Bago Thar celenews
myanmar celebrity
ဆယ်လီသတင်း
သတင်းစုံ
myanmar news သီချင်းနှင့်ဟာသများ

ဆရာမလေး
21/08/2025

ဆရာမလေး

4 ကြိမ်တိတိမဒမ်းကျင့်ခံရတဲ့ကျောင်းဆရာမလေး

22/09/2022

22.Sep.2022 မှ 28.Sep.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

ဒီကာလအတွင်းပြင်းထန်သောအခက်အခဲများကို ရင်ဆိုင်ဖြတ်ကျော်ရမည်။ လွဲမှားသော ဆုံးဖြတ်ယူဆချက် များကြောင့်လုပ်ငန်းပိုင်း ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ရနိုင်ပါသည်။ မတော်တဆ ဘေးဥပါဒ် အန္တရာယ်များ အထူး သတိ ပြုရမည်။ လူမှုရေး အပျော်အပါးကိစ္စများအတွက် ဂုဏ်သတင်းညှိုးနွမ်းတတ်သော အချိန်ကာလဖြစ်သည်။ အဆင်မပြေမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များ ပေါက်ဖွားရှင်သန်လာ တတ်သည်။ ခိုက်ရန်ဖြစ်ပွား မှုနှင့် ဒေါသတရား ပေါက်ကွဲမှုများအား အထူးသတိဖြင့် ထိန်းချုပ်ပါ။ လုပ်ငန်းရှင်များ မိမိလုပ်ငန်းပိုင်းအတွက် ကြီးမားသောဆုံးရှုံးမှုများ တွေ့ကြုံပေါ်ပေါက်တတ်သည်။ ထူးခြားသောခရီးတစ်ခု ထွက်ရလိမ့်မည်။ လုံ့လစိုက်ထုတ် သလောက် အကျိုးမခံစားရဘဲ စိတ်ပင်ပန်း၊ ဖိစီးမှုများမည်။ ဗုဒ္ဓဟူးနံပါသော လူ၊ ပစ္စည်း၊ နေ့နံများ အကျိုးပြုသည်။ ပညာသင်ကြားနေသူများ ပင်ပန်းခက်ခဲမှုများအကြား မိမိရည်မှန်းချက်များ လွဲချော်သွားတတ်သည်။ အိမ်ထောင်ရှင် များအိမ်ထောင်ဖက်၏အားပေးနှစ်သိမ့်မှုများကြောင့်နေ့သစ်များထဲ ခရီးဆက်နိုင်မည်။ ချစ်သူ၏ခွန်အားများ ကြောင့် အခက်အခဲ ဒဏ်ရာများ ပြေပျောက်ပြီး စိတ်ဓါတ် သစ်များ နိုးထရှင်သန်လာမည်။

