My Future

My Future သင့်ဘဝထဲက အနာဂတ်တိုင်းပြည်
(1)

09/07/2025

စာရေးဆရာအောင်ဆန်းရေးတဲ့"ဇာတိ"ဆောင်းပါး            မြေလတ် ဟု ခေါ်သော ဗမာပြည်၏အပူပိုင်းဇုံဖြစ်သော မကွေးစီရင်စု၊ ယခု ရေနံချ...
07/07/2025

စာရေးဆရာအောင်ဆန်းရေးတဲ့"ဇာတိ"ဆောင်းပါး


မြေလတ် ဟု ခေါ်သော ဗမာပြည်၏အပူပိုင်းဇုံဖြစ်သော မကွေးစီရင်စု၊ ယခု ရေနံချောင်းခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်းရထားလမ်းတ၀က်ခန့်တွင် အပူပိုင်းဇုံကုန်းမြင့်ပြင်များဖြစ်သော နှမ်း၊ ပဲ နှင့် ၎င်းဆီ အများထွက်၍ ကုန်ရောင်းကုန်၀ယ်အတော်တွင်ကျယ်သော မြို့ကလေးတမြို့ရှိလေသည်။ မီးရထား ဘူတာရုံ အနီးအနားတွင် မီးရထားဘက်မှ ဆောက်ထားသော အိမ်တန်းလျားများနှင့် ပွဲစားကုန်သည် ဆိုင်များ အနည်းငယ်ရှိလေသည်။ ဘူတာ၏ဝဲယာပတ်လည်တို့တွင် မြေပဲ၊ နှမ်းခင်းတို့ရှိလေ သည်။ ထိုယာခင်းများမှကျော်လွန်၍ အရှေ့စူးစူးသို့ကြည့်လျှင် ရေးရေးထင်သောတောင်တန်းများကို နောက်ခံ ကာ တောရကျောင်း နှင့် ကမ္မဋ္ဌာန်းထိုင်သူတို့၏လိုဏ်ဂူများကို တွေ့နိုင်ပေသည်။ ထိုဘူတာ ၏ အနောက်မြောက်ယွန်း ဂိုက် ၄၀၀ခန့်အကွာတွင်ကား၊ မိုင်ဝက်ခန့်ကျယ်သော သဲချောင်းရိုးကမ်းစပ် ပေါ်၌ "ခပေါင်းကုန်" (သို့မဟုတ်) နကျားထူး ခေါ်သော အိမ်ခြေတရာခန့်ရှိ ရွာကလေးရှိလေသည်။

ယင်းချောင်း ဟုခေါ်သော သဲချောင်းကြီး၏တဘက်ကမ်း (အနောက်ဘက်ကမ်း)၌ကား ယာခင်းလယ် ကွင်းပြင် များနှင့် ဥယျာဉ်အချို့ကို တွေ့ရပေသည်။ ထိုမှလွန်လျှင် တောင်ကုန်းကျကျနေရာတွင် အရှေ့ ဘက်မှ တာမြောင်းခံထားသော အိမ်ခြေ ၂၀၀ ခန့်ရှိရွာတရွာရှိလေသည်။ ထိုရွာ၏အနောက် ကိုက် ၃၀၀ ခန့်တွင် အိမ်ခြေ ၁၀၀ခန့်ရှိ ရွာတရွာရှိလေသည်။ ရွာ၏မြောက်ဘက်တွင်ကပ်လျက် (ရှေးလူကြီး များပြောသလို) လောကဓါတ် မြန်မာအထက်တန်းသင် ဘုန်းကြီးကျောင်းတကျောင်း ရှိလေသည်။

ထိုမှ ယာတခင်းအလွန်တွင် ငါးရက်တစျေးဖွင့်ရာ စျေးဝိုင်းရှိလေသည်။ ထိုမှလွန်လျှင် ပုလိပ်ဂါတ် တန်းလျားများ ရှိသည်။ ထိုအနီးတွင် စာတိုက်ရှိလေ၏။ ထိုစာတိုက်၏အနောက်မြောက်စောင်းစောင်းနှင့် ရှေ့တည့်တည့် ပေတရာလမ်းနှင့် မြေတလင်းပြောင်ပြောင်ကို ကျော်လွန်၍ ကိုက် ၁၀၀ခန့်အကွာတွင် ဘုန်းကြီးကျောင်း တကျောင်းနှင့်ကပ်၍ မြို့အုပ်ရုံးရှိလေသည်။ ထိုဘုန်းကြီးကျောင်းနှင့်ဆက်၍ ထောင့် မှန် (Right angle)ကျကာ ၁၅ ပေခန့်မြင့်သော အုတ်တံတိုင်းကြီး လေးဘက်လေးတန် ခြံရံလျက်၊ စေတီငယ်များ အလယ်တွင် ရွှေရောင်တပြောင်ပြောင်တောက်နေသော စေတီတော်ကြီး
တဆူနှင့် သပ်ယပ်ခမ်းနားသော ဇရပ်၊ တန်ဆောင်း၊ ကျောင်းကန်များရှိလေသည်။

ထိုမှ မြောက်မလှမ်းမကမ်းတွင် ကား အိမ်ခြေ ၁၀၀ ကျော်ရှိ ရွာတရွာရှိပြန်လေသည်။ ထိုရွာများအနက် ရွာမကြီး သဖွယ် အိမ်ကောင်း အများဆုံးနှင့် ဆိုင်ကန္ဒားအတော်အတန်ရှိ၍ စာရေးစာချီ၊ မြို့အုပ် ရှေ့နေ ကုန်သည်များ နေကြသော ရွာ ကား ဆိုခဲ့ပြီးသည့် သဲချောင်းကြီးအနောက်ဘက်ကမ်း တောင်ကုန်း ပေါ်တွင် တည်လျက်ရှိသော ရွာပင် ဖြစ်လေသည်။ ထိုရွာကို နတ်မောက်ဟူ၍၎င်း၊ တောရွာ ဟူ၍ လည်းကောင်း ခေါ်ကြလေသည်။ ထိုရွာကို သမိုင်းစာအရကား ပီဠိယက္ခမင်း တည်ထောင်သွားသည်ဟု ဆိုလေ သည်။ သို့သော် ကျွန်တော်၏ဘေး မှတ်တမ်းအရကား၊ ပုဂံခေတ် အနော်ရထာမင်းစော အချိန်အခါ လောက် တွင် ထိုရွာကိုစတင်တည် ထောင်ခဲ့သည်ဟု မှတ်သားဘူးသည်။

ထိုရွာ၏မြောက်ဘက်စွန်း၌ တရွာလုံးရှိ အိမ်ဝိုင်းများအနက် အကျယ်ဆုံးအိမ်ဝိုင်းကြီးထဲတွင် ဧရာမ အိမ်ကြီး ရှိလေသည်။ မူလက ဆင်တရပ်ခန့်၀င်နိုင်အောင်မြင့်၍ အဆောင်ပေါင်းများစွာရှိသော်လည်း၊ ထိုအခါ ကား အတောင်ရှစ်တောင်ခန့်မျှသာရှိတော့သည်။ အိမ် အမြင့်မှာလည်း သုံးပေခွဲ မျှသာ ရှိ တော့သည်။ ထိုအိမ်ကြီးကား ရှေးဗမာမင်း လက်ထက်က နတ်မောက်မြို့ မြို့သူကြီးအိမ်ပင်ဖြစ်လေသည်။ ယခုကား အိမ်မရှိတော့ပြီ။ ထိုအိမ်နောက်ဖေးဆောင်ငယ်တွင် ကျွန်တော့် အား ဖွားမြင်ခဲ့လေသည်။ ကျွန်တော့်ကို မွေးဖွားလာစဉ်အခါက ကျွန်တော်တို့ နတ်မောက်သို့ မီးရထား လမ်းမပေါက်သေး။ သို့သော် ရည်ရွက် ချက်ကား ထားပြီးဖြစ်လေသည်။ ယခုအခါကဲ့သို့ အနည်းငယ်မျှ မြို့မဆန်ဘဲ တောရွာစုကြီး တရွာ မျှသာ ဖြစ်လေသည်။ နံနက်ညနေခင်းများတွင် ခလောက်သံ တဒေါက်ဒေါက်၊ နေ့လည်နေ့ခင်းများတွင် ယက္ကန်းသံ တချွမ်ချွမ်နှင့် ကြားရတုန်းပင်ရှိလေသည်။

