25/06/2025
လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်(၈/၁)၊ ရပ်ကွက်ရုံးအတွင်း၌ ရာအိမ်မှူးမိသားစုက အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်
ရန်ကုန်တိုင်း၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်(၈/၁)၊ ရပ်ကွက်ရုံးအတွင်း၌ ရာအိမ်မှူးမိသားစုက အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်မှု ပြုလုပ်ခဲ့သည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းက အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီးဖြစ်သူ ဒေါ်စန်းဌေးသည် ရာအိမ်မှူးနေအိမ်ကို ကြည့်ရာမှ ရာအိမ်မှူးဇနီးနှင့် အချင်းများမှု ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ အခြေအနေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဒေါ်စန်းဌေး၊ ရာအိမ်မှူးရဲ့ ဇနီးနှင့် သမီးဖြစ်သူတို့ကို ရုံးတွင်းခေါ်၍ မေးမြန်းခဲ့သည်။ ထိုသို့ မေးမြန်းရာတွင် နှစ်ဖက် ပဋိပက္ခ ထပ်မံဖြစ်ပေါ်ပြီး ရာအိမ်မှူးအပါအဝင် မိသားစုဝင်များက ဒေါ်စန်းငွေကို ကိုယ်ထိလက်ရောက် ကျူးလွန်မှု ပြုလုပ်ခဲ့သည်။
ဒေါ်စန်းဌေးသည် သား ၄ ယောက်မိခင်ဖြစ်ပြီး သား ၁ ယောက်မှာ ရခိုင်ပြည်နယ်၌ ကျဆုံးခဲ့ပြီး အဆိုပါသား၏ ဇနီးမှာ ရခိုင်ပြည်နယ်အတွင်း တပ်မတော်မိသားစုဝင်များကို သယ်ဆောင်လာသည့် ရေယာဉ်ကို စစ်သွေးကြွ AA အဖွဲ့တိုက်ခိုက်မှုဖြစ်စဉ်၌ သေဆုံးခဲ့ရသည်။ ကျန်သား ၂ ဦးမှာ တပ်မတော်၌ တာဝန်ထမ်းဆောင်လျက် ရှိသည်။ လက်ရှိ၌ လှည်းကူးမြို့တွင် အသက် ၁၆ နှစ်အရွယ် သား ၁ ဦးနှင့် နေထိုင်လျက်ရှိသည်။
အဆိုပါဖြစ်စဉ်၌ ကိုယ်ထိလက်ရောက် ကျုးလွန်ခြင်းခံရသော ဒေါ်စန်းဌေး၏ တရားမျှတမှုရရှိရန် ရန်ကုန်တိုင်းစစ်တိုင်းမှူးကြီး၊ တိုင်းဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အကြီးအကဲများက ဆောင်ရွက်ပေးရန် ရပ်ကွက်နေပြည်သူများက တောင်းဆိုလျက်ရှိသည်။