အကျိုးပေးဂဏန်း ၅၊၆၊၈

အထူးဟော ကံညံ့သေးတယ်ဗျ

ယတြာ ကံကောင်းစေဖို့ အုန်းဆီတစ်ဗူးမိမိထက်ငယ်သူကိုလှူပါ

#တနင်္လာ

ဒီကာလအတွင်း လူမှုရေးပြဿနာများ ဆက်လက်တွေ့ကြုံရပြီး စိတ်ပင်ပန်းမွန်းကြပ်မည်။ မိမိအထက် အကြီးအကဲများဖြင့် စကားပြောအဆင်မပြေမှုများ တွေ့ကြုံရနိုင်ပါသည်။ တရားမဝင် ငွေကြေးရရှိမှုများ တွေ့ ကြုံလာမည်။ ထီပေါက်သလို ငွေကြေးအများအပြားရရှိလာနိုင်ပြီး စနေနေ့များတွင် ထီကံစမ်းပေးပါ။ မိသားစု၏ အကူအညီပေးမှုကြောင့် မိမိအကြံအစည် ရည်မှန်းချက်များ လုပ်ငန်းတာဝန်များ၌ အောင်မြင်မှုများ တွေ့ကြုံရမည်။ လူမှုရေးအကူအညီပေးမှုများ သတိပြုရှောင်ကြဉ်ပါ။ လူမျိုးခြားများကို အကြောင်းပြု၍ လုပ်ငန်းကိစ္စသစ်များ ဆောင်ရွက်လုပ်ကိုင်ရမည်။ စေတနာမှ ဝေဒနာ ဖြစ်သွားရတတ်သည်။ လုပ်ငန်းရှင်များ လုပ်ငန်းတွင် ပင်ပန်းပြီး ငွေကြေးပိုင်း အကျိုးရှိမည်။ ပညာသင်ကြားနေသူများ ဇွဲလုံ့လ အားနည်း နေချိန်၊ အိမ်ထောင်ရှင်များ ညှိနှိုင်းရန် ကြန့် ကြာမည့်အိမ်ထောင်ရေးတိုက်ပွဲများ ဆင်နွှဲရပေမည်။ ချစ်သူများ သံသယ အသေးအဖွဲ့ပြဿနာများ မကြာခဏ ကြုံ ရတတ်ပါသည်။ ပညာရေးတွင်လည်း ထင်သလောက်မပေါက်ပဲ ဘာလုပ်လုပ် အဆင်မပြေမှုများသာ ကြုံတွေ့နေ ရ မည်။ ကုသိုလ်ကောင်းမှုနှင့် ဘာသာရေးတော့ များများပြုလုပ် ပေးပါ။ ပြန်လည်အဆင်ပြေလာပါလိမ့်မည်။

အကျိုးပေးဂဏန်း ၆၊၇၊၀

အထူးဟော အနည်းငယ်လူမှုရေးကိစ္စများဆောင်ရွက်ခြင်းသတိပြုပါ

ယတြာ ယိုတစ်မျိုးမျိုးဘုရားကပ်ပါ။

#အင်္ဂါ

ဒီကာလအတွင်း ကံကောင်းကြီးပွားမည့် အခွင့်အရေးကောင်းများ လက်ဝယ်ရောက်ရှိပြီး မိမိဘုန်းကံ အရှိန် အဝါ တိုးတတ်မြင့်မားသောကာလဖြစ်သည်။ မိမိနှင့် မိသားစုအတွင်း စီးပွားဥစ္စာတိုးတတ်ကြီးပွားမည့်ကာလ ဖြစ် သည်။ကံကအကောင်းဘက်ကိုတတ်လှမ်းနေပြီး အစီအစဉ်၊ စီမံကိန်းများသည် မူလစီစဉ်ထားသည့်အတိုင်း စတင် လည်ပတ်နိုင်စွမ်း ရရှိလာလိမ့်မည်။ရွှေရတနာနှင့် အသုံးအဆောင်ပစ္စည်းအသစ်အဆန်းများ စိတ်တိုင်းကျ ရရှိပိုင် ဆိုင်သုံးစွဲရမည်။ အိမ်၊ ခြံ၊ မြေ၊ ယာဉ်တို့နှင့်ပတ်သက်၍ ကံကောင်းအကျိုးရှိမည်။ ကောင်းသော အဆက်အသွယ် ကောင်းများရရှိ၍တိုးတတ်အောင်မြင်မည်။အဆင့်မြင့်အဖွဲ့အစည်းများနှင့်ပတ်သက်၍ငွေကြေးရရှိမှု ကံကောင်း မွန် ချိန် အကြောင်း အမျိုးမျိုးကြောင့် ငွေကုန်ကျမှုများနေမည်။ လုပ်ငန်းရှင်များ ကြီးပွားအောင်မြင်တိုး တတ်မှုများ အလွယ်တကူ တည်ဆောက်နိုင်မည်။ ပညာသင်ကြားသူများ ကံဇာတာအထူးမြင့်မားသည့် ကာလဖြစ် သည်။ အိမ် ထောင်ရှင်များ ငွေကြေးကိစ္စရပ်များကြောင့် ပဋိပက္ခကြုံမည်။ ချစ်သူများ အချစ်အတွက် အရာရာ၌ စိတ်တူ ကိုယ်တူ ဆန္ဒသဘောထားများ ထပ်တူညီချိန် ဖြစ်သည်။ ပညာရေးတွင်လည်း ကြိုးစားသလောက် အကျိုးရှိ၍ အရာရာ အဆင်ပြေတော့မယ့်အချိန် ဖြစ်နေရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁၊၃၊၉