အချိန်ကား ၁၉၁၅ ခု ဖေဖော်ဝါရီလဖြစ်၍ ပဌမကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထဲမှာပင်ဖြစ်ပေသည်။ ထိုအချိန်၊ ထိုအခါ ကား ဂျာမနီသည် ရေငုတ်သင်္ဘောများဖြင့် ဗြိတိသျှရေတပ်တို့အား အကြီးအကျယ်ဒုက္ခပေး နေသည့် အချိန်အခါဖြစ်လေသည်။ အနောက်စစ်မျက်နှာပြင်ဟုခေါ်သော ပြင်သစ်နှင့် ဂျာမဏီတို့ စစ်ခင်းရာ မျက်နှာ၌ကား၊ ပဌမအကြိမ်တိုက်ပွဲကြီးများမျာ မပြီးမဆုံးနိုင်သော သောင်တင်ရေမကျ ရှေ့မတိုး နောက်မဆုတ် အခြေအနေပင်ရှိလေသည်။

အရှေ့မျက်နှာပြင်ဟုခေါ်သော ရုရှားစစ်ခင်းရာ မျက်နှာမှာ ကား မဆူးရိယာ နှင့် ဝါဇနစ်ဇူစစ်ပွဲကြီး ဖြစ်ပွား လျက် ရှိကြလေသည်။ ထိုနှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့၊ ၁၂၇၆ ခု၊ တပေါင်းလဆန်းတရက် စနေနေ့ နံနက်လင်းအားကြီးအချိန်တွင် ကျွန်တော်သည် လူ့ပြည်ကို ပဌမဆုံးရောက်ရှိလာခဲ့ရပေသည်။ ဖေဖော်ဝါရီ ၁၃ရက်နေ့ကား၊ နာမည်ကျော်
နက္ခဗေဒင်ဆရာကြီး ကီရို၏ဟောပြောချက်အရဆိုလျှင် တိုင်းပြည် တပြည်၏ အစိုးရထီးနန်း တို့ကို ဖြိုဖျက်နိုင်စွမ်းသောသူ များကို မွေးဖွားတတ်သောဇာတာဟု ဟောထားလေသည်။ ထိုနေ့တွင် မွေးဖွားသော ကျွန်တော်မှာ သူပုန်လောင်းကလေး ဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူး ခြားခြား ထည့်သွင်းစဉ်းစားခြင်းမပြုခဲ့ကြချေ။

ကျွန်တော် မွေးဖွားလာသည်နှင့် ပတ်သက်၍ ကျွန်တော်၏ဇာတာနာမည်မှာ (ထိန်လင်း)ဖြစ်လေသည်။ သို့သော် ကျွန်တော့အထက် အစ်ကို
ကိုအောင်သန်းနှင့် နာမည်လိုက်အောင် "အောင်ဆန်း"ဟုခေါ်တွင် ခဲ့လေသည်။ မွေးဖွားစဉ်က ကျွန်တော် မထူးဆန်းလှသော်လည်း ထိုင်နိုင်ထနိုင်သော ကလေးဘ၀မှစ၍ ကျွန်တော်သည် ထူးခြားခဲ့သည်။ ဂွကျခဲ့သူဖြစ်ခဲ့လေသည်။ ကျွန်တော် ငယ်ငယ်တုန်း က တော်တော်နဲ့ စကား မပြောတတ်ရကား၊ လူကြီးမိဘများမှာ ဆွံ့အ၍ပင်နေသလားဟု စိုးရိမ်ကြောင့်ကြခဲ့ရသည်ဟု သိရ လေသည်။ အနာအဖျားထူသည်။ အစားကြူးသည်။ အမဲ၊ သား၊ ငါးကို အလွန်ကြိုက်သည်။ ကျွန်တော် ၏ မိခင် စျေး၀ယ်သွားရာ ရံဖန်ရံခါ ကျွန်တော့်ကို ချီ၍သွားလေသည်။

တခါသော် အမဲသားစိမ်းကို အတင်းလု၍စားမည်ပြုသည်ဟု ကျွန်တော့်မိခင်ကပြန်၍ ပြောသဖြင့် သိရ ပေသည်။ လူရိုင်းဘ၀ က ကျွန်တော် လာသလားမသိ၊ ယနေ့အထိ လူရိုင်းသဘောမျိုးနေချင်သည့် စိတ်ထားများ ရှိသည်။ ရံဖန်ရံခါ လူယဉ်ကျေးများ နှင့် အသားမကျခဲ့ချေ။ မျက်စိနောက် မြင်ပြင်းကပ် လာသည်။ ထိုအခါ လူယဉ်ကျေးများ နှင့် ငါလူရိုင်းဟု ဇာတ်ခွဲပစ်ချင်သည့်စိတ်များရှိသည်။ လူရိုင်းကား ကြမ်း၏။ ခက်ထန်၏။ သို့သော်
ဖြူးဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။ ငါ့မြင်း ငါ့စိုင်း ညောင်ကိုင်း ရောက်ရောက်ဆိုသည်ကို ကျွန်တော်ကြိုက်၏။

ကျွန်တော်၏စိတ်တွင် အင်မတန် စိုပြည်လတ်ဆတ် သောဘ၀ဟု ယူဆသည်။ ဗမာပြည်ရှိသည့်လူသည် လူရိုင်းမျိုး ဘဝရောက်ချင် ရောက်သွားပါစေ။ လွတ်လပ်ချမ်းသာစွာ ခေါင်းထောင်နေနိုင်မည်ဆိုလျှင် မလွတ်လပ်သော လူ့ယဉ်ကျေးဘ၀ထက် ကျွန်တော် အဆတရာကြိုက်သည်။ နှစ်သက်သည်။ စိမ်းလန်း စိုပြေကျယ်ပြန့်သော လွင်ပြင်ရိုင်းပေါ် တွင် လက်ပန်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးတူး အော်ဟစ် လိုသည်။

ငယ်ငယ်တုံးက ကျွန်တော် အတီးအမှုတ်၊ အကအခုန် အတော်ဝါသနာပါ၏။ အထူးသဖြင့် ဆိုင်းတီး အတော် ဝါသနာပါသည်။ စာပွဲဖြစ်စေ ခေါက်စရာတွေ့လျှင် အမြဲခေါက်လေ့ရှိရာ ကျွန်တော်၏လက်မှာ ယနေ့တိုင် အချိန်မှန်မှန် လက်ရည်ကွဲကျခဲ့လေသည်။ သို့သော် ကျွန်တော် အနည်းငယ်ကြီးပြင်းလာသည်နှင့် လူကြီးမိဘများက ကျွန်တော်အား အတီးအမှုတ်ဝါသနာကို ခွင့်မပြု။ နဂိုက ဝါသနာမဟုတ်၍လားမသိ။ ယခင် စိတ်မျိုး ပျောက်သလောက်ရှိခဲ့သည်။

ကျွန်တော်ကား ငယ်ငယ်ကလေးက ယနေ့တိုင် လူရော၊ စိတ်ရော၊ ပြော့ပြောင်းသည်ဆိုသည့်အချက်ကို သက်သက် နားမလည်ခဲ့၊ နားလည်ရန်လည်း မကြိုးစားခဲ့၊ ကြိုးလည်း မကြိုးစားချင်၊ ကျွန်တော်ကား စကား ပြောလျှင် မဖွယ်ရာမယဉ်ကျေး၊ အသက် ရှစ်နှစ်ထဲရောက်၍ ကျောင်းနေသည့်အချိန်၌ပင် ဘုန်းကြီးကို ဘုန်းကြီး စကားနှင့်မလျှောက်တတ်၊ အမူ အရာလည်း ကြမ်း၏။ အလိုက်လည်း မသိ။ ညစ်လည်း ညစ်ပတ်သည်။ ကိုယ့်စည်းကမ်း ဟူ၍လည်း တခုမျှမရှိ။ အသက်လေး၊ ငါး၊ ခြောက်နှစ်တိုင်အောင် ညအိပ်ရာ တွင် သေးပါ၏။ မီးဖိုကို ညညရှိခိုး၍ "အရှင်စဖိုည၊ ကျွန်တော်မျိုးနေ့ဟုဆိုခဲ့ရသည်ကို အမှတ်ရ သေးသည်။

