15/08/2023
🍀ယောဂရယ်...ဓမ္မတာရယ်...အသားအရည်ရယ်...🥀
အသားအရည်မကြည်ဘူး...ညစ်နွမ်းနေတယ်ဆို ပြန်စဉ်းစားကြည့်သင့်တာက ဓမ္မတာမှန်မမှန်ဆိုတာပါပဲ🩸
လစဉ် ဓမ္မတာစက်ဝန်းရဲ့အလယ် Days (8-14) လောက်မှာ ကျွန်မတို့ရဲ့သားဥအိမ်ကနေ Oestrogen လို့ခေါ်တဲ့ မဟော်မုန်းတစ်မျိုးကိုထုတ်ပေးပါတယ်။
ဒီဟော်မုန်းကဘာလုပ်ပေးလဲဆို...
✨Feel- Good ဟော်မုန်းလို့တင်စားရတဲ့ စိတ်ပျော်၊အိပ်ပျော်စေတဲ့ Serotonin ကိုတိုးစေတယ်။
✨အသားအရည်ကို တင်းတင်းရင်းရင်းညီညီညာညာလေးဖြစ်စေတယ်။
✨ကော်လဂျင်တွေပိုထွက်စေလို့ နုပျိုစေတယ်။
✨အသားအရည်လေးက ရေဓာတ်ပြည့်ပြီး စိုစိုအိအိလေးဖြစ်နေစေပါတယ်။
တစ်လလုံးမှာ အသားအရည်အလှဆုံး၊ စိတ်အပျော်ဆုံးဖြစ်နေတဲ့ ကာလပေါ့နော်။😻
ဒါကြောင့် ပုံမှန်လစဉ်ရာသီမှန်တဲ့ အမျိုးသမီးတစ်ဦးဟာ ဟော်မုန်းတွေညီမျှပြီး အသားအရည်လည်း စိုစိုပြည်ပြည်ရှိနေမှာပါ။ (အခြား အသားအရည်ထိန်းသိမ်းတာ၊ ဂရုစိုက်တာတွေလည်း လုပ်ရမှာပေါ့နော်) 💫
😔ဒါပေမဲ့...ကိုယ်က အကြောင်းအမျိုးမျိုးကြောင့်ဓမ္မတာမမှန်တဲ့အခါ ဟော်မုန်းတွေကမောက်ကမဖြစ်ပြီး အသားအရည်ညစ်နွမ်းတဲ့အသွင်ပေါက်သွားစေပါတယ်။
ဒီပြဿနာက ယောဂနဲ့ဘာဆိုင်လို့လဲဆို👇
ယောဂလေ့ကျင့်ခြင်းရဲ့ အကျိုးကျေးဇူးတွေထဲကတစ်ခုက ခန္ဓာကိုယ်ထဲကဟော်မုန်းတွေကို ထိန်းညှိပေးခြင်းပါပဲ။✨
ယောဂကျင့်စဉ်အလိုက် ခန္ဓာကိုယ်ကို လှုပ်ရှားရမယ်၊ အသက်အရှူအထုတ်ကို သတိထားရမယ်...ဒီအချိန်မှာ ကိုယ်တွင်းအင်္ဂါတွေဆီ အောက်စီဂျင်ကောင်းကောင်းရောက်စေပြီး သွေးလှည့်ပတ်မှုလည်းကောင်းစေတာကြောင့် အင်္ဂါအစိတ်အပိုင်းတစ်ခုချင်းစီက သူ့အလုပ်သူကောင်းကောင်းလုပ်နိုင်မယ်။ 🪄ဟော်မုန်းထုတ်တဲ့ဂလင်းတွေကို အထောက်အပံ့ဖြစ်စေပါတယ်။
ဒါကြောင့် ယောဂကိုပုံမှန်လေ့ကျင့်တဲ့အခါ
🫶သွေးလှည့်ပတ်မှုကောင်းလို့ အသားအရည်ကြည်လင်ခြင်း
🫶ဟော်မုန်းညီမျှပြီး စိတ်ရောကိုယ်ပါကျန်းမာခြင်း
🫶 ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတိုးတက်စေလို့ ဓမ္မတာမှန်ဖို့ကူညီပေးခြင်း စတဲ့အကျိုးကျေးဇူးတွေကို တပြိုင်နက်ခံစားရမှာပါ။
အခုဆိုရင် ယောဂရယ်၊ ဓမ္မတာရယ်၊ အသားအရည်ရယ် ဘယ်လိုဆက်စပ်နေလဲသိသွားကြလောက်ပြီထင်ပါတယ်နော်။🥀
အမျိုးသမီးများရဲ့ဘဝ ကျန်းမာလှပဖို့အတွက် ယောဂသင်တန်းများကိုလည်း လစဉ် Class အသစ်တွေဖွင့်လှစ်ပေးနေပါတယ်ရှင်။💗