Food & Travel Blogger

Food & Travel Blogger food

18/05/2025
10/05/2025

အနိမ်အမြင့်အတက်ကြနဲ့ဘဝတွေးကိုဖြတ်သန်းရင်းရှင်သန်ကြီးပြင်းလာခဲ့သူပါ

16/08/2024

ချေး(၃)မျိုးဆောင်....
အိုတောင်မဆင်းရဲဘူး

နွားချေးသည်...အရွက်
ဝက်ချေးသည်.... ဥ
ကြက်ချေးသည်.. အသီးအပွင့်
ဆိုတဲ့ ဆိုရိုးစကားလည်းရှိပါတယ်။

နွားချေးသည် n.p.k.အဟာရဓာတ်ပါဝင်မှုနှုန်း
နိုက်ထရိုဂျင် ...1.10
ဖော့ဖရပ် .........0.04
ပိုတက်စီယမ် ....1.60တို့ပါဝင်ပါတယ်

ကြက်ချေးတွင်.n.p.k.အဟာရဓာတ်ပါဝင်မူနှုန်း
နိုက်ထရိုဂျင် ...2.42
ဖော့ဖရပ်..........6.29
ပိုတက်စီယမ်.... 2.11တို့ပါဝင်ပါသည်။

ဝက်ချေးတွင်.n.p.k အဟာရဓာတ်ပါဝင်မှုနူန်း
နိုက်ထရိုဂျင်... 2.69
ဖော့ဖရပ်.........1.84
ပိုတက်စီယမ်... 1.12.တို့ပါဝင်ပါသည်

ကျနော်တို့ သဘာဝမြေသြဇာပြုလုပ်သည်နေရာမှာ ကိုယ်သုံးမဲ့ပစ္စည်းတွင် npk.ပါဝင်မှု့နူန်းကိုသိရင်
အာဟာရဓာတ်ကောင်းကောင်းကို ဖန်တီးယူလို့
ရပါတယ်

တိရစ်ဆာန်ချေး တမျိုးထက် စာရင်
နှစ်မျိုးကပိုကောင်းပါတယ်....
နှစ်မျိုးထက်စာရင် တိရစ်ဆာန်ချေးသုံးမျိုးက
ပိုကောင်းပါတယ်....

နွားချေး ၅.အိတ်

ကြက်ချေ. ၅.အိတ်

ဝတ်ချေး ၅.အိတ်

ဖွဲနု ၁.အိတ်

ဒါတွေအားလုံးကို
သမအောင် အရင်မွှေပေးပါ

ငါးအမိုင်နို ၃.လီတာ

သကာရည် ၅.လီတာ

ရေလီတာ ၃၀.ဖြင် ရေပုံးတစ်လုံး
တွင်ထည့်ပြီး သမအောင် မှေပေးပါ
ပြီးတဲ့အခါတွင် မြေသြပုံထဲ....
ငါးအမိုင်နိုဖျန်းပေးပြီး သမအောင်
မွှေပေးပါ။ ငါးအမိုင်နိုအရည်
ထပ်ဖျန်းပေးပါ ရေ အစိုဓာတ် ၆၀.%ရာခိုင်နှုန်းထည့်ပြီး တစ်လ တိတိနှပ်ထားပေးပါ ၇.ရက်တခါ အပြန်အလှန် ထက်အောက် မွှေပေးပါ။
တစ်လပြည့်ရင် စတင်
အသုံးပြုလို့ရပါပြီး..ခင်ဗျာ

သဘာဝမြေသြဇာ ကီလို ၁၀၀.ဆိုရင် ထရိုင်ကိုဒါမား
တစ်ကီလို ရော၍လည်း အသုံးပြုနိုင်ပါသည်။

မျိုးစေ့ဖောက်၍၎င်း....
အလှပန်းအိုးဖြင့်စိုက်၍၎င်း
Hydroponics( ဟိုက်ဒိုပိုနစ် ) မြေမဲ့စိုက်ပျိုးနည်း စိုက်ပျိုးချင်သူများအတွက်၎င်း သဘာဝမြေသြဇာ ၁.ကီလိုအုန်းဆံမှုန် ၁.ကီလို
မြေပွ ၁.ကီလိုဖြင့်ပန်အိုးထဲတွင်ထည့်ပြီး ဟင်းသီး ဟင်းရွက်ပင်များနှင့် မည်သည့်သီးနှံပင်မဆို
စိုက်ပျိုး အသုံးပြုနိုင်ပါသည်

စပါးစိုက်ပျိုးမည်ဆိုရင် ....
လယ် ၁.ဧက ကို ၃၀၀.ကီလို နူန်း
စပါးစိုက်ပျိုးပြီးတစ်ခါ.စပါးနို့ရည်ကြည်
တည်ခါစတစ်ခါအသုံးပြုနိုင်ပါသည်

သစ်သီးဝလံပင်များဆိုရင်
တစ်ပင်တစ်ကီလို နူန်းဖြင့်
တစ်နှစ်သုံးကြိမ်းအသုံးပြုနိုင်ပါသည်
မိတ်ဆွေးများ..ခင်ဗျာ
နိုင်ငံခြားဓာတ်မြေသြဇာကို
မှီခို စိုက်ပျိုးနေမည့်အစား
ကိုယ်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့
သဘာဝစွန့်ပြစ် ပစ္စည်းများကို
အသုံးချတတ်ရင် အကြွေးနွံထဲ
နစ်တော့မှာ မဟုတ်ပါဘူး
ဆိုတာကိုလည်း ပြောပြချင်ပါတယ်

အားလုံးကို ကျေဇူးတင်ပါတယ်....

နိုင်လင်း

Edit : ၁ ကီလိုဟာ ၆၁ ကျပ်သားခန့်နဲ့ညီမျှပါတယ်။

မူရင်းပြုစုရေးသားသူအား Credit ပေးပါသည်...

#လယ်သမား #တောင်သူ #စိုက်ပျိုးရေး

31/05/2024

စားဝတ်နေရေးပြေလည်စေဖို့
တပိုင် တနိုင် တောင်ပို့ ''မှို''ဖောက်နည်း လေးကိုတင်ပြပေးမှာဖြစ်ပါတယ်
ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သား အားလုံး တပိုင်တစ်နိုင်လုပ်ကိုင်နိုင်သလို မြေဧကအနည်းရှိသူတွေအတွက်လည်းစီးပွာဖြစ်ထုပ်လုပ်ရောင်ချနိုင်ပါတယ် ယနေ့မှိုတစ်ပိဿာစျေးဟာလည်း၁ သောင်းကျော်နေတာမို့မက်လောက်စရာဖြစ်ပါတယ်''အရေးကြီးတာက နည်းသိဖို့ပါဘဲ ..သဘာဝနည်းဖြစ်တာကြောင့်ဓာတုဗေဒဆေးဝါးကင်းတာကြောင့် စားသုံးသူများအန္တရယ်မရှိယုံသာမက အနံအရသာဟာလည်းသဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပါ

နည်းမှာ ပါဝင်ပစ္စည်း ၃ မျိုးသာရှိပြီးမိမိပတ်ဝန်းကျင်မှာအလွယ်တစ်ကူရှာဖွေရလွယ်ပါတယ်
၁-ခြတောင်ပို့ အတွင်းပိုင်းမှမြေသား ၂၀ သားခန့်
၂-ထမင်းဖြူ ၆၅ ကျပ်သား(တစ်ကီလို)
၃ရေ၂လီတာ(ရေသန့်ဗူး၂ဘူး)တို့ဘဲဖြစ်ပါတယ်
*ပထမဦးစွာ တောင်ပို့မြေ နဲ့ ထမင်းဖြူ တို့ကိုဇလုံတစ်ခုထဲမှာရောထည့်ပြီး သမအောင်မွှေပေးရပါမယ်
ထို့နောက် ရေ ကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ဘူးစာကုန်တဲ့အထိ မွှေပေးရပါမယ်
ပြီးနောက် ထိုဇလုံကိုနေရောင်ခြည်တိုက်ရိုက်မကျတဲနေရာ မပူလွန်းမအေးလွမ်တဲ့နေရာမှာ ၇ ရက်ခန့်ထားရပါမယ် ထိုအတောအတွင်းဇလုံကိုရွှေ့ပြောင်းခြင်းမပြုဘဲငြိမ်သက်စွာထာရမှာပါ
၇ ရက်ကျော်တဲအခါ ဇလုံ ရဲ့မျက်နှာပြင်ပေါ်မှာအမြှပ်အဖက်ဖြူဖြူမဲမဲများတက်လာတာကိုတွေ့ရပါမယ် အဲဒါဟာ မှို ဖောက်ဖို့ ကျူလ္လင်စီ တွေဘဲဖြစ်ပါတယ်(တနည်းအားဖြင့် မှို မျိုးစေ့တွေဘဲဖြစ်ပါတယ်)

ထိုမှို မျိုးများအားခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ ကောက်ရိုးဆွေး ပုံ သစ်ပင်အောက်ရှိမြေဆွေး တွေအပေါ်နှံစပ်အောင်ချထားပေးပြီးထားရပါမယ် မှိုမျိုးစေ့များချထားသောနေရာအား ၇/၈ ရက်တစ်ကြိမ်ရေစိုရုံသာဖျန်းပေးရုံဖြင့် အနံ့အရသာနှင့်ပြည်စုံတဲ့တောင်ပို့ မှို တနည်း ကောက်ရရိုးမှိုတို့ကို လွယိကူစွာ ဆိက်ခူး စားသုံးနိုင်ပြီးပိုလျှံပါကရောင်းချ၍ဝင်ငွေတိုးစေမှာပါ...
အိမ်တွင်းတိုက်တန်ူကွန်ဒိုနေသူများအဖို့ ပန်းအိုးများအတွင်းမြေဆွေး''ထည့်၍စိုက်ပျိုးနိုင်ပါတယ်''
(အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ဌင်းကျူလင်စီ ရေသန့်ဘူး တစ်ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ်ဖျန်းပေးခြင်းဖြင့်ဌင်း မှိုမျိူးစေချထားသောနေရာများအားပက်ဖျန်းခြင်းဖြင့် အပင်များရှင်သန်ကြီးထွားစေသောမြေဩဇာကဲသို့အသုံးပြုနိုင်ပါသည်'''

မူရင်းရေးသားသူအား လေးစာစွာ credit ပေးပါသည်

23/08/2023

"အိမ်ရှင်မတွေ မသိသေးတဲ့ ထမင်းချက်နည်း လျှို့ဝှက်ချက် (၉) ချက်"

၁. ရှာလကာရည်

ရှာလကာရည်ကတော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
ရာသီဥတုပူပြင်းတဲ့ အချိန်တွေမှာ ရှာလကာရည်လေးကို တစ်စက်လောက်ထည့်ပြီးချက်ပေးပါ။ ထမင်းရဲ့ အနံ့အရသာကို ပေါ်လွင်စေရုံသာမက ထမင်းသိုးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၂. ဘီယာ

ပေါ်ဆန်မွှေးဆန် ဝယ်စားလို့မရလို့ စိတ်မညစ်နဲ့နော်။ တကယ်လို့ သင့်အိမ်မှာရှိတဲ့ ဆန်ဟောင်းက အထားကြာသွားပြီး ချက်လိုက်တဲ့ အခါမှာ ဆန်သစ်လောက် မကောင်းတာတို့ အနံ့မကောင်းတို့ဆိုရင် ထမင်းချက်တဲ့ အခါမှာ ဘီယာကို အနည်းငယ်လောက် ထည့်ပြီး ချက်ပေးပါ။
ဒါဆိုရင် ပေါ်ဆန်မွှေးဆန်လို မွှေးပျံတဲ့ အနံ့နဲ့ ထမင်းကိုရရှိစေပါမယ်နော်။

၃. မြေပဲဆီ

ဆန်ဖွာဖွာကြီး မစားချင်ဘူးဆိုရင် ထမင်းချက်တဲ့ အခါမှာ ဆားအနည်းငယ်နဲ့ ဆီအနည်းငယ်ကို ထည့်ပြီး ရောမွှေပြီး ချက်ပေးပါက ဆန်ဖွာခြင်းမရှိတဲ့ ခံတွင်းတွေ့စေမှာပါနော်။

၄. ဆား

လက်ကျန်ထမင်းကြမ်းကို ပြန်နွှေးတဲ့ အခါမှာ ဆား အနည်းငယ် ထည့်ပြီး နွှေးပေးခြင်းဖြင့် အနံ့ဆိုးများကို ပျောက်ကင်းစေသည့်အပြင် ထမင်းကြမ်းကလည်း နူးနူးညံ့ညံ့လေးနဲ့မို့ တဖန်ပြန်ပြီး စားလို့ကောင်းပါတယ်။

၅. အရက်ဖြူ (သို့မဟုတ် ) ဆန်အရက်

ထမင်းအိုးတည်နေရင်း မီးပျက်တဲ့ အချိန်တွေမှာဆိုရင် ထမင်းက ကျက်တဝက် မကျက်တဝက် ဖြစ်နေတက်ပါတယ်။
အဲ့လို အချိန်မျိုးနဲ့ ကြုံတဲ့ အခါမှာ အရက်ဖြူကို ထမင်းစားဇွန်း ၂ ဇွန်းလောက်ထည့်ပြီး နွှေးခြင်းဖြင့် ထမင်းကို လုံး၀ ကျက်စေပါတယ်။
ပြောရရင်တော့ ဆန်ကို တပြေးတည်း ပြန်ကျက်စေပါတယ်။

၇. ကြက်သွန်မြိတ်

ထမင်း အိုးနှပ်နေတဲ့ အချိန်မှာ ထမင်းတူးသွားပါက ထမင်းကြားမှာ ကြက်သွန်မြိတ် တစ်ပင် ကို ထည့်ပြီး ခဏအုပ်ထားပေးပါက တူးနံ့များကို ယူပစ်သလို သက်သာပျောက်ကင်းစေပါတယ်။

၈. လက်ဖက်

ရေနွှေးကြမ်းကို ထမင်းချက်တဲ့နေရာမှာ
ထည့်ပြီး သာမန်အတိုင်း ထမင်းချက်ပါက
ထမင်းရဲ့ အနံ့အရသာကို ပြည့်စုံရုံသာမက အာဟာရလည်း ဖြစ်ပါတယ်။
လက်ဖက်ခြောက်တွေကိုတော့ ဆယ်ထားပြီး ရေနွှေးကြမ်းရည်ကိုသာအသုံးပြုပါနော်။

