Myanmar Celebrity+

Myanmar Celebrity+ Myanmar Celebrity is one of the best Digital Media Platforms in Myanmar.
ဆက်သွယ်ရန်: +959 770335599 The Official Page of Myanmar Celebrity Entertainment.
(2)

28/09/2025

IMPERIAL DIAMOND စိန်ရွှေရတနာဆိုင် ရဲ့ ၂၀၂၅ သီတင်းကျွတ် ကျောက်မျက်ရတနာ အထူး အရောင်းပွဲတော်ကို စက်တင်ဘာလ (၂၈) ရက်နေ့က ရန်ကုန်၊ Times City တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး သရုပ်ဆောင် မေသန်းနု၊ အောင်မင်းခန့်၊ ၊ မိုးပြည့်သက်ချယ်၊ အဆိုတော် ဇွဲပြည့် နဲ့ မိတ်ကပ် လင်းလင်း တို့က တက်ရောက်ခဲ့ကြပါတယ်။

IMPERIAL DIAMOND ရဲ့ သီတင်းကျွတ် အထူး အရောင်းပွဲတော်မှာ အရည်အသွေး စစ်မှန်တဲ့ မိုးကုတ်တွင်းထွက် ကျောက်မျက်ရတနာ နှင့် စိန်ရွှေ ရတနာများကို 10% to 20% Off Discount များ ဖြင့် ရောင်းချပေးခဲ့သည့် အပြင် ချက်ခြင်းဝယ်၊ ချက်ခြင်းပေါက် အစီအစဉ်များလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

#မေသန်းနု #အောင်မင်းခန့် #မိုးပြည့်သက်ချယ် #လင်းလင်း #ကျောက်မျက်ရတနာအရောင်းပွဲတော် #သီတင်းကျွတ်အထူးအရောင်းပွဲတော် #ကြူကြူသင်း #ဇွဲပြည့် #ဇေယျ

28/09/2025

‘စူပါလေဒီ မှာ ထူးအောင် က မကြီးရဲ့ သားလေးပါ။ သူ့ ထွားထွားကြိုင်းကြိုင်း ခန္ဓာကိုယ်ကြီး နဲ့ အော်တစ်ဇင် / Autism ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်တယ်။ ဒီနှစ်က ထူးအောင် ရဲ့ ကံကောင်းတဲ့ နှစ်ပါ’ လို့ ပြောလာတဲ့ စိုးမြတ်သူဇာ၊ ထူးအောင် တို့နှင့် ခဏတာ။

#စိုးမြတ်သူဇာ #မကြီးစိုး #ထူးအောင် #စူပါလေဒီရုပ်ရှင်

28/09/2025

‘ကိုဟိန်းဝေယံ နဲ့ စိုးပြည့်တို့ တွဲတာ မသိခင် ကတည်းက လိုက်ဖက်တယ်လို့ တွေးထားတာပါ။ ဖြစ်စေချင်တဲ့ အတိုင်း လက်တွဲသွားလို့ အရမ်း ပျော်ရတယ်။ သူတို့ ချစ်တာကို ဘေးနားက ကြည့်ပြီး ကြည်နူးနေရတယ်’ လို့ ပြောလာတဲ့ ရတနာဗိုလ် နှင့် ခဏတာ။

#ရတနာဗိုလ် #ဟိန်းဝေယံ #စိုးပြည့်သဇင် #ငယ်ဇင်

28/09/2025

ထူးခြားတဲ့ စိန်ခေါ်မှု/ Challenge တွေ၊ Punishment တွေ အပြင် ဆယ်လီတွေရဲ့ မြင်တွေ့ရခဲတဲ့ ပုံစံတွေကို ကြည့်ရှူနိုင်မယ့် ဆယ်လီစိုက်ပျိုးရေး Season (2) ကို စတင် ရိုက်ကူးမည့်အကြောင်း အသိပေး မိတ်ဆက်၊ ကန်တော့ပေးပွဲ အခမ်းအနားကို စက်တင်ဘာလ (၂၈) ရက်နေ့က ရန်ကုန်မြို့၊ ကျိုက္ကဆံဘုရားတွင် ပြုလုပ်ခဲ့ပါတယ်။