အသက် ဆယ့်ငါးနှစ်ထဲရောက်သည့်အခါ၌ပင် အခြားအိမ်တအိမ်၌ တည သေးပါဘူး သေးသည်။ ထိုအခါကား ကျွန်တော်သည် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းမှာ ခြောက်တန်းအောင်၍ ခုနှစ်တန်း အ၀င် ကျောင်းအပြန်ဖြစ်သည်။ ကျွန်တော်၏အစ်ကို အကြီးဆုံးမှာလည်း ၎င်းနှစ်တွင် ဘီအက်-စီ သင်္ချာဂုဏ်ထူးတန်း ကို အောင်ခဲ့၍ ရေနံချောင်း ကျွန်တော်တို့ကျောင်းတွင် မိမိကျောင်းဟောင်း ဖြစ်သည့် အတိုင်း ကျောင်းဆရာ ၀င်ရောက်လုပ်ကိုင်ရန် ကျွန်တော်နှင့်အတူပါလာခဲ့ပေသည်။ ထိုအခါ ရေနံချောင်း မြို့သို့ နတ်မောက်မှ သွားသည့်နည်းမှာ တောင်တွင်းကြီးမြို့သို့ ရထားစီး၊ တောင်တွင်းကြီးမှ မိချောင်းရဲ သို့ ကားစီး၊ မိချောင်း ရဲမှ ရေနံချောင်းသို့ သင်္ဘောစီးရလေသည်။

၂-ရက်ကြာလေသည်။ နောက်၌ကား ကျောက်ပန်းတောင်း မှတဆင့် မီးရထားတတန်၊ မော်တော်ကား တတန် သွား၍ ရေနံချောင်းသို့ နေ့ချင်းပေါက်လေသည်။ ထိုနှစ် တွင် ကျွန်တော်တို့မကွေးမှတဆင့် သွားကြသည်။ မကွေးမြို့တွင် အပျိုပေါက်စ ခပ်ချောချော မိန်းကလေးရှိသော အစ်ကိုဖြစ်သူအိမ်တွင် တည်းခို ကြသည်။ လူပျိုပေါက်စဖြစ်သော ကျွန်တော်မှာ တစိမ်းတရံဆန် အိမ်တွင် မနေတတ်၊ အထူး ရှက် တတ်သည်။ မိန်းကလေးနှင့်ဆိုလျှင် သာ၍ပင် ရှက်တတ်သည်။ ထို့ကြောင့် ညအိပ်ခါနီး ရှက်လွန်း၍ သေး မပေါက်မိရာ၊ ညအိပ်သည့်အခါ မအောင့်နိုင်တော့ဘဲ သေးပါ ကျလေသည်။ ကျွန်တော်လည်း ပါပြီးမှ သိပေသည်။ ဤမျှ ကျွန်တော်သည် မသိမ်မွေ့၊ ညီအစ်ကို မောင်နှမများထဲတွင် ကျွန်တော် အငယ်ဆုံး ဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ အိမ် စံချိန်နှင့်ကြည့်လျှင် ကျွန်တော်အလိုလိုက်ခံရဆုံးဖြစ်၏။ အဆိုးဆုံး ဟု လည်း အိမ်နားနီးချင်းပါမက ရွာနီးနားချင်းများကပါ အသိအမှတ်အပြုခံရ၏။

ကျွန်တော်၏အထက် အစ်ကို ကိုအောင်သန်း နှင့် ကျွန်တော်မှာ အသက်သုံးနှစ်ခွဲလေးနှစ်မျှသာ ကွာ၏။ သူနှင့် ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏။ သူကား လက်မြန်၏။ ကျွန်တော်ကား အားကြီး ၏။ မချိန်မဆလက်လွတ်စပါယ် လုပ်တတ်သည်။ သူကား နု၏။ မင်းသားကျချေသည်။ ကျွန်တော်ကား ကြမ်း၏။ သူသည် အစားအသောက်အနေအထိုင်မှစ၍ သပ်ယပ်၏။ အစားဆိုလည်း အစားတိုင်းမစား။ စားသောက် နေသည့်အခါ မြေကြီးပေါ်သို့ကျသွားလျှင် သူသည် မစားတော့ချေ။ ကျွန်တော်ကား ကျသွား သောအစာ ကို ဖုတ်ဖတ်ခါ၍စားနိုင်လျှင် ကောက်စား၏။ သူကား အ၀တ်များကို သပ်သပ်ယပ်ယပ်၀တ် တတ်၏။ ကျွန်တော်ကား မ၀တ်တတ် မြန်မြန်ညစ်အောင် ဖြစ်ကတတ်ဆန်း၀တ်တတ်၏။

သူသည် မြေ ကြီးနှင့်ကြမ်းများပေါ်တွင် မည်သည့်အခါမျှ တုံးလုံးမလှဲ၊ ကျွန်တော်ကား ကြိမ်ဖန်များစွာ လှဲဘူး ၏။ သူ ကား ပါး၏။ လျှင်သည်၊ ကျွန်တော်ကား ထူ၏။ အ၏။ ကျွန်တော်၏မြို့ကား ရွာသာသာ တောအရပ် ဖြစ် သည်။ ကျွန်တော်ငယ်စဉ်က ယခုထက်ပင် ကျွန်တော်တို့အရပ်မှာ တောကျ၏။ ထိုအခါက (ကလီဖာ) ခေါ် ဆံပင်ညှပ်ကုလား တယောက်တလေသာရှိ၏။ သို့ဖြစ်ရာ ၎င်းကလီဖာမှာ လက်မလည်၊ ကျွန်တော် တို့အား ခေါင်းတုံးရိတ်ရန် တခါတခါ ရိတ်တတ်သည့် အိမ်နီးနားချင်းတို့ကို ခိုင်းရလေသည်။ တခါ တခါ ကျွန်တော့်ဘခင် ကိုယ်တိုင်ရိပ်ပေးလေသည်။ ကျွန်တော်၏ဘခင်ကား ယခုကွယ်လွန်သည်မှာ ၁၅ နှစ်ကျော်လွန်လေပြီ။ ကျွန်တော်၏ဘခင်သည် ကျွန်တော်နှင့်အမူအရာ အတော်ဆင်သည်။

တနေ့နေ၍ စကားတခွန်းမပြော။ မျက်နှာထားဆိုး၏။ ဆိုးရသည့်ထဲ ကျောက်ပေါက်မများလည်း ရှိ၏။ လောကွတ် မရှိ၊ ဟန်မရှိ၊ ဘာသိဘာသာနေတတ်သည်။ အကိုင်အတွယ်၊ အသွားအလာ အမူအရာ ကြမ်းတမ်း ၏။ ငြင်းမိလျှင် လျှော့မပေးတတ်။ သို့သော် စိတ်နှလုံးကား အထူးဖြောင့်စင်း၏။ စကားတည်၏။ အပိုမပြော၊ ထို့ကြောင့် ရှေ့နေစာမေးပွဲ၀င်ထားသော်လည်း ရှေ့နေလိုက်၍စားသည်ကို ကျွန်တော်တို့ မမှတ်မိ။ ယာလုပ်ကုန်ကူး ငွေချေး၍သာ စီးပွားဖြစ်၏။ စီးပွားဖြစ်ခြင်းမှာလည်း ကျွန်တော်တို့ မိခင်၏ဒိုးတူဘောင် ဘက် ကူညီမှုကြောင့်ပင်ဖြစ်လေသည်။ ကျွန်တော်တို့အား အခြားသူတဦးက ခေါင်းရိတ် ပေးလျှင် အင်မတန် ညင်သာ၏။ ကျွန်တော်တို့ ဖေဖေကား ဒါးမထက်ထက်ကို ကောင်းကောင်း
မသွေးဘဲ အတင်းတွန်းချ၍ ရိတ်ချ၏။

အထူး ပင် ခေါင်းရည်နာ၏။ ကျွန်တော်တို့သည် ၎င်း ခေါင်းရိတ်မည့်အခါ ရွံ့ ၏။ တွန့်၏။ သို့သော် ခေါင်းရိတ်သည့် အခါတိုင်း ကျွန်တော့်အစ်ကိုကား အမြဲငို၏။ ငိုတိုင်း ခေါင်းပုတ်ခံရ ၏။ ကျွန်တော်ကား မငို၊ ကျိတ်ခံ ၏။ ထို့ကြောင့် ခေါင်းပုတ် လွတ်သည်။ ကျွန်တော့်အစ်ကိုကား စိတ်မြန် ၏။ ကျွန်တော်တို့ ညီအစ်ကို လေးယောက်ရှိသည့်အနက်၊ ဒုတိယအစ်ကိုကြီး ကိုနေအောင် သာလျှင် စိတ်ရှည်၍သိမ်မွေ့၏။ တသက်ပတ်လုံး မည်သူနှင့်မျှ ရန်မဖြစ်ခဲ့ဘူးချေ။ ကျွန်တော်ကား စိတ်ရွတ်၏။ ကျွန်တော့အစ်ကို ကိုအောင်သန်း ကား၊ သူများအကြောမခံ၊ သူကသာ ဦးအောင်ကြောခဲ့သည် ကျွန်တော်ကား သူများ အကြော ခံရ၏။