၉. သံလွင်ဆီ

ထမင်းချက်တဲ့ အခါမှာ သံလွင်ဆီ အနည်းငယ် ထည့်ပြီး ချက်ပေးပါက ဆန်ထဲရှိ သကြားဓာတ်တိုးမြင့်မှုကို ထိန်းချုပ်နိုင်တဲ့ အပြင် အစာအိမ်ကိုလည်း ဥပဓ်မဖြစ်စေနိုင်ပါဘူး။
ဆီးချိုရှိတဲ့ ရောဂါသည်တွေ အတွက်လည်း သင့်လျှော်ပါတယ်။

Credit

အထွက်မြင့် ငရုပ် စိုက်နည်း--------------------------ငရုပ်ဟာ မြေသြဇာကြွယ်ဝပြီး ရေမဝပ်တဲ့မြေမျိုး၊ သဲနုန်း၊ နုန်းမြေတွေက အ...
23/08/2023

အထွက်မြင့် ငရုပ် စိုက်နည်း
--------------------------
ငရုပ်ဟာ မြေသြဇာကြွယ်ဝပြီး ရေမဝပ်တဲ့မြေမျိုး၊ သဲနုန်း၊ နုန်းမြေတွေက အကောင်းဆုံးဖြစ်ပါတယ်။

မြေစေးအသင့်အတင့်ပါတဲ့ မြေမှာလည်း စိုက်ပျိုးနိုင်ပါတယ် ဒါပေမယ့် ရေမဝပ်စေဖို့အတွက် ရေထုတ် မြောင်းစနစ်တကျ ပြုလုပ်ပေးဖို့တော့လိုပါတယ်။

သဲမြေမှာစိုက်တယ်ဆိုရင် သဘာဝမြေသြဇာလုံလုံ လောက်လောက်ထည့်ပြီးမှ စိုက်ပျိုးရမှာဖြစ်ပါတယ်။ အသင့်တော်ဆုံးpH ကေတာ့ (၅.၅-၇)ဖြစ်ပါ တယ်။

အရပ်ဒေသကိုလိုက်ပြီး တိုက်ရိုက်စိုက်တာနဲ့ ပြောင်းရွှေ့စိုက်ပျိုးတာဆိုပြီး (၂)မျိုးရှိပါတယ်။
တိုက်ရိုက်စိုက်ပျိုးတဲ့နည်းကတော့ ပျိုးခင်း၊

ပျိုးဘောင်တွေနဲ့ပျိုးမထောင်ပဲ ကြိုက်နှစ်သက်တဲ့ ထယ်ရေး၊ ထွန်ရေးရပြီဆိုရင် မျိုးစေ့တွေကို ညီညီညာညာကြဲပက်ပြီး စိုက်ပျိုးရတာဖြစ်ပါတယ်။

တစ်ဧကအတွက် မျိုးစေ့ (၁၀၀)ဂရမ်ခန့်ကုန်နိုင်ပါတယ်။ အပင်ပေါက်စုံရင် လိုချင်တဲ့ အကွာအဝေးထားပြီး ကျန်အပင် တွေကို နုတ်ပေးရတာဖြစ်ပါတယ်။ မုံရွာ၊ ညောင်ကန်၊ ဘုတလင်တစ်ဝိုက်မှာ အများအားဖြင့် စိုက်ပျိုးကြပါတယ်။

ရွှေ့ပြောင်းစိုက်ပျိုးနည်းကတော့ ထယ်ရေးအသင့်ပြင်ထားတဲ့ မြေပေါ်မှာ အသင့်ပျိုးထားတဲ့ ပျိုးပင် ပျိုးသက် (၃၀-၄၅)ရက်သားခန့်ရရင်ပြောင်းရွှေ့စိုက်ပျိုးရတာဖြစ်ပါတယ်။

➡အပင်ပြုစုစောင့်ရှောက်ခြင်း
ရွှေ့ပြောင်းစို်က်ပျိုးပြီး (၃-၄)ရက်ကြာရင် အပင်စပြီးလန်းလာမှာဖြစ်ပါတယ်။ (၁၀-၁၂)ရက်ကြာတဲ့အခါ ပေါင်း နှိမ်နင်းတာ၊

ရေသွင်းတာတွေ စတင်လုပ်ပေးနိုင်ပြီဖြစ်ပါတယ်။ ကြားပေါင်းလိုက်တာ၊ မြေတောင်မြှောက်ပေးတာ၊ မြေသြဇာကျေွးတာတွေကို (၂)ပတ် (၁)ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

➡မြေသြဇာထည့်သွင်းအသုံးပြုခြင်း

တစ်ဧကအတွက် နွားချေး လှည်းအစီး (၁၀-၂၀)စီးထည့်ပေးနိုင်ပြီး ယူရီးယား (၁)အိတ်၊ တီစူပါ (၁)အိတ်၊ ပိုတက်ရှ် (၁)အိတ်နှုန်းကို မြေပြင်ချိန်မှာ ထည့်ပြီး အပင်ကြီးထွားတဲ့အချိန်မှာ ယူရီးယား (၂)အိတ်ကို ထပ်​ကျွေးရမှာ ဖြစ်တယ် ။

➡ခူးဆွတ်ခြင်း

ရွှေ့ပြောင်းစိုက်ပျိုးပြီး (၂)လအကြာမှာ ပန်းစပြီးပွင့်မှာဖြစ်ပါတယ်။ ပန်းပွင့်ပြီး (၂)ပတ်အကြာမှာ ပထမအကြိမ် စတင်ခူးဆွတ်နိုင်မှာဖြစ်ပါတယ်။

ရွှေ့စိုက်ပြီး (၃-၄)လအတွင်း ခူးဆွတ်နိုင်ပါတယ်။ကြက်တူရွေးနုတ်သီးလို့ခေါ်ပြီး အသီးတွေနီရဲလာရင် အမြန် ခူးဖို့လိုပါတယ်။ မှည့်တဲ့အသီးတွေကိုပဲ ခူးဆွတ်သင့်ပါတယ်။

စိမ်းတဲ့အသီးတွေခူးရင် ဖလံဖြူဖြစ်သွားတတ်ပါ တယ်။ ငရုတ်ီးအမှည့်ကို ခူးတဲ့အခါ ကြက်တူရွေးနုတ်သီးနဲ့ ကြေးညိုတောင့် ကို မခူးရပါ။

(ငရုတ်သီးရင့်မှည့် တဲ့အခါ မှည့်စပြုတဲ့ အစိမ်းတစ်ပိုင်း၊ အနီတပိုင်းအဆင့်ကို အဲဒီအဆင့် ကျော်ပြီး လို့ငရုတ်သီးတစ်တောင့်လုံး အညိုရောင်ပြောင်းသွားတဲ့အချိန်မှာတော့ ကြေးညိုတောင့်လို့ခေါ်ကြပါတယ်။

ဒီ(၂)ဆင့်ကို ကျော်လွန်ပြီး အနီရောင်သန်းတဲ့ အသီးတွေကိုပဲ ခူးရမှာဖြစ်ပါတယ်။ ငရုတ်သီးအစိမ်းကိုလည်း ဆွတ်ခူးရောင်းချနိုင်ပါတယ်။

တစ်ပိုင်းတစ်စမှည့်တဲ့ အသီးနဲ့ လုံးဝမမှည့်တဲ့ အသီးတွေကိုလည်းရိတ်သိမ်းရောင်း ချနိုင်ပါတယ်။