ဒါရိုက်တာ လူနေ စီစဉ် ရိုက်ကူးပြီး ထူးအောင်၊ ရှင်မွေလ၊ လင်းအောင်ခေတ်၊ Zell၊ ဝင်းခန့်မိုး၊ JAZ3၊ ခင်ဝင့်ဝါ၊ ရတနာမိုင်၊ သံသာညီ၊ နှင်း၊ ယမုံမြင့်မြတ်၊ သီရိကျော်၊ တို့ ပါဝင်သွားမယ့် ဆယ်လီစိုက်ပျိုးရေး Season (2) ကို လာမယ့် နိုဝင်ဘာ (၃၀) ရက်နေ့မှာ ပြသသွားမှာ ဖြစ်ပါတယ်။

#ဆယ်လီစိုက်ပျိုးရေးSeason2 #ဆယ်လီစိုက်ပျိုးရေး #ထူးအောင် #ရှင်မွေလ #လင်းအောင်ခေတ် #ဝင်းခန့်မိုး #ခင်ဝင့်ဝါ #ရတနာမိုင် #သံသာညီ #နှင်း #ယမုံမြင့်မြတ် #သီရိကျော်

28/09/2025

စိန် လုပ်ငန်းကို မျိုးရိုး (၄) ဆက်တိုင်အောင် ထိန်းသိမ်းလာတဲ့ တော်ဝင်စိန်တိုက် ရဲ့ ‘တစ်လုံးစိန်’ နဲ့ နောက်ဆုံးပေါ် ဒီဇိုင်း ဖန်တီးထားတဲ့ လက်ဝတ်ရတနာများရဲ့ ကြော်ငြာရိုက်ကူးရေးကို သရုပ်ဆောင် ဝတ်မှုံရွှေရည် နဲ့အတူ စက်တင်ဘာလ (၂၈) ရက်နေ့က ရိုက်ကူးခဲ့ပါတယ်။

တော်ဝင်စိန်တိုက် ဟာ စိန် အရည်အသွေးကို အကောင်းဆုံး အသုံးပြု ပေးထားတဲ့ အပြင် လက်ရာ ဒီဇိုင်းတွေကို ခေတ်နဲ့အညီ အမြဲ ဆန်းသစ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ တစ်ခါ စိန်ဝယ်ယူလိုက်တာနဲ့ ခဏတာ အာမခံချက် မဟုတ်ဘဲ၊ ဘဝ တစ်လျှောက်လုံးစာ အာမခံချက်ဖြင့် ခေတ်ကာလ ပေါက်စျေးအတိုင်း ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

တော်ဝင်စိန်တိုက် ရဲ့ မန္တလေးမြို့၊ (၂၆) လမ်းရှိ ပင်မစိန်တိုက်ကြီး ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားကို လာမယ့် အောက်တိုဘာလမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး (၅) ရက်တိုင်တိုင် စျေးရောင်းပွဲတော်ကြီး ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

#တော်ဝင်စိန်တိုက် #တော်ဝင်စိန်တိုက်မန္တလေး #ဝတ်မှုံရွှေရည် #ကစ်ကစ် #တစ်လုံးစိန် #တစ်လုံးစိန်Collection