မြှောက်လို့ မြှောက်မှန်းမသိ၊ ချောက်လို့ ချောက်မှန်းမသိ ထုံပေပေ အလွန်နိုင်၏။ တခါသော် ဆယ်မိုင်ခန့် အကွာ ရွာတရွာ သို့ ကျွန်တော့်မိဘများနှင့်လိုက်သွား၍ သူကြီး အိမ်တွင် တည်းခိုနေစဉ် ထိုရွာမှ ရွယ်တူလောက် ကလေးတယောက်က ကျွန်တော့်အားမြှောက်၍ "ဗိုလ်ကြီး၊ ဗိုလ်ကြီး"ဟုခေါ်ရာ၊ ကျွန်တော့် မှာ များစွာသဘောကျကာ ထန်းလျက်အဖြူဆုတ် ကို ခေါ် တိုင်း၊ ခေါ်တိုင်း ပေးခဲ့လေသည်။ ကျွန်တော် သည် လိမ်လည်လေ့မရှိ။ မလိမ်တတ်၊ လိမ်မိခဲ့သော်လည်း ခဏချက်ခြင်း ဖြောင့်ချက်ပေး၏။

ကျွန်တော်တို့နေသည့် ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့တိုင်းပိတ် သည်။ သို့သော် ယောက်ျားကလေးများမှာ ဥပုသ်နေ့ပင်ဖြစ်သော်လည်း ကျောင်းသို့သွားရ၍ ရေခပ်၊ မြက်နှုတ်လုပ်ရသည်။ တနေ့သော် နေ့ခင်းတွင် ကျောင်းသား များ အလုပ်မရှိ၍ "အလုပ်မရှိလျှင် အိပ်နေ ကြ၊ မကစားကြနဲ့"ဟု ဘုန်းကြီးက အမိန့်ရှိ လေသည်။ အားလုံးကျောင်းသားများက "မအိပ်ချင်ဘူးလား" ဟုမေးသောအခါ မအိပ်ချင် ကြသော်လည်း အိပ်ချင် သည်ဟု ဘုန်းကြီးအလိုကျ လျှောက်ကြသည်။ ကျွန်တော်အား ဘုန်းကြီးက "အောင်ဆန်း ကော မအိပ်ချင် ဘူးလား"ဟု အထူးတလည်မေးရာ ကျွန်တော်က "မအိပ်ချင်ပါဘုရား"ဟု ပြန်လျှောက်ရာ ဘုန်းကြီး ကား ပြုံး၍ နေလေတော့သည်။

ကျွန်တော် သည် ငယ်စဉ်က ချောင်တချောင်တွင်ကပ်၍ မှိုင်တွေကာ စဉ်းစား၍နေသော်လည်း နေ တတ်သည်။ ခလေး နှင့် မလိုက် အများအားဖြင့် ဣနြေ္ဒကြီးသည်။ ကစားခုန်စားဆိုလျှင် များစွာမလေ့ ကျင့်။ သို့သော် ကစားသည့် အခါ ကြမ်းတမ်း၏။ ကြမ်းတမ်းသော ကစားမျိုးမှ နှစ်သက်သည်။ တွတ်တိုး ခြင်း၊ ကြည်းသား ရိုက်ခြင်း စသည်တို့ကို ဝါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကိုကား မကြိုက်၊ ရွရွကလေး လုပ်ရသော အလုပ် ဆိုလျှင် ကျွန်တော်နှင့်မဖြစ်။ အချုပ်ဆိုရလျှင် ကျွန်တော်၏ကလေးဘ၀မှာ ချီးမွှမ်း စရာ အလွန်နည်း၏။ ညစ်ပတ်ပေရေ ရှိုမြောင်ချောက်စောင်းကဲ့သို့ အဖုအထစ်အပြစ်အနာအဆာများ သည်။

စိမ်းလန်း စိုပြေညီညာသော မြက်ခင်းသဘွယ် မွချင်စရာ မဟုတ်ပေ။ အသက်ဆယ်နှစ်ခန့် အထိ အနာရောဂါ ကင်းသည်ဟူ၍ မရှိ သေလုမတတ် အကြိမ်ကြိမ်ဖြစ်ခဲ့ဘူး၏။ ဝဲနာအကြီးအကျယ် စိုခဲ့ဘူး၏။ ထိုအခါ ကျွန်တော်သည် ဘယ်တော့များမှ ငါ ကျန်းကျန်းမာမာ အမြဲနေပါမည်နည်းဟု တမ်းတမိသည်။ ကျွန်တော် သည် ထိုကလေးဘ၀တွင်ပင် သူပုန်စိတ်ထားရှိလေသည်။ အကြံကြီးသူဖြစ်လေ၏။ ဗမာပြည်အား အင်္ဂလိပ်လက်မှ ပြန်ရရန် သူပုန်ထနည်း အမျိုးမျိုးစဉ်းစားခဲ့ဘူးလေသည်။ တခါတရံလည်း ဟုတ်တိ ပတ်တိ စိတ်ကူး၏။
တခါတခါလည်း ပြဒါးရှင်လုံးစသည်များကို ရှာဖွေလိုသော စိတ်များပေါ် ပေါက်၏။ ပြဒါးရှင်လုံးစသော အစွမ်းအားဖြင့် ဗမာပြည်ကို ကယ်တင်လို၏။

ကျွန်တော် ရန်မဖြစ်တတ်။ သို့သော် ကျွန်တော်သည် သတ္တိထူးချွန်သည်ဟု မဆိုနိုင်၊ ငယ်ငယ်က တစ္ဆေ အလွန်ကြောက်တတ် သည်။ ရန်ဖြစ်ခဲ၏။
ကျွန်တော့်အစ်ကို ဦးအောင်သန်းကား ခဏခဏရန်ဖြစ်၏။ ဦးအောင် ရိုက်နှက်၍ အိမ်ပြေးလာခဲ့၏။ သို့နှင့် မကြာမကြာ အတိုင်ခံရ၍ မိဘများအရိုက်ခံရ၏။ ကျွန်တော် ကား ဤကဲ့သို့ မဖြစ်ဘူး။
ရန် တခါသာ အကြီးအကျယ်ဖြစ်ဘူးသည်။ ထိုအခါ လူချင်းလည်း ထိုးသတ် ပုတ်ခတ် စဉ်က ကျွန်တော်က နိုင်၏။ လူချင်းဖြန်ဖြေသည့်အခါ မရှောင်မတိမ်း ထုံပေပေနေသဖြင့် ခုံဘိနပ် နှင့် အပေါက် ခံရ၍ ခေါင်းပေါက်ဘူး၏။ ထိုအခါမှ ကျွန်တော်၏ရန်ဖြစ်ဘက်ကို လိုက်လေရာ ခေါင်းမူး၍မမှီ၊ ထိုးလိုက် သည့် အချိန်ထိကား သတ္တိကောင်းပါ၏။

ခေါင်းမူးလာ၍ ခေါင်းစမ်းကြည့်ရာ သွေးတွေမြင်သဖြင့် ခေါင်း ပေါက်မှန်းသိသောအခါ ကျွန်တော် ငို လေတော့သည်။ သတ္တိခေသွားလေတော့သည်။ ရွယ်တူကလေးချင်းများ အပေါ်တွင် တခါတလေ အနိုင်ကျင့် ချင်သည့် စိတ်ကားရှိလေသည်။
တခါတွင်ကား ဘုန်းကြီး ကျောင်းနေစဉ် နဘူးသားများကို ကြက်တောင် စိုက်၍ ကြက်တောင်ရိုက်ကစားနေရင်းမှ ကျောင်းသား နှစ်ယောက်ရန်ဖြစ်ရာ ကျောင်းသား တယောက် ထိပ်ပေါက်၏။ သို့ဖြစ်၍ ထိပ်ပေါက်ခံရသော ကျောင်းသားမိဘများက ဘုန်းကြီးအား လာရောက် တိုင်တန်းရာ၊ ဘုန်းကြီးက ဤကစားနည်းမျိုးကို အားလုံး ကျောင်းသားများလည်း ကျောင်း၀င်း အတွင်းမှာ သော်၎င်း၊ အပြင်မှာသော်၎င်း မကစားရဟု ပညတ်ရလေသည်။ ထိုပညတ်ချက်ကို ကျွန်တော် နှင့် ညီအစ်ကို၀မ်းကွဲ များက သဘောမကျကြသဖြင့်၊ အာဏာ ဖီဆန်ကာ ရွာထဲတွင်ကစားကြလေသည်။

