လဲ အရင်တွေးကြည့်ပါ. ဒိုင်ယာရီထဲမှာ ရေးထားတာမျိုး . ဖုန်းရဲ့ Note App တွေ.. Journaling App တွေမှာ မှတ်ထားတာမျိုး ဒါမှမဟုတ်လဲ sticky notes လေးတွေနဲ့ ရေးသိမ်းပြီး တနေရာမှာ ကပ်ထားတာမျိုး. ကိုယ် အဆင်ပြေရာ ကို အရင်ရွေးပါ. .
ကိုယ်ကတော့ Journal ဆိုတဲ့ ဖုန်း App လေးကို သုံးရတာကြိုက်ပါတယ် . ဓါတ်ပုံလေးတွေပါ ထည့်လိုရပြီး ပြန်ကြည့်လို့လည်း ရ, ဖုန်းဆိုတော့ ကိုယ်နဲ့ သယ်သွားရတာလည်း လွယ်လို့ပါ

😊နံပါတ် ၂ ၊ စိတ်ထဲမှာ ရှိတဲ့ တကယ်ပျော်ရွှင်ရတဲံ့ အရာလေးတွေကို တဖွဲ့တနွဲ့သာ ရေးချလိုက်ပါ ..
ဥပမာ. ပျော်ရွှင်ရတဲ့ နေ့လေးတနေ့ ဆိုတာမျိုးထက်.. ကျောင်းတုန်းက တူတူ ကျောင်းပြေးနေကျ BFF ဘယ်သူနဲ့ ကော်ဖီသောက်ယင်း ဘာအကြောင်းတွေ ပြောပြီး ရီလိုက်ရတာ ဆိုတာမျိုးပေါ့

🌜နံပါတ် ၃ ၊ ညစဉ် သို့မဟုတ် အချိန်တခု ‌ရွေးပြီး. နေ့စဉ် အကျင့်တစ်ခု ဖြစ်သွားတဲ့အထိ လုပ်ပါ.. ကိုယ်ကတော့ ညအိပ်ခါနီး ကို အကြိုက်ဆုံးပဲ . ဒီနေ့ ကိုယ်ဘာတွေ ကြုံပြီး ဘယ်လိုပျော်ခဲ့ရတယ်ဆိုတာ တွေးရေးပြီ အိပ်ရာ၀င်လိုက်ရင် positive vibe လဲ ရပြီး ကောင်းကောင်း အိပ်ပျော်လို့ပါ.

အ‌ရေးကြီး ဆုံးနဲ့ ဒီ နည်းလေးရဲ့ အနှစ်သာရကတော့ ‌ရေး ပြီး ပစ် မထားလိုက်ပါနဲ့.. အချိန်ရတိုင်း ပြန်ဖတ်ကြည့်ပါ. ကိုယ်တောင် မမှတ်မိတော့တဲ့ အရာသေးသေးလေးတွေ ပျော်စရာလေးတွေကို ပြန်ဖတ်ရတဲ့ feeling က အရမ်းကို မိုက်တာပါ. ဖတ်ယင်း ပြုံးမိတယ် . ရီမိတယ်. စိတ်ညစ်ပြီး ‌ဒေါင်းနေတဲ့ ရက်တွေ မှာဆို ဒါလေးတွေ ပြန်ဖတ်ပြီး ပျော်ရွှင်စရာလေးတေွ အမှတ်ရ လာတယ်. အားတွေ ပြန်ရှိလာတယ်.. ကိုယ့်မှာ ရှိတဲ့ ကောင်းမွန်တဲ့ အရာတွေကို သတိပြုမိလာတယ် အခု ခေတ်စားနေတဲ့ Gratitude ပေါ့

တကယ်က ပျော်ရွှင်မှုဆိုတာ ကိုယ့်ဆီမှာ နေ့စဉ် ရှိနေပြီးသားပါနော် . သတိရပေးဖို့ပဲ လိုပါတယ်, သတိရလာဖို့အတွက် ဒီလို နေ့စဉ် နေ့စဉ် ပျော်ရွှင်ခြင်းဘောက်ချာလေးတွေကို ရေးပြီး စုသွားလို့ရပါတယ်..

ကိုယ့်အတွက်တော့ အရမ်းကို အကျိုးရှိတာမို ဒီ ပျော်ရွှင်ခြင်း ဘောက်ချာ လေးတွေ စုတဲ့ နည်း လေးကို မျှ‌၀ပေါတယ်နော်.