မျိုးနဲ့မြေ အခြေအနေပေါ်မူတည်ပြီး တစ်ဧကမှာ ငရုတ်သီးအခြောက် (၁၀၀-၂၀၀)ပိဿာရနိုင်ပြီး ငရုတ်သီးစိမ်းအနေနဲ့ (၄၀၀-၁၀၀၀)ပိဿာအထိ ထွက်နိုင်ပါတယ်။

➡သတိပြုစရာ ငရုတ်ရောဂါ

#ဘက်တီးရီးယား ပင်ညှိုး(လောင်ဖြူ)

ပျိုးခင်းမှ ခူးဆွတ်ချိန်အထိ ကျရောက်သည်။ ရေဝပ်၍ မြေအစိုဓာတ် များပါက ပိုမိုဆိုးရွာသည်။စီးထွက်သည်ကို ရောဂါကျစ၌ အရွက်နုများ၊ အညွန့်များ ညှိုးလာသည်။ ရောဂါပြင်းထန်ပါက (၂-၃) ရက်အတွင်း တစ်ပင်လုံး ညှိုးသွားသည်။ ပင်စည် ညိုမည်း၍ အပင်သေသွားသည်။

ရောဂါရ ပင် စည်အား ဖြတ်၍ ရေတွင်စိမ်ကြည့်ပါက နို့နှစ်ရောင် ဘက္တီးရီးယား စိမ့်ထုတ်ရည်များ တွေ့ရသည်။

#ကာကွယ်နှိမ်နင်းနည်း

အပင်ခြေ ရေမဝပ်အောင် ဂရုစိုက်ပါ။ အပင်အား ဒဏ်ရာရစေနိုင်သည့် ပိုးမွှားများကို ထိရောက်စွာ ကာကွယ် နှိမ်နင်းပါ။ ဓာတ်မြေသြဇာကို အချိုးကျ သုံးစြဲပါ။

ပုလဲဓာတ်မြေသြဇာများများ သုံးစွဲမှုအား ရှောင်ပါ။ ရောဂါရ အပင်များကို ချက်ချင်းနုတ်ယူ၍ စိုက်ခင်းမှ ဝေးရာတွင် မြေနက်နက် တူးမြှုပ်ပါ။ ရောဂါဒဏ်ခံနိုင်သည့်မျိုးကို စိုက်ပါ။

အာလူး၊ ခရမ်းချဉ်၊ ခရမ်း၊ ဆေးစသော သီးနှံများနှင့် အလှည့်ကျစိုက်မှု ရှောင်ပါ။ အခြား သီးနှံများနှင့် အလှည့်ကျစိုက်ပါ။

ရောဂါရအကွက်မှ ရေနှင့် ထွန်ထယ် ကိရိယာများကို ရောဂါကင်းသည့် အကွက်တွင် သုံး​ခြင်းကို ရှောင်ပါ (သို့) သန့်ရှင်းပြီးမှ သုံးစြဲပါ။

ရောဂါစတင်ဖြစ်ပွားပါက ဘီလီယံ ၊ ကာဆူဂါ၊ ကျူပရောက်ဆက်ဆေးများကို သုံးပေးနိုင်ပါသည်။

➡မှဲ့ပြောက်စွန်းနှင့် ကိုင်းဖျားခြောက်ရောဂါ

အရွက်၊ အကိုင်းနှင့် အသီးပေါ်တွင် ကျရောက်သည်။ ငရုတ်ပွင့်တွင် က်ပါက အပွင့်ညှိုး၍ ငိုက်ကျလာပြီး တဖြည်းဖြည်း ခြောက်ကာ ကြွေကျသွားသည်။

အပွင့်မှ ပွင့်ညှာကို ဖြတ်၍ ကိုင်းအထိကူးစက်ပါက ကိုင်းဖျားခြောက်ရောဂါ ဖြစ်စေသည်။ ကိုင်းဖျားမှကိုင်းခွအထိ ခြောက် ကာ ကိုင်းတစ်ခြမ်း (သို့) တစ်ကိုင်းလုံး ခြောက်သွားနိုင်သည်။

ရင့်မှည့်သည့် အသီးပေါ်တွင် ဦးစွာရေစိုနာ အကွက်ဖြစ်၍ တဖြည်း ဖြည်း ကျယ်ပြန့်လာကာ နီညိုရောင် ပြောင်းသွားသည်။

အနာကွက်ပေါ်တွင် အဖုငယ်များကို စက်ဝိုင်း ပုံအရစ်များအဖြစ် တွေ့ရသည်။ ရောဂါပြင်းထန်ပါက အသီးအတွင်းပိုင်း တွန့်ရှုံ့နေမည်။

အရွက်ပေါ်တွင် မီးခိုးရောင် အကွက်ငယ် ပေါ်လာသည်။ အနာကွက် ကျယ်ပြန့်လာခြင်းကြောင့် အရွက်ခြောက် ဧရိယာ ကျယ်ပြန့်လာသည်။

#ကာကွယ်နှိမ်နင်းနည်း

ရောဂါရအပင်မှ မျိုးစေ့မယူသင့်ပါ။ သီးနှံပင် အကြွင်းအကျန်များကို မီးရှို့ဖျတ်ဆီးပါ။

မျိုးစေ့များကို ပျိုးမထောင်မီ အထက်ပါဆေးများဖြင့် လူးနယ်ပြီးမှ ပျိုးထောင်ပါ။

Telegram လင့်ခ်
https://t.me/shwearr
website -https://www.shwearr.com/
ဆက်သွယ်ရန်- ၀၉-၈၉၈၁၁၁၅၇၅ ၊ ၀၉-၉၅၂၀၀၅၂၃၁ ၊ ၀၉-၉၅၂၀၀၅၂၃

22/08/2023

" စီးပွားဖြစ်စိုက်ပျိုးရေး စတင်မည့်သူများအတွက် အကြံပြုချက်များ "
*******************************************************

စိုက်ပျိုးရေးကို စီးပွားဖြစ်စမ်းသပ်ချင်သူတွေ၊ ယခုမှစီးပွားဖြစ်စတင်စိုက်ပျိုးမယ့်
လူများအအတွက် အကြုံပြုချက်လေးများကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

Business Plan အရင်ချပါ။
စိတ်ဝင်စားလို့ စိုက်ပျိုးရေးကို စမ်းသပ်ချင်တာ ကောင်းပါတယ်။ ဒါပေမဲ့ အစီအစဉ်မရှိပဲနဲ့တော့ အဆင်ပြေရာရာကို စိုက်ပျိုးနေရင် ရေရှည်မှာ အဆင်မပြေပါဘူး။ စိုက်ပျိုးနေရင်းနဲ့မှ နားလည်ကျွမ်းဝင်လာပြီး အစီအစဉ်ချတာကောင်းသလို မစခင်ကတည်းက ကြိုတင်ပြီး အစီအစဉ်ချထားလည်း ပိုကောင်းပါတယ်။