ကျွန်တော်တို့ကစားနေသည်ကို အခြားကျောင်းသားတဦး နှစ်ဦးက မြင်သဖြင့် ဘုန်းကြီးအား သွားရောက် တိုင်တန်းသောအခါ ဘုန်းကြီး က ကျွန်တော်၏မိခင်နှင့် ဦးလေးများကိုခေါ်၍ ၎င်းတို့ရှေ့တွင်ပင် ကျွန်တော် တို့အား ပြင်းထန်စွာရိုက်နှက်လေတော့၏။ ကျွန်တော်မှာ ပဌမကြိတ်မှိတ်၍ခံသော်လည်း နောက်ပိုင်းတွင် သတ္တိ မကောင်းနိုင်တော့ဘဲ ငိုလေတော့ သည်။ ကျွန်တော်သည် ထိုသို့သွားရောက်တိုင်တန်းသူ ကျောင်းသား ကို ယနေ့တိုင် အခဲမကျေချင်လှ၊ ဤကဲ့သို့ အလုပ်ပို မေတ္တာရိမျက်နှာလို၊ မျက်နှာရ အထက်လူကြီးအား တိုင်ခြင်းတောခြင်းကို ငယ်ငယ် ကလေးကစ၍ ယနေ့တိုင် ကျွန်တော် အထူးစက်ဆုပ်လှသည်။ ယခု ခေတ်သစ်ကျောင်းများတွင် ကျောင်းသားများအား ဤအကျင့်မျိုးကို အားမပေးဘဲ ဖျောက်ဖျက် စေသင့် ပေသည်။ ဤအကျင့်မျိုး ကား အကျင့်ယုတ်ဖြစ်လေသည်။ ကျွန်တော်တို့မိဘကား ပစ္စည်းဥစ္စာ အတော် အတန်ရှိ၏။ ကြွေးရှင် မြေ ရှင်ဖြစ်ရာ၊ ဆင်းရဲသားများနှင့် အများအပြားဆက်ဆံရလေသည်။ ကျွန်တော် တို့ မိခင်မှာ ဓနရှင်ကလေး အတန်းအစားထဲတွင် သမာသမတ်ရှိ၍ စိတ်ကောင်းရှိလေသည်။

သို့ပင်ဖြစ်သော်လည်း ရံဖန်ရံခါ ဆင်းရဲသားများက ကြွေးများမဆပ်နိုင်၍ ကြိမ်းမောင်းသောအခါ ကျွန်တော် အထူးပင် စိတ်မကောင်းဖြစ်မိသည်။ ထိုအခါက ကျွန်တော်ကား ငွေတိုးကြီးစနစ်ဆိုးရွားပုံကို မျက်ဝါး ထင်ထင် တွေ့ခဲ့ရလေသည်။ များစွာသော ဆင်းရဲသားတို့မှာ ကြွေးတခါယူမိလျှင် ကြေနိုင်စရာ အကြောင်း မရှိပေ။ ဤစနစ်ကို ယခုခေတ်သစ်တွင် အလျှင်အမြန် ပြင်ဆင်သင့်သည်။ ၎င်းပြင် ယခု လက်ရှိ ဆင်းရဲသား ကြွေးမြီများကို အားလုံးလျှော်ပစ်ရန်သင့်ပေသည်။ ထိုကြွေးများမှာ အတိုး၏အညွှန့် ကြွေးများသာ ရှိတော့မည်ဟု ကျွန်တော် ယုံမှားသံသယမရှိပေ။ ကျွန်တော်ကား ကြွားရမည်ဆိုလျှင် မျိုးကြီးဆွေကြီးမှ ပေါက်ဖွားလာသူဖြစ်သည်။

(ဂျစ်ဂျစ်ခန်)အမှူးရှိသော တရုတ်တို့၀င်ရောက်နှောက်ယှက်သောအခါတွင် နိုင်ငံခြားသား တို့၏ လက်အောက် တွင် မနေလို၍ လွတ်ရာကျွတ်ရာ ယခု ကျွန်တော် မွေးဖွားရာဒေသသို့ စုန်ဆင်း ခဲ့လေသည် ဟု ဦးလေးတယောက်က ပြောပြဘူးလေသည်။ အလောင်းဘုရား တတိယနိုင်ငံတော် ထူထောင်စဉ် အခါက တိုင်းပြည်မှာ ဖရိုဖရဲဖြစ်၍နေရာ ရွှေဘိုမြို့မှ ဦးအောင်ဇေယျထ၍ ကျွန်တော်တို့၏ အဆက်အနွယ် ပင်းမင်းကြီး ဦးမြ(ဘွဲ့မည်ကောင်းကောင်းမမှတ်မိ) ဆိုသူ မှာလည်း မိမိနယ်ကို အုပ်စီး ခေါင်းဆောင် ၍ ဗမာ့ထီးနန်း ထူထောင်ရန် ကြံလေသည်။ နောက်မှ အလောင်းဘုရား ၏ ဘုန်းလက်ရုံး အကြောင်း ကြားသိသည့် အခါ၊ အလောင်းဘုရားထံ၀င်ရောက်၍ သက်စွန့်ကြိုးပမ်း အမှုထမ်းလေသည်ဟုလည်း မှတ်သား ရဘူးသည်။

မင်းတုန်းဘုရင်လက်ထက်တွင် သက်တော်ရှည်အမတ်ဖြစ်သော ခမ်းပတ်မင်းကြီးမှာ ကျွန်တော်တို့၏အမျိုးအနွယ်ပင် ဖြစ်သည်ဟု ကြားဖူးသည်။ မင်းတုန်းဘုရင်၏သမားတော်တဦး (လူမည်မှာ ဦးကျော်ဇံ ဖြစ် လေသည်။ ဘွဲ့ကိုကားမသိ)မှာလည်း ကျွန်တော်တို့အမျိုးအဆွေပင်ဖြစ်လေသည်။
စုံနံ့သာမြိုင်ရေးသော ဆရာကြော့မှာ ဦးကျော်ဇံ၏မြေးပင်တည်း။ ရှင်အဂ္ဂသမာဓိမှာလည်း ကျွန်တော်တို့အမျိုးဟုပင် သိရသည်။ ကျွန်တော် တို့ ဘေးမှာ နတ်မောက်မြို့သူကြီးဖြစ်လေသည်။ စာတတ်သည်။ ဥာဏ်ထက်သည်။ ထက်မြက် သည်။ စိတ်ထက်သည်ဟူ၍ ကြားဖူးလေသည်။ မိမိအထက်မြို့၀န်နှင့်မတဲ့၍ အလုပ်ပြုတ်သဖြင့်၊ မန္တလေးရွှေမြို့တော်သို့တက်၍ အရာခံနေဆဲ အနိစ္စရောက်သည်ဟု တခါက ပုရပိုက် မှတ်တမ်း တွင် ဖတ်ရဖူးသည်။

(စကားအလျဉ်းသင့်၍ ရေးရဦးမည်၊ ရှေးကလည်း ဒိုင်ယာရီခေါ် နေ့စဉ်မှတ်တမ်းရှိလေသည်။ အခေါ် အဝေါ် ကိုကား မေ့သွားလေပြီ။ ကျွန်တော်တို့ (ဘေး)အိမ်ကြီးတွင် တွေ့ဘူးသော ပုရပိုက်များတွင် ကျွန်တော် တို့ ဘေး နေ့စဉ် ဘာလုပ်သည်၊ ဘယ်သွားသည်စသည်ကို မှတ်သားချက်များ တွေ့ရလေ သည်။) ကျွန်တော်တို့ ဘေးတွင် အစ်ကိုနှင့်ညီ
နှစ်ယောက်ရှိသည်ဟု သိရသည်။ အစ်ကိုကြီးမှာ
ရန်ကုန် ဆိပ်ကမ်းအုပ်ဖြစ်သည်ဟု သိရသည်။ ညီအငယ်တယောက်မှာ တလုပ်မြို့၀န် ဦးဘွားယူ ခေါ်၏။ မြင်းကွန်း-မြင်းခုံတိုင် တို့၏ ငယ်ဆရာဖြစ်သည်။ ၎င်းမင်းသားများအထတွင် မြင်းကွန်းမင်းသားတို့အတွက် ဓားပြတိုက်၍ ငွေရှာပေးရလေသည်။ ထိုအချက်ကို နေပြည်တော်က သိလေ၍ ဦးဘွားယူ ရာထူးမှ ကျလေသည်။ ကျွန်ယုံ၏သစ္စာကြီးမှုကြောင့်၎င်း၊ အမှုမထင်ရှား၍၎င်း မင်းတုန်းမင်းကဲ့သို့ သိမ်မွေ့သော မင်း လက်ထက်ဖြစ်၍၎င်း အသက်ချမ်းသာရလေသည်။