ကဲ ဒီနေ့ ကိုယ့်ရဲံ့ ပျော်ရွှင်ခြင်း ဘောက်ချာ လေးတွေ စစုလိုက်တော့နော်

Joy Jac
Find Joy in the Journey
19 March 2025

To read in English - https://bit.ly/4isJdBU

𝐀𝐝𝐣𝐮𝐬𝐭, 𝐀𝐝𝐚𝐩𝐭 𝐚𝐧𝐝 𝐄𝐧𝐣𝐨𝐲 - 𝐓𝐡𝐫𝐢𝐯𝐢𝐧𝐠 𝐀𝐛𝐫𝐨𝐚𝐝Moving to a new country is exciting, but let’s be real, it can also feel overwh...
15/03/2025

𝐀𝐝𝐣𝐮𝐬𝐭, 𝐀𝐝𝐚𝐩𝐭 𝐚𝐧𝐝 𝐄𝐧𝐣𝐨𝐲 - 𝐓𝐡𝐫𝐢𝐯𝐢𝐧𝐠 𝐀𝐛𝐫𝐨𝐚𝐝

Moving to a new country is exciting, but let’s be real, it can also feel overwhelming. Work styles, social norms, and even the casual conversation might feel unfamiliar. You’re not alone. With a little patience and an open mind, you’ll find your rhythm. Here are some honest tips to help you settle in.
✅𝑶𝒃𝒔𝒆𝒓𝒗𝒆 𝑭𝒊𝒓𝒔𝒕, 𝑹𝒆𝒂𝒄𝒕 𝑳𝒂𝒕𝒆𝒓
Before jumping to conclusions about workplace behaviors or social norms, take a step back and observe. How do people interact? What’s the work hierarchy like? What’s considered professional or casual? Understanding these will help you adjust more smoothly.
✅𝑨𝒔𝒌, 𝒅𝒐𝒏’𝒕 𝒂𝒔𝒔𝒖𝒎𝒆
Don’t assume that your usual way of working will fit everywhere. Ask your colleagues about work expectations, decision-making processes, and even simple things like lunch breaks. Most people appreciate curiosity over blind assumptions.
✅𝑳𝒆𝒂𝒓𝒏 𝒕𝒉𝒆 𝑼𝒏𝒔𝒑𝒐𝒌𝒆𝒏 𝑹𝒖𝒍𝒆𝒔
Some cultures value direct feedback; others don’t. Some prefer emails, others rely on face-to-face chats. Pay attention and adapt accordingly.
✅𝑳𝒂𝒏𝒈𝒖𝒂𝒈𝒆 𝑴𝒂𝒕𝒕𝒆𝒓𝒔
Even if English is the working language, learning a few local phrases can make a huge difference. A simple “hello” or “thank you” in the local language shows respect and effort.
✅𝑹𝒆𝒂𝒅𝒚 𝒇𝒐𝒓 𝒔𝒖𝒓𝒑𝒓𝒊𝒔𝒆𝒔
You might find yourself frustrated with different times, or even local food - way spicier or sweeter than you expected. Instead of resisting, embrace the differences as part of the learning process.
✅𝑭𝒊𝒏𝒅 𝒚𝒐𝒖𝒓 𝒑𝒆𝒐𝒑𝒍𝒆
A good mix of local friends and fellow expats can make a huge difference. Locals help you understand the culture better, while expats get what you’re going through. Having both in your circle keeps you balanced.
✅𝑲𝒆𝒆𝒑 𝒂 𝑺𝒆𝒏𝒔𝒆 𝒐𝒇 𝑯𝒖𝒎𝒐𝒓
You’ll make mistakes - everyone does. You might mispronounce words, misunderstand a social cue. Instead of stressing, laugh at yourself, learn from it, and move on. A little humor makes everything easier.
✅𝑫𝒐𝒏’𝒕 𝑪𝒐𝒎𝒑𝒂𝒓𝒆 𝑬𝒗𝒆𝒓𝒚𝒕𝒉𝒊𝒏𝒈 𝒕𝒐 𝑯𝒐𝒎𝒆
It’s tempting to compare your new country to your home country. But if you do it too much, you’ll drive yourself stress out. Instead of stressing over every difference, try to embrace and find value the new way of life style.
✅ 𝑩𝒆 𝑷𝒂𝒕𝒊𝒆𝒏𝒕
Some days, you’ll feel like you’re adapting well. Other days, you’ll feel totally out of place. That’s normal. Give yourself time to adjust, and don’t expect perfection overnight. Give yourself grace and remember that growth happens outside your comfort zone.

Cultural adaptation isn’t about losing your identity, it’s about expanding your perspective. The more open-minded and adaptable you are, the richer your overseas experience will be! Hope it helps !!!

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Joy Jacผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์