28/09/2025

‘Miss ပွဲ နဲ့ Mrs ပွဲတွေက ကြိုးစားရတာချင်း တူပေမယ့် အိမ်ထောင်ရှင် အလှမယ်တွေ ဆိုရင် အားပေးမှု နည်းတဲ့အတွက် နိုင်ငံတကာမှာ သွားပြိုင်ရင် ပိုပြီး ကြိုးစားရတယ်။ Placement ရခြင်း၊ မရခြင်းထက် နိုင်ငံဂုဏ် ဆောင်နိုင်ဖို့ပဲ ကြိုးစားမယ်’ လို့ ပြောလာတဲ့ Mrs Universe Myanmar အိမ်ထောင်ရှင် အလှမယ် ဖြူနှင်း၊ CEO Shine Daya Hein နဲ့ ကိုပြည့်စုံ တို့နှင့် ခဏတာ။

Mrs Supra Myanmar 2025 ရဲ့Grand Final ပွဲကြီးကို စက်တင်ဘာလ (၂၇) ရက်နေ့က ရန်ကုန်၊ SKY Star Hotel တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

#ဖြူနှင်း #အိမ်ထောင်ရှင်အလှမယ် #အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ #မြန်မာအိမ်ထောင်ရှင်အလှမယ်

28/09/2025

‘သတိုးက Treasure ထက် ပိုပြီး ပြုံးရီတတ်တယ်။ သူတို့ကို မျှတနေအောင် အမြဲ ချစ်ပေးဖြစ်တယ်။ မွေးလိုက်တဲ့ ကလေးတိုင်းက ချစ်ဖို့ကောင်းနေလို့ ပရိသတ်က ကလေးပဲ ထိုင်မွေးနေပါလား ပြောကြတယ်’ လို့ ပြောလာတဲ့ စန္ဒီမြင့်လွင်၊ ကိုသီဟလွင် တို့ဇနီးမောင်နှံ နှင့် ခဏတာ။

#စန္ဒီမြင့်လွင် #ဒီးဒီ #ကိုသီဟလွင် #ခင်လင်းထင် #သတိုးသီဟ

28/09/2025

ခေါင်းအစ ခြေအဆုံး တစ်နေရာတည်းမှာ One Stop Service ဝန်ဆောင်မှု အပြည့်ပေးနေတဲ့ Shwe’s Beauty Palace ရဲ့ဆိုင်ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၂၇) ရက်နေ့က ဆိုင်တည်ရှိရာ အမှတ်(၈၇၉)၊ (၄/၆) ဗြဟ္မစိုရ်လမ်း၊ ဗြဟ္မစိုရ်လမ်း နှင့် သီလလမ်းထောင့်၊ တောင်ဥက္ကလာပ၊ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ သရုပ်ဆောင် ဖွေးဖွေး၊ ဆုမြတ်ရွှေစင်၊ မေပန်းချီ၊ ဗညားဘုန်းပြည့်၊ Vitamin ၊ ဇော်ရှိုင်းထက်၊ အဆိုတော် Jessi တို့က တက်ရောက်ချီးမြှင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

Shwe’s Beauty Palace ဟာ (၈) နှစ်ကျော် ရပ်တည်လာခဲ့တာ ဖြစ်ပြီး၊ (၄) ဆိုင်မြောက် ဆိုင်ခွဲ ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ အားပေးသူ Customer များအတွက် ဝန်ဆောင်မှုများကို (50%) Discount ဖြင့် ကျေးဇူးတုံ့ပြန်သွားမှာ ဖြစ်သလို လာမယ့် သီတင်းကျွတ်ကာလ အတွက်လည်း Promotion နဲ့ Discount များ ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

#ရွှေမျက်ခုံးဆိုင် #ဖွေးဖွေး #ဆုမြတ်ရွှေစင် #မေပန်းချီ #ဗညားဘုန်းပြည့် #ဗီတာမင် #ဇော်ရှိုင်းထက် #ရာဇာထက်အောင် #ဖြိုးမင်းသုတ