နာမည်ကျော် ဦးမင်းရောင် (ဗိုလ်လရောင်)မှာ ကျွန်တော်တို့ အဖွား၏ တူတော်သည်။ ဦးမင်းရောင်ကား လက်ရုံး အားကိုး ဖြစ်သည်။ အမိုက်ဆုံးဆိုသူများကို တပည့်လုပ်ထား သည်။ ၎င်း၏ တပည့်တယောက် (နာမည်ကားမမှတ်မိ) သည်ဇာတ်ပွဲများတွင် လူပျက်ပျက်သည့်အခါ လူများရယ်တုံးမရယ်၊ အများရယ်ပြီးမှ တယောက်တည်း ကျယ်လောင်စွာ အကြာကြီး ရယ်တတ်သည်ဟု သိရသည်။ ဤကဲ့သို့ အရွဲ့တိုက် ရသည် ကို ဗိုလ်လရောင် တွေ့၍ အားရကာ ဆုချလေလေတော့သည်။ တခါလည်း ၎င်း၏တပည့်နှင့် ၎င်း၏ညီ သုံးမြို့၀န် ဦးမင်းမောင်၏ တပည့်တို့သည် ၎င်းတို့၏ ဘွားမယ်တော်ပျံတွင် လက်ဝှေ့ထိုးကြ သည်။ ဦးမင်းရောင်၏ တပည့် ရှုံးသည်။ ညီဖြစ်သူ ဦးမင်းမောင်က မိမိတပည့်နိုင်သဖြင့် ပုဝါတပိုင် ဆုချလေသည်။ ထိုအခါ ဗိုလ်လရောင် က မခံချင်၍ မိမိတပည့်ကို ရှုံးလျက်နှင့်ပင် ပုဆိုးတထည် ဆုချလေသည်။

တခါလည်း ကြက်သားဟင်း စားလို၍ ဦးမင်းမောင်အား ကြက်အသတ်ခိုင်းလေသည်။ ဦးမင်းမောင်ကား ဗိုလ်လရောင်နှင့်မတူ လူပျော့ ဖြစ်လေသည်။ စောင်းတီး သီချင်းဆိုတော်သည်။ စကားပြောချိုသာသည်။ အထက်လူကြီးများ၏အချစ် မင်းမောင် ကြက်မသတ်နိုင်။ ထို့ကြောင့် ဗိုလ်လရောင် က သူကိုယ်တိုင် သတ်၍ ချက်စားလေသည်။
ပိုသည့်ဟင်းကို ညီအားမကျွေးဘဲ ခွေးကျွေးပစ်သော ဟူ၏။ (ဤကား ကျွန်တော်၏ အမျိုးအနွယ်အကြောင်း သိသမျှပင်တည်း)

ကျောင်းသားဘ၀

ကျွန်တော်၏ မိခင်ဘခင်နှစ်ဦးစလုံးမှာ ဥာဏ်ကောင်းသော အမျိုး ဖြစ်လေသည်။ ကျွန်တော်၏ ဘခင်သည် ရှေ့နေ စာမေးပွဲတွင် ဗမာတပြည်လုံး တတိယစွဲခဲ့လေသည်။ ကျွန်တော်တို့ ညီအစ်ကိုအားလုံးလည်း ဥာဏ်ကောင်း ကြသည်။ သို့သော် ဒုတိယအစ်ကိုကြီး ကား စာသင်အထူးပျင်းလှ၍ အခြားညီအစ်ကို များကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ပညာ မတတ်ပေ။ ကျွန်တော်၏ အစ်ကိုများ၊ ၀မ်းကွဲအစ်ကိုများ၊ ဦးလေးများ မှာ မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲများတွင် ထိပ်တန်းကျကျ အောင်မြင်ကြသူများချည်း ဖြစ်လေသည်။ ကျွန်တော်တို့၏ မိဘများသည် ပညာကိုလည်း အထူးလိုလားသည်။ ကျွန်တော်၏ အစ်ကို များကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။

ကျွန်တော်တယောက်သာ အငယ်ဆုံးဖြစ်၍ အလိုလိုက်ကာထားသဖြင့် အသက်၈နှစ်ရောက်မှသာလျှင် ကျောင်းစ နေရပေသည်။ ကျွန်တော် ကျောင်းနေလာရင်း ပြောပြရဦးမည်။ ကျွန်တော်၏ အထက် အစ်ကို ကိုအောင်သန်း အား မြန်မာ ၆တန်းတွင် ရှိသည်။ ကျွန်တော်မှာ အသက် ၈နှစ်ထဲ ရောက်သော်လည်း ကျောင်း တွင် မနေရသေးချေ။ ရှင်ပြုအခမ်းအနားဖြင့် ကိုအောင်းသန်းတို့ ရှင်လောင်းဆင်းသောအခါ ကျွန်တော်လည်း ရှင်လောင်းဖြစ်ချင်သဖြင့် မိခင်အား ပူဆာ လေသည်။ ထိုအခါ မိခင်က ရှင်လောင်းလုပ်တဲ့ သူသည် စာတတ်မှ ဖြစ်သည်ဟု ပြောပြသဖြင့် ကျောင်းနေ ပါတော့မည် ဟု ဂတိပေးကာ ထိုတွင်မှ ကျောင်းစနေ ဖြစ်လေသည်။

တန်းကျော်တက်ခဲ့ရပြန်သဖြင့် လေးနှစ်နှင့် ၁၀တန်း အောင်မြင်ခဲ့သည်။ အင်္ဂလိပ်၊ မြန်မာသတ္တမတန်း စာမေးပွဲတွင် ဗမာတပြည်လုံး န၀မ စွဲခဲ့၍ အထက်တန်း စကောလားရှစ် ရခဲ့သည်။ ဗုဒ္ဓဘာသာကျောင်းနှင့် အမျိုးသား ကျောင်းများ တွင် ပဌမစွဲခဲ့၍ ဦးရွှေခိုဆု ကို ရရှိခဲ့ပြီးသည်နောက်၊ ရန်ကုန်တက္ကသိုလ်တွင် ၆နှစ်ခွဲမျှ နေခဲ့ သည်။ နိုင်ငံရေး စိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့ကျက်သဖြင့် (ဘီအေ) အထက်တန်းအထိ အောင်ရုံသာ အောင်ခဲ့သည်။

(ဘီအေ) အထက်တန်းနှစ်တွင် ကျောင်းသား သပိတ်ခေါင်းဆောင်တဦး ဖြစ်၍ အလုပ်ရှုပ်သဖြင့် (ဘီအေ) စာမေးပွဲ တနှစ်မဖြေပဲ နေခဲ့ရသည်။ နောက် (ဘီအယ်လ်) အတန်းကို တက်ခဲ့သည် အတန်းလည်း မှန်မှန်မတက် စာအုပ်လည်း မရှိ မှတ်စုလည်း မထား။ စာလည်း မကြည့် မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် (ဘီအယ်လ်) ပထမနှစ်စာမေးပွဲတွင် ကျရှုံးလေသည်။ ဤကား ကျွန်တော်တသက်တွင် လိုက်စားသဖြင့် စာမေးပွဲပထမဆုံးနှင့်နောက်ဆုံး ကျရှုံးခြင်းပင် ဖြစ်ပေသည်။