အထူးဟော ကံကောင်းနေမည်။

ယတြာ သပြေပန်းဘုရားလှူပါ။

#ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း ကံဇာတာမြင့်မားသော အချိန်ကာလပင်ဖြစ်ပါသည်။ လူမှုရေးပိုင်း ထင်ပေါ်ကျော် ကြား၍ အဆင့်မြင့်လုပ်ငန်းတာဝန်များအကျိုးရှိမည်။လုပ်ငန်းသစ်များတိုးချဲ့ဆောင်ရွက်ရန် အခြေအနေကောင်း များ ဖန်တီး ခွင့်ရရှိမည်။မိမိဆောင်ရွက်နေသော လုပ်ငန်းကိစ္စများ၌ ငွေကြေးအကျိုးရှိမှုကံ အထူးကောင်းမွန်မည်။ ပြဿနာ အနှောက်အယှက်မကင်းသည့် ငွေကြေးများ ရရှိသုံးစွဲရမည်။ ဘုရားကျောင်း ကန်များသို့ သွားလိုစိတ်များ ပေါ်မည်။ ဆရာများ၏ချစ်ခင်မှုခံရမည်။ဘာသာရေး၊ယဉ်ကျေးမှုသင်တန်းများတတ်ရမည်။မိမိကြံစည်ကြိုးပမ်းမှု များ အလွယ် တကူ ပြည့်ဝအောင်မြင်၍ ကံကောင်းကြီးပွားမှုများ ရယူပိုင်ဆိုင်ခွင့်ရရှိမည်။ အသုံးအဆောင် ပစ္စည်း ကောင်းများ လက်ဆောင်ရရှိတတ်ပြီး ဆီး၊ ကျောက်ကပ်၊ ခါးနာဝေဒနာများ ဖြစ်ပွားတတ်သည်။ လုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့ ရပြီး မိမိရည်ရွယ်ချက်များ အောင်မြင်ပြည့်ဝမည်။ ပညာသင်ယူနေသူများ အတိုက်အခံများကြားမှ အောင်မြင် တိုး တတ်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးတည်ငြိမ်မည်။ ချစ်သူများ စန်းထသည့်ကာလဖြစ် သည့်အတွက် လှေ နံနှစ်ဖက်နင်းသည့် ပြဿနာများကြား၌ သောကများပြားမည်။

အကျိုးပေးဂဏန်း ၁၊၂၊၈

အထူးဟော စန်းပွင့်ပြီးစန်းအားကောင်းမယ်

ယတြာ ပုစွန်ကြော်ဘုရားကပ်ပါ

#ကြာသပတေး

ဒီကာလအတွင်း အတိုက်အခံများပြားပြီး လုပ်ငန်းတွင် ဆုံးရှုံးနစ်နာမှုများ ပေါ်ပေါက်တွေ့ကြုံရတတ် သည်။ အလုပ်အတွက် အထင်ကြီးခံရသော်လည်း မိမိအတွက် အကျိုးမရှိသောကာလဖြစ်သည်။ မတော်တဆ ထိခိုက်မှုများ ကြုံတွေ့ရနိုင်ပါသည်။ မိမိ၏ကောင်းမွန်သော စိတ်ကူးဆန္ဒများအတွက် ဖန်တီးပုံဖေါ်ရန် ကံကြမ္မာမှ ပိတ်ဆို့တားဆီး ထား ချိန် ဖြစ်သည်။ ခရီးဝေးများသွား၍ လုပ်ငန်းကိစ္စများ အကျိုးရှိတတ်သည်။ ငွေကြေးအကျိုးပေးကံသင့်တင့် သော် လည်း ငွေကြေးကုန်ကျမှု ကြီးမြင့်နေချိန်ဖြစ်သည်။ ဇွဲလုံ့လဝီရိယ၊ အားနည်းမှုကြောင့် အခွင့်အရေး ကောင်း များ ဆုံးရှုံးမည်။ လုပ်ငန်းရှင်များ မိမိလုပ်ငန်းတွင် အတိုက်အခံများပြားပြီး မျှော်မှန်းသလောက် အကျိုးမရှိ တတ် ပါ။မျက်နှာပွင့်လန်းသောကာလဖြစ်ပြီး လူမှုရေးကိစ္စအများအပြား ဆောင်ရွက် လုပ်ကိုင်ရတတ်ပါတယ်။ ကျန်းမာ ရေးကိစ္စများအတွက် ငွေကုန်ကြေးကျများပြား နေရတတ်သည်။ ပညာသင်ကြားသူများ အတိုက်အခံများ ပြားပြီး ကံ ဇာတာမှေးမှိန်ချိန်၊ အိမ်ထောင်ရှင်များ လူမှုရေးပြဿနာ အနှောက်အယှက်များကြောင့် အထင်အမြင်လွဲ ချော်နေ မည်။ ချစ်သူမှာ နားလည်မှုလွဲချော်နေချိန်ဖြစ်၍ အမုန်းအရိပ်ဆိုးများကြား တိုက်ပွဲများ ပေါ်ပေါက်နေတတ် ချိန် ဖြစ်ပါသည်။