စိတ်ရှည်ပါ။
ယခုမှစတင်ခြင်းဖြစ်တဲ့အတွက် ပထမဆုံးနှစ်တွေမှာ အမြတ်ရဖို့ရာခက်ခဲသလို တစ်ခါတလေမှာ လိုအပ်သော ပစ္စည်းကိရိယာများ ဝယ်ယူလိုက်တဲ့အတွက် အရှုံးပေါ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ပထမပိုင်းနှစ်တွေမှာ အဆိုးရွားဆုံးအခြေအနေတွေ အတွက်ကြိုတင် ပြင်ဆင်ထားဖို့၊ အစီအစဉ်တွေရှိဖို့ လိုအပ်ပါတယ်။ ချေးငွေလည်းအတတ်နိုင်ဆုံးမယူတာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ရရှိလာသောဝင်ငွေလည်ပတ်မှုမှာချေးငွေကို ပြန်ဆပ်နေရမှာ ဖြစ်တဲ့အတွက် အမြတ်ရဖို့အခွင့်အရေးနည်းပါတယ်။

စိုက်ပျိုးရေးကို စီးပွားရေးလို့ သတ်မှတ်ပြီးလုပ်ကိုင်ပါ။
ဝါသနာပါလို့၊ စမ်းသပ်ချင်လို့ စိုက်တာဆိုရင်တော့ ဥယျာဉ်ခြံစိုက်ခြင်း၊
မိမိအိမ်ခြံဝန်းထဲမှာ စိုက်ခြင်းတို့ကိုသာရွေးချယ်သင့်ပါတယ်။ စီးပွားဖြစ် စိုက်ပျိုးပြီဆိုရင်တော့ အရှုံးအမြတ်၊ လိုအပ်သောအတတ်ပညာ၊ လုပ်ဆောင်မှုတွေနဲ့
စျေးကွက်သဘော စတာတွေကိုနားလည်ထားဖို့လိုပါတယ်။

အကျိုးရှိအောင်စိုက်ပျိုးပါ။
အများကြီးစိုက်ပြီး မဖြစ်ထွန်းတာထက် နည်းနည်းစိုက်ပြီးများများဖြစ်ထွန်းတာ
ပိုကောင်းပါတယ်။ ငွေလည်းအများကြီးမကုန်ပဲ တိကျသေချာတဲ့ ထွက်နှုန်းကို
ရရှိနိုင်မှာဖြစ်ပါတယ်။

မိမိငွေကြေးလည်ပတ်မှုကို အမြဲတမ်းဂရုစိုက်ဆန်းစစ်ပါ။
အသုံးစရိတ်ကိုထိန်းချုပ်ပါ။ လိုအပ်သောအရာများကို ဝယ်ယူရာတွင်
မှန်ကန်စွာရွေးချယ်ပါ။ မိမိရဲ့ လစဉ်ဝင်ငွေ နဲ့ ထွက်ငွေကို သေချာမှတ်သားပြီး
ဆန်းစစ်ပါ။ မိမိရဲ့ရင်းနှီးမြှုပ်နှံမှုဟာ ရသင့်တဲ့အမြတ်ရနေရဲ့လား၊ မရရင်ဘယ်လိုအပိုကုန်ကျမှုတွေကိုလျှော့ချရမလဲ၊ ဘယ်လိုအမြတ်အများဆုံးရအောင်
လုပ်နိုင်မလဲ စသည်ဖြင့်အမြဲတမ်းငွေလည်ပတ်မှုကို ထိန်းချုပ်ထားသင့်ပါတယ်။

စျေးကွက်ကိုနားလည်ခြင်း
စတင်မစိုက်ပျိုးခင်ကတည်း မိမိရောင်းချရမဲ့ စျေးကွက်အကြောင်းကို
သေချာလေ့လာထားသင့်ပါတယ်။ ဘယ်လိုအချိန်တွေမှာ စျေးအတက်အကျတွေ
ရှိမယ်၊ ရာသီဥတုကြောင့် (သို့) အခြားပြင်ပအကြောင်းတရားများကြောင့်
စျေးကွက်ကဘယ်လိုပြောင်းလဲနိုင်တယ်၊ ရုတ်တရက်စျေးအတက်အကျ ရှိ၊မရှိ
စတာတွေကို နားလည်ထားဖို့လိုပါတယ်။
စျေးနှုန်းကိုလေ့လာတာထက်စာရင် စျေးကွက်ကိုလေ့လာခြင်းဟာ
ပိုမိုအထောက်အကူဖြစ်မှာပါ။

အချိန်ကိုစေ့စပ်သေချာစွာ အသုံးချခြင်း
စီမံခန့်ခွဲမှု အပေါ်မှာ အာရုံစိုက်ပါ။ လုပ်ငန်းကျွမ်းကျင်သော အလုပ်သမားများကို အသုံးပြုပါ။ ဘယ်နေ့မှာ ဘယ်လုပ်ငန်းပြီးရမယ်စသည်ဖြင့် အချိန်ဇယားရေးဆွဲ
လုပ်ဆောင်ပါ။ ပုံမှန်နေ့စဉ်ပြုလုပ်ရမဲ့အရာများလည်း သတ်မှတ်ထားပါ။
ဒီလိုပြုလုပ်ခြင်းဖြင့် အချိန်ကိုအကျိုးရှိအောင်အသုံးချရာ ရောက်ပါတယ်။

ဝယ်ယူသူအတွက် အရည်အသွေးစံနှုန်းတစ်ခုဖန်တီးပေးပါ။
မိမိရဲ့ သီးနှံထွက်ကုန်တွေကို ဝယ်ယူမဲ့လူနေရာက စဉ်းစားပြီးသူ့အတွက်
ဘယ်လိုစံနှုန်းထားပေးရမယ်စဉ်းစားပါ။ သီးနှံအရည်အသွေး၊ သီးနှံထွက်ကုန်များ သိုလှောင်ပုံ၊ သယ်ယူပို့ဆောင်ခြင်း စတဲ့အချက်တွေမှာ သူများနဲ့မတူကွဲပြား
ကောင်းမွန်အောင် ပြုလုပ်ပေးပါ။

ဥာဏ်ရှိပါ။
စိုက်ပျိုးပညာရှင်များ၊ အကြံပေးများနဲ့တိုင်ပင်ဆွေးနွေးပါ။ အခြားအောင်မြင်
နေပြီးသော စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးနှင့်ဆက်စပ်နေသော
နယ်ပယ်မှလုပ်ငန်းရှင်များနှင့် အဆက်အသွယ်ရအောင် ပြုလုပ်ပါ။ မိမိရဲ့
စီမံခန့်ခွဲနိုင်မှု၊ ဦးဆောင်နိုင်စွမ်း၊ ပြသနာဖြေရှင်းနိုင်စွမ်း စတာတွေကို မြှင့်တင်ပါ။

အနားယူပါ။
ဘယ်လောက်ပဲကြိုးစားကြိုးစား မိမိစိတ်အခြေအနေဟာ ရှုပ်ထွေးနေရင်
ဆုံးဖြတ်ချက်များမှားယွင်းတတ်ပြီးတော့ အလုပ်လုပ်နိုင်စွမ်းလည်း
ကျဆင်းတတ်ပါတယ်။ ဒါကြောင့် အလွန်အကျွံအလုပ်လုပ်မိစေရန်
သတိထားပြီး အရမ်းမွန်းကြပ်လာပါက မိမိကိုယ်မိမိအနားပေးသင့်ပါတယ်။

ဒီအချက်တွေအကုန်လုံးဟာ စိုက်ပျိုးရေးပြုလုပ်နေသူ၊ စတင်ရန်ကြိုးစားနေသူ
တောင်သူများအတွက် အင်တာနက်ပေါ်မှဘာသာပြန်၍ ကောက်နုတ်တင်ပြခြင်း
ဖြစ်ပါတယ်။