ကျရှုံးသော်လည်း ဥပဒေရာဇ၀င်ဖြစ်သော ပထမမေးခွန်းစာတွင် ကျွန်တော် ပထမရခဲ့သည်။ ဒုတိယ (ဘီအယ်လ်)နှစ်တွင် နှစ်စေ့အောင် ကျွန်တော် မနေ တော့ပေ။ ဥရောပတိုက်တွင် မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မတတ်အခြေအနေနှင့် ဗမာ ပြည်တွင် အဓိကရုဏ်း အခြေအနေများကို ထောက်ဆ၍ တိုင်းပြည် အတွက် ကိုယ်ထိ လက်ရောက်လုပ်ကိုင်ရန် ကျောင်းမှ နှစ်၀က်တွင် ထွက်၍ သခင်ဘ၀သို့ ပြောင်းခဲ့သည်။ မြန်မာစာသင်ဘုန်းကြီးကျောင်းနေရစဉ်က ကျွန်တော် အထူးမပျော်နိုင်သည့် အချက်တချက် ရှိလေသည်။ ထိုအချက်မှာ ကစားခုန်ခြင်း၊ ကလေးဘ၀ သစ်ပင်တက်၊ ရေကူးအလုပ်မျိုး ပိတ်ပင်ခြင်းပင် ဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများလည်း တသဘောတည်းလောက်ပင် ရှိသည်။ ကျွန်တော်တို့မှာ သစ်ပင်တက်ခြင်း၊ ရေကူးခြင်း စသော ကိုယ်လက် ကျန်းမာ ကျင်လည်မှုကို လေ့လာခွင့်မရ၊ သစ်ပင်တက်သည်ကို မြင်လျှင် အဆိုအမည်ခံရသည်။ ရေကူးသည်ကိုမြင်လျှင် အရိုက်ခံရသည်။ ထို့ကြောင့် ယနေ့အထိ ကျွန်တော့်မှာ ဥာဏ်ပညာမှာ အခွင့်အလမ်း ရခဲ့၍ ပေါက်မြောက်ခဲ့သလောက် ကိုယ်လက်ကျန်းမာ ကျင်လည်ရေးတွင် အခွင့်အလမ်း မရခဲ့၍ များစွာချို့ယွင်းနေပေသည်။ ရေနံချောင်းအမျိုးသား ကျောင်းနေစဉ်ကလည်း အခွင့်အလမ်းမရခဲ့၊ မရခဲ့သည်မှာ အမျိုးသားကျောင်းဖြစ်သည့်အတိုင်း၊ ဆင်းရဲသဖြင့် ကစားခုန်စား၊ လေ့ကျင့်ရာနေရာ၊ ကိရိယာ၊ တန်ဆာပလာများ မထားနိုင်၍ပင် ဖြစ်သည်။ ဗမာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီးများ၏ အချို့ အယူအဆများကို ခေတ်နှင့်လျော်အောင် ပြုပြင်သင့်ပေသည်။ သို့မဟုတ်လျှင် ဗမာပြည်နှင့် ဗမာလူမျိုးတို့ အခြေအနေသည် တိုးတက်သင့်သလောက် တိုးတက်မည် မဟုတ်ချေ။

ပညာဆိုသည်မှာ စာအုပ်စာတမ်းတတ်၍ စာသိမှုကို ပညာဟုမဆိုပေ။ ပညာသည် "အတိုင်းအဆမထင်" အလွန်ကျယ်ပြောနက်နဲ လှပေသည်။ ကမ္ဘာရှိ စာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှ မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြစေသည်။ ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် လူ၏တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။

ပညာတတ်သူသည် လောကရှိအရာရာကို အခွင့်အလမ်းလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်း သော ဥာဏ်အားလုံးကို၄င်း၊ မိမိဥာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓါတ်ကို၄င်း၊ (Emotion of The Education) ပြုပြင်ပြုစုစီမံထားခဲ့သူသာလျှင် ဖြစ်သည်။ ဘီအေပင် အောင်စေကာမူ၊ ပါရဂူဘွဲ့ကြီးပင်ရစေကာမူ၊ ပညာဆိုသော သဘာ၀အဓိပ္ပါယ်ကို ကောင်းစွာ သုံးသပ် နားလည်ခြင်းမရှိခဲ့သော် တကယ်အရာမရောက် အသုံးမ၀င်ပေ။ ပညာသည် စာအုပ်များထဲ၌သာရှိသည်မဟုတ် စာအုပ်ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ဥာဏ်များကို တိုးတက်စေရမည်။ လူထု၏ ဆန္ဒအား၊ လုပ်အားကို နူးညွှတ်စေ ရမည်။ ရာဇ၀င် သိရုံသာမဟုတ်၊ ရာဇ၀င်ကို ဖန်တီးစေရမည်။ လောကဓါတ်ပညာကို သိရုံသာမဟုတ်၊ လောကဓါတ်ပညာကို တိုးချဲ့နိုင်ရမည်။

ပထမပညာကို သိရုံသာမဟုတ်၊ မြေသစ်၊ ရေသစ်၊ တောတောင်တို့ကို ရှာဖွေစုံစမ်းနိုင်စွမ်းရှိစေရမည်။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ်
သည့်ထက်ကောင်းသောလောကကို ဖန်ဆင်း နိုင်စေရမည်။ ဤကား ပညာ၏ သရုပ်အကျဉ်းမျှပင်တည်း။ ပညာသည် ကာလ၊ ဒေသ၊ ပယောဂနှင့် ယှဉ်ရမည့်ပညာတွင် သညာလည်းပါသည်။
ဥာဏ်နှင့်လည်း ယှဉ်ရမည်။ ဥာဏ်ချမ်းသာ တိုးတက် ၍"သညာ" မရှိပါမူလည်း ဤမျှပိုမိုဆန်းကျယ် အပြောကျယ်လှသော ခေတ်သစ်အကြောင်းကို နားမလည်နိုင်ပေ။

လောကဓါတ်ပညာကို အတတ်မသိဘဲ လောကဓါတ်ပညာဥာဏ်ကိုသုံးလျှင် လောကဓါတ်ပညာ၏ တန်ဘိုးကို ဒင်ပြည့်မသုံးနိုင်ပေ။ တိုင်းပြည်အခြေအနေ၊ ပြဿနာ၊ ခေတ်၏ အခြေအနေနှင့် မယှဥ်ပါမူ တိုင်းပြည် ထူထောင်ခြင်း ခေတ်ပြောင်းလဲ
ပြုပြင်ခြင်းအား ပြုလုပ်မဆောင်ရွက်နိုင်ပေ။
မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲမရှိသူသည် ပညတ်သည်ဟု မဆိုနိုင်ပေ၊ လူတယောက်၏ သက်တမ်းတွင် အစပထမက သိမြင်လာသော စိတ်နေစိတ်ထားဝါဒတို့သည် အမှန်ချည်းမဟုတ်၊ ပြုပြင်ပြောင်းလဲရမည့်သာတည်း။

ယနေ့အယူအဆနှင့် နက်ဖြန်အယူအဆတို့မှာ တူချင်မှတူပေမည်။ အမှန်ကား လူတဦး၏ တဘ၀တွင် ကျွန်ုပ်တို့သည် အယူဝါဒပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည် ရှေ့နောက် မညီ ဟု ထင်မှတ်မှားလေသည်။ သမာဓိမတည်ခြင်းသည် ကိုယ်ကျင့်တရားဖောက် လွှဲ၊ ဖောက်ပြန်ဖြစ်ခြင်း ပေတည်း။ ဝါဒပြောင်းမှုမှာ ဥာဏ်အမြင်၏ပြောင်းလဲမှုကြောင့် သမာဓိမတည် ခြင်းမဟုတ်ပေ၊ တနည်း တိုးတက်ခြင်းပေတည်း။

အမှန်အားဖြင့် သမာဓိဆိုသ

07/07/2025

ဤလောကသည် အမြဲစစ်တိုက်၍နေရသော လောကဖြစ်၏။ သစ်ပင်တောတောင်ရေမြေဟူသမျှသည် ဥတုနှင့်တိုက်ကြ၏။ အတိုက်ခံမပြုဘဲ လွယ်လွယ်ကူကူကြီးပွားတိုးတက်သောအရာဟူ၍ မရှိချေ။
ပီမိုးနင်း

07/07/2025

လှဲလျှင်လဲ၏။ ထူလျှင်ထ၏။ ထလျှင်ထောင်၏။ သွားလျှင်ရောက်၏။ တက်လျှင်မြင့်၏။ ဆင်းလျှင်ကျ၏။ လုပ်လျှင်ဖြစ်၏။ ပျက်လျှင်အဆင်ပြင်လျှင်ခဏ။
ပီမိုးနင်း

07/07/2025

အောင်မြင်ခြင်းသည် လွတ်လပ်ခြင်း၊ ချမ်းသာခြင်း၊ ဩဇာတန်ခိုးရှိခြင်းကို ဖြစ်စေ၏။
ပီမိုးနင်း

07/07/2025

တစ်ထောင်တန်စိတ် အလုပ်မလုပ်ဘဲ တစ်ကျပ်တန်စိတ် အလုပ်လုပ်ခြင်းဖြင့် အချိန်မဖြုန်းသင့်။
🌜 ပီမိုးနှင်း🌛

05/07/2025

တစ်စုံတစ်ရာမလုပ်ဘဲ ကြံစည်၍သာ နေသည်ထက် အမှားကိုလုပ်မိခြင်းက ပို၍မြတ်လေ၏။
🌜 ပီမိုးနင်း🌛