အကျိုးပေးဂဏန်း ၂၊၃၊၉

အထူးဟော အနည်းငယ်ရန်အတိုက်အခံများတယ်

ယတြာ ငှက်ပျောကြော်ဘုရားလှူပါ

#သောကြာ

ဒီကာလအတွင်းလူမှုရေးကိစ္စအများအပြားဆောင်ရွက်လုပ်ကိုင်ရပြီးငွေကြေးကုန်ကျမှုများပြား သော အချိန် ကာလဖြစ်သည်။ ခရီးသွားလိုစိတ်များ များပြားနေတတ်ပြီး နိုင်ငံရပ်ခြားခရီးစဉ်နှင့် ခရီးဝေးသွားလာမှု များ တွေ့ ကြုံ ပေါ်ပေါက်နိုင်ပါသည်။ ကြံစည်တွေးခေါ်ဆုံးဖြတ်မှုများ တည့်မတ်မှန်ကန်နေသည့်အတွက် တိုးတတ် အောင် မြင် သည့် လမ်းကြောင်းထက်ရပ်တည်နိုင်မည်။ မိသားစု၌ အိမ်ခြံမြေကိစ္စရပ်များ တွေ့ကြုံရတတ်သည်။ လုပ်ငန်း နေရာ ဌာန အပြောင်းအလဲဖြစ်စဉ်များ ပေါ်ပေါက်လာတတ်သည်။ လူမှုရေးပိုင်း၌ ထူးခြားစွာ မျက်နှာပွင့်သော ကာလ ဖြစ်ပါ သည်။ လုပ်ငန်းရှင်များအတွက် လုပ်ငန်း၌ အခွင့်အရေးသစ်များ ပေါ်ပေါက် တတ်သည်။ လျှပ်စစ် အသုံး အဆောင် ပစ္စည်းအသစ်အဆန်းများရရှိပိုင်ဆိုင်သုံးစွဲရမည်။အဆင့်မြင့်လုပ်ငန်းကိစ္စများဆောင်ရွက်ရာတွင်အကူအညီ ကောင်း များတွေ့ကြုံ၍မိမိမျှော်မှန်းသည်ထက်ပိုမိုအောင်မြင်မည်။ပညာသင်ကြားနေသူများပညာရေး အတွက် ပင်ပန်းမှု များပြားသော်လည်း အကျိုးရှိအောင်မြင်မည်။ အိမ်ထောင်ရှင်များ မိမိအိမ်ထောင်ဖက်၏ သံသယ စက် ကွင်း များ အကြား ပြန်လည်ဖြေရှင်းရန် အခက်ကြုံနေရတတ် သည်။ ချစ်သူများ ပဋိပက္ခပြဿနာများ ပြင်းထန်၍ ခွဲခွာနေထိုင် ရတတ်သည်။