28/09/2025

‘Myanmar Star Audition မှာ အင်္ဂလိပ်သီချင်းနဲ့ရော၊ မြန်မာသီချင်းနဲ့ပါ ယှဉ်ပြိုင်ခဲ့တယ်။ Busking ဆိုနေတော့ ပရိသတ် သိကြပေမယ့် အတွေ့အကြုံရချင်လို့ ဝင်ပြိုင်ခဲ့တာပါ’ လို့ ပြောလာတဲ့ Busking Girl, နှင်းပွင့်ဖြူ၊ သူမ၏ မိခင်တို့နှင့် ခဏတာ။

#နှင်းပွင့်ဖြူ

28/09/2025

သူဌေးမ ထုတ်ကုန် ရဲ့ ကိုယ်စားလှယ်တော်ကြီးများ နှစ်ပတ်လည် တွေ့ဆုံပွဲ နှင့် ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာလ (၂၇) ရက်နေ့က ရန်ကုန်မြို့၊ Novotel Yangon Max Hotel တွင် ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။ သူဌေးမ ထုတ်ကုန် အောင်မြင်မှု ရဲ့ အဓိက အင်အားတစ်ခုဖြစ်တဲ့ ကိုယ်စားလှယ်ကြီးများကို ရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ ငွေသား နဲ့ ဆုတွေကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

သူဌေးမ ထုတ်ကုန်ဟာ ပြည်တွင်းမှာ ရှိတဲ့ ကုန်ကြမ်းတွေကို ထိုင်း ဖော်မြူလာနဲ့ ထုတ်လုပ်ထားတဲ မန်ကျည်း သစ်ဂျပိုး ဝမ်းမှန် အဆီကျ ဓာတ်စာ၊ ခွန်အားဖြည့် အမျိုးသား ဓာတ်စာ၊ Scrub၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည် တို့ကို ထုတ်လုပ်လျက် ရှိပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးများကို အပိုဝင်ငွေရစေဖို့ ရည်ရွယ်ပြီး၊ လုပ်ငန်းကို စတင်ခဲ့တာလို့ သိရပါတယ်။

#သူဌေးမထုတ်ကုန် #သူဌေးမ #မဖြူ #မမို့ #လင်းသိုက်ညွန့် #သူဌေးမဆပ်ပြာ #သူဌေးမဝမ်းမှန်အဆီကျဓာတ်စာ #သူဌေးမခွန်အားဖြည်အမျိုးသားဓာတ်စာ #သူဌေးမScrub #သူဌေးမခေါင်းလျှော်ရည် #မြန်မာ့ထုတ်ကုန်

28/09/2025

‘ကျောင်းတက်တုန်းက လာကြိုက်တဲ့ ကောင်လေးတွေ များပေမယ့် အကုန်လုံးကို သူငယ်ချင်းလိုပဲ ပေါင်းလိုက်တယ်။ ကိုယ့်ကို မိန်းမလို့တောင် မမြင်ကြတော့ဘူး’ လို့ ပြောလာတဲ့ ထက်ထက်ထွန်း/ ထက် နှင့် ခဏတာ။

#ထက်ထက်ထွန်း #အလှမယ်

28/09/2025

စက်တင်ဘာလ (၂၆) ရက်နေ့၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Lumpini Boxing Stadium မှာ ကျင်းပခဲ့တဲ့ ONE Friday Fights 126 ရဲ့ STRAWWEIGHT Muay Thai ပွဲစဉ်တွင် မြန်မာဖိုက်တာ သွေးလင်းထက် နဲ့ ထိုင်းဖိုက်တာ ဝါရင့်မွေထိုင်း ကစားသမား SAM-A တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ သွေးလင်းထက် အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

#သွေးလင်းထက် #​ONEFightsThailand #မြန်မာလက်ဝှေ့ #လက်ဝှေ့ကစားသမား #မြန်မာဖိုက်တာ #ဆမ်အေ #ထိုင်းဖိုက်တာ #မွေထိုင်းကစားသမား

ที่อยู่

Bangkok

เบอร์โทรศัพท์

+959799335599

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Celebrity+ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Myanmar Celebrity+:

แชร์