"မနက်ခင်းမှာ သင် အိပ်ရာကထတဲ့အခါ အသက်ရှင်ရတာ၊ အသက်ရှူရတာ၊ တွေးတောရတာ၊ ပျော်ရွှင်ရတာ၊ ချစ်ခင်ရတာတွေဟာ ဘယ်လောက်ကောင်းတဲ့ အခ...
04/07/2025

"မနက်ခင်းမှာ သင် အိပ်ရာကထတဲ့အခါ အသက်ရှင်ရတာ၊ အသက်ရှူရတာ၊ တွေးတောရတာ၊ ပျော်ရွှင်ရတာ၊ ချစ်ခင်ရတာတွေဟာ ဘယ်လောက်ကောင်းတဲ့ အခွင့်ထူး အခွင့်ကောင်းတစ်ခု ဖြစ်သလဲဆိုတာကိုတွေးလိုက်ပါ"
မားကပ်စ်အော်ရီးလီးယပ်စပ်
ရောမတွေးခေါ်ပညာရှင်ဧကရာဇ်

04/07/2025

ပညာတွေတတ်ပြီး အကောင်းအဆိုးကို
မခွဲခြားနိုင်ရင် အလကားပါပဲ။

ငွေကြေးချမ်းသာပြီး အတ္တတွေကြီးကာ ကိုယ့်အိတ်ထဲပဲ ထည့်ဖို့ ကြိုးစားနေရင်လည်း အလကားပါပဲ။

အတွေးအခေါ် ဘယ်လောက်မြင့်မြင့် စာနာနားလည်ပေးတတ်တဲ့ နှလုံံးသားမရှိရင် အလကားပါပဲ။

ရုပ်ရည် ဘယ်လောက်ချောချော
လူတစ်ယောက်ကို လူလို့မမြင်တတ်ရင် အလကားပါပဲ။

အသိပညာ ဘယ်လောက်ရှိရှိ
တစ်ခြားသူပြောတဲ့စကားကို
တန်ဖိုးမထားတတ်ရင် အလကားပါပဲ။

အလုပ်တွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ရိုးသားမှု မရှိရင် အလကားပါပဲ။

ဘယ်လောက်ပဲ တော်နေပါစေ
ကိုယ်ချင်းစာစိတ်မရှိရင် အလကားပါပဲ။

ဘယ်လောက်ပဲ လူကောင်းတစ်ယောက်လို ကြွေးကြော်နေပါစေ သူများမျက်ရည်ပါတဲ့ ထမင်းကိုစားနေရင် အလကားပါပဲ။

အမှန်တရားကို ဘယ်လောက်ပဲလက်ခံတယ်ပြောပြော ကိုယ်မှားနေတာကို ထောက်ပြဆွေးနွေးတာ
မကြိုက်ရင် အလကားပါပဲ။

တကယ်တော့
လူ့တန်ဖိုးဆိုတာ ထက်မြက်တဲ့
ခေါင်း မဟုတ်ပါဘူး။

တခြားသူတွေအပေါ် ကြင်နာတတ်တဲ့ နှလုံးသား...
ဂရုစိုက်နားထောင်ပေးတတ်တဲ့ စာနာတတ်တဲ့ နား...
ပေးကမ်းကူညီတတ်တဲ့ လက်တစ်စုံ...
အကောင်းမြင်တတ်ပြီး အမြင်ကြည်လင်တဲ့ မျက်စိနဲ့...
အပြောချိုပြီး မုသားနည်းတဲ့ ပါးစပ်တို့ပဲ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့

လူတော်တွေ ဘယ်လောက်များများ
လူကောင်းဆိုတာ မရှိခဲ့ရင်
အမှန်တရားတွေ ပျောက်ကွယ်လာပြီး
လူ့ပတ်ဝန်းကျင်လည်း ငြိမ်းချမ်းမှု
သာယာမှုတွေ ပျောက်ဆုံးလာပါလိမ့်မယ်။


04/07/2025

မင်းလိုချင်တဲ့ အရာထက်
လိုအပ်တဲ့အရာကိုပဲအရင် လုပ်သင့်တယ်

ခဏတာကို မကြည့်နဲ့
တစ်ဘ၀စာကို ကြည့်တတ်ပါစေ

တစ်ချို့ အရာတွေက
လိုချင်,တပ်မက်ဖို့ကောင်းတယ်
ဒါပေမယ့်...

မင်းအတွက် အာမခံချက်မရှိဘူး
အဓိကနဲ့သာမည ခွဲခြားတတ်ပါစေ

ဘ၀ကိုစကားလုံးတွေနဲ့ ရေးသားလို့မရဘူး
လုပ်ဆောင်ချက်တွေနဲ့ပဲ ပုံဖော်တတ်သူဖြစ်ပါစေ

မျှော်လင့်ချက်အိမ်မက်တွေ ပျောက်ဆုံးသွားတဲ့အခါ
ပြန်လည်တည်ဆောက်ဖို့ ကြိုးစားပါ

ဘ၀ဆိုတာပြိုလဲဖို့ လွယ်ကူသလောက်
ပြန်တည်ဆောက်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်

အိမ်မက်ဆိုတာဟာ အခမဲ့မက်လို့ရပေမယ့်
အကောင်ထည် ဖော်ဖို့အတွက်တော့
အစွမ်းကုန် ပေးဆပ်ရလိမ့်မယ်

ကိုယ်သာလျှင် ကိုယ့်ရဲ့အားကိုးရာပါ
ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိနေသရွေ့
ရှင်သန်ချိန်တိုင်းက အဓိပ္ပါယ်ရှိနေမှာပါ

ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းတစ်လျှောက်မှာ
အခက်,အခဲတွေကြုံလို့. လက်လျှော့ချင်လာတဲ့အခါ
သင်ဘာကြောင့် စတင်ခဲ့သလဲဆိုတာ ပြန်သတိရပါ

သူများနဲ့မတူတဲ့အခက်,အခဲတွေကို
ရင်ဆိုင်ကျော်ဖြတ်ပီးတဲ့အခါ
သူများနဲ့မတူတဲ့ ခံစားခွင့်တွေ ရရှိလာမယ်ဆိုတာ
ဧကန်မုချ ယုံကြည်လိုက်ပါ မိတ်ဆွေ...

ထီးမပါတဲ့ကလေးဟာမိုးထဲမှာပိုအပြေးမြန်တတ်ပါတယ်

ဦးတည်ချက်မရှိတဲ့လူဟာ
ဦးတည်ချက်ရှိတဲ့ လူအတွက် အလုပ်လုပ်ပေးရတယ်

ဘွဲ့ဒီဂရီဆိုတာ ကြေးတံဆိပ်
အရည်အချင်းဆိုတာ ငွေတံဆိပ်
လူမူဆက်ဆံရေး အတတ်ဟာ ရွှေတံဆိပ်ပါ

အချစ်ဆိုတာ ရိုးရိုးရှင်းရှင်းဖြစ်လို့ရတယ်
လွယ်လွယ်ကူကူတော့ မဖြစ်သင့်ဘူး

ယောက်ျားကောင်းဟာမြူစွယ်မူ့ဒဏ်ကိုကောင်းကောင်းခံနိုင်စွမ်းရှိဖို့လိုသလို

မိန်းမကောင်းဟာ အထီးကျန်တဲ့ ဒဏ်ကို ခံနိုင်စွမ်းရှိရပါမယ်

လှပတဲ့ နတ်သမီးဆိုတာ လူ့လောကမှာ တကယ်မရှိပါဘူး
စိတ်ရင်းကောင်းတဲ့ မိန်းခလေးဆိုတာပဲ ရှိပါတယ်

အမုန်းခံရတဲ့လူဟာ ဘာမှထိခိုက်မူ မရှိပါဘူး
မုန်းတဲ့လူရဲ့ နှလုံးသားထဲမှာသာ
ဒဏ်ရာဒဏ်ချက် အပြည့်ဖြစ်နေတတ်ပါတယ်

သင်ကိုယ်တိုင် ဘ၀အခက်အခဲကို
ရင်ဆိုင်ရဲတဲ့သတ္တိ မရှိဘူးဆိုရင် သင့်အတွက် ရဲရင့်ပေးမဲ့လူ မရှိပါဘူး

ပြဿနာတွေ့ရင် မိမိကိုယ်ကို အရင်စမ်းစစ်ပါ
၀မ်းနည်းမှု့ အဆင်မပြေမှု့နဲ့ကြုံတိုင်းသာ ကမ္ဘာမြေဆွဲအားကို အပြစ်ဖို့နေမယ်ဆိုရင်
ပြဿနာကဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး

Credit မူရင်း

Address


Website

Alerts

Be the first to know and let us send you an email when My Future posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to My Future:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share