အကျိုးပေးဂဏန်း ၆/၃/၄

အထူးဟော ကူညီမဲ့သူတွေပေါများမယ်။

ယတြာ ဖယောင်းတိုင်းလေးတွေ နီးစပ်သူကိုလှူပါ။

#စနေ

ဒီကာလအတွင်းကိုယ်ပိုင်စီးပွားရေးပိုင်း အကျိုးရှိအဆင်ပြေ၍ ငွေကြေးရရှိမှုကံကောင်းနေမည်။ မိသားစု အရေးကိစ္စများအတွက်ငွေကြေးသုံးစွဲကုန်ကျမှုများပြားသောအချိန်ကာလဖြစ်သည်။ လုပ်ငန်းကိစ္စများနှင့် ပတ်သက် ၍ မောင် နှမသားချင်းများနှင့် အတိုက်အခံတွေ့ကြုံရနိုင်ပါသည်။အစိုးရဝန်ထမ်းဖြစ်ပါက ပင်ပန်းမှုများများပြားပြီး အကျိုး ခံစားခွင့်နည်းပါးနေသည့်ကာလဖြစ်သည်။ မျက်စိ၊ ခံတွင်းပိုင်းဆိုင်ရာရောဂါများနှင့် အစားအသောက် မှား ယွင်း မှု ကြောင့် ကျန်းမာ ရေးအညံ့ကြုံရတတ်သည်။ ရွေးချယ်၊ ဆုံးဖြတ်ရန် ခက်ခဲသည့် အခွင့်အရေး နှစ်မျိုး နှစ်ခွ တွေ့ကြုံ ပေါ် ပေါက် လာတတ်သည်။ တစ်ခြားသူတို့၏ လူမှုရေးပြဿနာများအကြား ဝင်ရောက်ဖြေရှင်းပြီး အကျိုး မရှိဖြစ် ရတတ် သည်။ လုပ်ငန်းရှင်များ သာမန်တိုးတတ်မှုများ တွေ့ကြုံသော်လည်း စိတ်ဖိစီး ပင်ပန်းရမည်။ လုပ်ငန်း တွင်ကောင်းမွန်သောအခြေအနေကောင်းများကြောင့်ဂုဏ်သတင်းထင်ရှားကျော်ဇောမည်။ပညာသင်ယူသူများ လုံ့လ ၏အကျိုးကျေးဇူးများခံစားရမည်။ အိမ်ထောင်ရှင်များမောင်နှမသားချင်း ပြဿနာများကြောင့် သဘောထားကွဲလွဲ မည်။ ချစ်သူများ အချစ်အတွက်ရဲဝံ့စွန့်စားလိုသောအချိန်ကာလဖြစ်သည်။သို့သော် ဘာလုပ်လုပ် စိတ်လိုလက်ရ မဆုံးဖြတ်မိပါစေနှင့် စိတ်ရှည်ပေးပါ။

အကျိုးပေးဂဏန်း ၅၊၇၊၀

အထူးဟော လုပ်ငန်းစီးပွားတွေအခွင့်အလမ်းရမယ်…

ယတြာ လက်ဖက်သုပ်ဘုရားကပ်လှူပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695

09 44 5555 695

30/08/2022

Hi everyone! 🌟 You can support me by sending Stars – they help me earn money to keep making content that you love.

Whenever you see the Stars icon, you can send me Stars.

27/11/2021

မော်ဒယ်လ် နန်းမွေစံ ကတော့ လက်ရှိမှာ အောင်မြင်လျက် ရှိနေတဲ့ မော်ဒယ်လ် တွေ ထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ပြီး အနု....

26/11/2021

ယခု သတင်းသည် shweyoemm မှ ရေးသားထားခြင်း ဖြစ်ပါသည်။ ပရိတ်သတ်ကြီးရေ မေပန်းချီကတော့ အမိုက်စား ခန္တာကိုယ်ကောက်ကြောင...

2022 မဟာသင်္ကြန်စာ
28/10/2021

2022 မဟာသင်္ကြန်စာ

1384-2022 မဟာသင်္ကြန်စာ #ဗေဒင် #ဆရာစံဇာဏီဘိုတစ်လစာဗေဒင်ဟောတမ်း #စံဇာဏီဘို #ဗေဒင် #ဗေဒင်၂၀၂၁ #တပတ...

 "နတ်တွေနဲ့ မိတ်ဖွဲ့ပါ"🍅🍅🍅🌽🌽🌽🍅🍅🍅နတ်တွေကို မိတ်ဖွဲ့ရတယ်နတ်တွေကို မိတ်ဖွဲ့ရတာကလူတွေကို မိတ်ဖွဲ့ရတာထက်သာတယ်။လူတွေ အကူအညီ မေ...
13/10/2020



"နတ်တွေနဲ့ မိတ်ဖွဲ့ပါ"