ထပ်ဆင့် ကူးယူမျှဝေပါတယ်ရှင့်

ချမ်းသာတဲ့လူနဲ့ မချမ်းသာတဲ့လူ ဆိုပြီး ကွဲပြားသွားရတဲ့ အဓိက အကြောင်းအရင်း  ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ဥပမာ ထားပါတော့ ကျွန်တော့်မှာ က...
12/05/2023

ချမ်းသာတဲ့လူနဲ့ မချမ်းသာတဲ့လူ ဆိုပြီး ကွဲပြားသွားရတဲ့ အဓိက အကြောင်းအရင်း
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဥပမာ ထားပါတော့ ကျွန်တော့်မှာ ကြက်သုံးကောင် ရှိတယ် ဆိုကြပါစို့။

တစ်ကောင်ကို အရက်သမားလက်ထဲ ပေးလိုက်မယ်။ ဒါဆို ဘာဖြစ်သွားမယ်ထင်သလဲ..? သေချာပါတယ်၊ အမြည်းဖြစ်သွားမှာပေါ့။

နောက်တစ်ကောင်ကို ကြက်တိုက်သမား လက်ထဲ ပေးလိုက်မယ်။ သေချာတယ်၊ အဲ့ဒီကြက်က တိုက်ကြက်ဖြစ်သွားလိမ့်မယ်။

နောက်ဆုံးတစ်ကောင်ကို မွေးမြူရေးသမား လက်ထဲ ထည့်ပေးလိုက်မယ်ဆိုရင် သူဟာ အဲ့ဒီကြက်ကိုမွေးပြီး နောက်ထပ် ကြက်တွေအများကြီးပေါက်လာအောင် လုပ်လိမ့်မယ်။

ရလာတဲ့ကြက်အပေါ် သူတို့တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းမှာ ရှိတဲ့ အမြင်တွေ၊ စိတ်နေသဘောထားတွေပေါ် မူတည်ပြီး အမြည်း၊ တိုက်ကြက်၊ မွေးမြူရေးကြက်ဆိုပြီး ပြောင်းလဲသွားတယ်။

ဒီသဘောပဲ။ လူတွေမှာလည်း ကြွယ်ဝချမ်းသာတဲ့လူနဲ့ မချမ်းသာတဲ့လူဆိုပြီး ကွဲပြားသွားစေတာဟာလည်း ပိုက်ဆံအပေါ်မှာထားတဲ့ ကျွန်တော်တို့ရဲ့ အမြင်တွေ၊ စိတ်နေသဘောထားတွေပေါ်မှာ မူတည်ပြီး ကွဲပြားသွားစေတာ ဖြစ်တယ်။

တချို့က ရှိတယ်။ ထီပေါက်ရင် ချမ်းသာမယ်၊ မိဘဆီက အမွေတွေရရင် ချမ်းသာမယ်၊ လစာကောင်းတဲ့ အလုပ်ရှိရင် ချမ်းသာမယ် ဒီလိုထင်ကြတယ်။ တကယ်က မဟုတ်ဘူး။ ဘယ်လောက်ပဲ လစာကောင်းကောင်း၊ ဘယ်လောက်ကြီးတဲ့ ထီဆုကြီးပဲ ပေါက်ပေါက် ပိုက်ဆံအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ စိတ်နေသဘောထားက လွဲနေရင် အဲ့ဒီလွဲတဲ့ လမ်းကြောင်းအတိုင်းပဲ လိုက်သွားလိမ့်မယ်။

ခုနကလိုပေါ့ အရက်သမားကို ကြက်တွေအများကြီးသွားပေးလည်း သူနေ့တိုင်း အရက်နဲ့ မြည်းလို့ရပြီဆိုတဲ့ အမြင်ပဲ ရှိတာကြောင့် အမြည်းဖြစ်ရုံသာရှိမယ်။ ကြက်သမားလည်း ဒီတိုင်းပဲ။ မွေးမြူရေးသမားထက်ထဲရောက်မှသာ ရလာတဲ့ကြက်တွေကို မွေးရင်း မွေးရင်းနဲ့ ကြက်တွေများသထက်များလာပြီး ကြွယ်ဝချမ်းသာလာမှာ ဖြစ်တယ်။

အလားတူပဲ တစ်လကို သိန်း ၂၀ ရှာနိုင်ရှာနိုင် ၃၀ ရှာနိုင်ရှာနိုင်၊ ရှာနိုင်တဲ့ ပိုက်ဆံကို သုံးစရာအဖြစ်ပဲ မြင်နေရင် သုံးစရာအဖြစ်ပဲ ရောက်သွားလိမ့်မယ်။ စုဆောင်းစရာ၊ ကိုယ့်ကို ငွေပြန်ရှာပေးနိုင်တဲ့အရာလို့ မြင်မှ ကြွယ်ဝချမ်းသာလာမှာ ဖြစ်တယ်။

ဒါကြောင့် ချမ်းသာကြွယ်ဝဖို့အတွက်ဆိုရင် ဝင်ငွေကောင်းဖို့က အရေးကြီးတယ်ဆိုတာ မှန်ပေမယ့် ဝင်ငွေအပေါ်မှာ သဘောထားတဲ့ ကျွန်တော်တို့ရဲ့ စိတ်နေသဘောထားတွေက ပိုပြီး အရေးကြီးတယ်။

အဲ့ဒီစိတ်နေသဘောထားကပဲ လူချမ်းသာ၊ လူဆင်းရဲ ဆိုပြီး ကွဲပြားသွားအောင် အဓိက ဆုံးဖြတ်ပေးနေတာ ဖြစ်တယ်။


ပါးစပ်မပါဘဲ စကားပြောသော " ငွေ "
#ငွေမရှိရင်အရမ်းမျက်နှာငယ်ရတယ်
https://www.facebook.com/103823455417487/posts/189815303484968/

🛑ကမ္ဘာ့ရွှေ၊ရေနံနဲ့နိုင်ငံတကာငွေကြေးအရောင်းအဝယ်သင်တန်း🛑
https://www.facebook.com/103823455417487/posts/202918878841277/

စာပေဗဟုသုတများ နေ့စဉ်ဖတ်ရှု့နိုင်ရန် Pageကို like and follow လုပ်ထားနိုင်ပါတယ်။ ❣️
https://www.facebook.com/Your-Personal-Advisor-By-Aung-103823455417487/

" ပါးစပ်မပါဘဲ စကားပြောသော‌ ငွေ "

ငွေကအရာရာတိုင်း မဟုတ်ဘူးလို့ပြောကြတယ်။
ဒါပေမဲ့ အရာရာတိုင်းမှာ ငွေလိုအပ်တယ်ဆိုတာကိုတော့ မငြင်းပါနဲ့။ ငွေမပါဘဲ ပြီးတဲ့နေရာဆိုတာရှားပါတယ်။

ငွေမရှိရင် ဆွေမျိုး ၊ အပေါင်းအသင်းတွေကြားမှာတောင် မျက်နှာအရမ်းငယ်ရတယ်ဆိုတာ ခင်ဗျားအသိပဲ။

