 
                                                                                                    11/09/2025
                                            ဘဝဟာ ကိုယ့်အိပ်မက်တွေကို ဖြည့်ချင်လို့ 
ရုန်းကန်ခဲ့တယ်ဆိုပေမယ့် 
တကယ်တမ်းကျ ဒီလောက အလယ်
ကိုယ့်အိပ်မက်ထက် အရင်ဦးစားပေးဖြည့်ပေးချင်နေသေးတဲ့ ကွက်လပ်တွေရှိသေးကြောင်း
ကိုယ်ပိုင်ဝင်ငွေစရတဲ့အချိန်ကျရင် သိတတ်တယ် ။
ဖြစ်ဖူးလား . .
ငါသာ ပိုက်ဆံရှာနိုင်ရင် ဘာလုပ်မှာ ၊
ငါသာ ဝင်ငွေရှိရင် ဘာဝယ်မှာလို့ စိတ်ကူးတွေယဉ်၊ အိပ်မက်တွေ ပြင်။
အင်း၊ တကယ့်လက်တွေ့လည်းကျ ဘာမှမဖြစ်စလောက် ဝင်ငွေလေးရတာတောင် အနားကသံယောဇဉ်တွေဆီ သူတို့ကွက်လပ်ကိုဖြည့်ပေးဖို့ 
ကိုယ့်မှာ ခွဲခြမ်းလို့ မလောက်နိုင်ဘူး။ မဆုံးနိုင်ဘူး။
ကိုယ်ဝယ်ချင်နေခဲ့တာ သိပ်ကြာတဲ့ ပစ္စည်းလေး ၊
အခု ပိုက်ဆံ လောက်ပါပြီ။
ဒါပေမယ့် အခုထိလည်း မဝယ်ဖြစ်သေးဘူး။
တစ်ခါ တစ်ခါ အထာပေါက်ပြီး ကိုယ့်ကိုယ်ကို
ရယ်မိတယ်။
" ငါက ငါ့အိပ်မက်တွေကို ဖြည့်ဖို့ ရု-န်းက-န်ဦးမှာလို့ 
ငယ်ငယ်ကနေ အခုထိ ထင်ခဲ့တယ် ၊
ဒါပေမယ့် ငါ့အိပ်မက်ထက် တစ်ခြားဦးစားပေး ဖြည့်ပေးချင်နေတဲ့ ကွက်လပ်တွေ ငါ့နှလုံးသားမှာ ရှိသေးကြောင်းကိုတော့ ဒီအရွယ်ရောက်မှသိခဲ့တာပဲ "လို့ ။
တစ်နည်းအားဖြင့် ငါ ကိုယ်ပိုင်ဝင်ငွေ စရလာတဲ့ 
နေ့တစ်နေ့မှာပေါ့ ။
 #နေမီကျော်                                        
 
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                         
   
   
   
   
     
   
   
  