🍅🍅🍅🌽🌽🌽🍅🍅🍅

နတ်တွေကို မိတ်ဖွဲ့ရတယ်
နတ်တွေကို မိတ်ဖွဲ့ရတာက
လူတွေကို မိတ်ဖွဲ့ရတာထက်သာတယ်။

လူတွေ အကူအညီ မပေးနိုင်တဲ့အရာကို
နတ်တွေက ကူညီပေးနိုင်တယ်။

နတ်တွေကို မိတ်ဖွဲ့တယ်ဆိုတာ
မေတ္တာပို့ခြင်းနဲ့ အမျှဝေခြင်းပဲ။

အထူးသဖြင့် အပင်ကြီးတွေကို အမျှဝေဖို့လိုတယ်။
အပင်ကြီးတွေဆိုတော့ တန်ခိုးကြီးတဲ့
နတ်တွေ ရှိနိုင်တာပေါ့။

အမျှဝေတဲ့အခါမှာ ဒီနေ့လုပ်ခဲ့တဲ့ ကုသိုလ်ကိုလည်း
အမျှဝေရမယ်။
တစ်သက်လုံး လုပ်ခဲ့တဲ့ ကုသိုလ်တွေကိုလည်း အမျှဝေရမယ်။
ဒါမှ ... သာဓုခေါ်တဲ့ပုဂ္ဂိုလ်တွေက
ပိုပြီး အကျိုးခံစားရမယ်။

အမျှဝေလိုက်လို့ နတ်တွေက သာဓုခေါ်လိုက်ရင်
ရုတ်တရက် စည်းစိမ်တွေ တိုးတက်သွားတယ်။
လူတွေ ထီပေါက်သလိုပေါ့။

ပရဟိတ-လုပ်တယ်ဆိုတာ လူတွေကိုလည်း လုပ်လို့ရတယ်။
နတ်တွေကိုလည်း လုပ်လို့ရတယ်။
ပြိတ္တာတွေကိုလည်း လုပ်လို့ရတယ်
ကျန်တဲ့ အပါယ်ဘုံသားတွေကိုလည်း
လုပ်လို့ရတယ်။
အမျှဝေတယ်ဆိုတာ ပရဟိတ လုပ်တာပဲ။

အမျှဝေလို့ သူတို့က ကျေးဇူးတင်တဲ့အနေနဲ့ ကိုယ့်ကို ပြန်လည်စောင့်ရှောက်မယ်ဆိုရင်တော့ " ဒေဝတာနုကမ္ပိတော ပေါသော သဒါ ဘဒြာနိ ပဿတိ" ဆိုတဲ့အတိုင်း - ကောင်းတာတွေပဲ ကြုံရနိုင်တာပေါ့။

အမျှဝေတဲ့အခါ(မျှော်လင့်ချက်) လောဘစိတ်နဲ့
အမျှ မဝေရဘူး။
သူတို့ကို ကူညီချင်တဲ့စိတ်၊
ကုသိုလ် ရစေချင်တဲ့စိတ်နဲ့ အမျှဝေရတယ်။

ဒီလိုအတွေးအခေါ်မျိုး အရင်က မရှိခဲ့ဘူး။
ခုနောက်ပိုင်း စာတွေဖတ်,တရားတွေနာမှ
အတွေးအခေါ်တွေက ပိုပြီး ကျယ်ပြန့်လာတယ်။

တပည့်တော်ကတော့ မေတ္တာအကျိုးကို
လက်တွေ့ခံစားနေရတယ်လို့တောင် ယူဆမိတယ်။

ခုနောက်ပိုင်း နေရတာ ထိုင်ရတာ
အလွန်စိတ်ချမ်းသာပြီး ခန္ဓာကိုယ်ကလည်း
ပေါ့ပါးသွက်လက်လာတယ်။
ကိုယ် လိုအပ်နေတာလေးတွေလည်း
ပြည့်ပြည့်လာတယ်။

လူတစ်ယောက်ကို မြင်တာနဲ့ တစ်ခါတည်း
"ကျန်းမာချမ်းသာပါစေ .. အရာအားလုံး အဆင်ပြေပါစေ"
လို့ မေတ္တာပို့သပြီးသားပဲ။

----------------------------------------------------

တမာပင်တောရ-ဆရာတော်
ဘဒ္ဒန္တပညာဒီပ-မဟာထေရ်။

၁၃၈၂-ခု၊ ဝါခေါင်လဆန်း(၇)ရက်
အင်္ဂါနေ့၊ ည(၈-နာရီ၊ ၄၅ မိနစ်)
ဆုံးမဩဝါဒစကား။

🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅

,
🙏🙏🙏..