ပါးစပ်မပါဘဲ စကားပြောသောငွေ မရှိရင် ဘာမှလုပ်လို့မရပါဘူး။‌ ငွေရှိပြီး မခိုင်းတက်ရင်လည်း ငွေသေတွေလို အကျိုးအမြတ်မရှိ ဖြစ်နေမှာပါ။ ငွေများများလိုချင်ရင် ငွေကိုများများခိုင်းတတ်ဖို့တော့လိုပါတယ်။
နေ့စဉ်နှင့်အမျှ ကိုယ့်ရဲ့ငွေတွေကို လက်ထဲ ၊ ဘဏ်ထဲမှာပဲထားနေသမျှတော့ ငွေတွေကအိပ်နေအုံးမှာပဲ။

ဒီတော့ ကိုယ်ကဝင်ငွေလမ်းကြောင်းတိုးချဲ့ချင်တယ် ငွေများများဝင်ချင်တယ်ဆိုရင် ဗေဒင်မမေးနဲ့ ယတြာမချေနဲ့ လက်ရှိလုပ်ငန်းအပြင် အခြားစီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမှုတွေပြုလုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

သူဌေးဖြစ်ချင်ရင်တော့ စွန့်စားရဲဖို့တော့လိုတာပေါ့။ ကိုယ်က ဒီလုပ်ငန်းပဲလုပ်တတ်လို့ ဒါပဲလုပ်မယ်ဆိုရင် ဒီလုပ်ငန်းကရတဲ့ဝင်ငွေထပ် ပိုလိုချင်လို့တော့မရဘူးပေါ့။

ဒီနေ့မှာတော့ ကျွန်တော်က Main Businessအနေနဲ့ရော Second Businessအနေနဲ့ပါ လုပ်ကိုင်ရအဆင်ပြေတဲ့ Forex Market လေးနဲ့မိတ်ဆက်ပေးပါရစေ။

ဆိုတာဘာလဲ ? ဆိုတာကို အောက်က ှာ အသေးစိတ်၀င်ရောက်‌လေ့လာနိုင်ပါတယ်။ ❗
https://www.facebook.com/103823455417487/posts/188189963647502/

Forex Marketမှာလည်း အခြားသောစီးပွားရေးလုပ်ငန်းတွေလိုပဲ အရှုံးအမြတ်ရှိပါတယ်။ကိုယ်ကForex Marketကို စနစ်တကျမလေ့လာဘဲ အလောင်းကစားဆန်ဆန်အရောင်းအဝယ်ပြုလုပ်မည်ဆိုပါက ရှုံးနိုင်ပါတယ်။

ဒီလိုပဲ ကိုယ်က Forex Marketကို စနစ်တကျ လေ့လာ၍ အရှုံး၊ အမြတ်ကို ကောင်းကောင်းစီမံခန့်ခွဲပြီး အရောင်းအဝယ်ပြုလုပ်မည်ဆိုပါက အခြားသောစီးပွားရေးဈေးကွက်တွေမှာမရနိုင်တဲ့ အကျိုးအမြတ်မျိုးကို သက်သောင့်သက်သာ ရရှိနိုင်တဲ့ လုပ်ငန်းမျိုးလည်းဖြစ်ပါတယ်။

တခြားသော စီးပွားရေးတွေနဲ့ မတူတဲ့ Forex Marketရဲ့ အားသာချက်တွေကတော့.....

🔹ကမ္ဘာ့စျေးကွက်ကြီးတွင် အရင်းအနှီးနည်းနည်းဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း။

🔹ဝန်ထမ်းစရိတ်၊ဆိုင်ခန်းစရိတ်စသည့်အခြားသောကုန်ကျစရိတ်များမရှိဘဲ လုပ်ကိုင်နိုင်ခြင်း။

🔹နေရာဒေသမရွေး၊အင်တာနက်လိုင်းရှိယုံဖြင့် လုပ်ကိုင်နိုင်ခြင်း။

🔹လက်ရှိစီးပွားရေးတဖက်ဖြင့် လုပ်ကိုင်နိုင်ခြင်း။

🔹တနလင်္ာနေ့မှသောကြာနေ့အထိ ၂၄နာရီပတ်လုံး မိမိကြိုက်နှစ်သက်တဲ့အချိန် အရောင်းအဝယ်ပြုလုပ်နိုင်ခြင်း။

🔹ရင်းနှီးမြုပ်နှံမှု မပြုလုပ်ခင်စျေးကွက်တွင်အစမ်းအရောင်းအဝယ် ပြုလုပ်နိုင်ခြင်း။

🔹ရောင်းသူ၊ဝယ်သူစောင့်ဆိုင်းစရာမလိုဘဲ အရောင်းအဝယ်order စက္ကန့်ပိုင်းဖြင့်ပြီးမြောက်ခြင်းတို့ဘဲဖြစ်ပါတယ်။

Forex Marketကို စိတ်ဝင်စား၍ အခြေခံမှစတင်ပြီး သင်တန်းများတက်ရောက်လိုပါက ‌အောက်ကLinkမှာ အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ဗျာ ...
https://m.facebook.com/story.php?story_fbid=149563070843525&id=103823455417487

🛑လူကြီးမင်းတို့အနေဖြင့် Forex Marketကြီးထဲတွင် အရောင်းအဝယ်ပြုလုပ်ပြီး အကျိုးအမြတ်ရှာဖွေလိုခြင်း ၊ trading accountဖွင့်လိုခြင်း၊အခြေခံသင်တန်း အထူးသင်တန်းများ တက်ရောက်လိုပါက ကျွန်တော် အား အခမဲ့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်.......


https://www.facebook.com/Your-Personal-Advisor-By-Aung-103823455417487/

#ကမ္ဘာ့ရွှေ #စီးပွားရေး #မြန်မာ့ရွှေ

,
#ရွှေဈေး #ဒေါ်လာဈေး

12/05/2023

နွားချေး၊ နွားသေး ပိုးသတ်ဆေး

သဘာဝပိုးသတ်ဆေးအသုံးပြုပြီး သီးနှံဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းခြင်းဖြင့် မိတ်ဆွေပိုးတွေကို မထိခိုက်စေ တဲ့အပြင် သီးနှံတွေအပေါ်မှာလည်း အဆိပ်ဓာတ်ကြွင်းမကျန်ပါ။ သီးနှံပင်အတွက် ထိခိုက်မှုမရှိ၊ ပတ်ဝန်းကျင် အားအဆိပ်သင့်မှု မရှိပါ။ သီးနှံပင်ကြီးထွားမှုကိုလည်း များစွာ အထောက်အကူပြုစေပါတယ်။ ပြုလုပ်သုံးစွဲရ လွယ်ကူတာကြောင့် ကုန်ကျစရိတ်ကိုလည်း သက်သာစေပါတယ်။
သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲဖို့အတွက် အပင်၊ တိရစ္ဆာန်နဲ့ တွင်းထွက်ပစ္စည်းတွေကို အသုံးပြုနိုင်ပါတယ်။ ပိုးတွေကို တိုက်ရိုက်သတ်တာထက် သူတို့ရဲ့ဖျက်ဆီးနိုင်စွမ်းကို လျော့ကျစေတာဖြစ်ပါတယ်။ ဖျက်ပိုးတွေရဲ့ ဇီဝကမ္မပြောင်းလဲမှုကို ပျက်ပြားစေခြင်းအားဖြင့် ဖျက်ပိုးဦးရေကို လျှော့ချစေနိုင်ပါတယ်။
တိရစ္ဆာန်စွန့်ပစ်ပစ္စည်းထဲက နွားသေး၊ နွားချေး အသုံးပြုနည်းကို မျှဝေပေးလိုက်ပါတယ်ရှင့်။
နွားသေး - နွားသေးကို ရေသန့်ဘူးတစ်ဘူးထဲထည့်ပြီး နှစ်ပတ်နေလှန်းရပါမယ်။ ဒီလိုနေလှန်းလိုက် ခြင်းအားဖြင့် အစွမ်းတွေပိုပြီးတော့ ကောင်းလာပါတယ်။ နွားသေးတစ်ဘူးကို ရေ (၆)ဘူးနဲ့ ရောဖျော်ပြီး ဟင်းသီးဟင်းရွက်မှာကျတဲ့ ဖျက်ပိုးတွေကို နှိမ်နင်းနိုင်ပါတယ်။
နွားချေး - နွားချေးကိုလည်း နှစ်ရက်နေလှန်းပြီး ရေသန့်ဘူး (၁၀) ဘူးနဲ့ ရေဖြည့်၊ ပြီးသွားရင်နှစ်ပတ်ရေ စိမ်။ နေ့တိုင်းမွှေပေးရမှာဖြစ်ပါတယ်။ အနံ့ပျောက်သွားရင် နွားချေးဖတ်တွေ စစ်ထုတ်ပြီး ရလာတဲ့ နွား ချေးရည်ကို ရေ (၃) ဂါလံနဲ့ ရောဖျော်သုံးစွဲနိုင်ပါတယ်။ ပိုးသတ်ဆေးနဲ့ ရွက်ဖျန်းမြေသြဇာဓာတ် ရရှိစေ ပါတယ်။

ငွေမကုန်ပဲ သင့်စိုက်ခင်းတွေ ဖြစ်ထွန်းအောင်မြင်စေမယ့်နည်းလမ်းကို သိချင်ပါသလား......⁉️ငွေမကုန်ပဲ သင့်ရဲ့ငါးကန်က ငါးတွေမှာ ...
08/05/2023

ငွေမကုန်ပဲ သင့်စိုက်ခင်းတွေ ဖြစ်ထွန်းအောင်မြင်စေမယ့်နည်းလမ်းကို သိချင်ပါသလား......⁉️

ငွေမကုန်ပဲ သင့်ရဲ့ငါးကန်က ငါးတွေမှာ
အဖျက်မှို၊ပိုးတွေ ဆွဲကပ်တာကနေ
ကာကွယ်ပေးပြီး အထွက်နူန်းတိုးချင်ပါသလား.......⁉️

‌ငွေမကုန်ပဲ သင့်ရဲ့ မွေးမြူရေးခြံက အနံ့ဆိုးနဲ့ အဖျက်ပိုးတွေ ကင်းဝေးချင်ပါသလား....... ⁉️

ရွှေရနံ့က ဆေးပဲရောင်းတာမဟုတ်
ဆေးဖော်နည်းပါ ပြောပြပေးမှာမို့
လိုက်လုပ်ကြည့်ဖို့က
ရှင်တို့တာဝန်ပါနော်👌

အရင်ဆုံး ဝါးပင်၊ ထန်းပင်၊ သစ်ပင်ကြီးအောက်၊ ‌တောအုပ်အနီး စတဲ့နေရာများမှ
ခြတောင်ဘို့ကို ရှာပါ။

ပြီးရင် ပုံပါ ခြထောင်ဖို့ထဲမှ ခြအိမ်အဆံလေးကို တူးယူပါ။

တူးယူထားသော ခြအိမ်ကို အလေးချိန် ချိန်ကြည့်ပါ။ ခြအိမ်အလေးချိန်နှင့် ညီသော ထမင်းနှင့် သကာရည်ကို ရောရန်ဖြစ်သည်။

ဆန်ကို ရေမဆေးပဲ ရေခမ်းချက်ပါ။

ထမင်းကို အအေးခံပါ။

ရောစပ်ရန်အချိုး

ခြအိမ်........................ ၁ပိဿာ
ထမင်း ........................၅၀သား
ထန်းညှက်ရည်.............၅၀သား
ရောနယ်ပြီး (၃)ရက်မှ (၇)ရက်ထိ လေလုံဘူးထဲ ထည့် ထားပါ။

(၇) ရက်ပြည့်ပါက မှိုမျှင်များပေါက်လာပါမည်။ အကျိုးပြုပိုး၊မှိုများပါသော ခြထမင်းကို ရရှိမည်ဖြစ်သည်။ ထိုခြထမင်းကို ထန်းညှက်ရည်နှင့် ဆတူ ပြန်ရောစပ်ထားပါ။ တနှစ်အထိ
အထားခံပါတယ်။

အသုံးပြုလိုပါက
ခြထမင်း အကျိုးပြုမှို၊ပိုအရည်
တလီတာ
ရေ ၁၈လီတာ
ထန်းညှက်ရည် ၁လီတာ ရောစပ်ပြီး
တပတ်ထားပါ။

တပတ်ပြည့်ပါက ဒေသခံ အကျိုးပြုပိုး၊ ထရိုင်ကိုဒါးမားအကျိုးပြုမှို၊ မိုက်ကိုရိုင်ဇာ၊
ဇင့်၊ ဖော့စ‌ဖောရပ်၊ မဂနီဆီယမ် စသော အကျိုးပြုဓါတ်များ ကြွယ်ဝစွာပါဝင်သော ဖျော်ရည်ကို ရရှိပြီ ဖြစ်ပါတယ်။

ထိုဖျော်ရည်ကို အပင်စိုက်ခင်းများအတွက် ဆေးဖျန်းပုံးတပုံးကို ၂၀၀စီစီ ထည့်ဖျန်းပေးနိုင်ပါတယ်။ အပင်စိုက်ခင်းများတွင်
ကျရောက်တတ်သော အဖျက်မှို၊ အဖျက်ပိုးများကို ကာကွယ်ပေးသည့်အပြင် အပင်ရဲ့လိုအပ်တဲ့ အာဟာရဓါတ်ကိုပါ ရရှိစေပါတယ်။

ငါးကန်များအတွက် ကန်၏ ဇီဝဂုဏ်သတ္တိကောင်းမွန်စေရန်၊
အပင်မျှောလေး၊ သတ္တမျှောလေးများ
ကောင်းစွာပေါက်ဖွားပြီး ရေဩဇာတက်စေရန်၊ ငါးကန်တွင် ကျရောက်
ဆွဲကပ်တတ်သော
အဖျက်မှိုရန်မှ ကာကွယ်ရန်
အနံ့ဆိုးများမှ ကာကွယ်ရန် တဧကကို
၁၀လီတာ ထည့်ပေးနိုင်ပါတယ်။

အနံ့ဆိုးထွက်သော ကြက်ခြံ၊ဝက်ခြံများမှာ အနံ့ဆိုးပျောက်စေရန် ရေတလီတာ
၂၀စီစီနှုန်း ဖျန်းပေးနိုင်ပါတယ်။

ကဲ ငွေမကုန်ပဲ ခြတောင်ဘို့ရှိယုံနဲ့
အသုံးချလို့ရနိုင်တဲ့ နည်းလမ်းလေးကို
#ရွှေရနံ့မှဝေမျှပေးလိုက်ပါတယ်။

https://m.facebook.com/story.php?story_fbid=430566755907301&id=100068619402000&mibextid=Nif5oz

ที่อยู่

Bangkok

เบอร์โทรศัพท์

+959787198530

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Food & Travel Bloggerผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์