✔✔ ပဋ္ဌာန်းရွတ်တိုင်း တစ်ခုခု ကံဆိုးမိုးမှောင်ကျတဲ့အကြောင်း ခုမှနားလည်တော့တယ်သံသရာတိုအောင် ခွာချနေတာတဲ့ ✔✔ __/|\__👉ပဋ္ဌာန်းေ...
02/10/2020

✔✔ ပဋ္ဌာန်းရွတ်တိုင်း တစ်ခုခု ကံဆိုးမိုးမှောင်ကျတဲ့အကြောင်း ခုမှနားလည်တော့တယ်
သံသရာတိုအောင် ခွာချနေတာတဲ့ ✔✔ __/|\__

👉ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဖတ်ရာမှာ ( မိမိတစ်နိုင် အကျဉ်းဖြစ်စေ၊ အကျယ်ဖြစ်စေ၊ ပဉှာဝါရ ဖြစ်စေ ပဋ္ဌာနပါဠိ ငါးအုပ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ပူဇော်ရွတ်ဖတ် သရဇ္ဇျယ်ခြင်းဟာ)

👉မိမိရဲ့သံသရာဘဝအဆက်ဆက်မှာရှိခဲ့သော သိ၍ ဖြစ်စေ မသိ၍ဖြစ်စေပြုခဲ့မိတဲ့ အကုသိုလ် အညစ်အကြေးတွေကို ခွာချနေခြင်းနဲ့တူတယ်ဆိုတာ သတိလေးကပ်ထားဖို့လိုပါတယ်။

👉တစ်ချို့ရှိကြပါတယ် ပဋ္ဌာန်းရွတ်မှ ပူလောင်လာတယ်၊ ပြဿ နာတွေတစ်ခုမဟုတ်တစ်ခုဖြစ်ကြတယ်၊ စီးပွားတွေကျကုန်တယ်ဆိုတာ ရံဖန်ရံခါရှိတတ်ပါတယ်။.တကယ်လည်းလက်တွေ့ပါ။ ဒါပေမယ့် သတိထားရမှာက ဒါဟာ ပဋ္ဌာန်းဒေသနာတော်ကြောင့်မဟုတ်ပဲ မိမိရဲ့ အကုသိုလ်အညစ်အကြေးကို မိမိကိုယ်တိုင် အသက်သာဆုံးနည်းနဲ့ သံသရာတိုအောင်ခွာချနေတယ်ဆိုတာပါ။

👉သံသရာမှာ မိမိရဲ့ အကုသိုလ် ဝဋ်ကြွေးအညစ်အကြေးတွေမကုန်စင်သေးပဲ သံသရာကနေထွက်သွားလို့ရရိုးထုံးစံမရှိပါ။ ဒါကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးမှအစ အဂ္ဂသာဝက မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးများပါမကျန် သက်သေပြခဲ့ကြပြီးပါပြီ။

👉ပဋ္ဌာန်းဒေသနာတော်ကြီးကိုရွတ်ဖတ်ပူဇော်ခွင့်ရနေပြီဆိုကတည်းက မိမိမှာ ကံကြီးငါးပါးထိုက်သူထဲ မပါဖို့ ရာခိုင်နှုန်းများပါတယ်။ ဒီတော့ ရှိသမျှ အကုသိုလ်ဝဋ်ကြွေးကို တောင့်ခံပြီး မြန်မြန်ဆပ် နာနာဆပ် ပေတေပြီးတော့ သဒ္ဒါတရားအပြည့်နဲ့သာ ဖြေးဖြေးမှန်မှန်ရွတ်ဖတ်ကြဖို့တိုက်တွန်းလိုပါတယ်။

👉အဲ့ဒီလို ပူဇော်လေ မိမိသန္တာန်မှာ အနှေးနဲ့အမြန် အငြိမ်းဓါတ် အအေးဓါတ် တစ်မျိုးကို တစ်ဦးနှုင့်တစ်ဦး စရိုက်ပေါ်မူတည်ပြီး တော့ ခံစားရမှာမလွဲဧကန်ပါ။

👉ပဋ္ဌာန်းတရားတော်ကြီးရဲ့ ကျိုးကြောင်းဆင်ခြင်သုံးသပ်မှု ဒေသနာ ပစ္ဆဝေက္ခဏာ စွမ်းအားအာနုဘော်ကြောင့် မိမိရဲ့ သန္တာန်မှာ အကုသိုလ်အညစ်အကြေးကင်းစင်လာတာနဲ့အမျှ ....

👉အကုသိုလ် ဝဋ်ကြွေးဖြစ်မယ့် အရာမှန်သမျှ လုပ်ကိုင်လိုစိတ်လည်း တစ်ဖြေးဖြေးလျော့နည်းပျောက်ကွယ်သွား ပြီး အကုသိုလ်ကို လုံးဝလုပ်ချင်စိတ်လည်းမရှိတော့မှာလည်း လက်တွေ့ ဒိဌဓမ္မ သေချာတဲ့ အကျိုးရလဒ်ဖြစ်ပါတယ်။

👉အဲ့ဒီအချိန်မှာ မထင်မှတ်လောက်အောင် မိမိရဲ့ ယုံကြည်မှုသဒ္ဒါတရားနဲ့ အေးမြမှုတို့ဟာ မထင်မှတ်လောက်အောင်ခိုင်မြဲနေတာကိုတွေ့ရပါလိမ့်မယ်။

👉မိမိရဲ့ လူမှုစီးပွားဘဝလည်း အေးချမ်း တည်ငြိမ်ပြီး အရာရာ ပြည့်စုံနေတာကို မျက်မြင်တွေ့ရပါလိမ့်မယ်။

👉ဒီထက်မကထပ်ပြီးတော့ မှ အနက်အဓိပ္ပါယ်တို့ကို လေ့လာချင်စိတ် သဒ္ဒါတရားတွေ တဖွားဖွားပေါ်လာပြီး အနက်အဓိပ္ပါယ်တို့ကို အနုလုံ ပဋိလုံ သိမြင်နားလည်လာတဲ့အခါ အလိုလိုနေရင်း တရားက သူ့အလုပ်သူလုပ်ပြီး ခန္ဓာဥာဏ်ရောက် သွားတာကို အံ့သြဖွယ်ကောင်းစွာထပ်မံတွေ့ရပါမယ်။

👉မိမိရဲ့ ဝါသနာ စရိုက်နဲ့ ကိုက်ညီတဲ့ ကမ္မဋ္ဌာန်းနည်းပြ၊ အနီးကပ်လမ်းညွှန်ပေးမယ့်ဆရာလည်း ရောက်လာပါလိမ့်မယ်။

👉ဒါဟာဘာကို ပြသလဲဆိုတော့ မိမိသန္တာန်မှာ အကုသိုလ်အညစ်အကြေးတွေကို အကြွေးမထားပဲ အဖတ်လိုက် အဖတ်လိုက်ခွာချလိုက်တဲ့အခါ မိမိဘဝ အဆက်ဆက် အနမတဂသံသရာအဆက်ဆက်ကပါခဲ့တဲ့ အထုံပါရမီတွေဟာ ဒီဘဝမှာပြန်ပေါ်လာပြီး မဂ် ဖိုလ်လမ်းကြောင်းပေါ်ကို မဂ္ဂင်ရှစ်ပါးနဲ့အညီ ခပ်မြန်မြန် ရောက်သွားခြင်းသာ ဖြစ်ပါကြောင်း ထပ်မံ ရေးသားရင်း

👉သံသရာအဆက်ဆက်က အကုသိုလ်အညစ်အကြေးများကို မဆုတ်မနစ်တဲ့ ဇွဲ သတ္တိ ဝီရိယ တို့နှင့် တရားအလုပ်အားထုတ်ရင်း ဒီဘဝမှာတင်ခွာချကြရအောင်

ပဋ္ဌာန်းဒေဿနာတော်ကြီးရဲ့ လက်တွေ့တန်ခိုးအာနုဘော်ကြီး ဖြစ်ပါတယ်......

Credit : Aung myo ko
မေတ္တာ ဖြင့်​ပြန်​လည်​မျှ​ဝေပါတယ် ။

01/10/2020

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Bago Tharผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Bago Thar:

แชร์